ပန်းချီပုံရေးဆွဲသည်
ဒီနေ့မှာတော့ ကျွန်တော် အရင်နေ့တုန်းက ဆွဲထားတဲ့ပုံလေးကိုပဲ တင်ပေးပါ့မယ်။ ပန်းချီပုံဆွဲရာမှာ ကျွမ်းကျင်သူမဟုတ်သလို သင်ယူခဲ့ဖူးခြင်းလည်းမရှိတဲ့အတွက် ပုံကောင်းတစ်ပုံတော့ ဖြစ်မလာခဲ့ပါဘူး။
အခုဆွဲတဲ့ ပုံဟာလည်း ပန်းချီပုံဆွဲနည်းအစကို
ဦးခေါင်းပိုင်းဆွဲနည်း ဆိုတဲ့ Videoကို youtubeကနေကြည့်ပြီး ဦးခေါင်း အစိတ်ပိုင်းများဖြစ်တဲ့ မျက်လုံး၊မျက်ခုံး၊နှာခေါင်းစတာတွေကိုဆွကြည့်တာပါ။
ဆံပင်ကိုတောင်မဆွဲတက်လို့ ခေါင်းတုံးပုံထားမလားစဉ်းစားရင်း ဆံပင်နည်းနည်းတော့ထည့်လိုက်ပါတယ် 😁😁

ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ ကိုယ့်ရဲ့လက်အနေအထားကိုကြည့်ပြီး ကာယဗလကတော့ ကိုယ်လိုချင်သလိုဆွဲလိုက်တာပါ။ ကျွန်တော့ခန္ဓာကိုယ်ပုံစံအတိုင်းဆွဲရင်
ပလွေရိုးရဲ့ ကာတွန်းထဲကပုံလို ပိန်ပိန်လေးပဲဖြစ်နေမှာပါ။
😁😁


ကျွန်တော် ဆွဲထားတဲ့ပုံကိုကြည့်ပြီး ကျွန်တော့မေမေက ဘေးကနေမျက်လုံးပုံလေးလာဆွဲထားပါတယ်။
ကျွန်တော်ဆွဲထားတဲ့ပုံထက်ကို မေမေဆွဲထားတဲ့ မျက်လုံးနှစ်လုံးနဲ့ ပုံလေးက ပိုပြီးအသက်ဝင်ပါတယ်။
ဒီလိုမျိုးပုံလေးတစ်ပုံဆွပြီး proတင်ဖို့ကြတော့ ကျွန်တော်လက်တွန့်ပါတယ်။
Proဆိုတာ ကြိုးစားသူတွေအတွက် အခွင့်အရေးပေးခြင်းပါ။လွယ်ကူတဲ့ဟာလေးတစ်ခုလောက်နဲ့ proတင်တယ်ဆိုတာကတော့ ရှက်စရာအလုပ်တစ်ခုလို့ပဲမြင်ပါတယ်။

ကျွန်တော်စဉ်းစားမိပါတယ် ဒီလိုပုံလေးဆွဲပြီးproတင်ချင်တယ်ပေါ့။ ဟုတ်ပါပြီ တင်ချင်ရင် အသက်ဝင်ဆုံးပုံဆွဲနိုင်အောင်ကြိုး ပုံကောင်းတစ်ခု ပန်းချီကောင်းတစ်ခုဖြစ်မှတင်ပါ။ အဲ့ဒီလို ပန်းချီကောင်းပုံကောင်းဆိုရင် proတင်တဲ့အခါ ဘယ်သူမှ ငြင်းပယ်တော့မှာမဟုတ်ပါဘူး။
ဘာလို့ဆိုရင် ပန်းချီပုံကောင်းတစ်ခုကိုရအောင်ရေးဆွဲဖို့က စာရေးတာထက်အချိန်ပိုပြီးပေးရပါတယ်။
ကျွန်တော် အခုဆွဲလိုက်တဲ့ပုံဆိုရင် ပုံကသာမဖြစ်လာတာ အချိန်အားဖြင့် မိနစ်လေးဆယ်လောက်ဆွဲရပါတယ်။
ကိုယ်မဆွဲတက်လို့ကြာတယ်ဆိုတာတော့သိပါတယ်။
စာရေးတာကတော့ နေ့စဉ်ရေးချင်လား၊ ရပါတယ် တွေ့ရာတွေရေးပါပေါ့။ တစ်ခုရှိတာက တွေ့ရာအကြောင်းတွေကိုရေးရင် ဆရာတင်၊အစ်ကိုဟင်၊ကိုစိုးနဲ့ကိုတာတို့
ရေးသလို ဗဟုသုတရဖို့ကတော့မလွယ်ပါဘူး။ ဗဟုသုတရှာဖွေချင်ရင် ကျွန်တော့ blogထဲလာပြီးဝင်မရှာပါနဲ့ မရှိဘူးလို့ပဲပြောပါရစေ။ ကျွန်တော်တင်တာက
ပေါက်ကရတွေပဲများပါတယ်။ ဗဟုသုတမရှိခဲ့ရတဲ့အကြောင်းအရင်းကတော့ ကျွန်တော် Steemitမသုံခင်အချိန်အထိ ကျွန်တော့ရဲ့အချိန်တွေကိုဖြုန်းတီးခဲ့မိလို့ပဲဖြစ်ပါတယ်။ဆယ်နှစ်နီးပါးအချိန်တွေ တောရွာမှာနေရင်းဖြုန်းခဲ့တာပေါ့။ အခုမြို့နဲ့အနီးနားရောက်ပြန်တော့ Fbကြီးဟာ အချိန်ဖြုန်းတဲ့နေရာတစ်ခုဖြစ်လာရပြန်တာပေါ့။
ထားပါတော့ အရင်အကြောင်းတွေ။
အခုကျွန်တော်တင်ချင်တဲ့အကြောင်းအရာဖြစ်တဲ့
ကျွန်တော့လက်ရာ မပီပြင်ဝိုးတဝါးပုံလေးကို အားပေးကြပါအုံးလို့ပြောရင်း ဒီpostလေးကို အဆုံးသတ်လိုက်ပါပြီဗျာ။
Steemitအဖွဲ့သားအားလုံး အလျှင်အမြန်နဲ့ အောင်မြင်တိုးတက်ကြပါစေ.....

very nice and congratulations to you today be the day is important to you. don't forget @komoezaw to follow me back and upvote @zibonk.
Hopefully we can work together in the steemit..
Friလက်ပုံဆွဲတာသဘာဝအရမ်းကျတယ်...တကယ့်လက်အတိုင်း😊
ဟုတ်ကျေးဇူးပါဗျာ
ကိယ့်လက်အနေထားကြည့်ပြီးဆွဲလိုက်တာ😁
တူတော့တူဘူး😁😁
ဆံပင်ပုံစံကို one wayဆွဲပေးရင်ကြည့်ကောင်းမလားပဲ ဟဲဟဲ
ဟီး အခုတောင် ဂတုံးဖြစ်ခါနီးသွားတယ်😁😁
This post has received a 1.29 % upvote from @booster thanks to: @komoezaw.
မျက်လုံး လေးက အသကိဝင်တယ် ဘေးက ပုံလေးက ။ ကိုမိုးက ပန်းချီ လဲ ရတာပဲနော်။
ဟုတ် နည်းနည်းပါးပါးပဲရတာ ဟီး😁😁
မျက်လုံး လေးကအသကိဝင်တယ် ဘေးက ပုံလေးက ။ ကိုမိုးက ပန်းချီ လဲ ရတာပဲနော်။
နှစ်ခါမန့်သွားတယ်
Auto ment botကြီးလားမသိဘူး😁😁
Nice trying
Thank you friend.
Good job.
Thanks, Ko Soe.