Knowledge Reader

in #myanmar7 years ago

IMG_20171007_193512.jpg
အပိုင်း(၃)
ဝေဒဆိုတာဝိဒ်​-ဓာတ်​+အ-ပစ္စည်း´´မှဆင်းသက်​လာ​သော​ဝေါဟာရဖြစ်​၍၊မှန်​​သောအသိပညာ
လို့အဓိပ္ပါယ်​ရှိပါတယ်​။အိန္ဒိယပြည်​ရဲ့​ရှေးအကျဆုံး
သော၊ဘာသာစာ​ပေကျမ်း​ပေါင်းများစွာကို၊စု​ပေါင်း
ခေါ်​ဝေါ်ထားတဲ့​ဝေါ်ဟာရဖြစ်​သည်​။´´
မူလအစပထမ​ဗေဒင်​ပညာမှာ-၁။သာမ​ဗေဒင်​၊
၂။ယဇု​ဗေဒင်​၊၃။ဣရု​ဗေဒင်​ဆိုပီး​တော့သုံးပါးပဲရှိ၏
ထို့​ကြောင့်​လူအများတို့က​ဗေဒင်​သုံးပုံဟု​အလွယ်​​ခေါ်ဆိုကြသည်​။အဋ္ဌသာလိနီအဋ္ဌကထာမှာ​တော့၊ဒီ
ဗေဒင်​သုံးပုံပညာရပ်​ထဲသို့၊အာထဗ္ဗဏ​ဗေဒင်​ကိုပါ
ထည့်​သွင်း​ရေတွက်​ပြလို့၊​ဗေဒင်​​လေးပုံဖြစ်​သွားပါ
တယ်​။လယ်​တီဆရာ​တော်​ဘုရားကြီး​ရေးသားစီရင်
တော်​မူ​သောဝိဇ္ဇာမဂ္ဂဒီပနီမှာ​တော့​ဗေဒင်​​လေးပုံအ
ကြောင်းကို​အောက်​ပါအတိုင်းဖွင့်​ဆိုပြထားပါတယ်​။
၁။သာမ​ဗေဒင်​ဆိုတာတွက်​ကိန်းတို့ကိုသိ​ကြောင်း
ဖြစ်​​သောသူရိယသိဒ္ဓန္တကျမ်းစာ။
၂။ယဇု​ဗေဒင်​ဆိုတာနတ်​ပူ​ဇော်​နည်းကျမ်းစာ။
၃။ဣရု​ဗေဒင်​ဆိုတာနတ်​ပူ​ဇော်​ရာမှာချီးမွှမ်းပုံကိုပြဆို​သောကျမ်းစာ။
၎။အာထဗ္ဗဏ​ဗေဒင်​ဆိုတာ​ဟောကိန်းကိုသိ
ကြောင်းဖြစ်​​သောဗြို့ဟဒ်​ကျမ်းစာဟူ၍​လေးမျိုးကိုဖွင့်
ဆိုပြထားပါသည်​။ထိုပြဆိုထား​သော​ဗေဒင်​​လေးပုံမှာအဂါင်္၆ပါးရှိပါတယ်​။အဂါင်္ဆိုတဲ့အဓိပ္ပါယ်​ကဒီ​နေရာမှာကျမ်းကို​ပြောတာဖြစ်​၏။ထိုကျမ်း (၆)ကျမ်းရဲ့
အနက်​အဓိပ္ပါယ်​အယူအဆကိုဖွင့်​ဆိုလျှင်​​အောက်​ပါ
အတိုင်းဖြစ်​သည်​။၁။ဆန္ဒကျမ်း-ဆန်းကျမ်းဟာ​ဗေဒင်​ရဲ့​ခြေ​ထောက်​ဖြစ်​၏။
၂။ကပ္ပကျမ်းဟာ​ဗေဒင်​ရဲ့လက်​ဖြစ်​သည်​။
၃။ဇောတိသကျမ်းဟာ​ဗေဒင်​ရဲ့မျက်​စိဖြစ်​၏။
၎။နိရုတ္တိကျမ်းဟာ​ဗေဒင်​ရဲ့နားဖြစ်​သည်​။
၅။သိက္ခာကျမ်းဟာ​ဗေဒင်​ရဲ့နှာ​ခေါင်းဖြစ်​ပါတယ်​။
၆။ဗျာကရုဏ်းကျမ်းဆိုတာ​ဗေဒင်​ရဲ့ခံတွင်းဖြစ်​တယ်​လို့​ရှေးဆရာများပြဆိုခဲ့ကြပါသည်​။အဖွဲ့ဝင်​မိတ်​​ဆွေ
သူငယ်​ချင်းများဗဟုသုတရ​စေရန်​၊​ရှေးယခင်​အချိန်​မှစ၍၊ယ​နေ့အချိန်​ထိအသုံပြု​နေကြ​သော၊ရာသီပါး၊
(၁၂)​ပါး၏ကိုယ်​စားပြု၊ရာသီရုပ်​(၁၂)​ကောင်​ပုံအား
စေတနာ​ရှေ့ထားတင်​​ပေးလိုက်​ပါတယ်​။
ဒီ​နေရာမှာမူလက​ဝေဒ​ခေါ်​ဗေဒင်​လက္ခဏာပညာရပ်​မှာအာထဗ္ဗဏ​ဗေဒင်​ဆိုတာမပါတဲ့အတွက်​၊​ဗေဒင်
သုံးပုံပဲရှိပါတယ်​။နောင်​မှသာအာထဗ္ဗဏ​ဗေဒင်​ဆိုတာထပ်​​ပေါ်​ပေါက်​လာလို့၊ထပ်​တိုးကာ​ဗေဒင်​​လေးပုံရယ်​လို့ဖြစ်​​ပေါ်လာတာပါ။အာထဗ္ဗဏ​ဗေဒင်​ကျမ်း
မည့်​သို့​ပေါ်​ပေါက်​လာသည်​ဆိုလျှင်​၊သုတ္တနိပါတ်​​တော်​လာဗြဟ္မဏဓမ္မိကသုတ်​မှာ၊အာထဗ္ဗဏ​ဗေဒင်​ကျမ်းကိုသြက္ကာကမင်းလက်​ထက်​မှာတရားမ​စောင့်​​သောပုဏ္ဏားများက​ရေးထည့်​သွား​ကြောင်းပြဆိုထား
ပါတယ်​။ဝိမတိ ဝိ​နောဒနီ ဋီကာကျမ်းမှာအာထဗ္ဗဏ
ဗေဒင်​ကျမ်းအားတရားမ​စောင့်​​သောပုဏ္ဏားများက​နေသူတစ်​ပါးအသက်​သတ်​ဖို့၊သူတစ်​ပါးအားမ​ကောင်းကြံဖို့​ရေးသားစီရင်​ခဲ့​ကြောင်း​ဖော်​ပြထားပါတယ်​။
အာထဗ္ဗဏ​ဗေဒင်​ကျမ်းမှာလာတဲ့ဝိဇ္ဇာမယတန်​ခိုး၊
အာထဗ္ဗဏတန်​ခိုးအလိုရှိတဲ့ပုဂ္ဂိုလ်​​တေဟာ၊အင်းမီးထွန်းခြင်း၊မန္တာန်​စုတ်​ခြင်းအစရှိတဲ့သူတစ်​ပါးပျက်​စီး
ကြောင်းပြုလုပ်​​သောအတတ်​ပညာဖြစ်​တယ်​လို့
ကျမ်းဂန်​​တော်​၂များများမှာပြဆိုထားတာ​တွေ့ရပါ
သည်​။ဗြဟ္မာကြီးများမှစတင်​သင်​ကြားပို့ချ​ပေးခဲ့​သော​ဗေဒင်​သုံးပုံနှင့်​အာထဗ္ဗ​ဗေဒင်​ထူးခြားကွဲပြား
သောအချက်​မှာ၊ထိုအာထဗ္ဗဏ​ဗေဒင်​ဟာစုန်း​၊နတ်​၊ပ​ရောဂစတာ​တွေကိုကာကွယ်​နိုင်​တယ်​ဆိုတဲ့အယူ
အဆဂါထာမန္တာန်​​ကြောင့်​တန်​ခိုးရှိတယ်​လို့လူအများစုကလက်​ခံယုံကြည်​တဲ့အချက်​ပါပဲ။ဗေဒင်​သုံးပုံကပညာရပ်​များက​တော့ရိုးရိုးပုံမှန်​ပင်​လူသားတို့ရဲ့
ဘဝဖြစ်​စဉ်​အား​မွေးချိန်​၊နက္ခတ်​ဂြိုဟ်​၊လက္ခဏာရပ်​အစရှိတာ​တေကိုကြည့်​ပီး​မွေးဖွားသည်​မှ၊​သေဆုံး
မည့်​အချိန်​ထိမှန်​​အောင်​​ဟောနိုင်​​သောပညာရပ်​များ
ဖြစ်​၏။ဘုရားဇာတ်​နိပါတ်​များတွင်​​လူတစ်​​ယောက်
သေဆုံးမည့်​အချိန်​အားမှန်​​အောင်​​ဟောနိုင်​သည့်
ပုဏ္ဏားဆရာကြီးများအ​ကြောင်းကိုဖတ်​ရှု​လေ့လာနိုင်​ပါတယ်​။ဗေဒင်​သုံးပုံပါပညာရပ်​များဟာစုန်း၊နတ်​၊ပ​ယောဂအစရှိတဲ့ဟာ​တေကိုကာကွယ်​တားဆီးနိုင်
သောပညာရပ်​များမပါဝင်​​ပေ။သြက္ကာကမင်းကြီး
လက်​ထက်​မှစတင်​၍၊တရားမ​စောင့်​​သောပုဏ္ဏာတို့ကလာဘ်​လာဘအလိုရမ္မက်​ကြီး၍၊လူတို့ဆီမှအသပြာ​ကြေး​ငွေများစွာရရန်​၊ထိုစုန်း၊နတ်​၊ပ​ယောဂအစရှိ​သော​ဘေးတို့ကိုပြပီးလျှင်​၊အာထဗ္ဗဏ​ဗေဒင်
ကျမ်းအား၊​ဗေဒင်​သုံးပုံတွင်​ထပ်​တိုးကာထည့်​သွင်း​ရေးသားခဲ့ခြင်းဖြစ်​သည်​။မူလ​ဗေဒင်​သုံးပုံပညာရပ်​တွင်​လူတို့အား​ဘေးအန္တာရယ်​ဖြစ်​​အောင်​ပြုလုပ်​နိုင်​​သောပညာရပ်​များမပါရှိပါဘူး။အာထဗ္ဗဏ​ဗေဒင်​ကျမ်းပညာရပ်​မှာ​တော့လူတို့အား​ဘေးဖြစ်​နိုင်​​သောပညာရပ်​များပါရှိ၏။ပုံ(၂)မှာအိန္ဒိယနိုင်​ငံ​မြောက်​ပိုင်း
ဝေဒပညာရှင်​များအသုံးပြု​သောဇာတာခွင်​အား၊ဗဟုသုတရ​စေရန်​ပူးတွဲတင်​​ပေးလိုက်​ပါတယ်​။Screenshot_2017-10-07-19-53-52-691_lv.chakra.jyotisha.darshana.free.png
ထိုကဲ့သို့ပါရှိ​ကြောင်းကိုမန်​လည်​ဆရာ​တော်​ဘုရား
ကြီးရဲ့မာဃ​ဒေဝလင်္ကာမှာ​အောက်​ပါအတိုင်း​ရေးသားထားပါတယ်​။``ပြည်​ရွာနီးချင်း၊ရန်​သူမင်းတို့၊အတွင်းသားကို၊ပျက်​ပြား​စေ​ကြောင်း၊မ​ကောင်းကြံ
ဟန်​၊ဝင်္ကဥာဏ်​ဖြင့်​၊သဝဏ်​စာ​ရေး၊​ပေး၍ပြုထ၊ဥပါယကပ်​၊အာထဗ္ဗဏ၊ယတြာဆင်​ငြား၊မန္တရားနှင့်​၊
ဆေးဝါးစီမံ၊အင်းနှံအင်းမြုပ်​၊နာမ်​ရုပ်​နိမ့်​ချ၊ပြုခြင်းစသား´´ဟူ၍သူတပါးအား​ဘေးဒုက္ခ​ရောက်​​အောင်
ပြုလုပ်​နိုင်​တဲ့ယတြာ၊မန္တရား၊​ဆေးဝါးများဟာအာထဗ္ဗဏအကျင့်​​ခေါ်အာထဗ္ဗဏကျမ်းတွင်​ပါရှိ​ကြောင်း
ညွှန်​ပြ​ရေးသားထားတာ​တွေ့ရပါတယ်​။ဒီ​နေရာမှာ
ပညာရပ်​များနှင့်​ပတ်​သက်​၍၊မည့်​သည့်​ပညာရပ်​မဆိုပင်​၊​ကောင်း​သော​နေရာတွင်​အသုံးချလျှင်​အ
ကြောင်းမဟုတ်​​သော်​လည်း၊မ​ကောင်း​သော​နေရာတွင်​အသုံးချပါ​လောကကို​ကောင်းကျိုးမ​ပေးပဲ​ဘေး
ဖြစ်​​စေနိုင်​​ကြောင်း​သတိပြုသင့်​၏။ထို့​ကြောင့်​​နောင်​တွင်​​ရှေးဆရာများက​ဝေဒ​ခေါ်​ဗေဒင်​လက္ခဏာပညာရပ်​များကိုသင်​ကြားရာတွင်​၊၎င်းအာထဗ္ဗဏ
ဗေဒင်​ပညာရပ်​ကိုစိတ်​ထားမ​ကောင်း​သောသူများတတ်​​မြောက်​သွားလျှင်​၊လူအများဒုက္ခ​ရောက်​မည်​စိုး၍၊အကုန်​အစင်​မသင်​​ပေး​ကြ​တော့​သော​ကြောင့်
တဖြည်းဖြည်း​ပျောက်​ကွယ်​လာကာ၊ယ​နေ့​ခေတ်
တွင်​အာထဗ္ဗဏ​ဗေဒင်​ပညာရပ်​နှင့်​ပတ်​သက်​၍ကျွမ်း
ကျွမ်းကျင်​ကျင်​တတ်​​မြောက်​​သောပညာရှင်​များသိပ်​မရှိ​သ​လောက်​ပင်​ဖြစ်​​ကြောင်းဝမ်းနည်းဖွယ်​​တွေ့မြင်​ရပါသည်​။နှောင်း​ခေတ်​​ဗေဒင်​ပညာရပ်​များတွင်​၊အယူ​တော်​မင်္ဂလာပညာဟူ၍နာမည်​​ကျော်​ကြားခဲ့​သောပညာရပ်​သည်​အာထဗ္ဗဏ​ဗေဒင်​ပညာရပ်​မှ
ဆင်းသက်​လာ​သောပညာရပ်​တစ်​ခုဖြစ်​ပါတယ်

အယူ​တော်​မင်္ဂလာပညာရပ်​ကိုမြန်​မာရာဇဝင်​တွင်
မြန်​မာဘုရင်​များနှင့်​မွန်​ဘုရင်​များသည်​တွင်နိုင်​ငံ့​ရေးရာကိစ္စရပ်​များတွင်​တွင်​ကျယ်​စွာအသုံးပြုခဲ့ကြ​ပါသည်​။နောက်​လာမည့်​အပိုင်း(၃)တွင်​အာထဗ္ဗဏ​ဗေဒင်​ပညာ၏မျိုးဆက်​ဖြစ်​​သော၊အယူ​တော်​မင်္ဂလာပညာရပ်​အားအသုံးပြုခဲ့တဲ့၊သမိုင်းမှာထင်​ရှား​သော
ဖြစ်​ရပ်​များ၊ပညာရှင်​များအ​ကြောင်းများအားဆက်​လက်​​ရေးသားတင်​ပြ​ပေးပါမည်​ခင်​ဗျာ။
ရတနာသုံးပါးဦးထိပ်​မှာထား၍၊ကျမ်းများပြုစုခဲ့
ကြကုန်​​သောအရှင်​သူမြတ်​များ၊ဆရာသခင်​များနှင့်
တစ်​ကွသင်​ဆရာ၊မြင်​ဆရာ၊ကြားဆရာအ​ပေါင်းတို့အားဤစာမူ​ဆောင်းပါးဖြင့်​လက်​စုံမိုးကန်​​တော့
အပ်​ပါသည်​။

Myanmar Steemit groupအက်​ဒမင်​များနှင့်​တစ်​ကွအဖွဲ့ဝင်​မိတ်​​ဆွေသူငယ်​ချင်းများကိုယ်​စိတ်​နှစ်​ဖြာ
ရွှင်​လန်​ချမ်း​မြေ့ကြ၍၊​ဘေးဘယာ​ဝေးကွာပါ​စေ
ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်
ဗျာ။
written by komoewai.
@komoewai.

Sort:  

ဘေဒင် လာသင်အုံးမယ် ဘယ်တော့မှ လေ့လာလိုက်တိုင်းနားမလ်ာတဲ့ထဲ အဲ့ဒါလည်းတစ်ခုအပါအဝင်ပါဘဲ

လာခဲ့။သင်​​ပေးမယ်​😂😂

ပညာရပ်တခုကိုတင်ပြပေးတာ ဗဟုသုတရပါတယ် ကျေးဇူးပါ

အား​ပေးတာ​ကျေးဇူးပါbro

အလွန်အကျွံတော့မဟုတ်ပေမယ့် ကျွန်တော်လက်ခံနိုင်တဲ့ပညာရပ်တစ်ခုပါ ကိုမိုးဝေ

ဟုတ်​ကဲ့ပါbro.

thank for sharing brother,
life နဲ့ time ကြားမှာ space bar ခြားလို့ရပါတယ်
main tag 50 ထဲမှာ life က အမြင့်ဆုံးရှိတာပါ bro

ခုလို​ပြောပြ​ပေးတာ​ကျေးဇူးပါခင်​ဗျာ။

Congratulations @komoewai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @komoewai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ဗဟုသုတရပါတယ်။
မျှဝေပေးတဲ့အတွက် ကျေးဇူးပါဗျာ။

အား​ပေးတာ​ကျေးဇူးပါ။

အား​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57975.44
ETH 2289.64
USDT 1.00
SBD 2.46