Human life time for dream.2
တောင်းတမိတဲ့ အချိန်များ.၂
ကျွန်တော်ကို မိတ်ဆွေတွေကမေးတယ် အလုပ်အဆင်ပြေလား နေကောင်းရဲ့လားတဲ့ ဟုတ် အဆင်ပြောတယ် နေကောင်းပါတယ်လို့။အမှန်တိုင်း ပြောလို့မှ မဖြစ်တာ ကျွန်တော့်ဘဝ ကျွန်တော့်ကမ္ဘာလေး သာယာလာစေဖို့ အခက်အခဲ ဘယ်လောက်ရှိရှိ ဆက်လက်တိုက်ပွဲ ဝင်နေရမှာဘဲ။
နေမကောင်းလဲ တိုက်နေရမှာပေါ့။တအားမလုပ်နဲ့ နင်နေမကောင်းလို့ အိပ်ယာထဲလဲရင် နင့်အနောက်ကသူတွေ ဒုက္ခရောက်မယ် သိတာပေါ့ ရည်ရွယ်ချက် မျှော်လင့်ချက်တွေ မပြည့်သေးတော့ အပင်ပန်းခံပီး ကြိုးစားရတာဘဲလေ။ကျွန်တော့်အတွက် အခွင့်အရေးဆိုတာ မမျှော်လင့်ထားဘူးဗျ အဲ့ဒီ အခွင့်အရေး ကို ကိုယ်တိုင်ဖန်တီးရယူနိုင်အောင် ကြိုးစားတယ်။မျှော်လင့်ချက် ကတော့ အမြဲရှင်သန်နိုင်အောင် အားတင်းထားတယ်။ငှက်တွေက ပျံရင်းနဲ့သေတယ် လူတွေကကြံရင်းနဲ့သေတယ်အကြံကောင်းရင်တစ်ချက်တဲ့။ကျွန်တော့်ဘဝ တိုးတက်ဖို့အတွက် သူများတွေလို ငွေကြေးကလဲ မပြည့်စုံ သင်တန်းတွေကလဲ ကောင်းကောင်းမတက်နိုင် ကျွန်တော်သူတို့ကို လိုက်မှီနိုင်ဖို့ အလုပ်ကို ပိုလုပ်ရပါတယ်။ညဆိုလဲ သူများတွေအိပ်ချိန် internet လေးဖွင့်ပီး ကိုသိချင်တဲ့ အကြောင်းအရာ ပညာရပ်တွေကို ရှာဖွေရပါတယ်။ဒါလိုရှာဖွေရတာကလဲ ကျွန်တော့်ဘဝတိုးတက်ဖို့ အတွက်ပါ။သိရှိလာတဲ့ ပညာရပ်တွေကလဲ တစ်ခြားကျွန်တော်နဲ့ ဘဝတူ မိတ်ဆွေတွေကို ပြန်လည်မျှဝေပေးပါတယ်။ဘာလို့လဲဆိုတော့ ပညာကို သေရွာယူသွားလို့ မရလို့ပါ။ဒီလိုဘဲ တစ်ဖက်မှာလဲ ကိုမသိတာကို သိတဲ့သူတွေ ဆရာတွေဆီမှာ ပြန်မေးရတာဘဲလေ။ဒါမှလဲ ပညာကို ဖလှယ်မှ တန်ဖိုးကတက်တာလေ။
လူတွေကြားမှာ လက်သုံးစကား တစ်ခုရှိတယ် ဆရာ ဒိုင်မလျှိနဲ့နော်တဲ့ ဟုတ်ပါတယ် ကျွန်တော်နဲ့ မသိမရင်းနှီးတဲ့ မိတ်ဆွေတွေလဲ ကျွန်တော့်ကို ပြောဖူးကြပါတယ်။ကျွန်တော် ပြုံးနေလိုက်ပါတယ် နောက်တော့ သူတို့လဲ သိသွားကြပါတယ် ကျွန်တော်ဆီက ပညာသင်ယူပီး အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ တပည့် ၁၀ ကျော်လောက်ရှိပါတယ်။ကျွန်တော်သာ ဒိုင်လျှိခဲ့မယ်ဆိုရင် တပည့်ဆိုတာ ကျွန်တော့် ဘဝမှာ ရှိလာတော့မှာ မဟုတ်ဘူး ကျွန်တော် သိတဲ့တက်တဲ့ ပညာလေးနဲ့ သူတို့ဘဝလေးတွေ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တယ်ဆိုရင် ကျွန်တော် ပညာသယ်ဆောင်ရကြိုးနပ်ပါတယ်။မိတ်ဆွေတို့ရော မိမိသိသလောက် တက်သလောက် ပညာတွေ အတွေအကြုံတွေ ဗဟုသုတတွေ ပြန်လည်မျှဝေပေးပီးပီလား။ပီးပီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ အနာဂတ်မျှော်လင့်ချက်လေးတွေက ပီးပြည့်စုံဖို့ သိပ်မဝေးတော့ပါဘူး။မပီးသေးဘူးဆိုရင်တော့ မိမိသိသလောက် တက်သလောက် ပညာသင် မျှော်လင့်ချက် မတောက်ပတဲ့ ဘဝကနေ ပညာသယ် ဝေငှရင် မျှော်လင့်ချက် တောက်ပတဲ့ဘဝကို ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရင်း....
HSF GB9
Sneaky Ninja Attack! You have been defended with a 1.39% vote... I was summoned by @komgthet! I have done their bidding and now I will vanish...Whoosh
Congratulations! This post has been upvoted from the communal account, @minnowsupport, by komgthet from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ကိုယ်သိတဲ့ပညာကိုသူမျာတွေဝေပေးခြင်းဟာအမ်းကိုကုသိုလ်ရပါတယ်နှောင်ဘဝအတွက်ုစေ့ချင့်းတူပါတယ်ဒီဘဝမှာပညာပါရမီဖြည့်ခဲ့နှောင်ဘဝမှာသူများထူျးွန်တဲ့ပညာရှင်တစ်ယောက်ဖြစ်မှာပရေးသားတာလည်းအရမ်ကောင်းပါတယ်
ကျေးဇူးပါဗျာ
good
Thank
အချိန်တွေများနေတယ်😁
မနောက်ပါကွီးရယ်
Good bro
Thank
nice post
Thank