I go to Mahachai (Life Experiences No.3)

in #myanmar7 years ago

U5drgTmfrdwWuGKWHeBPAmBMWocdjJN_1680x8400.jpeg

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ လုပ်စားတော့လည်းမိုးခေါင် ခိုးစားတော့လည်းခွေးဟောင်
ဘန်ကောက်မှာ အလုပ်အဆင်မပြေလို့ မဟာချိုင်သွားတာ မဟာချိုင်ရောက်တော့ ပုလိပ်ဖမ်းခံရတယ် ဖမ်းတာတောင် ရိုးရိုးမဟုတ်ဘူး ငွေညစ်နေတာ ဓါးပြတိုက်နေသလားအောက်မေ့ရတယ် တစ်ယောက်ကို ဘတ်ငွေငါးထောင်ပေးတဲ့ဗျာ...

သေပြီဆရာ ဒီလောက်များတဲ့ငွေကိုပေးနိုင်ရင် မဟာချိုင်ကိုလာတောင် မလာပာဘူး ဘန်ကောက်မှာပဲ ရတဲ့အလုပ် ဝင်လုပ်နေလိုက်မယ်

သူငယ်ချင်း 'အနိမ်'ဖြစ်သူမှာ ကျနော်တို့အား ဘာမှမပြောနဲ့ ညိမ်ညိမ်နေကြရန် အသာလေး လက်ကုတ်ပြီး အချက်ပြလေသည်

"ဆရာတို့ ကျနော်တို့ကို ဖမ်းပြီး ဘယ်ခေါ်သွားကြမှာလည်းဟင်"
သူငယ်ချင်း'အနိမ်'ဖြစ်သူက ပုလိပ်ကိုလှမ်း၍ ထိုင်းလိုပြောခြင်းဖြစ်သည် ထိုအခါ...

"သူ့ကိုမမေးနဲ့ ပြောစရာရှိရင် ငါနဲ့ပြောပါ"
ပုလိပ်ခွေးဖြစ်သူမှ လှမ်းပြောခြင်းဖြစ်သည် မျက်နှာတစ်ချက်တော့မဲ့သွားသည် 'အနိမ်'ထိုင်းစကားတတ်နေခြင်းကို မနှစ်မြို့ဟင်တူသည်

အနိမ် "ငါက ဘာလို့မင်းနဲ့ပြောရမှာလည်း မင်းကဘာကောင်လဲ"
ပွဲကတော့ကြမ်းတော့မယ်နဲ့တူသည် သူငယ်ဖြစ်သူ'အနိမ်'မှာ သဘောကောင်းသလောလူဖြောင့်စိတ်တို မဟုတ်မခံတတ်တဲ့လူမျိုး တိုင်းရင်းသားလည်းဖြစ်ပြန်တော့ စကားကို ရှည်ရှည်ဝေးဝေး မလိမ့်တစ်ပတ် မပြောတတ်သူဖြစ်သည်

ဤတွင် ပုလိပ်ခွေးဖြစ်သူမှ ပုလိပ်အား မျက်စပစ်ပြ၍ ကားထွက်ခိုင်းလေသည်

15မိနစ်လောက်အကြာ ကားမောင်းထွက်လာအပြီးမှာ မြို့နဲ့နည်းနည်းအလှမ်းဝေးတဲ့ တစ်နေရာအရောက်တွင် ကားရပ်သွားသည် ပုလိပ်ကားပေါ်ကနေ ဆင်းသွားအပြီးမှာတော့...

"မာနိ မာနိ လုံမား"(လာခဲ့ လာခဲ့ ဆင်းလာခဲ့)
ပုလိပ်ဖြစ်သူမှာ ကျနော်တို့အား ကားပေါ်က ဆင်းလာခိုင်းသည်

"မကော် ခိုင် ပင်တလိုင် အောင်း ဝမား"
(ခုနတုန်းက ဘယ်သူလဲ ကဲ ပြောစမ်း ဘာဖြစ်လဲ)

ဒေါင်းစားပုလိပ်က ကျနော်တို့ကို ဖမ်းပြီးတာတောင် ပုလိပ်ရုံးကိုမပို့ဘဲ ငွေညှစ်ဖို့အတွက် လူရှင်းတဲ့နေရာ ခေါ်လာပြီးတော့ စကားလာပြောခြင်းဖြစ်သည်

သူငယ်ချင်း'အနိမ်'ဖြစ်သူမှာ သူပဲပြောမယ် ကျနော်တို့ကို ဝင်မပြောနဲ့ဆိုပြီးတော့ မျက်စပစ်ပြလေသည်

အနိမ် "ကျနော်တို့ကိုဖမ်းပြီး ဒီကို ဘာခေါ်လာလုပ်လဲ)
ပုလိပ်ကို လှမ်းမေးခြင်းဖြစ်သည်

ပုလိပ် "မင်းတို့ကို ပြန်လွတ်ပေးမလို့ ခေါ်လာတာ မင်းတို့မှာ ပိုက်ဆံဘယ်လောက်ပါလဲ"

အနိမ် "ကျနော်တို့မှာ ငွေအများကြီးမရှိဘူးခင်ဗျ"

ပုလိပ် "ဒါဆို ဒီမှာ မင်းတို့ဘာလာလုပ်ကြလည်း အမျိုးတွေကောရှိလား ရှိရင် အမျိုးတွေကို ဖုန်းဆက်ပြီး ငွေလှမ်းမှာ ပြီးရင် ငါ့ဘဏ်ထဲကို ငွေလွှဲထည့်လာခိုင်း"
အံမယ် ဒေါင်းစားပုလိပ်က သောက်ကြီးသောက်ကျယ်နဲ့ ငွေတောင်းတာတောင် သူ့ဘဏ်ထဲကို လွှဲထည့်ပေးရဦးမယ်ဆိုပဲဗျ

အနိမ် "ကျနော်တို့က တစ်ယောက်ကို ဘယ်လောက်ပေးရမှာလည်း"

ပုလိပ် "တစ်ယောက်ကို ဘတ်ငါးထောင်ပေးရမယ်"

အနိမ် 'ဒီမှာ ကျနော့်အမျိုးတွေတော့ရှိတယ် ဒါမယ့် သူတို့လည်း အလုပ်အဆင်မပြေတော့ အဲ့လောက်များတဲ့ငွေ ပေးနိုင်မှာ မဟုတ်ဘူးဗျ"

ပုလိပ် "ဒါဆို မင်းတို့မှာ တစ်ယောက်ကို ငွေဘယ်လောက်ပါလဲ"

အနိမ် "ကျနော်တို့မှာ တစ်ယောက်ကို ဘတ်ငွေနှစ်ထောင်စီပဲပါတယ်ဗျ"
တစ်ကယ်တမ်းတော့ ကျနော်တို့မှာ ဘန်ကောက်မှာတုန်းက ထုတ်ထားတဲ့ လုပ်အားခနဲ့ စုထားတဲ့ငွေရယ် တစ်ယောက်ကိုငါးထောင်စီရှိကြသည် သူငယ်ချင်း'အနိမ်'က နှစ်ထောင်ပဲရှိသည်ဟု ပုလိပ်ကို လိမ့်လိုက်သည်

ပုလိပ် "အေးး ဒါဆို အဲဒီ့ငွေ ငါ့ကိုပေး မင်းတို့ကိုပြန်လွတ်ပေးမယ်"

အနိမ် "ဟာဗျာ ငွေနှစ်ထောင်ရှိတာ အကုန်ပေးလိုက်ရင် ကျနော်တို့က နောက်နေ့ ဘာနဲ့သွားစားရမလဲ နှစ်ထောင်တော့ မပေးနိုင်ဘူး တစ်ယောက်တစ်ထောင်ပဲ ပေးနိုင်မယ် ယူနိုင်ရင်ယူ"

ပုလိပ် "အေးး ငါတောင်းတဲ့ငွေ မပေးနိုင်ရင် မင်းတို့ကို စခန်းခေါ်သွားမယ်"

အနိမ် "ခေါ်ချင်လည်း ခေါ်သွားပေါ့ဗျာ ဖမ်းလည်း ကျနော့်သူငယ်ချင်း ဒီနှစ်ယောက်ကိုပဲ ဖမ်းလို့ရမယ် ကျနော့်ကို ဖမ်းလို့မရဘူး"

သေပြီဆရာ ကျနော်တို့ကိုထားပြီး သူငယ်ချင်း'အနိမ်'မှာ ကိုယ်လွတ်ရုန်းတော့မည်ထင်သည်

ဒါပေမယ့် သူငယ်ချင်း'အနိမ်'က ကျနော်တို့ကို မျက်စပစ်ပြသည်

ပုလိပ် "မင်းကို ဖမ်းလို့မရဘူးဆိုတော့ မင်းက ဘာမို့လို့လည်းကွ"

အနိမ် "ကျနော့်မှာ ဒီနိုင်ငံမှာ နိုင်ငံရေးခိုလုံခွင့်ရထားတဲ့ အထောက်ထားနဲ့ မကြာခင်မှာ တတိယနိုင်ငံကို သွားရတော့မယ့် unကဒ်လည်းရှိတယ် ဘယ်နေရာသွားသွား ဘယ်သူမှ ကျနော့်ကို ဖမ်းလို့မရဘူး"

သူငယ်ချင်း'အနိမ်'ဖြစ်သူမှာ ပုလိပ်အား သူ့ကိုဖမ်းလို့မရကြောင်း သက်သေအထောက်များအား ထုတ်ပြလေသည်

အနိမ် "ပြီးတော့ ဒီမှာတွေ့လား ခုနက ခင်ဗျားနဲ့ ပြောထားတဲ့ စကားတွေ အကုန်လုံးကို အသံဖမ်းထားတယ် ပုလိပ်ရုံးရောက်ရင် ကျနော်ဖွင့်ပြလိုက်မယ်"
သူငယ်ချင်း'အနိမ်'မှာ ဘယ်အချိန်ဘယ်လို အသံဖမ်းထားမှန်းမသိပါ ပုလိပ်အား ဖုန်းထုတ်ပြလေသည်

"ဟာ ဟေ့ ဟေ့ အဲ့လိုတော့ မလုပ်နဲ့လေကွာ ကဲ ပေး ပေး တစ်ထောင်ပဲ ပေးနိုင်ရင် တစ်ထောင်ပဲ ယူတော့မယ်"

ပုလိပ်မှာ လန့်သွားပုံရသည် တော်လိုက်တဲ့ ငါ့သူငယ်ချင်း ဒါကြောင့် အားကိုးနေရတာ ခိခိ

အနိမ် "ပြန်လွတ်ပေးရုံနဲ့ ဘယ်ရမလဲဗျ အခုခေါ်လာတဲ့နေရာက လိုင်းကားမရှိ တက်ခ်စီမရှိနဲ့ ကျနော်တို့က ဘယ်လိုပြန်ရမလဲ ပြီးတော့ တော်ကြာ လမ်းသွားရင်းနဲ့ နောက်ထပ်ပုလိပ်တွေ ထပ်ဖမ်းနေရင် ဘယ်လိုလုပ်မလဲဗျ"

ပုလိပ် "အေးဘာကွာ မင်းတို့ သွားမယ့် နေရာထိ ငါလိုက်ပို့ပေးမယ် ပြော မင်းတို့သွားမယ့် နေရာ/လိပ်စာ"

သူငယ်ချင်း'အနိမ်'က ပုလိပ်အား သွားမယ့် လိပ်စာကို ပြောပြလိုက်သည်

ဒီလိုနဲ့ ပုလိပ်မှာ သူငယ်ချင်း'အနိမ်'ရဲ့ လိမ္မာပါးနပ်မှု့ကြောင့် အခန့်မသင့်လျှင် ရာထူးပါပြုတ်နိုင်၍ ကျနော်တို့အား အိမ်တိုင်ရာရောက်အထိ လိုက်ပို့ပေးလေတော့သည်

အနိမ် "ဟိုးး ရပြီ ရောက်ပြီဗျ ဒီမှာပဲရပ်တော့ ကျနော်တို့ဆင်းမယ်"

ပုလိပ် "အေး အေး ဆင်း ဆင်း အဲ ဒါနဲ့ မင်းတို့ ငါ့ကို ပိုက်ဆံ မပေးရသေးဘူးလေကွာ"

အနိမ် "ရော့ ဒီမှာ တစ်ယောက်ကို တစ်ထောင်ဆိုတော့ နှစ်ထောင်ယူချည်"

ပုလိပ် "ဟာ သုံးထောင်ပေးရမှာလေကွာ ဘာလို့ နှစ်ထောင်ပဲပေးတာလည်း"

အနိမ် "ဘာဒ်မရှိတာ ဒီနှစ်ယောက်လေ ကျနော်မှမဟုတ်တာ ဘာလဲ ဖမ်းချင်လို့လား"
သူငယ်ချင်း'အနိမ်'မှာ ပြောရင်းနဲ့ ကားပေါ်ပြန်တက်ဖို့ ဟန်ပြင်သည်

ပုလိပ် "ဟာ ရတယ် ရတယ် နေ နေ နှစ်ထောင်ဆိုလည်း နှစ်ထောင်ပေါ့"
ပုလိပ်မှာ အလန့်တစ်ကြားနဲ့ ပြန်ပြောရှာသည်

အနိမ် "ခဏနေဦး ဟိုတစ်ယောက် မင်းသတိထားနေချည် မင်းအကြောင်း ငါရအောင်စုံစမ်းမယ်သိလား မြန်မာပြည်သားအချင်းချင်း မကူညီတဲ့အပြင် ဂုတ်သွေးစုပ်ချင်တဲ့ကောင်"
သူငယ်ချင်း'အနိမ်'ဖြစ်သူမှာ ပုလိပ်ခွေးအား လှမ်း၍ပြောလေသည်

ပုလိပ်ဖြစ်သူမှာ စကားများ ရန်ဖြစ်မှာစိုး၍ ကပြာကယာ ကားမောင်းထွက်သွားလေတော့သည်

တော်သေးသည် ကံမကောင်းအကြောင်းမလှလို့ ပုလိပ်ဖမ်းခံရပေမယ့် တစ်ယောက်တစ်ထောင်လောက်နဲ့ လိုရာခရီးကို ရောက်လာခဲ့၍ သူငယ်ချင်း'အနိမ်'ဖြစ်သူအား ကျေးဇူးတင်လို့မဆုံးပါ...

ကျနော် "မင်းကယ်ပေလို့ဘဲ ကျေးဇူးတင်လိုက်တာ သူငယ်ချင်းရာ"

အနိမ် "ရပါတယ်ကွာ မင်းတို့က ငါ့သူငယ်ချင်းတွေပဲ ငါ့ကိုအားကိုးပြီး ငာနဲ့လိုက်လာတဲ့ဟာကို မင်းတို့ကိုထားပြီးတော့ ငါကိုယ်လွတ်မရုန်းပါဘူးကွာ"

ကျနော် "တော်သေးတယ် မင်းဖုန်းကယ်လိုက်လို့ နို့မဟုတ်ရင် ဘတ်ငါးထောင်မပေးနိုင်ရင် မြန်မာပြည်ပြန်ရတော့မှာ ဒါနဲ့ မင်းက ဘယ်အချိန်ကဘယ်လို ဖမ်းနဲ့ အသံဖမ်းလိုက်တာလည်းဟ"

အနိမ် "ဟားး ဘာအသံမှ ငါမဖမ်းထားရပါဘူးကွာ ပုလိပ်က ငွေညှစ်နေတာ အရမ်းများတော့ မပေးနိုင်ရင် ရုံးခေါ်သွားမယ်ဆိုတော့ ငါလည်း ကြံမိကြံရာ ကြံလိုက်တာ ကွက်တိဖြစ်သွားတယ် ဟား ဟား ဟားး"

တိန် တော်တော်နောက်တဲ့အနိမ် ကျနော်တို့မှာ အဟုတ်မှတ်လို့ ပုလိပ်ခဗျာလည်း သူကို့ တော်တော်လေးကို လန့်သွားရှာတာ အဲ့အချိန်က ပုလိပ်ကိုကြည့်ပြီး ရယ်လည်းရယ်ချင် သနားလည်း သနားသွားတယ် ခွိ ခွိ ခွိ
"
"
"
"
"
အပိုင်းလေးအား
ဆက်လက်အားပေးကြပါရန်

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)

Sort:  

ဗဟုသုတရပါတယ်ကျေးဇူးပါ

အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

တော်သေးတာပေါ့ အနိမ်ဥာဏ်ကောင်းလို့။

ဟုတ်တယ် ကိုထွေးရေ

တော်​​သေးတာ​ပေါ့ သူငယ်​ချင်း ​ကောင်းနဲ့ ​တွေ့​ပေလို့

ဟူတ်ပါတယ် သူငယ်ချင်းကောင်းလို့  ဒုက္ခမရောက်ခဲ့တာ အဲ့အချိန်တုန်းက

သူငယ်ချင်းကောင်း ရှိလို့တော်သေး

ဟူတ်ကဲ့bro

တော်သေးတာပေါ့ဗျာ

တော်ပါသေးတယ် bro

မိမိအကြောင်း ပြန်ပြောရမှာ အတွေ့အကြုံထက်ကောင်းတဲ့ ဇာတ်ကြောင်းပြန် ရှိမှာမဟုတ်

ဟူတ်ပါတယ်bro ပြီးတော့ အခုလို ကိုယ်တွေ့ တွေကို steemitမှာ ရေးရတာ တစ်ကယ်အရသာရှိဆုံးပဲ

အတွေ့အကြုံတွေကတော့ မရိုးရဘူးအကိုရေ

ကျေးဇူးတင်ပါတယ် broစောဒိုအယ်မီရေ😁😁😁
နာမည်တွေက ခဏ ခဏ မှားတတ်လို့  အစုံထည့်ခေါ်လိုက်တယ် ခိခိ

ဆက်အားမပေးပဲနေနိုင်ရိုးလားဗျာ ဖတ်ရင်းဖတ်ရင်း
စာရေးသူနေရာ ရောက်သွားတာ ကိုယ်တိုင်ကြုံနေရသလိုပဲ့

အခုလို အားပေးနေတာ ကျေးဇူးတင်ပါတယ် bro @aunghtetkyaw

မိုက်​တယ်​ အဲ့လိုလူများများရှိမှ

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 60157.45
ETH 2345.98
USDT 1.00
SBD 2.47