Life Time

in #myanmar6 years ago (edited)

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

တစ်နေ့တစ်နေ့ခဏလေးနှင့်ကုန်ဆုံးသွားခဲ့ပြီ။
အချိန်ဟာ တစ်ကယ်တမ်းတော့ သိပ်မရှိလှပါချေ။
လူတွေမသိကြလို့....
အင်း.လူတွေမသိကြတာမဟုတ်ပါဘူး ငါကိုယ်တိုင်ကိုကမသိတာ။ အချိန်တဲ့... လူတွေသတ်မှက်ထားတဲ့အချိန်က မရောက်သေးလို့စောင့်နေရတယ်။
လူတွေမသတ်မှက်ထားတဲ့အချိန်က ကုန်ဆုံးလွယ်တယ် တားဆီးလို့မရနိုင်ဘူး။လူ့ဘဝရဲ့ သက်တမ်းဆိုတာလည်း တစ်ကယ်တမ်းတော့ တိုတိုလေးပါ။

တွေးမိကြရဲ့လား မိဘတွေမရှိတော့ရင် ငါတို့ဘာဖြစ်သွားမလည်းဆိုပြီးတော့ပေါ့.....။
ကိုယ့်ဘဝအတွက် ခိုင်မာတဲ့ရည်မှန်းချက်ပန်းတိုင်မရှိရင် တစ်ချိန်မှာပင်ပန်းဆင်းရဲကြရလိမ့်မယ်။
အလုပ်လက်မဲ့သမားခြင်းအတူတူ ပညာတစ်ခုတက်မြောက်ထားသူက ပိုပြီးအဆင်ပြေမယ်။
သူတက်ကျွမ်းထားတဲ့ပညာနဲ့ အလုပ်တစ်ခုကိုရှာနိုင်တယ်။ မိဘပေးနိုင်တဲ့အမွေဟာ ရွှေငွေပစ္စည်းဥစ္စာတွေမဟုတ်ဘူး ပညာဆိုတဲ့သစ်ပင်တစ်ပင်ကိုသာပေးခြင်းဖြစ်တယ်။ အသီးအပွင့်တို့ ပွင့်လာ သီးလာအောင်လုပ်ဖို့က မိမိရဲ့တာဝန်သာဖြစ်တယ်။

image

တန်းတူသွားနေသူအချင်းချင်းတောင် သူများကအောင်မြင်သွားတယ် ကိုယ်ကကျန်နေခဲ့တယ်။
သူ့ကိုအားကျလိုက်တာဆိုပြီးမတွေးနဲ့ ကိုယ်အသုံးမကျတာကိုအရင်ပြန်တွေး။
သူလည်း လက္ဖက်ရည်ဆိုင်ထိုင်တာပဲ ကိုယ်လည်းလက္ဖက်ရည်ဆိုင်ထိုင်တာပဲ။
သူလည်းဂိမ်းဆော့ ကိုယ်လည်းဂိမ်းဆော့တာပဲ။
အဲ့လိုလုပ်တာချင်းအတူတူ သူကဘာလို့တိုးတက်သွားလည်း အောင်မြင်သွားခဲ့သလည်း။
အဖြေကရှင်းပါတယ် သူက သူလုပ်ချင်တာလည်းလုပ်တယ် သူမလုပ်ချင်တာလည်းလုပ်တယ်။

သူဟာ လက္ဖက်ရည်ဆိုင်ထိုင်တယ် ဂိမ်းဆော့တယ်ဆိုပေမယ့် သူ့ရဲ့စာကျက်ချိန် ကြိုးစားချိန်တွေကိုတော့ လုံးဝအလွတ်မပေးခဲ့ဘူး။
သူ့ရဲ့စိတ်မှာ တွေးထားတာတစ်ခုပဲရှိနေလိမ့်မယ်..
အဲ့ဒါဘာလည်းဆိုရင်..
ငါဟာ ဂိမ်းဆော့ချင်တယ်.. ဟုတ်ပြီ ငါ့ကိုယ်ငါ ချုပ်ထိန်းထားခြင်းမဖြစ်စေဘူး ငါဆော့ချင်တဲ့ဂိမ်းအတွက် အချိန်တစ်နာရီအတိ ပေးမယ် ပြီးရင် ငါစာကျင်မယ်။
တစ်ကယ်လည်း ဂိမ်းဆော့ပြီးချိန်မှာ သူစာကျက်တယ်ကြိုးစားတယ်။ လူအများအမြင်မှာတော့ဂိမ်းဆော့တဲ့ကောင်လေးပေါ့။ နောက်ကွယ်မှာ သူကြိုးစားတာ ဘယ်သူမှမသိဘူးလေ။
ဒါကကြိုးစားနေသူတစ်ဦးဘက်ကို အမြင်အနည်းငယ်နဲ့ပဲကြည့်ကြည့်သေးတာပါ။

မကြိုးစားသူကို ကြည့်မယ်ဆိုရင် သူဘာကြောင့်ကျန်နေခဲ့ရသလည်းတိုတာကိုတွေးကြည့်နိုင်တယ်။
သူဟာလည်းဂိမ်းဆော့တယ် ဆိုင်ထိုင်တယ်။
သို့ပေမယ့် သူဟာ စာအုပ်နားရောက်ရင် စာမကျက် မကြိုးစားတော့ဘူး ပုံမှန်လေးပဲလုပ်နေလိမ့်မယ်။
ဒီလိုလုပ်နေလို့ သူမအောင်မြင်ဘူးဆိုတာတော့ သူသိချင်လည်းသိမယ် မသိပဲလည်းဖြစ်နေနိုင်တယ်။

လူတစ်ယောက်ကို အပေါ်ယံအမြင်နဲ့ပဲကြည့်လို့မရဘူး။ သူ့ရဲ့နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုဆိုတာရှိနေနိုင်သလို မကြိုးစားပဲလည်းရှိနေနိုင်တယ်။
ကျောင်းသားတစ်ယောက်ရဲ့ နောက်ကွယ်ရာမှာကြိုးစားခြင်းမကြိုးစားခြင်းက သူတို့ရဲ့ အောင်စာရင်းထွက်လာတဲ့အချိန်မှာသိလိမ့်မယ်။

ကံတရားကြောင့်မအောင်တာဆိုပြီးလာမပြောနဲ့လက်မခံပါဘူး။ ကြိုးစားသူတစ်ဦးအတွက် ကံတရားဆိုတာ အမှက်အနည်းအများမှာသာရှိချင်ရှိပါလိမ့်မယ်။ ကျဆုံးခြင်းဆိုတာတော့မရှိနိုင်ပါဘူး။
မကြိုးစားလို့သာ ကျရှုံးရတာပါ။ အောင်မြင်မှုဆိုတာကို ပိုလိုချင်သူက အောင်မြင်မှုကိုပိုပြီးရရှိမှာပါပဲ။
ခြွင်းချက်တွေအနေနဲ့တော့ ရှိနေပါလိမ့်မယ်။
စာမေးပွဲဖြေခါနီး နေမကောင်းဖြစ်တာတို့ အလုပ်မအားတာတို့ပေါ့။

image
image

နေမကောင်းတာကိုအသာထားပါအုံး။
အလုပ်မအားတာဆိုတာကတော့မဖြစ်သင့်ပါဘူး။
လူမှာအရွယ်သုံးပါးရှိတယ်...
ပညာရှာရမည့်အရွယ်
ဥစ္စာရှာရမည့်အရွယ်
ကြင်ယာရှာရမည့်အရွယ်

image

ပညာရှာချိန်မှာ မရှာရင် ဥစ္စာရှာချိန်မှာဒုက္ခရောက်ရမယ် အချိန်တွေမလောက်မငှထပ်ဖြစ်ရလိမ့်မယ်။
ဥစ္စာမရှာနိုင်ရင် ကြင်ယာရှာချိန်မှာ ပစ်ပယ်ခြင်းကိုမလွဲမသွေခံရလိမ့်မယ်........

အချစ်တစ်ခုတည်းနဲ့ဘဝကိုတည်ဆောက်မယ်လို့ပြောတဲ့သူတွေကို မရူးကြပါနဲ့လို့ပဲပြောချင်တယ်။
ပညာ၊ဥစ္စာမရှိရင် အရမ်းကိုပင်ပန်းဆင်းရဲကြရလိမ့်မယ်။ ဦးသုမောင်သီချင်းတောင်ရှိသေးမဟုတ်လား..
🎶.ယောက္ခမအိမ်တက် သမက်မှာမျက်နှာငယ် မျက်နှာငယ်🎶...ဆိုတာလေ...

🎶 ငွေမရှိတော့ လူရာမဝင် မခေါ်ချင်မပြောချင်..🎶
ဆိုတဲ့ အဆိုတော် ပိုင်သက်ကျော်ရဲ့သီချင်းလေးကလည်း
ဥပမာသင်ခန်းစာတစ်ခုပမာပါပဲ....

လူ့ဘဝမှာ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ချင်တဲ့အလုပ်ကိုစောစီးစွာနဲ့တွေ့အောင်ရှာဖွေဖို့လိုပါတယ်။
နောက်ကျမှတွေ့ရှိခဲ့မယ်ဆိုရင် အလုပ်တွေများလာပြီး အချိန်မပေးနိုင်တဲ့အတွက် ခရီးမတွင်နိုင်တော့ပါဘူး။

ဖတ်ရှုပေးသူ Steemitက ဆရာသမားများနဲ့ညီကိုမောင်နှမအပေါင်း ကျန်းမာချမ်းသာကြပါစေ။လိုရာဆန္ဒများလည်းပြည့်ကြပါစေဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

image

@komoezaw

MSC-030

Credit;google images

Sort:  

ဟုဟု ကျွှန်တော်တို့လကျင်ရာ မရှာသေးပါဘူးခည

ဘာလို့မရှာသေးတာလည်းဗျာ ရှာတော့လေ

Time and tidy wait for no man.
Time is more valuable than money.

ဟုတ် ကိုဟိန်း

Respect bro
အတူသွား အတူလာ အတူနေ ပေမဲ့လည်း အောင်မြင်မှုဆီသို့ ကြိုးစားမှုမရှိပဲ ရေလိုက်ငါးလိုက် လုပ်နေရင်တော့ဖြင့် အချိန်က လာပြီး နောင်တအနေနဲ့ ဟားတိုက်အုံးမှာပဲ။ ဂိမ်းဆော့ဒါခြင်းတူပြီး နောပ်ကွယ်က စာကျက်တာလေးလည်း ဂရုစိုက်အုံးမှ

ဟုတ်တယ်ကိုဗီးရေ
ကိုလုပ်မှကိုယ်ရတာ
အချိန်ကအဆုံးဖြတ်ပေးမှာ

🎼🎼🎼ယောက်ခမကြီးက မျက်နာချိုတယ် 🎼🎼🎼ကိုယ့်မယားက စေတနာပိုတယ်🎼🎼 ဘာမှန်းဟုတ်ဘူး သီချင်းလာဆိုတာ😁😁😁

ဟီး ဆိုပါဗျ😁😁😁

အားပေးနေတယ် အစ်ကိုရေ

ဟုတ် ညီရေ

အကိုစာအရေးအသားလေးအရမ်းကောက်းတယ်

ဒါလည်း သဘာဝပတ်ဝန်းကျင်မို့ နည်းနည်းကောင်းသွားတာ broရေ

တရားရှာချိန် တပါးထပ်တိုးမယ် ရမလားး😊
🎶🎵🎶
ဂုဏ်...ဂုဏ်ဆိုတာငွေကိုခေါ်တယ် ငွေဆိုတာရေလိုသုံးရင် အရာတိုင်းဟာလုပ်သမျှဖြစ်တယ်
ယောက်ခမကြီးက မျက်နှာချိုတယ် ကိုယ့်မယားကစေတနာပိုတယ်
ငွေတဲ့ဗျ🎶🎵🎶

တရားရှာချိန်တိုးဘူး
ခုကတည်းကလုပ်မှဖြစ်မယ် တရားရှာတဲ့အလုပ်ကို😁😁

ဘဝ မှ ကိုယ်လုပ်တဲ့ အရာကို စောစောတွေ့ ရှာ ရမယ်ဆိုတာ မှန်ပါတယ်ဗျာ နောက်မှ သိရတော့ ခရီးမတွင် တော့ဘုး

ဟုတ်တယ် ကိုဖြိုးရေ ဒါကတော့ ကိုယ်တွေအခုကြုံနေတာလေးကိုထည့်ရေးမိတာပါ
လုပ်ချင်တာတွေများနေတယ် ဘယ်ဟာမှခရီးမတွင်ဘူးဖြစ်နေတယ်

time management ပေါ့ ကိုမိုးဇော်
ကိုမိုးဇော်ကိုကြည့်လေ ၃၀၀ ပြည့်တော့မှာ ကျန်တော်ပဲ ၃၄ ပဲရှိသေးတာ 😁😁😁

အားငယ်ပါနဲ့ကိုစိုင်းရယ်
ကျွန်တော် Spတေများလည်းကိုစိုင်းတို့ကိုပစ်ထားဘူး
Fighting Fighting.

အမှန်ပါပဲကိုမိုးဇော်ရေ...အချိန်ကိုတန်ဖိုးရှိစွာ အသုံးချသင့်ပါတယ်။

ဟုတ်တယ်
အချိန်မရှိတော့ရင် ဒုက္ခရောက်ရမယ်

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 61065.80
ETH 2610.29
USDT 1.00
SBD 2.53