လက်တွေ့နော်၊ပိုတော့ရေးထားရတာပေါ့😁

in #myanmar6 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

အိမ်အပြင်မှာ နှင်းတွေက မြူခိုးသဖွယ် အဝေးကိုလှမ်းမမြင်နိုင်လောက်သည့်ပမာဏနှင့် အုံ့ဆိုင်းနေသည်ပေါ့။
နံနက်ခင်းစောစောမှာ လက်တွေ့ဘဝအကြောင်းလေးကို နည်းနည်းလေးတင်ပြပေးလိုက်ပါအုံးမည်။
ကျွန်တော်ရဲ့ လျှပ်စစ်ပစ္စည်းပြုတဲ့ အိမ်ရဲ့ဆိုင်ခန်းလေးသို့ အမည်မသိလူတစ်ဦးရောက်ရှိလာပါသည်။
လက်ထဲတွင်တော့ သူအမြဲကိုင်ဆောင်နေကြဖြစ်မည်ဟုထင်ရသော Huawei ဖုန်းလေးတစ်လုံးကို ကိုင်ဆောင်၍လာပါသည်။ အသက်အားဖြင့် ကျွန်တော့ထက်ကြီးမည်ဟုထင်ရ၍ အစ်ကိုဟုသာ ကျွန်တော် ခေါ်လိုက်ပါသည်။

”မင်္ဂလာပါအစ်ကို ဘာများလိုအပ်ပါသလည်း” ဘာညာသာတကာ မေးလိုက်သည်ပေါ့...😁

သူ့ရဲ့အမည်ကိုကျွန်တော်မသိပေမယ့် မျက်မှန်းတန်းမိနေ၍ လူကိုတော့ သိနေပါသည်။ ဆိုင်ကယ် ကယ်ရီဆွဲနေသော အစ်ကိုတစ်ယောက်ဖြစ်သည်။ လမ်းတွေ့လျှင်လည်း ခေါ်ပြောနှုတ်ဆက်ရှိနေကြ၍ သိနေရခြင်းလည်းဖြစ်ပါသည်။ အမည်ကတော့ မမေးဖြစ်ခဲ့တာအမှန်ပါ။

သူက ကျွန်တော့အား သူ့ရဲ့ဖုန်းလေးကိုပေးရင်း.....
”ညီလေး အစ်ကို့ဖုန်းလေး ကြည့်ပေးပါအုံးကွာ...
ဆိုတော့ ကျွန်တော်လည်း ကြည့်ပေးလိုက်ပါသည်။

”ဟာ...အကို့ဖုန်းထဲက ကောင်မလေး အတော်ချောတယ်ဗျာ..မင်းသမီးလေးလားမသိဘူးနော်.....

အင်းဟုတ်တယ်ညီ..တဲ့....

ဟုတ်.... အစ်ကို့ဖုန်းက ကာဘာလည်း အလန်းပဲဗျ အရောင်လေးကို စိုပြေလို့ပါလား လုံးဝမိုက်ပါတယ်အကို သီချင်းဖွင့်တော့လည်း အသံကGoodပဲဗျာ
ကျွန်တော် မျက်လုံးထဲအမြင်ဆုံးကတော့ အကိုဖုန်းထဲက Wallpaper တင်ထားတဲ့ ကောင်မလေးပါပဲ အစ်ကို ဆိုတော့......သူက ရယ်နေပြီးမှ......

ညီကလည်း နောက်ပြီကွာ... အဲ့ဒါအကို့ ညီမအငယ်ဆုံးလေးပါကွာ ချောမှာပေါ့ အစ်ကိုနဲ့တူတာကိုးတဲ့.........😯😯😯😬
mate-s-listimage-black.png

Credit Google Image

ကျွန်တော်လည်း အဲ့ဒီတော့မှ စဉ်းစားမိလိုက်သည်။
တော်သေးတယ် ရင်းနှီးနေတဲ့သူတွေမို့ မဟုတ်ရင် ရန်ပွဲတွေဖြစ်သွားနိုင်တယ်လို့..😁😁။
ဘယ့်နှယ် သူများညီမလေးကိုမှ ချောတယ်လို့သွားပြောနေမိတယ်မသိဘူးလေ😂😂😂

အင်းဟုတ်တယ်နော် အစ်ကို... အစ်ကိုနဲ့တူလို့ချောတာပါလို့ ကျွန်တော် ထောက်ခံပေးလိုက်ရတော့သည်လေ။
သို့ပေမယ့် သူပြောချင်တာက ဒီအကြောင်းမဟုတ်။
သူ့ရဲ့ဖုန်း Facebook သုံးမရလို့ လုပ်ခိုင်းခြင်းသာဖြစ်ပါသည်။

ညီရေ အစ်ကိုကြည့်ခိုင်းတာ ဖုန်းကို မဟုတ်ဘူးလေကွာ အစ်ကို့ Facebook သုံးနေရင်း စာတန်းကြီးပေါ်လာလို့ ကြည့်ခိုင်းတာပါကွာ ဆိုးတော့မှ.... ကျွန်တော်လည်း.. ”ဟုတ် ကျွန်တော် ကြည့်ပေးမယ်” ဆိုပြီး Facebook ကိုကြည့်ပေးလိုက်ပါသည်။
သူ့Facebookက id lockကျသွားခြင်းဖြစ်ပါတယ် lockပြန်ဖြေဖို့ မှက်ပုံတင်ဘာညာလည်း အဆင်ပြေမည်မထင်တဲ့အတွက် Facebook အသစ်ပြန်ဖွင့်မှ အဆင်ပြေမယ်ဆိုတဲ့အကြောင်း သူ့ကိုပြောပြပြီး
Facebook application ကို Clear Data လုပ်ပြီး ဖုန်းနံပါတ်အသစ်နဲ့ Facebook Accountအသစ်ဖွင့်ပေးလိုက်ပါတယ်။
Friend Add တာတွေ၊ ကိုယ့်Accountထဲဘယ်လိုဝင်ရတာတွေ၊ New fee ကြည့်ရတာတွေ၊ သတင်းရှာဖွေကြည့်လို့ရတာတွေကအစ သင်ပေးလိုက်ရပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Facebookဆိုတာကို သတင်းတွေ ထူးဆန်းတာလေးတွေပဲကြည့်ဖို့အတွက် သူတို့သတ်မှက်ထားတဲ့ပုံပါပဲ။ သတင်းတွေကို အမြဲတမ်းကြည့်ဖြစ်နေတယ် ဆိုရင်လည်း ဆိုးတော့မဆိုးလှပါဘူး ဗဟုသုတရပြီး အမြင်ကျယ်စေတယ်လေ။ ပေါက်ကရ သတင်းအမှားတွေကိုတော့ ချင့်ချိန်ပြီး သတိနဲ့နေမှ အဆင်ပြေမယ်ဆိုတာကိုတော့ သူတို့လည်း သိမယ်ထင်ပါတယ်။
သတင်းမှားဆိုတာက ”ဆိပ်ကွယ်ရာဆိုတာကို” ပေါက်ကရရေးရင်.....ဆိတ်တွေဟာ ကွယ်ရာမှာ အပင်ထိပ်ဖျားထိတက်တယ်ဆိုတာတွေပါဖြစ်သွားနိုင်ပါတယ်😁😁😁....။

images (1).png

Credit Google image

ကျွန်တော်လည်း Facebookသုံးတဲ့နည်းကို သေချာပြောပြပေးလိုက်ပြီး ရပြီအစ်ကိုဆိုတော့မှ သူက... ဘယ်လောက်ကျလည်း ညီတဲ့..
Facebook ဖွင့်ခအဖြစ် အဖိုးအခကို ကျွန်တော်ပြောပြလိုက်ပါတယ်.....အစ်ကို 2000ကျပါတယ်အစ်ကို 500လျှော့ပေးလိုက်ပါ့မယ် 1500ပဲ ပေးပါဆိုတော့၊ သူ့အာရုံဏ်က ဖုန်းထဲကိုရောက်နေတာဆိုတော့ ဘာထပြောတယ်မှက်လည်း........
ညီရယ် ကိုယ့်အချင်းချင်းတွေပဲကွာ လျှော့လျှော့ပေါ့ပေါ့ ၂၀၀၀ပဲထားပါကွာတဲ့........ 😁😁😁

အင်းလေ မတက်နိုင်ဘူး လျှော့လျှော့ ပေါ့ပေါ့ နဲ့ ၂၀၀၀ ပဲယူလိုက်ပါတယ် 😂😂😂

သူပြန်သွားတော့မှ ကျွန်တော်လည်း စဉ်းစားပြီးရယ်နေမိပါသည်။ ၁၅၀၀နဲ့ထားပေးတာကို ၂၀၀၀ထားပါဆိုပြီး ဈေးဆစ်သွားသည်တဲ့ ဟီး😁

အမှန်က ကျွန်တော်ပြောတာကို သူသေသေချာချာ နားမထောင်လိုက်လို့ပါ ။ အဲ့ဒီအတွက်.
ကိုယ်ချင်းလည်းစာမိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခြားအလုပ်တွေကိုလုပ်နေတဲ့အချိန် သူတပါးရဲ့ပြောစကားတွေကို အင်း..ဆိုတဲ့ တစ်လုံးထဲပြောမိသည်အထိ ဖြစ်ခဲ့ရဖူးတာအကြိမ်ကြိမ်ပါပဲ။
လူကြီးသူမတွေကတော့ အမြဲပြောပါတယ်..အလုပ်နှစ်ခုတစ်ပြိုင်တည်းမလုပ်နဲ့တဲ့ ကိုယ့်ဦးဏှောက်နဲ့နိုင်သလောက်ပဲလုပ်တဲ့။ တစ်ကယ်လုပ်ရတဲ့အခါမှာကြတော့ သူတို့ပြောစကားကို နားမထောင်ရာရောက်နေပေမယ့် မတက်နိုင်ဘူးလေ။
လုပ်စရာရှိတဲ့အလုပ်တွေကိုတော့ လုပ်နေရမှာပါပဲဗျာ။........
110303134435_1_540x360.jpg

Credit Google Image


ဖတ်ရှုပေးသော စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ကိုစိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..Steemitမှာလည်း အောင်မြင်သူများဖြစ်ကြပါစေ........

@komoezaw

MSC-030

Sort:  

နည်းတာ​ပေါ့ နာဆို သုံး​ထောင်​နဲ့ဖွင့်​​ပေးခဲ့တာ

အဲ့ဒါဆို နောက်တစ်ခါ သုံးထောင်တောင်းမယ်😂😂

ကျွန်​​တော်​ကြုံ ဖူးတယ်​​လျော့​ပေးပါမယ်​ဆို​ဈေးကမစစ်​ဖူး😁😁😁

ဟီး အဲ့လိုလူမျိုးက ခပ်ရှားရှားပါပဲ ညီရာ

အရမ်း ​ကောင်းတရ်​ Bro,

ကျေးဇူးတင်ပါတယ်ဗျာ

Facebook ဖွင့်ခ ၂၀၀၀ ရ မိုက်သဗျာ
ဒီဘက်ခေတ်မှာ Facebook ကိုတောင်
အခြားလူ ဖွင့်ခိုင်းနေရတဲ့ မြန်မာနိုင်ငံသားတို့ရဲ
Education အခြေအနေကိုတော့ စိတ်မကောင်း
ဖြစ်မိပါရဲ့

ဟုတ် ကိုဟိန်းရေ တောဘက်ကမို့ ပါ
မတောင်းလို့ လည်းမရဘူးလေ..
ပုံမှန်ဆိုရင် 1000လောက်တော့ယူပါတယ်

လုပ်စားခွင်တွေပဲ ၂၅၀၀ ထားပါဗျာ

ရဘူး ၂၀၀၀ပဲထားပါဗျာ😁😁😂

ဟားဟား😁😁ဂျင်းထည့်လတ်တေလား😋😋

ဟီး နည်းနည်းပါးပါးပေါ့ 😂😂

အကိုမိုးကတော့ ကံကောင်းတာပေါ့ဗျာ
1500 တောင်းတာ 2000 ရတယ်

ဟုတ်တယ် ကံကောင်းတယ်လို့ လည်းပြောရမယ်broရ😊😄

အကိုမိုးဇော်ရယ် ရေးလဲ့ရေးတတ်တယ်နော် ဟာသဆန်ဆန် စာဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။

ဟုတ် နည်းနည်းကြံဖန်လိုက်တာ ကိုညီရေ😁😁

facebook သုံးနည်းသင်ပေးပါ မသုံးတာကြာတော့ မေ့သွားလို့။

ဟား
Faစီအီး bookက ကျွန်တော်လည်း သုံးတက်ဘူး ကိုထွေးရေ😂😂😂

မန့်မည့်စကားလုံးတစ်ခုတွေ့လိုက်တယ် ဒါပေမဲ့ မန့်တော့ဘူး ဘာလို့လဲ ဆိုတော့ ညနေခါ post တစ်ခု ဖြစ်လာနိုင်ပြီ လေ ဒချိ ဒချိ

ငင့်..ဘာလားပဲ
ရေးကွက်တွေ့ သွားပြန်ပြီလား.မတိ😬😯😯

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63570.02
ETH 3400.95
USDT 1.00
SBD 2.56