ဆန်ရေ
ဆန်ရေ
ဒုတိယ အပိုင်း
"ဘာဆက်ညာဦးမလို့လဲ။ ငါ ညာတာကို အမုန်းဆုံးဆိုတာ နင်သိတယ်။ ပြောရင်း ငါစိတ်တိုလာပြီ လာခဲ့စမ်း။ ညာဦး....ညာချင်ဦး"
မအေးရီသည် ဒေါသကို မထိန်းနိုင်စွာ သားဖြစ်သူအား ရိုက်လေတော့၏။
"ငါကတော့ ဖအေမရှိ မွေးချင်းသားချင်းမဲ့တဲ့ ငါ့သားလေး ပညာတတ်ကြီး ဖြစ်ပါစေတော့ရယ်လို့ မရှိတဲ့ကြားက တစ်နပ်စာနဲ့ တစ်နပ်စာ အလျင်မှီအောင် ကုန်းရုန်းရှာဖွေပြီး ကျောင်းထားပေးရတယ်။ နှစ်စဉ် ဆုတွေရလို့ ငါ့သားလေစ တော်လှချည်လို့ ချီးမွန်းနေတုန်း.... နင်က နင်က အခု ဘာအချိုး လချိုးတာတုန်း။ ဟင်...မညာစဖူးငါ့ကိုညာလို့ ....ငါမကြိုတ်တာကိုမှ နင်လုပ်တယ် ဟီး....အီး....အီး...."
မအေးရီသည် တစ်ဦးတည်းသော ရင်နှစ်သည်းချာကို ဒေါသ ဖြစ်ဖြစ်နှင့် ရိုက်အပြီးတွင် မချိတင်ကဲ ငိုလေတော့သည်။
" ဟင့် ဟင့် အမေ မငိုပါနဲ့ အမေရယ်...သားအမှန်အတိုင်းပြောပြပါ့မယ်။ ရွာလယ်က ဒေါ်ကြီးလှရဲ့ ကုန်စုံဆိုင်ကို လိုက်ခဲ့ပါနော် ....အမေ "
"ဟင်...နင်....နင်....ဘာမဟုတ်တာတွေ လုပ်ထားပြန်ပြီလဲ. ကုန်စံဆိုင်သွားပြီး အကြွေးယူထားသလား "
"လာပါ အမေရာ... ဟိုကျမှ ဒေါ်ကြီးလှကို မပြေီးသားပြောပြပါ့မယ်"
သားဖြစ်သူက ရှေ့က ဦးဆောင်ဤ မအေဖြစ်သူက နောက်မှခပ်သုတ်သုတ် လိုက်လာကာ ရွာလယ်ကုန်စုံ့ဆိုင်သို့ ရောက်လေသော်....
"ဒေါ်ကြီးလှ...ဒေါ်ကြီးလှ...."
ဝေ့...အော်....အေရီတို့ သားအမိပါလား. အဲ့ဒီနားမှာ ထိုင်နေကြဦးဟေ့. ဈေးဝယ်တွေ ကျနေလို့"
တောဓလေ့သဘာဝအတိုင်း နေဝင်ရိုးရီအချိန်ဆိုလျှင် လုပ်ငန်းခွင်မှ ဝယ်ခြမ်းချက်ပြုတ်ရသည်ဖြစ်ရာ ကုန်စုံဆိုင်တွင် အဝယ်ကျနေ၍ လူရှုပ်လှသည်။ ဆိုင်အပြင်ဘက် ထိုင်ခုံတွင် သားအမိနှစ်ယောက် အသာဝင်ထိုင်ရင်း မအေးရီက သားဖြစ်သူအား တိုးတိုးကြိတ်၍ ဆူမေးလေတော့၏။
"သားမှန်မှန်ပြော ဟိုဘက်ရွာမှာ အာဝါဒေးပွဲရှိနေတာ မင်းအဲ့ဒီကိုသွားပြီး လောင်းကစားတွေ လုပ်နေတာမလား။ ဒေါ်ကြီးလှဆီ အကြွေးတွေ ဘယ်လောက်တောင် တင်နေပြီလဲ ပြောစမ်း"
"မဟုတ်ပါဘူး အမေရဲ့ မဟုတ်ပါဘူး"
သားဖြစ်သူအားလည်း မေးမရ။ ဈေးဝယ်ရှင်းသည်နှင့် မအေးရီက ဒေါ်ကြီးလှအား ပူပပင်စွာ မေးမိတော့သည်။
"အဒေါ်လှရယ် ကျွန်မမေးပါရစေ၊ ကျွန်မသား အကြွေးတွေများ ယူထားသလားဟင်"
"ဘယ့်နှယ် မယူပါဘူး အေးရီရဲ့။ ငြိမ်းမင်းရေ ငါမနေနိုင်တော့ဘူး။ နင့်အမေကိုပြောလိုက်တော့မယ်။ ဒီလို အေးရီရဲ့၊ ညည်းသားက နေ့တိုင်း စားတော်ပဲကောက်သင်းကောက်ပြီးတော့ ငါဆိုင်မှာ လာလာအပ်ထားတာ ရက်နှစ်ဆယ်လောက် ရှိပြီအေ့။ အခု ၁၁ ပြည်နဲ့ တစ်ဘူးရနေပြီ။ မနက်ဖြန် တစ်နေ့ကုန် ကောက်ပြီး ဖြည့်လိုက်ရင် ၁၂ ပြည်ပြည့်ပြီလေ။ ညည်းသားက အမေ့ကို ဆန်တစ်အိတ်ဝယ်ပေးချင်လို့တဲ့အေရေ့။ စားတော်ပဲဈေးက ဒီနှစ်ကောင်းတော့ ပဲ၁၂ပြည်ဆိုရင် ဆန်၂၄ပြည်တစ်အိတ်ရတယ်လေ။"
"ဟင် ဒီလိုဆိုလာ်း စောစောက အမေ့ကို ပြောပါလားသားရယ်။ ခုတော့ သားကိုအမေရိုက်မိပြီ။"
"အမေသိရင်လည်း သားကို လုပ်ခိုင်းမှာ မဟုတ်လောက်ဘူးလေ။ ဟိုအရင်လထဲတုန်းက သားတို့ ဆန်မရှိလို့ ထမင်းမချက်ရတဲ့နေတုန်းက အမေနဲ့ ဘေးအိမ်က အဒေါ်နဲ့ပြောနေတာ သားနားထဲက မထွက်ဘူး"
"ခုနေများ ဆန်တစ်အိပ်လောက် ဘွားကနဲ အိမ်ကိုရောက်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ထများ ကမိမလားမသိဘူး" လို့အမေပြောခဲ့တာလေ။ အဒါကြောင့် အမေရုတ်တရက်ဝမ်းသာအောင် သားအမေမသိအောင် ခိုးလုပ်မိတာပါ"
"နောက်အပတ်ထဲပဲ စာမေးပွဲေုဖရတော့မယ် သား
စာမရပဲနေမှာပေါ့။ ကျောင်းပိတ်မှ လုပ်ရောပေါ့ သားရယ်။"
"သား စာတွေပိုင်ပြီးသားပါ အမေရဲ့။ ကျောင်းပိတ်တဲ့ ရက်တွေဆိုရင် စားတော်ပဲက တုံးတော့မှာလေ။ အဲ့ဒါကြောင့်ပါ အမေရ၊ ကျောင်းပိတ်ရင်လည်း
သားတခြားသီးနှီတွေ ကောက်သင်းကောက်ပြီး အမေ့ကို ကူဦးမှာ"
သားအမိနှစ်ယောက်၏ ပြောစကားများကို နားထောင်ရင် ဒေါ်ကြီးလှက "အောင်မယ်လေး အေ ဖြစ်ရလေ မိအေးရီနှယ်..ဒီလောက်လိမ္မာတဲ့ ကလေးကိုမှအေ ညည်းက ဒေါသက အရင်ကိုးအေ့။ တကတည်းမှပဲ...ဟွန်း"
"ဟုတ်ပါတယ် ဒေါ်လှရယ် ကျွန်မ အစိုးရိမ်လွန်သွားပြီး မှားသွားတယ်။ သားလေး မဟုတ်တာတွေ လောင်းကစားတာတွေများ လုပ်နေသလားလို့ ထူပူသွားတာ"
"သား...အမေ့ကို စိတ်မဆိုးပါဘူး ဒေါ်ကြီးလှရဲ့၊ သားက အမေ့ကို ညာမိတာကိုး"
"ဟုတ်ပါပြီတော် သားအမိနှစ်ယောက် လိုက်လည်းလိုက်ပါ့။ ဆန်တစ်အိတ် ခုယူချင် ယူသွားလေ အေးရီ။ ပဲနှစ်ဘူးလိုတာတော့ နောက်ရင် လာဖြည်ပေးပေါ့"
"ဟုတ်ကဲ့ပါ အဒေါ်လှရယ်၊ ရှေ့လျှောက် သားအတွက် ကျွန်မ အများကြီး ပိုကြိုးစားတော့မယ်၊ သားက ကျွန်မရဲ့ ခိုင်မာတဲ့ အားတစ်ခုပါပဲ"
ညမှောင်မှောင် အိမ်အပြန်လမ်းတွင်မူ နိုင်သမျှ ဆန်ထုပ်ကိုယ်စီရွက်လျက် သားအမိနှစ်ယောက်ကား အမှောင်ကို ကျော်ဖြတ်မည့် အင်အားအပြည့် ခြေလှမ်းများဖြင့် ပျော်ရွှင်သွက်လက်စွာ။ ။
ဤတွင်ကျွန်ုပ်၏ ဝတ္ထုတိုဆောင်းပါး ပြီးဆုံးခြင်သို့ ရောက်၏။ ။
Konay{kawlin}
Credit google image
Original Story By @konay1997


ဘိုဖြူ သီချင်းဆန်ရေ လည်းြ
ဟာ ....@mamamyanmar
ဘုတ်ပေးခဲ့ပါတယ် အောင်မြင်ပါစေကိုနေ
သား😃😃လို့ခေါ်ရတာပဲ အားရှိစေပါတယ်😃😃
@konay1997 got you a $1.66 @minnowbooster upgoat, nice! (Image: pixabay.com)
Want a boost? Click here to read more!