How to change instincts ပင်ကိုယ်စရိုက်ကို ဘယ်လိုပြောင်းလဲမှာလေး

in #myanmar7 years ago

maxresdefault.jpg
Steemit friends တွေမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ…ကျွန်တော်ခုရေးသားဖော်ပြပေးမှာကြတော့ စရိုက်ပျက်နေကြတဲ့ တချို့လူတွေအကြောင်းပဲဖြစ်ပါတယ်၊ ကျွန်တော်တို့နယ်တွေမှာ တကယ်ပျက်စီးနေတဲ့အကျင့်စရိုက်တွေပေါ့၊ မနေ့က ကျွန်တော်သူငယ်ချင်းဖုန်းဆက်ပြီးတော့ ကျွန်တော်ကို သူအကြောင်းနည်းနည်းပြောပြခဲ့တယ်၊ ရွာမှာတဲ့ သူလယ်အငှားလုပ်နေတာပေါ့၊ သူကအဲဒီအလုပ်ကို မနှစ်သက်လို့ Change ခဲ့တယ်တဲ့ သို့သော် သူအလုပ်မစတင်ခင် ပိုင်ရှင်ဆီက ယူပြီး ပိုက်ဆံနည်းနည်းသုံးထားတယ်ဆိုကား၊ အဲဒါကို သူပြန်ဆပ်ခဲ့ပါတယ်လို့ပြောပါတယ်၊ သို့သော် အလုပ်ရှင်က အိမ်ကို လာပြီးတော့သူကို ပြောလာတယ်တဲ့၊ ဘာလေးဆိုလား စီးပွားဖျက်မှု့နဲ့တရားစွဲမလိုလာပြောတယ်တဲ့၊ ဟာ ကျွန်တော်တောင်ပြန်ပြောလိုက်တယ်၊” ဘာလေးကွာ” မဆိုင်တာ သူစီးပွားရေးပျက်အောင်မင်းဘာများသွားလုပ်လိုက်လိုလေး ဒါကသက်သက် လူပါးဝတာ။ မဖြစ်နိုင်တာကိုပေါ့နော်။
1495014868026.jpg
ကျွန်တော်အမြင်ပြောရမယ်ဆိုရင် အလုပ်ရှင် မိသားစုက ရွာမှာနည်းနည်း ပိုက်ဆံရှိတယ်နဲ့တူပါတယ် နောက်ပြီး ရွာသူကြီးနဲ့ နည်းနည်းရင်းနီးတယ်ဆိုတော့ သူတို့လုပ်ချင်သလို လုပ်လိုရတယ်သဘောဖြစ်နေတယ်၊ ဒီလိုမျိုး အကျင့်မကောင်းတဲ့စရိုက်တွေကို ပြန်ပြီး Respond မလုပ်ရဲ့တဲ့သူတွေက များနေတယ်ဗျာ မလုပ်ရဲ့ဘူးဆိုတာကလဲ့ သူတို့ရဲ့ အခြွေရန် မိသားစုတွေကို ကြောက်ကြတာဘဲ၊ မှန်ကန်တဲ့ Law ရှိပါလျက်နဲ့ မလုပ်ရဲ့တဲ့သူတွေက များပြားနေတယ်၊ မြို့တွေမှာသာ ဒီလိုမျိုးမကောင်းတဲ့ လုပ်ရပ်တွေကို ပြန်ပြီး reply လုပ်မဲ့သူတွေသာရှိတာနော် နယ်တွေမှာဆိုရင် တော်တော်ကို ဝမ်းနည်းစရာတွေပါ၊ ကိုယ့်ဖက်က မှန်ကန်နေပါလျက်နဲ့ အကြောက်တရားကြောင်း အပြစ်ခံနေရတဲ့သူတွေ အများအပြားရှိနေပါတယ်၊ ခုဆို ကျွန်တော်သူငယ်ချင် ရှောင်ပြေးနေရတယ်၊ ဘာမှအပြစ်မရှိဘဲနဲ့ သူတပါးရဲ့ ဖိအားကြောင်း။ ရွာမှာ တာဝန်ယူထားတဲ့ ရွာသူကြီးက ပိုက်ဆံရတဲ့ဖက်ဘဲပါတာ၊ ခုကဘယ်လိုဖြစ်နေလေဆိုတော့ ရွာသူကြီးကို ရွာသားတွေက တင်ထားတာမျိုးမဟုတ်တော့ဘဲ ပိုက်ဆံပိုပေးနိုင်သူ ရွာသူကြီးဖြစ်နေတာဘဲ။
images.jpg
ကျွန်တော်သူငယ်ချင်းကပြောတယ် “ ခုဘာလုပ်လို့လုပ်ရမှန်မသိဘူးတဲ့” ကျွန်တော်လဲ့ခုကူညီနိုင်တာဆိုလို့ စကားအားဖြင့်ဘဲဖြစ်နေတယ်၊ ဒါကြောင်းကျွန်တော် အထင်အားဖြင့်တော့ ကျွန်တော်သူငယ်ချင်းကို ပြောပြလိုက်ပါတယ်၊ အမှန်ဆိုရင် ကျွန်တော်တို့မှာ လူအခွင့်ရေးဆိုတာရှိပါတယ် ကိုယ်တိုင် လုပ်ပိုင်ခွင့် ရွယ်ချေပိုင်ခွင့်ဆိုတာရှိပါတယ်၊ အလုပ်တစ်ခုကို စပြီးတော့လုပ်တယ် မကြိုက်ရင် ပြန်ထွက်ရမှာဘဲ၊ ဘယ်သူမှတားဆီးလို့မရဘူး၊ ဒါက ကျွန်တော်တို့ရဲ့ အခွင့်ရေးဘဲ ကျွန်တော်တို့လုပ်ပိုင်ခွင့်ရှိတယ်၊ အလုပ်တစ်ခုကို စတင်ဝင်ပြီးရင် တစ်သက်လုံးသူဆီမှာ ကျွန်ခံရတော့မှာလား၊ ဒါပေမဲ့ သူဆီက ငွေရေးကြေးရေး ယူစားထားမျိုးရှိရင် ပြန်ပေးခဲ့ပြီးပြီးဘဲ နောက်ထပ်ဘာအကြောင်းတရားမှ မရှိတော့ဘူးအေးဒါကို နေပြီးတော့ စီးပွားဖျက်မှုတဲ့၊ တရားစွဲထားတယ်တဲ့ တကယ်လို့ သူရဲ့ တရားစွဲဆိုချက်မှန်ကန်သွားတယ်ဆိုရင်၊ အေးဒါက ရိုးရိုးသားသား ဥပဒေ မဟုတ်နိုင်ဘူး၊ ကျွန်တော်စဉ်းစားကြည်တယ် သူက ဘာကြောင်း စီးပွားဖျက်မှု့ ခေါင်းစဉ်တတ်ပြီး တရားစွဲတာလေးပေါ့နော်၊ အထင်အားဖြင့်ပြောရမယ်ဆိုရင် သူဆီက အလုပ်ထွက်သွားရင် နောက်ထပ်အလုပ်သမားရှာမရတော့ဘူးပေါ့၊ ဒါကြောင်း သူစီးပွားရေးကို ဖျက်ဆီတယ်ပေါ့၊ အေးလိုသဘောမျိုးနဲ့ လုပ်တာ ထင်ပါတယ်၊ အမှန်မှာဆိုရင် သူမှာ အလုပ်သမားနောက်ထပ် ရှာရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ ကျွန်တော်သူငယ်ချင်းနဲ့ ဘာဆိုင်လို့လေးဗျာ မိတ်ဆွေတို့လေး စဉ်းစားကြည့်ကြပါ၊ ဒါကသက်သက် ညစ်ပတ်တာဘဲ။ ဒါကြောင်းကျွန်တော်သူငယ်ချင်ကို ပြောလိုက်တယ်၊ မင်းအိမ်ပြန်နောက်ပြီး မင်းပြန်ပြီးတော့သူကို တရားစွဲ၊ လူအခွင့်ရေးချိုးဖော်က်မှု့နဲ့ မင်းစွဲလို့ရတယ်၊ နောက်ပြီး သူအိမ်ထိလာပြီးဆဲဆိုတာမျိုးတွေရှိတယ်တဲ့ ဒါဆို မင်း အမှု့နှစ်ခုနဲ့ သူကိုပြန်ပြီးစွဲလိုရသွားပြီး လူတစ်ယောက်အိမ်ကို ခွင့်ပြုချက်မရဘဲ ဝင်မဆဲရပါဘူး ဥပဒေသမားမဟုတ်ရင်လဲ့ ဒီလာက်တော့ခါနားလည်းထားပါတယ်၊ တကယ် လို့ မင်းစွဲဆိုတာကို ရွာသူကြီး လက်မခံဘူးဆိုရင် မြို့နယ်ရုံးကို သွားပြီးလုပ်ကွာ နောက်ထပ်ဖြစ်လာမဲ့ပြသနာကို မကြောက်နဲ့ ငါပြောသလို့သာလုပ်ဖြစ်အောင်လုပ် ဆိုပြီး ကျွန်တော်သူငယ်ချင်းကို ပြောခဲ့ပါတယ်။
29FF48F700000578-0-image-a-28_1435323379035.jpg
ခုလူတွေကဗျာ ကိုယ့်ထမင်းကိုယ်စားနေတာတောင် ကိုယ့်ဘာသာအေးဆေးနေတာကို မခုတ်တတ်တဲ့ကြောင်လိုထင်နေကြတာ၊ သူတို့လုပ်ချင်သလိုလုပ်မယ် သူတို့လုပ်သလိုမျိုးအကုန်ရတယ်ထင်နေကြတယ်၊ ဒီဟာတွေကို ပြန်ပြီးတိုက်ခိုက်နိုင်ဖို့လူတော်တွေ လိုအပ်နေတယ် နယ်တွေမှာပေါ့နော် မဟုတ်လို့ကတော့ မရှိဆင်းရဲ့သားတွေ မှာ မှန်နေရင်လဲ့ခံနေရတာဘဲ မှားနေရင်လဲ့ ခံနေရတာဘဲ။ ဒီဟာကိုစဉ်းစားရင့် ဒေါ ဖြစ်လာတယ်ဗျာ၊ ကျွန်တော်တောခါစဉ်းစားထားပါတယ် ဒီလိုအကျင်စရိုက်တွေကို တစ်နေ့ ပယ်ဖျက်နိုင်အောင်ကြိုးစားရအုံးမယ်ဆိုတာကိုပေါ့၊ ကျေးဇူးတင်ပါတယ်။

photo from Google image
Written by Konyi
MSC 037

Sort:  

ဒီပြသနာဟာ စရိုက်မဟုတ်ပါ။ အဓိက စနစ်နဲ့ ဥပဒေပါ။ မြန်မာပြည်မှာကတော့ ပါးစပ်နဲ့ ပဲ ခန့်လိုက် ဖြုတ်လိုက် လုပ်ကြတဲ့ အတွက် ခုလို ပြသနာများ တက်လာရခြင်းပါ။ အလုပ်သမားဘက်ကကြည့်ရင် ငါမလုပ်နိုင်တော့လို့ ထွက်သွားတယ် ၊ ဘာဖြစ်လဲ။ ငါမလုပ်ရင် ငါလခ မရဘူး ဘားမှ မဖြစ်ဘူး လို့ တွက်လို့ မရပါ။ အလုပ်ရှင်မှာ ကိုယ် ရုတ် တရက် ထွက်သွားတဲ့ အတွက် ကိုယ့် လုပ်ငန်း လည်ပတ်ဖို့ အတွက် နောက်လူ ရှာ မရရင် လုပ်ငန်း ရပ်ထားရမဲ့ အနေအထား မျိုး ၊ နောက်လူ ရသော်လည်း ကျွမ်းကျင် မှု မရှိသေးတဲ့ အတွက် ပြန်လည် သင်ပြပေးရမဲ့ ကြန့်ကြာချိန် ။ အဲဒီလို မျိုးတွေရှိပါတယ်။ ဒါကြောင့် စင်္ကပူ မှာ ဘယ်လို အလုပ်သမားမျိုးပဲ ခန့်ခန့် အနိမ့် ဆုံး သန်းရှင်းရေးသမားတောင် contracts လို့ခေါ်တဲ့ စာချုပ်ချုပ်ရပါတယ်။ တကယ်လို့ အလုပ်ရှင်က အလုပ်သမားကို ဖြုတ် ချင်ရင် တလ ကြို အကြောင်းကြား ရပါတယ်။ ဒီတလအတွင်း တခြားအလုပ် ရအောင် ရှာ နိုင်ခွင့်ရှိတယ်။ အလုပ်သမားကလည်း အလုပ်ထွက်မယ်ဆိုရင် အလုပ်ရှင်ကို တလ ကြို အကြောင်းကြား ရပါတယ်။ အလုပ်ရှင်ကလည်း နောက်လူ ခေါ် ၊ သူ မထွက်ခင် စပ်ကြား နောက်လူကို တာဝန် သေချာလွဲခဲ့။ ပါးစပ်နဲ့ အလုပ်ခန့် အလုပ်ဖြုတ်သရွေ့ ဒီပြသနာ ရှိနေအုံး မှာပါ။

ဟုတ်ကဲ့ပါအကိုအောင် ခုလိုသိရှိခွင့်ရခဲ့တယ်အတွက် ကျေးဇူးတင်ပါတယ်။

စရိုက်​ အကျင့်​ ​ဖျောက်​ဖို့ခက်​သား

တကယ့်ကို ဖျောက်ဖို့ခက်နေတာပါ bro

အကျင့်​စရိုက်​​တွေပြင်​ဖို့ခက်​ခဲ့

ဟုတ်ကဲ့ပါ ကျေးဇူးပါအကို

လူငယ်တွေ အဓိက ပြင်ရမယ်ထင်တယ် မဟုတ်မခံစိတ်က ရှိကိုရှိသင့်တယ် ။ သူများမတရားတိုင်း ခံမနေသင့်ဘူးလေ ။

ဒေါသကိုတော့ ရအောင်ဖျောက်ရမယ်
မဟုတ်ရင် မလွယ်ဘူး

ဟုတ်မှန်ပါတယ် အကို ကျေးဇူးပါ

ဟုတ်​တယ်​ဗျ အကျင့်​စရိုက်​က ပြင်​ဖို့ခက်​တယ်

thank a lot.

ပယ်ဖျက်နိုင်ပါစေလို့ဆုတောင်းပေးလျက်

ဟုတ်ကဲ့ပါအကို ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏

အရင်​ဆုံး​ဒေါသထိန်းချုပ်​ပါ....

ဟုတ်ကဲ့ပါမ အတတ်နိုင်ဆုံးထိန်းချုပ်ပါတယ်။

Coin Marketplace

STEEM 0.19
TRX 0.18
JST 0.033
BTC 88172.86
ETH 3116.36
USDT 1.00
SBD 2.77