ပုံပဲထပ်ပြီးဆွဲအုံးမယ်ဗျာ

in #myanmar7 years ago (edited)

image
I am drawing photo is on android smart phone.
But, not good this photo drawing.
ဒီလိုပုံတစ်ခုတည်းနဲ့တော့ proတင်လို့မရဘူးလို့
ကျွန်တော်တွေးမိတယ်
အဲ့ဒါကြောင့် proမတင်တာပါ
ဖုန်းနဲ့ရေးဆွဲထားတဲ့ပုံလေးမို့အားပေးကြပါအုံးနော့
.
Proတင်ဖို့အတွက်ကြတော့ ဒီလိုပုံလေးတစ်ပုံရယ်
သူနဲ့ကိုက်ညီမယ့်ကဗျာလေးတစ်ပုဒ်လောက်ရယ်မှ
အဆင်ပြေလောက်မယ်ထင်တယ်..
..ကျွန်တော့အမြင်ပါ..
ရမရတော့မသိဘူးနော် ဟီး😂😂

ပုံတစ်ပုံဖြစ်ဖို့က ပန်းချီဆရာ၊ပုံဆွဲဆရာမဟုတ်ရင် အဆင်မပြေလောက်ဘူး...
အရမ်းကိုကြာပါတယ်..ဝါသနာမပါရင်တော့..
ဟူး..ဝေးပြီ၊ဆွေးပြီ..ဘေဘီပေါ့😂😂
အဲ..နောက်တစ်ခု ကဗျာရေးဖို့...
ကဗျာရေးဖို့ကြပြန်တော့..ဆွေးတဲ့အချိန်ရေးရင် အဆွေးကဗျာပေါ့...ခံစားချက်ရှိနေတာကိုး...
စိတ်ပျော်ရွှင်တဲ့အချိန်ရေးရင် ပျော်ရွှင်စရာကဗျာပေါ့..
သို့ပေမယ့်..ကျွန်တော်ရေးလိုက်တဲ့ကဗျာတိုင်းမှာ ဆရာတင်လှိုင်ဦးကို ပို့ပေးရင် editလုပ်ပေးရတာတွေကြီးပါပဲ ဘာလို့ဆိုတော့
ကဗျာက ကဗျာနဲ့မတူပဲ..ဒသနဆန်ဆန်လေးတွေဖြစ်ဖြစ်သွားလို့ပါပဲ..အကြောင်းရင်းကတော့ရှင်းရှင်းလေးပါပဲ.....မြေပြင်မှာ ပုရွက်ဆိတ်သွားသလို ထင်းထင်းကြီးပေါ်နေတော့တာပေါ့...
မြေပြင်ပေါ် ဆင်သွားတယ်လို့တော့ပြောရဲဘူးဗျ
ရွာထဲကလမ်းတွေကကောင်းသေးတာမဟုတ်ဘူး
ဆင်နင်းရင် ကျွံကျကုန်မှာ..ဟီး😂😂

ထားတော့
ကျွန်တော့ကဗျာတွေ ဒသနစာပေဆန်သွားရတဲ့အကြောင်းက ကဗျာရဲ့စည်းကမ်းတွေကိုမသိလို့ပါပဲ။
.
ကဗျာတစ်ပုဒ်ရေးချင်ရင်
ကျွန်တော်ထင်တယ်..စည်းကမ်းချက်တွေကိုတော့ ခဏမေ့ထားဖို့လိုလိမ့်မယ်..
ဘာလို့လည်းဆိုတော့..
ကိုယ်ရေးချင်တဲ့အကြောင်းရာတစ်ခုသည် လတ်တလောအချိန်မှာ ကိုယ့်ရဲ့အသိစိတ်၊ခံစားမှုအာရုံစတာတွေနဲ့ချိတ်ဆက်နေမှ ရသတစ်ခုကိုပေါ်လွင်စေလိမ့်မယ်လေ၊ရေးသားပြီးသွားတဲ့အခါကြမှသာ ကဗျာရဲ့စည်းကမ်းဘောင်ထဲကိုတွန်းထည့်ပစ်လိုက်ပေါ့။
ဘယ်အရာမဆိုစည်းကမ်းဆိုတာကအရေးကြီးပါတယ်၊
စည်းကမ်း၊စည်းစနစ် ဘာလို့အရေးကြီးသလည်းဆိုရင်
ကျွန်တော်တို့ ငယ်စဉ် စာတစ်လုံးမှ မတက်ခင်အချိန်မှာ
စာပေတွေကို စပြီးသင်ဖို့...ကကြီး.ဆိုတဲ့ အက္ခရာက စပြီးသင်ရတယ်လေ၊အဲ့လို ကကြီးဆိုတာက စပြီးမသင်ရင် မကောင်းတဲ့ဦးဏှောက်တွေ ခုလောက်ဆို ဂေါက်နေလောက်ပြီဗျ..
ဥပမာပေါ့..ကကြီးကစမသင်ပဲ၊..တဝမ်းပူ ဆိုတဲ့နေရာက စပြီးသင်လိုက်မယ်ဆိုပါစို့၊
တဝမ်းပူပြီး ဘာလာလည်းမေးရမလိုဖြစ်နေမှာ၊
တဝမ်းပူပြီး နဝမ်းပူ ဆိုပြီးဆက်သင်ရင်သေရောလေ၊
(န ဝမ်းပူဘူး၊နိ ဝမ်းပူတာဆိုပြီး ရေးမိရင် မြန်မာစာပေပျက်စီးနိုင်)

ကလေးဘဝက စသင်တာရယ်လို့မဟုတ်ပါဘူး
ဘယ်အရာမဆို အခြေခံအရေးကြီးပါတယ်..
အခြေခံတွေကိုသင်ယူဖို့ စည်းစနစ်တွေ၊စည်းကမ်းတွေလိုပါတယ်၊
လိုက်နာရမယ်၊ကျင့်သုံးရမယ်၊လေ့ကျင့်ရမယ်၊
လေ့ကျင့်မှုမရှိတဲ့အရာဆိုတာလည်း ကျွမ်းကျင်မှုဆိုတာဖြစ်လာမှာမဟုတ်ပါဘူး၊
မှောက်လျှက်သွားနေတဲ့ကလေးဟာ လမ်းလျှောက်ချင်လာတယ်၊လမ်းလျှောက်ချင်စိတ် သူ့မှာဖြစ်နေလို့လည်း သူလမ်းလျှောက်နိုင်လာတယ်၊
နောက်ထပ် စကားပြောချင်တဲ့စိတ်ဖြစ်ပေါ်လာတဲ့အတွက် စကားကိုမရမကပြောလာတယ် သူပြောတက်လာတယ်....
အဲဒီကလေးဟာ သူ့စိတ်ထဲက ဖြစ်ချင်လာတဲ့အရာကို
ငယ်ရွယ်စဉ် အသိဥာဏ်မရင့်သန်ပေမယ့်.မသိစိတ်ရဲ့နှိုးဆော်မှုကြောင့် သူ့စိတ်ထဲကအရာတွေနိုးထလာတယ် လူကြီးတွေလို မစဉ်းစားမတွေးခေါ်နေဘူး
ဖြစ်လာမယ်မဖြစ်ဘူးဆိုတာတွေ သူမသိဘူး
သူ့ကသူကို စနစ်တကျနဲ့ ဖွံဖြိုးလာတယ်
တိုးတက်လာနေတယ်..
သို့ပေမယ့်ပေါ့ အဲ့ဒီ ကလေးအရွယ်မှာတင်ပဲ တခြို့လူကြီးတွေကြောင့် ကလေးဟာ စနစ်တကျကိုပျက်စီးလာရတယ်။
ကလေးကို ဆဲနည်းတွေသင်ပေးတဲ့ အရိုင်းစိတ်တွေဖြစ်စေတယ်...
ကလေးရဲ့အသိဥာဏ်ဖွင့်ဖြိုးလာချိန်မှာတော့ ထိန်းမနိုင်သိမ်းမနိုင်နဲ့ ဘိန်းဆိုင်ဆီကိုရောက်တော့တယ်။

အင်းကျွန်တော်ရေးတာ ဟိုဘက်လမ်းက ဒေါ်အေးပုအကြောင်းရေးရင်း ဒီဘက်လမ်းက ဒေါ်စိန်သောင်းအကြောင်းရေးမိနေပါပေါ့ဗျာ😂😂
.
ကျွန်တော်ပြောချင်တာက
ကျွန်တော်ရေးမယ့်ကဗျာအကြောင်းပါ
.
ကျွန်တော်ရေးတဲ့ ကဗျာလေးတွေမှာ
ကဗျာစည်းကမ်းနဲ့မညီပဲ ဒသနဆန်ဆန်ဖြစ်သွားခဲ့ရင်
အားလုံးသော ချစ်ညီကိုမောင်နှမဆရာသမားများက နားလည်ခွင့်လွှတ်ပေးပါလို့
ကျွန်တော်ဒီကနေ ခွင့်တောင်းပန်ကြားအပ်ပါတယ်ဗျာ
ဒီက..နေခွင့်တောင်းတာ မဟုတ်ဘူးနော်😂😂

အဲ ဘယ်လိုပြောရတာလည်းမသိဘူး

ဒီနေရာကနေပြီး အသိပေးပါတယ်လို့ပြောချင်တာပါဗျိုး😂😂😂😂😂

@komoezaw
MSC-030

Sort:  

ဟုတ်
စိတ်ပါတဲ့အချိန်ပဲအဆင်ပြေတယ်
တခြားအချိန်တွေဆွဲရင် ပဲပင်ပေါက်ပုံပဲထွက်လာတာ😂😂😂

cartoonတွေ ဆွဲလို့ရနေပါတယ် pro အတွက်

ဟုတ်
ခုpostလေး proတင်အုံးမယ် bro dome
စာလုံးရေလိုသေးလားဗျိုး

ပုံထပ်ဆွဲမယ်ဆိုလို့
ဘာပုံများလဲလို့ လိုင်းမကောင်းတဲ့ကြားက ဖွင့်ကြည့်

ဟုတ်
လိုင်းကမကောင်းတာတောင် ဝင်ရောက်ဖတ်ရှုပေးသွားတဲ့အတွက်
မမမြန်မာကို ကျေးဇူးတင်ပါတယ်ဗျာ

ပုံဆွဲတာကို settingတွေနဲ့အဆင့်ဆင့်ဖော်ပြရင် proအတွက်ရလောက်မယ်ထင်တယ်..ကိုမိုးဇော်..
btw.. တဝင်ပူး ဟုတ်ပူးလေ... တဝမ်းပူ ပါလို့စ်.. :P

ပုံက ဆွဲတက်လို့မဟုတ်ဘူး broရေ
ပုံဆွဲချင်စိတ်ဖြစ်လာရင်း ဆွဲလိုက်တာ
စိတ်မပါတဲ့အချိန်ဆိုရင် အဲ့လိုပုံတောင်မရဘူးဟီး😂😂
.
စာက bro ပြော မှပဲ သတိထားမိတယ်
ပြင်လိုက်မယ် broရေ

အားကြီး​ကောင်းတယ်​ ကိုမိုး​ဇော်

ဟု အဲ့ဒါဆို
Proတင်ပြီ
ကျေးဇူးကိုအတာ

Good
Beautiful girl

Thanks Friend.

ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ

good post bro

ဟု ကျေးကျေးပါဗျာ

အရမ်းကောင်းပါတယ် ဆရာ

ဟုတ် ကျေဇူး..
အဲ..ကျွန်တော်က ဆရာမဟုတ်ပါဘူးbroရာ
ညီကိုတွေလိုပဲခေါ်ပါပြောပါဗျာနော့

ဟုတ်ကဲ့ပါအကို ကျေးဇူးပါ

ဟုတ်

ဖုန်းဖျက်တာတင်မဟုတ်တော့ဘူးဘဲ

ဟီး😂
လောလောဆယ် ဖုန်းမဖျက်သေးဘူး ကိုစိုးရေ😁

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 68051.59
ETH 2632.70
USDT 1.00
SBD 2.67