အိမ်ပြန်ချင်တဲ့စိတ်
Steemit friends မင်္ဂလာပါ…ကျွန်တော်ရေးမှာကတော့ " သတိရခြင်းပါ" မွေးရပ်မြေကိုပြန်ချင်တဲ့စိတ်က တချို့ friends တွေမှာလဲ့ရှိမယ်လိုထင်ပါတယ် ဘာလိုလေးဆိုတော့ ကျွန်တော်တို့ဟာ စီးပွားရေးကြောင်းဖြစ်စေ ပညာရေးကြောင်းဖြစ်မွေရပ်မြေက ခွဲခေါ်ပြီးတော့ တခြားတစ်နေရာသို့သွားကြရဒါဘဲမဟုတ်လား မိသားစုတွေ သူငယ်ချင်းတွေ ရပ်ရွာတွေနဲ့ ခွဲပြီးတခြားတစ်နေရာမှာ နှစ်တွေကြာလာတော့ ဘယ်သူမဆို အိမ်ပြန်ချင်တဲ့ စိတ်တွေ သတိရတဲ့ စိတ်တွေ ဖြစ်လာကြတတ်ပါတယ် တစ်ခါတလေ ကျွန်တော်တို့တွက် ဒီစိတ်က ခွန်အားတွေဖြစ်လာတတ်ပါတယ် ဘာလိုလဲ့ဆိုတော့ ဥပမာဗျာ ကျွန်တော် ပညာရေးမှာဆိုရင် ဒီနှစ်ငါ့သာဒီဟာလုပ်ပြီရင် အိမ်ပြန်ရမှာဘဲ ဒီဟာကို လုပ်နိုင်မှ အချင်ပြေမှာပေါ့ Business မှာဆိုရင်လဲပေါ့ ဒီလ ငါလခထုတ်ရင် မိသားစုဆီပြန်ရမဘဲ တချို့သူတွေဆိုရင် အိမ်မပြန်ခင် အတိုးတွင်းမှာ အိမ်ပြန်မဲ့စိတ်စိတ်တစ်ခုဖြင့် ငွေတွေ အများပြားစုလေ့ရှိကြပါတယ် နောက်ပြီး ပုံမှန်ထက်မက အလုပ်ကိုလေးဘဲကြိုးစားတတ်ကြပါတယ် အေးဒါကြောင်း အိမ်ပြန်ချင်တဲ့ စိတ်ဟာ ကျွန်တော်တို့တွက် အင်အားတစ်ခုလိုပြောရမှာပေါ့•••
![huaypukeng.jpg]
နောက်ပြီ ပီတိ ဆိုတဲ့ ခံစားချက်တစ်ခုပေါ့ ''ပီတိဆိုတာကိုတော''့ မိတ်ဆွေတို့လေးဘဲ သိပြီးသားပါ မဖြစ်သိတဲ့အကြောင်းရာတစ်ခုကို မဖြစ်ခင် ကြိုတင် ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်းပေါ့ နောက်ပြီးတော့ ဖြစ်ပြီးခဲ့တဲ့အရာတစ်ခုကို ပြန်တွေးပြီး ပျော်ရွှင် ဝမ်းမြောက်နေတာပေါ့ ဒါတွေကတော့ "ပီတိပေါ့" ဒီပီတိရဲ့ ကျယ်ပြန့်ပုံကို မိတ်ဆွေတို့သိပြီးသားဆိုတာကို ကျွန်တော် ယုံကြည့်ပါတယ်
ကျွန်တော်အဓိကပြောချင်တာက အိမ်ပြန်ချင်နေတဲ့လူ သို့မဟုတ် မိသားကို သတိရနေတဲ့လူတစ်ယောက်ဆီမှာ စောစောပြောခဲ့တဲ့ "ပီတိ" ရှိနေတယ်ဆိုတာကို မိတ်ဆွေတို့လဲ့ဘဲ ခံစားဖူးကြပါလိမ့်မယ် ဘလိုမျိုးတွေလေးဆိုတော့ အိမ်ပြန်မဲ့လူတစ်ယောက်ဟာ မိဘ ညီကိုမောင်နမ သူငယ်ချင်း ဆွေမျိုးတွေတွက် လက်ဆောင်ဝယ်ဖို့ သူစဉ်းစားပါလိမ့်မယ် " ငါဘသူတွက် ဘာဝယ်မယ် ဟိုသူက ဒီဟာကိုဘဘောကျတယ် သူက ငါဒီဟာဝယ်လာရင် ငါကို သူ ဒီလိုပြောလိမ့်မယ် စသည်အားဖြင့် သူတွေးဖြင့်စဉ်းစားပြီ သူ အဲဒီချိန်အတိုးတွင်းမှာ ပျော်ရွှင်မူတွေ ရရှိပါလိမ့်မယ်…
တစ်ခုပြောချင်တာက "စာရေးသူက အသက် ၁၁ နှစ်လောက်ကတည့်က မိသားစုတွေနဲ့ခွဲပြီး ပညာတွေသင်လာရတာဆိုတော့ အရမ်းသတိရပြီ အိမ်ပြန်ချင်တဲ့စိတ်တွေနဲ့နေခဲ့ရတာပေါ့လေ ဒီလိုမျိုး မိသားစုတွေခွဲခေါ်နေရတာလဲ့ စာရေးသူရဲ့ အကြောင်းတရားပေါ့နော လူတိုင်းကိုတော့မပြောလိုပါဘူး တချိုးလူတွေဆို ဘယ်မှသွားစရာမလိုဘဲ မိသားစုတွေနဲ့အတူ ပညာသင် စီးပွားရေးလုပ်နေတဲ့ လူတွေ အများကြီးရှိကြပါတယ် ဒါပေံမဲ့ စာရေးသူလို မိသားစုတွေနဲ့ခွဲပြီ ရှာဖွေနေကြရတဲ့သူတွေလေး ရှိကောင်းရှိနိုင်ပါတယ် အဲဒါကြောင်း အိမ်ပြန်ချင်နေတဲ့စိတ်ဟာ ကျွန်တော်တို့တွက် အင်အားဖြစ်ပါတယ် ဆိုတာဖော်ပြရင့် ဒီစာလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်…
စာရေးသူအငယ်ခါ ဦးလေးအိမ်မှာနေပြီတော့ ကျောင်းတက်ရတာပေါ့ ကျွန်တော်ရွာနဲ့ဆို တော်တော် ဝေးတာ ကားတစ်ဆင့်နဲ့တောင်မရောက်ဘူး ကျွန်တော်တို့ရွာတွေက နယ်တွေဆိုတော့ boat ပါစီးရသေ့တယ်လေ အဲဒီတော့ မိသားစုတွေနဲ့လဲ့ တစ်ခါမှ မခွဲဖူးသေးတော့ သိပ်မကြာဘူး ဦးလေးအိမ်မှာ နှစ်လ သုံးလလောက်ကြာတယ် မပျော်တော့ဘူး အိမ်ပြန်ချင်တဲ့စိတ်တွေများပြီးတော့ ကျောင်းမတက်ချင်တော့ဘူး အိမ်ပြန်တော့မယ်လို့ ဦးလေးကိုသွားပြောလိုက်တော့ ဦးလေးကလေး မပေးသွားစေဘူး ကျောင်းပျက်မှာစိုးလို့ ကျွန်တော်ကလေးမရဘူး ပြန်ချင်တယ်ဆို ပြန်ချင်တာဘဲသိတယ် ငိုပြီတော့ပြောသေ့တယ် သို့သော် မရဘူး ဒါဆို အကြံညံတွေ သုံးရတော့ဒါပေါ့ ဦးလေးမသိစဉ် ခိုးသွားပြီး အိမ်ကိုအရောက်သွားတာလိုက်တာပေါ့လေး…… ဒီလိုသာမသွားခဲ့ဘူးဆိုရင် နောက်ဆက်တွဲတွေ အများကြီးဖြစ်လာမှာ ဘာလိုလေးဆိုတော့ ကျွန်တော် ဒီစိတ်ကြောင်း စားမဝင် အိပ်မပျော်ဘူးလေး မစားမအိပ်ဆိုတော ကျွန်တော်တွက် ကျန်းမာရေးတွေ ဆိုးဝါးလာနိုင်တာပေါ့
မလွယ်ဘူးနော့ "မိတ်ဆွေတို့' မိတ်ဆွေတို့မှာလေးဘဲ ဒီလိုမျိုးပြင်းပြတဲ့စိတ်ဆန္ဒတွေ အဖြစ်ပျက်လေးတွေရှိမယ်ဆိုရင် နောက်ပြီး အချိန်ရှိမယ်ဆိုရင် သို့မဟုတ် •ကျွန်တော်ဖြစ်ပုံလေးတွေနဲ့တူညီနေမယ်ဆိုရင် Comment မှာ ရေးပြောပေးလိုရပါတယ်နော အချင်ပြေမယ်ဆိုရင်ပေါ့
ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဒီလိုခံစားချက်မျိုးဟာ တကယ်အံ့သြစရာဘဲနော့ ဘာလိုလဲ့ဆိုတော့
"ဒါက သူငယ်ချင်း မိဘ ဆွေမျိုး" စသည်အားဖြင့် ကျွန်တော်တို့ရဲ့ Memory ကမှတ်သားချက်တစ်ခုဘဲလေ ဒါကတော့ ခုနည်းပညာအရပေါ့ အမှန်တကယ် ဖြစ်မှာကတော့ ကျွန်တော်တို့ရဲ့ အတိတ် အကျိုးတရားတွေပါ ကျွတော်တို့ဟာ လူတိုင်းနဲ့လဲ့ မိတ်ဆွေမဖြစ်နိုင်သလို လူတိုင်းကိုလဲ့ဘဲ သံယောဇဉ် မဖြစ်ကြပါဘူး ခုတစ်ယောက်နဲ့တစ်ယောက်ခင်မင်နေကြတယ်ဆိုတာကတော့ ကျွန်တော်တို့တွေ အတူပြုလုပ်ဖူးခဲ့ကြတဲ့ ပဌာန်းဆက်လိုပြောရမှာပေါ့ " ဟုတ် မဟုတ်ကို" မိတ်ဆွေတို့သာအသိဆုံးဖြစ်ပါလိမ့်မယ် အိပ်ပြန်ချင်တဲ့စိတ်ဟာ အဆန်းကြီးမဟုတ်သော်ငြားလေးဘဲ တခါတရန် မိတ်ဆွေတို့ စိတ်ထဲမှာ ဖြစ်ခဲမယ်ဆိုရင် ဒီစိတ်ရဲ့ ခွန်အားတွေနဲ့ မိတ်ဆွေတို့ရဲ့ ဘဝကို ဒီထက်မက အကျိုးဆိုအောင် လုပ်ဆောင်နိုင်ပါစေလို ရွယ်ရည်ရေးသားရခြင်းဖြစ်ပါတယ်
မိသားစုတွေ သူငယ်ချင်းတွေနဲ့ ခွဲပြီနေရတဲ့ တချို့Friends တွေမှာလေးဘဲ ဒီလိုစိတ်မျိုးတွေ ရှိလိမ့်မယ်လို့ မျော်လင့်မိပါတယ်
photos from Google images
written by konyi
အမေနက်ရွာကိုလွမ်းတယ်😂😂
ဟားး
အိမ်လွမ်းတဲ့ဝေဒနာက တကယ်ဆိုးပါတယ်။ မိဘအရိပ်ကနေ ခွဲထွက်ပြီး တစ်နယ်တစ်ကျေးမှာ နေထိုင်နေရတဲ့ သူတိုင်းကိုလည်း ကိုယ်ချင်းစာမိပါတယ်။
ဟုတ်ကဲ့ပါ ကျေးဇူးပါ
တခါတလေ မိသားစုနဲ့ သူငယ်ချင်းတွေကို
အရမ်းသတိရမိတယ်ဗျာ။
အတူတူပါ ဘဲ bor! thank
good
Thank ပါမ
လူတိုင်းမှဖြစ်တာပါ ခွဲခွာနေရတေဲ့သူတွေက အိမ်ကိုလွမ်းတဲံ့စိတ်ပေါ့
အိမ်ပြန်ချင်တယ် ဝူး ဝူး ဆိုတဲ့သီချင်းတောင်ရှိပါတယ်ဗျာ
ဟုတ်ကဲပါ အကို ကျေးဇူးပါ
thanks for your sharing,brother!
Thank too!
Uniတက်ရမှအဲ့ဒုက္ခကိုပထမဆုံးစခံစားရတာပါ
အတူးပါဘဲ
စစချင်းတုန်းကတော့တော်တော်လွမ်းနောက်မှအသားကျတာ
ဟုတ်ပ Bro
ဟိုသီချင်းတောင်ရှိတယ် ၊အိမ်ပြန်ချင်တယ် ဝူးဝူးးးး
ပြောတော့မယ်ထင်တာ၊ ထင်တဲ့တိုင်းပဲ ဟိးဟီး
ဆရာပြောမလို့ ဟာကျွန်တော် ဦးသွား လို့  မဟုတ်လား
ငတို့ခေတ်ကသီချင်းဆိုတော့ သတိရတယ်။
ဂွတ်