Today
ဒီနေ့
ဟုတ်ပါတယ် အမှန်တိုင်းပြောရရင် အရင်တုန်းကလဲ တွေ့ကြုံခဲ့ဘူးပါတယ် ဒီလို ရင်ဆိုင်ရ ဖြေရှင်းပြရ မခက်ခဲ့ပါဘူး။
ဖြစ်တာကဒီလိုဗျ အင်္ဂါနေ့ မနက်ပိုင်းလောက်က ကျွန်တော် အိမ်မှာ အလုပ်လုပ်နေတုန်း ကျွန်တော် မသိတဲ့ ဖုန်းနံပါတ် နဲ့ ဖုန်းဝင်လာပါတယ် ကိုမောင်သက်လားတဲ့ ဟုတ်ကဲ့ပြေပါ ခင်ဗျ ဆိုတော့ အကိုရေကူပါဦး ကျွန်တော့်သားလေး ဆိုင်ကယ်မှောက်လို့ အဲ့ဒါ အရေးပေါ် 'O' သွေးတစ်လုံး အမြန်လိုနေလို့ပါတဲ့ အော် ဟုတ်ကဲ့ ဘယ်ဆေးရုံမှာလဲ ခွဲခန်းဝင်မဲ့လူနာလား အခြေအနေက ဘယ်လို အနေအထားလဲလို့မေးနေရင်း ကျွန်တော့် ခေါင်းထဲမှာ 'O' သွေး မလှူရသေးတာ ဘယ်သူရှိသေးလဲ အမြန်နည်းနဲ့ စဉ်းစားနေရပါတယ်။ကျွန်တော် လိုအပ်တဲ့ အချက်အလက်တွေမှတ်ပီးတာနဲ့ လုပ်နေတဲ့ အလုပ်ကို ထားခဲ့ပီး ဆိုင်ကယ်မောင်းပီး ကွမ်းယာ ဆိုင်ဘက် ထွက်လိုက်ပါတယ်။ဆိုင်ကယ်မောင်းနေရင်းနဲ့ စဉ်းစားလို့ရသွားပါတယ် အားလုံးပေါင်း သုံးယောက်ကို သတိရလိုက်ပါတယ်။ကွမ်းဆိုင်မှာ ကျွန်တော်စားနေကြ ကွမ်းလေး လက်ကလေးနဲ့ အချက်ပြ မှာပီးတာနဲ့ သွေးမလှူရသေးတဲ့ သူငယ်ချင်း အိမ်ဘက် ထွက်လာခဲ့လိုက်ပါတယ်။
MSU 032 
ယူတတ်ကုသိုလ်သာဓုပါ
ဟုတ်ပါတယ် ခင်ဗျာ
မွန်မြတ်တဲ့အလှူပါ
thank sis
အကောင့်တွေ အတော်များများက mee chit vote ပေးရင် လိုက်ပေးတာတွေ့ရတယ် ဘရို
ကျေးဇူးပါ
စေတနာက အကျိုးပေးပါတယ် ဗျာ 👍 👍
ဟုတ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်ဗျ
မွန်မြတ်ပါပေတယ်
ကျေးဇူးပါဗျ
nice
thank bro
အမွန်မြတ်ဆုံးအလှူပါဗျာ
thank bro