စိတ်ကူး နှင့် လက်တွေ့

in #myanmar8 years ago

လက်တွေ့ဘ၀တည်ဆောက်လို့ရတဲ့ စနစ်တွေ အတွေးတွေထက် စိတ်ကူးစိတ်သန်းထဲက အရာတွေနဲ့မွေ့လျော်နေသူက မြန်မာပြည်မှာ ပိုများတယ် ထင်မိတယ်။ ဥပမာ

  • မဖြစ်နိုင်တဲ့ သူရဲကောင်းမျှော် ရင်း လက်တွေ့မှာ ဘာမှဖြစ်မလာတာမျိုး။
  • မဖြစ်နိုင်တဲ့ ခြောက်ပစ်ကင်းသဲလဲစင် သူတော်စဉ်တွေကို ပုံဖော်ရင်း လက်တွေ့လူသားဆန်တဲ့ တကယ့်အရှိ သူတော်ကောင်းတွေကို ပစ်မှားနေတာမျိုး။
  • မဖြစ်နိုင်တဲ့ ကောင်းခြင်း ဆိုတာတွေကို တွေးခေါ်ပြောဆိုရင်း လက်တွေ့မကျတဲ့ အကျင့်အကြံတွေကို ပြောကောင်းနေတာမျိုး
  • မဖြစ်နိုင်တဲ့ ကိုယ်ကျင့်တရားမျိုးတွေကို ချရေးပြီး တကယ်လက်တွေ့ ကောင်းအောင်ကျင့်ကြံရမှာတွေကို မလုပ်ကြတာမျိုး
  • လက်တွေ့ကျတဲ့ အရာတွေကို လက်မခံငြင်းဆန်ရင်း စိတ်ကူးယဉ်အိပ်တွေမက်နေကြတာမျိုး။
  • လက်၇ှိဖြစ်နေတဲ့ ပြဿနာကို ရှောင်လွှဲဖို့ အတိတ်က ရွှေထီးဆောင်းတာတွေကို ပြန်ပြီး တသသဖြစ်နေတတ်တာမျိုး
  • မဖြစ်နိုင်တဲ့ ရေပေါ်လမ်းလျှောက် ကျင့်စဉ်တွေကျင့်ရင်း လှေဆောက်နည်းပညာကို မသင်ယူဘဲ အချိန်ဖြုန်းနေကြတာမျိုး
    -ေ မှာ်ဆန်ဆန် ပုံပြင်တွေနားထောင်ပြီး ပုံပြင်ထဲကလို ချက်ချင်းလက်ငင်း အသိဥာဏ်တွေပွင့်လင်းလာမယ်ထင်ပြီး သင်ယူလေ့လာစည်းပူးရမှာတွေကို မလိုအပ်တဲ့အရာတွေလို ရှုံတ်ချနေတာမျိုး
  • စာပေမသင်ကြားထားတဲ့သူတွေက ပညာရေးဆိုတာအလကားပါ ဘွဲ့ရပါဆိုတာအလကားပါဆို အတန်းပညာမသင်ဘဲ သူဌေးဖြစ်သွားသူ တစ်ဦးတစ်လေကို လက်ညှိုးထိုးပြပြီး လူတိုင်းအဲ့လို ဖြစ်မယ်ထင်နေတာမျိုး။
    ပြောမယ်ဆို အများကြီးကျန်သေးတယ်။
    အဲ့လိုတွေ တွေးတောပြောဆိုနေပြီး လိုချင်တာကျတော့ ဆယ်စုနှစ်ချီပြီး အားသွန်ခွန်စိုက် ပင်ပန်းခံ လက်တွေ့ တည်ဆေက်နေတဲ့သူတွေ ရထားတဲ့အောင်မြင်မှုမျိုး လိုချင်လိုက်ကြသေးတယ်။ ကျွန်တော်တို့ဟာ လက်တွေကြိုးစားအားထုတ်မှုမရှိဘဲ လိုချင်သူတွေပိုများလာတယ်။ အားစိုက်ထုတ်လုံး၀၀ိရိယာ နဲ့မသင်ယူဘဲ တတ်ချင်တာတွေပိုများလာတယ်။ ကျွန်တော်တို့ စိတ်ကူးတွေတွေဟာ လက်တွေ့နဲ့ ပိုဝေးလာနေကြပြီလား ဆိုတာ ပြန်စမ်းစစ်သင့်နေပါပြီ။

Kyaw Thu Ra
MSU 056

Photo credit - https://www.forbes.com/sites/robertbtucker/2017/08/16/the-four-modes-of-thinking-and-how-they-impact-performance/#142e57762cc2

960x0.jpg

Sort:  

ဒါကတော့ ကျွန်တော်တို့ သင်ခဲ့ရတဲ့ ပညာရေးစနစ် နဲ့ တော့ သက်ဆိုင်နေမလားဘဲ

လောဘရဲ့အထိန်းအကွပ်​​တွေ ပဲ့​ကြွေ​နေကြ

တစ်​ချိန်​ချိန်​​တော့ဖြစ်​လာမှာပါ​လေ..
စိတ်​ကူးနဲ့လက်​​တွေ့​တွေ😀

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.102
BTC 64119.87
ETH 1794.71
USDT 1.00
SBD 0.39