တွေ့ရာရေး

in #myanmar6 years ago

တစ်ကယ်မရှိ တစ်ကယ်မသိတဲ့အရာ
အဲ့သည်လိုအရာကဘာလည်းဆိုတော့
ကိုယ်ချင်းစာတရားပါ။

တခြို့တွေရှိတယ်...အပြင်ကမ္ဘာရဲ့ တစ်ကယ့်လက်တွေ့မှာပေါ့။
ပြောလိုက်ရင်ဖြင့် သူ့နေရာမှာငါသာဆို ငါသည်းခံလိုက်မှာကွဆိုပြီး
တစ်ကယ်လည်းကြုံလာရော မင်းဘာကောင်လည်းငါဘာကောင်လည်းနဲ့ ရန်ပွဲတွေကိုဖြစ်လို့ စိတ်တွေဆိုးတက်ကြသေးတာ။

ကျနော်လည်းတွေးမိတယ်
မေးတော့မမေးမိခဲ့ပါဘူး ကိုယ့်ဘက်ပြန်လှည့်လာမှစိုးလို့လေ😁😁

ဘာမေးချင်တာလည်းဆိုတော့
ဟိုအရင်အချိန်တွေက သူတို့ပြောတဲ့သူတို့စကားက
မိသားစုတွေလိုခင်မင်တာပါကွာ ဘာကိစ္စပဲဖြစ်နေနေ အကူအညီလိုရင်ပြောကွာ ဆိုတာမျိုး....
အကူအညီလည်း မလိုအပ်တဲ့အချိန်တွေပေါ့။
တစ်ကယ်အကူအညီလိုလာလို့ အကူအညီတောင်းကြည့်ရင်တော့မလွယ်ကူလောက်ပါဘူး။ အပြောတစ်မျိုးအလုပ်တစ်မျိုးဆိုသလိုဖြစ်နေတယ်။

ကျနော်လည်း သူများမကောင်ကြာင်းပဲရေးနေမိတယ်
ကောင်းတဲ့သူတွေလည်း ဘယ်ချောင်ကပ်နေတယ်မသိဘူးလေ။။😁😁😁

တစ်ကယ်စိတ်ရင်းစေတနာမှန်တဲ့သူတွေလည်းရှိပါရဲ့ဗျာ။
အချိန်တွေက စကားပြောသွားမှ သိကြရတဲ့သူတွေပေါ့။
လူအများစုကတော့ ကိုယ့်ဘဝအတွက်ကြိုးစားနေကြသူတွေပါပဲ။

တခြို့တွေသာ သူများကိုအပြစ်တင်ဝေဖန်ရင်း အချိန်ကုန်နေတက်ကြတာပါ။

တော်ပါပြီလေ..0.8STUလေးရဖို့ တွေ့ရာရေးတာမို့လေ😁😁
အိပ်လည်းအိပ်ချင်နေပြီမို့ ဒီလောက်ပဲနော်သူငယ်ချင်းတို့.....
နောက်တစ်ခေါက်မှ ပေါက်တက်ကရတွေရေးတော့မယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

Henru-Matric-6057-2.jpg

Credit Image

Sort:  

တွေ့ရာရေးက 1stu ကျော်ရရင် ပေါက်တကရရေးက ဘယ်လောက်ရမှာပါလိမ့်😁😁

Posted using Partiko Android

ဟီး ရေးတော့ရေးနေပြီကိုဟိန်းရေ😁😁

ရေးချင်တာရေး ဗုတ်ပါဟေး

Posted using Partiko Android

ဟုတ် ဟုတ် ကျေးဇူး😁😁
Mentတဲ့သူ ဒီနှစ်ယောက်ရှိတာနဲ့တင် ဝမ်းသာနေပြီ😁

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.032
BTC 62799.08
ETH 3027.63
USDT 1.00
SBD 3.95