Road, step by step
မင်္ဂလာပါ Steemitမှ ညီကိုမောင်နှမအပေါင်းတို့။
ကျွန်တော်တို့တတွေဟာ အချိန်ဆိုတဲ့ အရာကြီးကို
အမှက်တစ်မဲ့ ဖြစ်နေတက်ကြပါတယ်။
မေ့လျော့နေခဲ့ကြတယ်ပေါ့ဗျာ။
အချိန်တွေကုန်မှန်းမသိကုန်လာလိုက်တာ အခုဆိုရင်
ကျွန်တော်ကိုယ်တိုင်လည်း အသက်28နှစ်ပြည့်ခဲ့ပြီပေါ့။
.
အချိန်ဆိုတာကို တစ်ချို့တွေက ခေါ်ဆိုကြတာက
သမားတော် တစ်ဦးပါတဲ့။ ကုစားမှုတွေအတွက် အသုံးတည့်သွားလို့ပဲလား၊ ရောဂါဝေဒနာတွေကို ကာကွယ်နိုင်လို့ပဲသမားတော်လို့
ခေါ်ဆိုခြင်းလားတော့မသိပါဘူး။ သို့ပေမယ့် အချိန်ဆိုတဲ့အရာကို သမားတော်လို့ပြောကြရင်
ကျွန်တော့အမြင်မှာတော့ ကုစားခြင်းဆိုတာထက်
ပြောင်းလဲခြင်းလို့ပဲပြောချင်ပါတယ်။
အချိန်ကုန်မှန်းမသိကုန်ဆုံးသွားပေမယ့်လည်း
အချိန်ကို အသုံးပြုသူရဲ့အပေါ်မူတည်ပြီး
ကွာခြားသွားမှုတွေကတော့ များစွာရှိပါတယ်။
စာဖတ်သူတစ်ယောက်ဟာ သူ့ကိုယ်သူအချိန်တွေကို အသုံးပြုနေတယ်ဆိုတာကို သတိပြုမိချင်မှပြုမိမယ်။ သူ့ကိုယ်သူ
ဗဟုသုတနဲ့ပြည့်စုံလာတယ်ဆိုတာကိုတော့ သတိပြုမိလာလိမ့်မယ်။
တစ်ချို့တွေကြတော့ သောက်စား၊ပျော်ပါး၊လောင်းကစားနဲ့....
အချိန်တွေကို အလဟသ ဖြုန်းတီးပစ်ကြပါတယ်။ ဒါပေမယ့်
အချိန်ကုန်သွားတာကိုလည်း သူတို့မသိလိုက်သလို သူတို့ကိုယ်
သူတို့ ဘယ်လိုဘဝမျိုးရောက်နေပြီလည်းဆိုတာကိုလည်း
သတိမပြုမိကြပါဘူး။ မနက်နေထွက်တာနဲ့ အိမ်ကထွက်
ညနေနေဝင် အိမ်ပြန်ဝင်......
အဲ့လိုမျိုး မနက်ကနေ ညနေထိအိမ်မကပ်သူချင်းအတူတူကိုပင်
ကွာခြားသွားမှုတွေက များစွာပါ။
အပြင်လောကကိုသွားနေရတာချင်းအတူတူ
အလုပ်လုပ်သူနဲ့ အလုပ်မလုပ်သူဆိုပြီးရှိပါလိမ့်မယ်၊ အဲ့ဒီလိုမျိုးတွေရှိလို့ တစ်ဦးနဲ့တစ်ဦး အောင်မြင်မှုရဲ့ အသီးအပွင့်ကို
ခူးဆွတ်ရတာချင်းမတူကြတာပါ။
တချို့ဆို အသက်သာကြီးလာတယ်။
အစားအသောက်က ငတ်တစ်လှည့်၊ပြတ်တစ်လှည့်နဲ့ပါပဲ။
လူချင်းတူပေမယ့် မူချင်းမတူပါဘူး။
ဦးတည်ချက်ရှိသူဟာ လမ်းလျှောက်နေအုံးမှာပါပဲ။
ဦးတည်ချက်မဲ့သူတွေကတော့ လမ်းပျောက်နေအုံးမှာပါပဲ။ လမ်းကဘာလို့ပျောက်သလဲတဲ့...
ပျောက်နေတာမဟုတ်ပြန်ပါဘူး လမ်းမဖောက်ခဲ့လို့သာ လျှောက်စရာလမ်းမရှိတာပါ။
မိမိကိုယ်တိုင်သာပဲ မိမိရဲ့ လျှောက်ရမယ့်လမ်းတွေကို မိမိကိုယ်တိုင်ဖောက်ရမှာပါ။
ကိုယ်တိုင်တည်ဆောက် လမ်းဖောက်ရတာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ခွန်အား စွမ်းအားတွေကိုတော့ အသုံးပြုရမှာဖြစ်လို့ ပင်ပန်းမှုကတော့ အနည်းနဲ့အများရှိနေမှာပေါ့ဗျာ။ သို့ပေမယ့် ကိုယ်တိုင်တည်ဆောက်တဲ့လမ်းလေး ဖြစ်တည်လာပြီ၊
ကိုယ်တိုင်လည်း အရှေ့ကိုတဖြေးဖြေးသွားနေနိုင်ပြီဆိုရင်ဖြင့် ကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ လျှောက်လှမ်းခဲ့တဲ့လမ်းလေးကို ပြန်လည်ကြည့်ရှုပြီး
ဩော်..ငါ့ရဲ့ခွန်အားနဲ့တည်ဆောက်ခဲ့တဲ့လမ်းလေး
ကြည့်စမ်း ဘယ်လောက်ကောင်းလိုက်လည်း၊
ငါလျှောက်လှမ်းခဲ့တာ အခုဆိုတော်တော်ခရီးပေါက်နေပြီဆိုပြီး ပျော်ရွှင်မှုတွေကိုခံစားရမှာပါ။
အခြားသူတွေကလည်း ကိုယ့်ကိုမြင်တဲ့အခါ
အရမ်းကို အားကျမိလာရပြီး ကိုယ့်ကို ဂုဏ်ပြုနေကြမှာပါ။
ကိုယ့်ခွန်ကိုယ့်အားနဲ့သာအသုံးပြုပြီး
တည်ဆောက်ခဲ့တဲ့လမ်းလေးဟာဖြင့် ဟိုးအရှေ့ဆီကို အများကြီး လှမ်းကြည့်လို့မမြင်ရနိုင်ပေမယ့်....ဟိုးအနောက်ဖက်ဆီမှာတော့...အချိန်ရဲ့တိုက်စား သွားမှုနဲ့အတူ စတင်တည်ဆောက်ခဲ့တဲ့
လမ်းကလေးဟာ.ဝေး၍ဝေး၍သာ ကျန်နေခဲ့ပါပြီ။ တရွေ့ ချီတက် ရှေ့ဆက်ကြရင်း ခရီးတစ်ခုကိုရောက်မှန်းမသိ ရောက်လာခဲ့ကြပါပြီ။
လမ်းမဖောက်လမ်းမလျှောက်တဲ့သူတွေဟာလည်း ကျန်မှန်းမသိ ကျန်နေခဲ့ပါပြီ။
တစ်ချို့သောသူတွေဟာတော့ဖြင့် ခရီးတစ်ခုကိုတော့ရောက်ခဲ့ပါရဲ့၊ သူတို့ခွန်အားကိုလည်း အသုံးမပြုချင် လမ်းလည်း ဆက်လျှောက်ချင် ဆိုတဲ့သူတွေလည်းရှိပြန်ပါတယ်။ သူတို့က ခရီးတစ်ခုရောက်ဖို့ လိုက်ပါလာရာမှာ အောင်မြင်မှုကိုလိုချင်လို့မဟုတ်ပါဘူး လိုချင်တပ်မက်မှုဆိုတဲ့အရာနဲ့သာလိုက်ပါလာခဲ့ကြတာပါ။ ဒီလိုလိုက်ပါလာသူတွေကြတော့ ဟိုးအနောက်ကိုပြန်ကြည့်ရှုတဲ့အခါ
သူတို့လျှောက်တဲ့လမ်းဟာ သူတို့ဖောက်ခဲ့တဲ့လမ်းမဟုတ်တဲ့အတွက် အများသူငှါရဲ့အမြင်ထဲမှာ
သူတို့ဟာ အလကားကောင်ပါကွာလို့သာမြင်မှာပါ။
ကျွန်တော်တို့တတွေ ကိုယ်လျှောက်တဲ့လမ်းကို
ကိုယ်တိုင်တည်ဆောက်လို့ အများရဲ့အလည်မှာ
မိမိကိုယ်ကို ဂုဏ်ယူနိုင်သူတွေဖြစ်အောင်
ကြိုးစားပြလိုက်ကြပါလို့ပြောကြားရင်း
ဤစာပိုဒ်လေးကို နိဂုံးချုပ်လိုက်ပါပြီဗျာ။
စာရေးဆရာမဟုတ်လေတော့ မရေးတက်ရေးတက်နဲ့ရေးရတော့တာပေါ့။
အကြံပြု စာများလည်းရေးသားဝေဖန်ပေးနိုင်ကြပါတယ်ဗျာ။တစ်ဦးနဲ့တစ်ဦးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးကြမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့လမ်းကို ဆက်လှမ်းနိုင်ဖို့ရာ လမ်းကောင်းတွေဖောက်ဖို့
နည်းကောင်းတွေရရှိလာမှာပါ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။




ငယ်ကထဲက လှေကားဆို တထစ်ကျော်တက်တာ :(
တဖြေးဖြေးပဲလျှောက်ပါ ညီမလေးရာ
ကိုယ့်ခြေလှမ်းတွေကို ခလုပ်တိုက်စေမယ့်အရာတွေအတွက် ဂရုစိုက်လို့ ရတာပေါ့
.
မြန်မြန်သွားရမယ့် အခြေနေမှာတော့
ဆရာတင်ပြောသလို ပြေးနိုင်တဲ့ ခွန်အားရှိရင်
ပြေးပေတော့ပေါ့
အဲ့ဒါမှ မြန်မြန်ရောက်နိုင်မှာလေ။
သတ်ပုံ ပြင်ပေးပါရစေ အစ်ကိုကြီး
ကျွန်တော့အမြင်မှာတော့ ကုစားခြင်းဆိုတာထက်
ပြောင်းလည်းခြင်းလို့ပဲပြောချင်ပါတယ်။ ( ပြောင်းလဲခြင်း )
တစ်ခြို့သောသူတွေဟာတော့ဖြင့် (တစ်ချို့)
လူခြင်းတူပေမယ့် မူခြင်းမတူပါဘူး။ ( လူချင်း )
ကျွန်တော့် လိုအပ်ချက်တွေလည်း ထောက်ပြ လှည့်ပါဗျ
Good အဲ့ ဒီလိုမျိုးကိုလိုချင်တာ
ဝမ်းသာမိပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်.broရေ
This post has received gratitude of 0.43 % from @appreciator thanks to: @komoezaw.
You got a 0.58% upvote from @upme requested by: @komoezaw.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness