သတိရမိတဲ့အမှက်တရတစ်ခု
A Poem
- တနွေကုန်လို့ မိုးသို့ဆက် ပြောင်းခဲ့ပေါ့ မိုးရာသီ
ခုခါညီ စာစီသွား
မြန်မာပြည်သားပေမို့ နွမ်းလျှသည်။- ငါသည်သေမသွား ဘာမထီမြေဖွားမို့
ကြွေသွားလည်း မလွမ်းနှင့်
ဝေသွားလည်းအလွမ်းမဆင့်နှင့်
ကမ်းလင့်မယ့် လက်အစုံအတွက် ဆူးခြုံထက်ပျော်မွေ့သော်
ရော်ရွက်မကြွေခင် ပန်းမဝေခင်နှင့်ပင်
လွမ်းသူအခြေတင့်စေဖို့ မုသားခြွေအခါအခါလွှင့်ခဲ့သည်က...
အရာရာမှာ ငါ..အဆင်ပြေနေပါတယ်...သူငယ်ချင်း
မင်္ဂလာပါ steemitမှ မိတ်ဆွေတို့ရေ။
နွေပြီးတော့ မိုး၊ မိုးပြီးတော့ ဆောင်း၊ ဆောင်းကုန်ပြန်တော့နွေကူးနဲ့ ဥတုရာသီအလီကုန်ဆုံးခဲ့ပြန်ပြီပေါ့ဗျာ။ဒီလိုအချိန်အခါမှာ ပြန်ပြောင်းတွေးတော့မဟောင်းသေးတဲ့ အဖြစ်အပျက်လေးတွေကလည်း ဇာတ်လမ်းလေးတွေသဖွယ်ရှိနေပြန်ပါတယ်။ ကျနော့ရဲ့အဖိုး မသေခင်အချိန်အခါတုန်းက ဖြစ်ပျက်ခဲ့တာလေးပါ။ အမေက ပြန်ပြန်ပြောပြရင်း ရယ်နေမိရလို အဖိုးကိုလည်း ပြန်လည်သတိရမိပါတယ်။ မမြဲသဘောတရားကြီးကို အန်မတုပဲ လူ့ဘဝကြီးထဲမှာ သက်တမ်းစေ့နေထိုင်သွားနိုင်ခဲ့တဲ့အဖိုးဟာ သူအရင်ကအကြောင်းလေးတွေကို ကျနော်တို့ကို မပြောပြဖြစ်ခဲ့ပါဘူး။ ကျနော် မွေးဖွားတဲ့အချိန်မှ စလို့ ကြီးပြင်းလာသည်အထိ အဖိုးနဲ့ အတူနေထိုင်လာခဲ့ရတာမို့ မမေ့နိုင်တဲ့ သံယောဇဉ်တွေရှိပါတယ်။ အဖိုးက သူတို့ငယ်ငယ်က ကျားထိုး၊ စစ်တုရင် ချက်နဲ့ ကစားစရာတော့အများကြီးမရှိခဲ့ပါဘူး။ လောင်းကစားလည်းဝါသနာမပါတဲ့အဖိုးပါ။ စစ်တုရင်ထိုးဖို့ဆိုရင် သူ့အတွက် တစ်နေကုန်လည်း ရပါတယ်။သူလည်း သူနဲ့စကားပြောဖော်ရရင် အဲ့ဒီလိုကစားနေရရင်ပျော်ရွှင်နေတက်တာပါ။ စစ်တုရင်ဆိုတာမျိုးကလည်း တစ်ယောက်တည်း ဟိုရွှေ့ ဒီရွှေ့နဲ့ကစားရင် ဘယ်လိုမှအရသာမရှိပါဘူး။ လူနှစ်ဦး ဦးဏှောက်သုံးပြီးကစားမှသာ ကောင်းမွန်ပြီး ဆော့ကစားရတာအရသာရှိတာမျိုးပဲမဟုတ်လား။
ဒီလိုတစ်နေကုန် ကစားဖို့အချိန်ပေးနိုင်တယ်ဆိုလို့ အဖိုးကို ကစားမက်တယ်လို့တော့ မထင်ပါနဲ့အုံး။ အဖိုးလိုတောသားကြီးတစ်ယောက်ဟာ အခုလိုအချိန်အခါ မီးစာကုန်လို့ရေခန်းနေချိန်မို့ အိမ်မှာပဲ အချိန်တစ်ချို့ကိုကုန်ဆုံးနေစေတာမို့ ကစားဖို့အချိန်ပေးနိုင်တာပါ။
သူရဲ့ နုပျိုစဉ်အချိန်အခါတုန်းကဆိုရင် သုံးဧကလောက်ရှိတဲ့ သရက်၊မာလကာခြံရယ် ငါးဧက ခြောက်ဧကလောက်ရှိတဲ့ လယ်မြေကို သူတစ်ယောက်တည်း နိုင်နင်းအောင် ပေါင်းသင်မြက်ရှင်းနိုင်ပါတယ်တဲ့။ လယ်မြေဆိုရင် တစ်ယောက်တည်းပဲ ဂိုက်ဆွဲတာပါ။ စပါးစိုက်ခါနီးအချိန်မှသာ ပျိုးနှုတ် ပြန်စိုက်ဖို့အတွက် လူငှါးတာပါ။ အဖိုးက အလုပ်တော်တော်ကိုကြိုးစားခဲ့သူလို့ဆိုရမှာပါ။ သူ့အသက်အရွယ်နဲ့ လုပ်နိုင်ကိုင်နိုင်တုန်းက အလုပ်တစ်ခုကိုလုပ်ရင် မနားပါဘူး။ မနက်စောစောအချိန်ကနေစတင်လို့အလုပ်ဆင်းတာမှာ ညနေနေဝင်မှအလုပ်ပြန်သိမ်းပါတယ်။နေ့လည်ချိန် အစားစားရင်တောင် ရေထဲမှာဆိုရင် ထမင်းကို လှေလေးနဲ့သွားပို့ရပြီး၊ ရေထဲကနေပဲလှေပေါ်က လာပို့တဲ့ထမင်းကိုစားပါတယ်။ ကျနော်တို့လိုမျိုးဆိုရင် အစားစားချိန်တထှောက်နား၊ အစားစားပြီး တစ်ထှောက်နားနဲ့အချိန်ကုန်နေရအုံးမှာပါ။ အစားစားပြီး ရေထိရင် ဗိုက်ပွမှာတို့၊ အစားစားပြီးချိန် အလုပ်လုပ်ရင်အူပြတ်မှာတို့နဲ့ ပြောနေကြပေမယ့် အဖိုးကတော့ အစားမစားခင်ကတည်းက ရေတောထဲမှာပါပဲ။ အစားစားပြီးတော့ဘည်း အလုပ်ကလုပ်နေမြဲပါပဲ။ အဖိုးရဲ့ကြိုးစားမှုမျိုးကိုတော့ လေးစားပါတယ်။ကျနော်တို့ဆို အဲ့ဒီလိုမလုပ်နိုင်ပါဘူး။ ခြံတစ်ခုထဲကိုတောင် မြတ်ရှင်းလို့ တစ်ယောက်တည်းမနိုင်ပါဘူး။ မြတ်ပင်တွေက လူကအရှေ့က ခုတ်နေတုန်းအနောက်က ပြန်ပေါက်နေပါပြီ။😁
အဖိုးရဲ့အရင်ကအကြောင်းလေးတစ်ခုက အမှက်ရစရာပါ။ အဖိုးနဲ့သူ့သူငယ်ချင်း မင်္ဂလာဆောင်တစ်ခုကိုသွားတယ်ပေါ့ဗျာ။မင်္ဂလာဆောင်မှာကလည်း ပေါင်မုန့်ကျွေးတယ်လို့ဆိုပါတယ်။ အမှန်က အဖိုးတို့သူငယ်ချင်းနှစ်ယောက်က အဲ့ဒီနေ့မှာ အလုပ်ကိစ္စတစ်ခုနဲ့ အခြားနယ်တစ်ခုကိုခရီးထွက်ဖို့ကလည်းရှိနေတော့ မင်္ဂလာဆောင်ကိုဝင်ပြီးတာနဲ့ ခရီးဆက်ကြမှာလည်းဖြစ်ပါတယ်။ အဲ့ဒီလိုခရီးထွက်ဖို့အတွက်မှာ အဖိုးတို့က လမ်းခရီးအတွက်အစားအစာယူဆောင်မသွားကြပါဘူးတဲ့။ ဒါနဲ့အဖိုးက ဘယ်လိုလုပ်သလည်းဆိုရင် မင်္ဂလာဆောင်ရောက်တော့ ပေါင်မုန့်တွေစားလို့အပြီးမှာ လိုက်ပွဲအဖြစ်ချထားတဲ့ပေါင်မုန့်ပန်းကန်ထဲက ပေါင်မုန့်တွေကို သူ့ပုဆိုး ခါးပုံစထဲထည့်ယူလိုက်တယ်တဲ့ဗျာ။ အဲ့ဒီမှာ အဖိုးသူငယ်ချင်းက အဖိုးကိုပြောတော့တာပေါ့။
" ဟေ့ကောင် သူငယ်ချင်းရ မင့်လုပ်ပုံ မဟုတ်သေးဘူး သူများတွေအားနာစရာကြီးကွာ”တဲ့
အဖိုးကပြန်ပြီးပြောတယ်.. "အားမနာနေနဲ့ကွ လိုက်ပွဲက နှစ်ပွဲစာရှိတာ ငါကတစ်ပွဲပဲယူတာ မင်းလည်း ဟိုတစ်ပွဲကိုယူကွ” ဆိုပြီးပြောပါတယ်။ အဖိုးရဲ့သူငယ်ချင်းကတော့ အားနာစရာကွာမယူပါဘူးဆိုပြီးပဲပြောနေပါတယ်။ အဲ့ဒီအချိန်မှာ အဖိုးက ဘာကိုထပ်စဉ်းစားမိတယ်မသိဘူး နောက်ထပ်လိုက်ပွဲထဲက ပေါင်မုန့်တွေပါယူပြီး ခပ်သွက်သွက်ပဲ မင်္ဂလာဆောင်ကနေထွက်လာလိုက်ပါတယ်။
အဖိုးရဲ့ သူငယ်ချင်းကတော့ အနောက်ကနေလိုက်လာပြီး "ဟာ..သူငယ်ချင်းရာ အားနာစရာကြီးကွာ ရှက်ဖို့လည်းကောင်းတယ်ကွာ” ဆိုပြီး အနောက်ကနေလိုက်ပြောပါတယ်။ အဖိုးက စကားတစ်ခွန်းမှပြန်မပြောတော့ပဲနေနေတယ်လို့ဆိုပါတယ်။ နေ့လည်ပိုင်းလောက်အချိန်အထိ သူတို့သွားတဲ့နေရာ ခရီးကိုမရောက်သေးပဲ လမ်းခရီးမှာပဲရှိနေချိန်မှာတော့ ဗိုက်ဆာလာကြပါတယ် စားစရာလည်းဝယ်စားလို့မရပါဘူး။ လမ်းခရီးမှာတွေ့တဲ့ ရေအိုးစင်လေးတစ်ခုကိုအရောက်မှာတော့ အနားယူရင်းရေသောက်ရင်းအပန်းဖြေ အမောဖြေကြပါတော့တယ်။ ရေအိုးစင်လေးရှိတဲ့နေရာကလည်း အရိပ်ရတဲ့ သစ်ပင်တစ်ပင်အောက်မှာဆိုတော့ အေးအေးဆေးဆေးကိုထိုင်နားလို့ရနေတာပေါ့။ အဲ့ဒီအချိန်မှာ အဖိုးက ဗိုက်ဆာတော့ မင်္ဂလာဆောင်ကနေ သူယူလာတဲ့ ပေါင်မုန့်တွေကိုထုတ်ပြီးစားနေတော့တာပေါ့။
ပထမတော့ အဖိုးရဲ့ သူငယ်ချင်းက နေနေသေးတယ် နောက်တော့မရတော့ဘူး....."သူငယ်ချင်း ငါ့ကိုနည်းနည်းကျွေးပါကွာ”တဲ့......
အဖိုးက ပထမတစ်ခါပြောတော့ မသိချင်ယောင်ဆောင်နေပါတယ်တဲ့😁😁။
ဒုတိယတစ်ခါထပ်ပြောတော့ ခေါင်းပဲခါပြလိုက်ပါတယ်.....😁😁
အဖိုးသူငယ်ချင်းက ဗိုက်လည်းဆာ တောင်းတာကိုလည်း ဘာမှပြန်မပြောတော့ နည်းနည်းတင်းသွားတယ် ထင်ပါတယ်။ တတိယတစ်ခါ ဒေါသနဲ့ နည်းနည်းကျွေးပါလို့ ထပ်ပြီးတောင်းတာပေါ့။
အဖိုးကအဲ့ဒီတော့မှ ရယ်မောရင်းပြောလိုက်တဲ့စကားကြောင့် အဖိုးသူငယ်ချင်းလည်း စိတ်မဆိုးတော့တဲ့အပြင် သူပါလိုက်ပြီးရယ်မောမိသွားပါတော့တယ်....
အစားအစာနည်းနည်းကျွေးဖို့ အဖိုးသူငယ်ချင်းက အဖိုးဆီက တောင်းတာမှာ အဖိုးပြန်ပြောခဲ့တာက....
" ဟာ...သူငယ်ချင်းရာ ကျွေးရမှာ အားနာစရာကြီးကွာ ရှက်စရာလည်းကောင်းတယ်ကွာ '' တဲ့😂😂😂
အမှန်က အဖိုးထပ်ထည့်ပြီးယူလာတဲ့ပေါင်မုန့်ဆိုတာ အားနာတက်တဲ့သူ့ရဲ့သူငယ်ချင်း စားဖို့အတွက်ပါဗျာ။...
အဖြစ်ပျက်လေးတွေကတော့ ပြောပြရတာခဏတာလေးဆိုပေမယ့် တစ်ကယ့်လက်တွေ့ကြုံခဲ့ရတဲ့အရာတွေကတော့ အချိန်များစွာကြာမြင့်ကြပါတယ်။
လူ့ဘဝဆိုတာတော့ ရိုးရှင်းလွယ်ကူနေခြင်းတော့ ရှိမနေနိုင်ဘူးမဟုတ်လားဗျာ။...........
ရှေ့ရေးကို မျှော်တွေးတတ်မှုနဲ့ မတတ်မှုက အဲဒီလိုပဲ ကွာသွားတယ်နော်
ဟုတ်တယ်ကိုစောရေ လူကြီးတွေစကားမပယ်ရှားကောင်းဘူးဆိုတာ သူတို့မှာကအမျှော်အမြင်ရှိနေကြတာမို့ဖြစ်မယ်။
ရေးသားချက်ကလေးနဲနဲထူးခြားလို့ တတ္ထိယ ဆိုတဲ့စကားလေးပါ။
ဟုတ်
ကျေးဇူးဆရာ ပြင်လိုက်ပြီ😁😁
စာမရေးတတ်လို့သာ..တော်တော့တယ်။
ရေးတတ်ရင်တော့..လိုက်တောင်မှမီမယ်မထင်။
တကယ်ပြောတာ..သားကိုမိုးဇော်ရေ..။
သားကြိုးစားရေးပါ့မယ်အန်တီ
အန်တီရဲ့ mentကိုဖတ်ရတိုင်း အားတက်ပြီး ပျော်ရွှင်ရပါတယ် အန်တီရေ😍😍😍
ကိုမိုးရော ကိုမိုးအဖိုးလိုပဲလား ကိုမိုးရေ
အင်း အစားအသောက်သယ်ရာမှာတော့ တူလောက်တယ်😁😁😁
ရိုးရှင်းတဲ့ဘဝဆိုတာက IC ကမျိုးကြီးပါ
ဟီး ကိုစိုးကတော့ နောက်ပြီ😁😁
🎤🎤🎶🎶🎶
သီချင်းဆိုမယ်ဒါဆို😂
အမြော်အမြင်တယ်ကြီးသကိုး
ဟုတ်တယ် လူကြီးတွေနဲ့လူငယ်တွေ ကွာခြားတာမဟုတ်ပဲ လူကြီးအချင်းချင်းလည်း တွေးခေါ်ပုံ မတူကြဘူး။
ကိုမိုးဇော်က အဖိုးခြေရာနင်းရင် အလှူတွေကိုမဖိတ်တော့ဘူး😁😁
နည်းနည်းပဲ နင်းမယ်လေကိုသန့်ရေ
အလှူရှိရင် ဖိတ်အုံးနော်😁😂
ကိုမိုးရဲ့ စာတွေဖတ်ရင်း အတိတ်က အရိပ်တွေကိုနောင် သတိရသွားတယ် ကျနော့အဖိုးကိုပေါ့ ဟီးး
😁😁
သတိရပြီလားဘုရာ့
အဖိုးနဲ့ကျနော်တို့ဆိုတာ မတည့်အတူနေသံယောဇဉ်တွေနဲ့ပေါ့။
အခုတော့လည်း အဖိုးက မရှိတော့ပါဘူးဗျာ😢
ရှက်တက်ရင် ငက်မှာပဲ
ကျနော်ကတော့ ရှက်ဘူး😁😁
ဟုတ်တယ် အငတ်တော့မခံဘူး😂😂
ကိုမိုးရဲ့ အဖိုးက လမ်းခရီးမှာ ဗိုက်ဆာမဲ့အရေးကြိုမြင်လို့ ပေါင်မုန့်တွေ ယူခဲ့တာနေမှာပေါ့။
ဟုတ်တယ်ကိုထွေးရ
မဆိုးဘူးတော့ပြောရမယ် အားနာရင် ငတ်မှာ😂😂