အအိုနှင့် အပျို

in #myanmar7 years ago

how_to_tell_a_story_update_567468382_1200x627.jpg
ဖတ်ဖူးခဲ့တဲ့ Story အကြိုက်နှိစ်သက်ဆုံး ပုံပြင်တစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ ချစ်မိတ်ဆွေတို့ လောကကြီးမှာ ကိုယ်သိထားတဲ့ အကြောင်းတရားကို မျှဝေပေးခြင်းသည် မြတ်သော မင်္ဂလာဖြစ်ပါပေ၏၊၊ ဖတ်ဖူးတဲ့ သူတွေရှိခဲ့မယ်ဆိုရင် နားလည်ခြင်းဖြင့် ကူညီပေးကြပါလို့ပြောပါရစေ မဖတ်ဖူးတဲ့သူတွေတွက် ဗဟုသုတ ရရှိနိုင်စေရန် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကောသမ္ဘီအမည်ရှိသော မြို့တွင် စည်းစိမ် ဥစ္စာကြွယ်ဝသည့် စန္ဒနဒါသအမည်ရှိ ကုန်သည်ကြီးတစ်ဦးရှိလေ၏၊ ထိုကုန်သည်ကြီးသည် အသက်အရွယ် အိုမင်းကြီးရင့်ရဲ့ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကာမဘီလူး ပူုးဝင်နေသည်ဖြစ်ရဲ့ ဥစ္စာပစ္စည်းမာန်ဖြင့် လီလာဝတီ အမည်ရှိ ကုန်သည် သတို့သမီးငယ်ကလေးတစ်ယောကို လက်ထပ်ထိမ်းမြား ထားလေသည်။ လီလာဝတီသည် ကာမနတ်၏ အောင်လံသဖွယ် ပျိုမျစ်နုနယ် ငယ်ရွယ်ပြည့်ဖြို့းသူဖြစ်ရဲ့ ကုန်သည်လင်အိုကြီသည် လီလာဝတီ၏ အလိုအာသာကို နှစ်သက်ရောက်ရဲစေခြင်းငှာ မစွမ်းနိုင်ပေ။
download (7).jpg
အချမ်း နှိပ်စက်သူတို့၏ စိတ်သည် လ၌ မမွေ့လျော် မပျော်ပိုက်သကဲ့သို့လည်းကောင်း၊ အပူနှိပ်စက်နေသူတို့၏ စိတ်သည် နေ၌ မမွေ့လျှော် မပျော်ပိုက်သကဲ့သို့ လည်းကောင်း မိန်မတို့၏ စိတ်သည် အိုမင်းရင့်ရော်သော လင်တို့၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်ခြင်း မရှိနိုင်ပေ။ ဆံပင်ဖြူနေသည့် ယောကျာ်းအား အဘယ်မိန်းမသသည် ချစ်ကြိုက်နိုင်မည် နည်း၊ အကြောင်းမူကား၊ ယောက်ျားပျိုတို့၌သာ အာသာရှိသော မိန်းမတို့သည် လင်အိုကြီးကို ဆေးခါးကြီးကဲ့သို့ မှတ်ထင်အောက်မေ့ကြကုန်သည်။ ထိုကုန်သည်အိုကြီးသည် မယားပျိုကလေး လီလာဝတီအား အထူးပင် စွဲလမ်းနှစ်သက်ရဲ့ နေလေ၏။
သက်ရှိသတ္တဝါတို့သည် ဥစ္စာနှင့် အသက်ကို လွန်စွာမြတ်နိုးကြကုန်သည်၊ သက်ကျားအိုတို့ကား ဇနီးပျိုကို အသက်ထက်ပင် ချစ်မြတ်နိုးကုန်သည်၊ သွားမရှိသော ခွေးအိုသည် အမဲရိုးကိုစားခြင်းငှာလည်းမစွမ်းနိုင်၊ စွန့်ပစ်ခြင်းငှာလည်း မစွမ်းနိုင်း၊ လျှာဖြင့် လျက်ရုံသာလျက်နေ၏။ အဘိုးအိုလည်း ထိုနည်း အတိုင်း ဖြစ်လေသည်။ ထို့နောက် လီလာဝတီသည် အဆင်းအရွယ် မာန်ကြောင့် အမျိုးစည်းကမ်းကိုဖောက်ဖျက်ကျူးလွန်လျက် ကုန်သည်သားဖြစ်သော ယောက်ျားပျို တစ်ယောက်နှင့် နှစ်ပါးသွးနေလေ၏။
images (8).jpg
မိမိအလိုအလျောက် လွတ်လပ်စွာသွားလာနေထိုင်ခြင်း၊ မဘအိမ်၌ ကြားမြင့်စွာ နေထိုင်ရခြင်း၊ ပွဲလမ်းသဘင်၌ ယောက်ျားတို့နှင့် တိုးဝှေ့ရောနှောခြင်း၊ ယောက်ျားတို့၏အနီး၌ စကားနီုးနောပြောဆိုခြင်း၊ မိန်းမအိနြေ္ဒ မစောင့်စည်းခြင်း၊ သူတစ်ပါးရပ်ရွာ၌ နေထိုင်ခြင်း၊ အကျင့်စာရိတ္တမကောင်းသော မိန်းမတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ခြင်း၊ အသသက်မွေးဝမ်းကျောင်းမှု ပျက်စီးဆုတ်ယုတ်ခြင်း၊ လင်ယောက်ျားအိုမင်ခြင်း၊ လင်တူမိန်းမတို့၌ မနာလိုဝန်တိုခြင်း၊ လင်နှင့် ခွဲခွာရဲနေရခြင်း၊ အီတစ်ဆယ့်တစ်ပါးသည် မိန်းမတို့၏ ပျက်စီးကြောင်းဖြစ်ကုန်၏။
သေရည်သေရက် သေက်စားခြင်း၊ မသူတော်တို့နှင့် ပေါင်းဖော်နေထိုင်ခြင်း၊ လင်နှင့်ကွေကွင်းရဲ့နေရခြင်း၊ ဟိုဟိုသည်သည် အလည်အပတ် သွားရောက်တတ်ခြင်း၊ အအိပ်ကြူးခြင်း၊ သူတစ်ပါးအိမ်၌ နေထိုင်ခြင်း၊ အီခြောက်ပါးတို့သည်မိန်းမတို့၏ ပျက်စီးကြောင်း ဖြစ်ကုန်၏၊
my5.jpg
ယောက်ျားတစ်ပါးနှင့် တွေ့ဆုံရန် နေရာဌာနမရှိခြင်း၊ ယောကျာ်းတစ်ပါးနှင့် တွေ့ဆုံရန် အခွင့်အခါမရှိခြင်း၊ ကာမဂုဏ်မှုကို ပြုလိုသော ယောကျာ်းမရှိခြင်း၊ အီသုံးပါးသည် မိန်းမတို့၏ စင်ကြယ်မြင့်မြတ်ကြောင်းဖြစ်ကုန်၏။ မိန်းမတို့ မချစ်ကြိုက်သူမည်သည်မရှိ၊ မိန်းမတို့ အမြဲချစ်ကြိုက်နေသူ လည်းမရှိ၊ တောထဲ၌ နွားမတို့သည် အသစ်အသစ်ဖြစ်သောမြက် ကို တောင့်တကုန်သကဲ့သို့ မိန်းမတို့သည် အသစ်အသစ်ဖြစ်သော ယောက်ျားတို့ကို တောင့်တကြကုန်၏၊
မန်းမသည် ထောပတ်အိုးနှင့်တူ၏၊ ယောက်ျားသည် ရဲရဲညီးသော မီးကျီးနှင့်တူ၏၊ ထို့ကြောင်း ထောပတ်နှင့်တူသော မိန်းမနှင့် မီးကျီးနှင့်တူသော ယောက်ျားတို့သည် တစ်ခုတည်းသောနေရာ၌ အတူတကွမထားသင့်ပေ။ ယောက်ျားသည် အမိနှင့်လည်းကောင်း၊ နှမနှင့်လည်းကောင်း၊ သမီးနှင့်လည်းကောင်း၊ ဆိတ်ကွယ်ရာအရပ်၌ အတူတကွမနေသင့်ပေ၊ အင်အားကြီးမားသော ကာမဘီလူးသည် ပညာရှိကိုသော်မှ ဆွဲငင်ဖမ်းစား နိုင်လေသည်။ ရုတ်တ်ခြင်းသည်လည်းကောင်း၊ ယဉ်ကျေးခြင်းသည်လည်းကောင်း အလိုသို့လိုက်ခြင်းသည်လည်းကောင်း၊ ကြောက်တတ်ခြင်းသည်လည်းကောင်း၊ မိန်းမမြတ်ဖြစ်ရေး၌ အကြောင်းရင်းမဟုတ်ကုန်၊ မိမိလင်မှတစ်ပါး အခြားသော ယောက်ျား၌ တောင့်တခြင်း အလျှင်းမရှိမှုသည်သာလျှင် တစ်ခုတည်းသော အကြောင်းရင်း ဖြစ်လေ၏။
ငယ်ရွယ်စဉ်အခါ၌ အဖက စောင့်ရောက်ရလေသည်၊ ပျိုရွယ်အခါ၌ လင်က စောင့်ရှောက်ရလေသည်။ အိုမင်းသောအခါ၌ သားက စောင့်ရှောက်ရလေသည်၊ မိန်းမသည် ကိုယ့်အလိုကျ လွတ်လပ်စွာမနေသင့်ပေ။

Photo from Google images
Written by Konyi
MSC 037

Sort:  

ကျွမ်းထိုးမှောက်ခုံတွေဖြစ်ကုန်နေတာ ခုခေတ်လေ ယောက်ျားလေးတွေနဲ့အတူ ဘီယာဆိုင်ထိုင်ရဲတယ် တစ်ယောက်ထဲလည်း အချိန်အခါမဲ့သွားလာနေကြတာ အောင်မရေး ကြက်သီးထောင်ထတယ်

အေးလိုတော်တော်များနေပီခု

အာ့ကြောင့်ရွှေးနေတာ ရွှေးရင်းလဲ ရွှေးကျန်ဘဲရှိတော့တယ် ဟိဟီး

Good post
Thank for post

thank too.

မိန်မတို့၏ပင်ကိုဗီဇစရိုက်၊ပတ်ဝန်းကျင်နဲ့လည်းဆိုင်မယ်ထင်ပါတယ်။မိန်းမတိုင်းတော့လွယ်လင့်တကူမပျက်စီးတတ်ပါဘူး။

ဟုတ်ကဲ့ပါမှန်ပါတယ်

အပျိုလဲမလွယ် ဘူး အအိုလဲမလွယ်ဘူးဗျာ ခုခေတ်က

ဟုတ်တယ် bro မှန်တယ်

right bro....

အသိလေးတွေတိုးရပါသည်။ ကိုယ်သာကိုယ်ဆို
ဒီလို အစုံဖတ်ဖြစ်ဖို့မလွယ်ပါ။
နောက်လဲ ရေးပါဦး

ဟုတ်ကဲ့ပါအကို ကျေးဇူးပါ

သြော် မိန်းမ

အေးလိုပါပဲ bro

သုတ္တန်ဒေသနာတော်တွေကို ရှင်းရှင်းလင်းလင်းနားလည်အောင်ထပ်မံတင်ပြနိုင်တာကောင်းပါတယ်ဗျာ။ စာလုံးပေါင်းသတ်ပုံလေးတွေတော့ဂရုစိုက်စေချင်ပါတယ်။

ဟုတ်ကဲ့ပါအကို ဂရုစိုက်ပါတယ်

မင်းကိုသာ ပြောရတာပါ ဆရာ့ မြွေမိစ္ဆာကို ခုမှသတ်ပုံလိုက်ပြင်နေရတယ်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62539.28
ETH 2437.94
USDT 1.00
SBD 2.67