အင်ဖော်မေးရှင်း

in #msu8 years ago

အင်ဖော်မေးရှင်းမှာ အလွှာတွေရှိတယ်။
အထပ်ထပ် အဆင့်ဆင့် ။
ဥပမာ အစိုးရဌာနက က ၀န်ထမ်းတစ်ဦးပြောတဲ့သတင်း အရာရှိကပြောတဲ့ သတင်း တရားဝင် အစိုးရ ပြောရေးဆိုခွင့်ကပြောတဲ့ သတင်း၊ အဲ့အနောက်က ပေါ်လစီမိတ်ကာတွေပြောတဲ့သတင်းအချက်အလက်။ အဲ့တာတွေကိုလက်လှမ်းမှီသလောက်အထဲထိချိတ်ဆက်မိမှ သတင်းအမှန်ကိုရနိုင်တယ်။
အင်ဖော်မေးရှင်း ခေါင်းစဉ်အောက်ကို ပစ်ထည့်လိုက်တဲ့ ၀ါဒဖြန့်ချီမှုတွေရှိတယ်။
တမင်တကာ အမှတ်တမဲ့လိုလိုထုတ်လိုက်တဲ့ သတင်းဆိုပေမဲ့ ၀ါဒဖြန့်ချိတဲ့သဘောနဲ့ လုပ်တဲ့သတင်းမျိုးတွေလည်းရှိတယ်။
အင်ဖော်မေးရှင်းခေါင်းစဉ်အောက်ကို ပစ်ထည့်လိုက်တဲ့ ထောင်ချောက်တွေရှိတယ်။
နိုင်င့ရေးမှာအသုံးများကြတယ်။ တစ်ဘက်နိုင်ငံကို ကိုယ်လိုချင်တဲ့အကွက်ထဲဝင်လာအောင် လုပ်မဲ့သတင်းမျိုး၊ ဥပမာ ထရမ့်က ကုန်သွယ်စစ်ပွဲဘာညာဆိုတာမျိုးနဲ့ တပ်လှန့်လိုက်တာမျိုး။ တကယ်တော့ ဘာကုန်သွယ်စစ်ပွဲအဆင့်ထိမှ မရောက်ခဲ့။
အင်ဖော်မေးရှင်းခေါင်းစဉ်အောက်ကို ပစ်ထည့်လိုက်တဲ့ လှည့်စားမှုတွေရှိတယ်။ ဒါလည်းနိုင်ငံရေးမှာ အတော်အသုံးများတယ်။
ကိုယ်က ဘယ်အလွှာ အထိ လိုက်ပြီး နှိုက်ယူနိုင်မလဲဆိုတာ အပေါ်မူတည်ပြီး ကိုယ့်အမြင်က ကွာသွားလိမ့်မယ်။
အင်ဖော်မေးရှင်း ပလက်ဖောင်း ပေါ်ကနေ ရယူထားတဲ့ ကုန်ကြမ်းတွေသုံးပြီး သုံးသပ် ထုတ်လုပ်ထားတာတွေချင်း တူပေမဲ့ ရယူလိုက်တဲ့ အလွှာ မတူတဲ့အလိုက် ပြန်ထုတ်လိုက်တဲ့ သုံးသပ်ချက်တွေလည်း ကွာသွားမှာပဲ။
ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ဘာထုတ်မလဲရွေးချယ်တဲ့အခါမှာ သာမန် ကိုယ့်လက်တကမ်းက စစ်တမ်းလောက်နဲ့စိတ်ထင်မှန်းဆတာတွေထက်စာရင် သေချာစနစ်တကျ စစ်တမ်းကောက်ထားတဲ့အချက်အလက်တွေက ပိုပြီးလိုအပ်တဲ့ ကုန်ပစ္စည်းတွေုထုတ်လုပ်နိုင်ဖို့ အကူညီဖြစ်စေတယ်။ စစ်တမ်းတွေကည်း သာမန် gmail ကနေကောက်တာလား။ facebook ကနေပဲ ကောက်တာလား။ အောက်ခြေကျေးလက်အထိ လူကိုယ်တိုင်ဆင်းကောက်ထားတဲ့စစ်တမ်းလား။ ဘယ်လူတန်းစားကို ကောက်ထားတာလဲ ဆိုတာတွေပေါ်မူတည်ပြီး အင်ဖော်မေးရှင်း အလွှာအလိုက် ကကိုယ့်ကုန်ပစ္စည်းရွေးချယ်မှုက အ၀ယ်အရောင်းပေးမှာ လာသက်ေ၇ာက်နိုင်ပါတယ်။
ဒီခေတ်က ပိုကြောက်ဖို့ကောင်းတယ်။
အရမ်းကို လှည့်ကွက်တွေများလွန်းတယ်။
မြန်လည်းမြန်လွန်းတယ်။

ဒီခေတ်က လက်တံရှည်ဖို့ထက် နားရွက်ရှည်ဖို့ ပိုအရေးကြီးတဲ့ခေတ်ဖြစ်နေပြီ။
နားမကောင်းရင်တော့ ခေတ်ဟောင်းမှာနေခဲ့ပေတော့ ဆိုတဲ့ အင်ဖော်မေးရှင်းခေတ်ကြီးဖြစ်နေပါပြီဗျာ။

Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056

Sort:  

ကျေးကျေး :)

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 60778.63
ETH 1619.55
USDT 1.00
SBD 0.47