ကျနော့်ရဲ့ အဖိုး

Steemit Myanmar အဖွဲ့သားများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
်အရင်က ဖြစ်ရပ်မှန်တွေနဲ့ ကျနော့် အတွေ့ကြုံတွေချည်း ရေးလာရတော့ စာဖက်သူတွေလည်း ငြီးငွေ့လာရောပေါ့နော်။ အခုတစ်ခါရေးမှာကတော့ ကျနော့်အဖိုးအဖွားတွေအကြောင်းပါ အဖိုးအဖွားအကြောင်းရေးတယ်ဆိုပေမယ့်၊ ကျနော့်အဖိုးအဖွားရဲ့ ရာဇဝင်သမိုင်းကို မြေးတစ်ယောက်အနေနဲ့ အပြည့်စုံတော့ မသိပါဘူး ကျနော်သိသလောက် မှတ်သလောက်သာရေးပါမယ် သီးခံပြီးတော့သာ ဖက်ရှု့အားပေးကြပါခင်ဗျာ....
ကျနော့်အဖိုးနာမည်က ဦးကျော်မောင်(ခ)ဘဂျမ်း + အဖိုးရဲ့ မိန်းမဖြစ်သူ ကျနော်အဖွားနာမည်က ဒေါ်မြရင်(ခ)ပဲခူးကြည် လို့ ခေါ်ပါတယ်...
ကျနော့်အဖိုးက ငယ်စဉ်က ကောလိပ်ကျောင်းသား အဖိုးရဲ့ မိဘတွေက ဆွေကြီးမျိုးကြီးပေါ့....
ကျနော့်အဖွားက ငယ်စဉ်က ဓာတ်ရှင် ဇာတ်မင်းသမီး ဖက်ခွက်စား မျိုးရိုးလို့ပဲ ပြောရမှာပေါ့နော်....
အဖိုးက ရန်ကုန်ဘက်က အဖွားက ပဲခူးဘက်က အဖိုးနဲ့အဖွား ဖူးစာဆုံချင်တော့လည်း ရန်ကုန်နဲ့ပဲခူး သွားဆုံတာပဲဗျ၊ အဖိုးက ဇာတ်ပွဲကြည့်တာ အရမ်းဝါသနာပါတာ ဇာတ်ပွဲဆိုပေ့မယ် အငြိမ့်ကတာ ဘာညာ အ့ာမျိုးတွေကို အဖိုးက မကြည့်သလို ကြိုက်လည်းမကြိုက်ဘူးဗျ တစ်ခန်းရပ် ပြဇာတ်တို့ ဘာတို့ပဲ အဖိုးကကြည့်တာ ဘယ်လောက်အထိ ဇာတ်ပွဲကြည့်တာပါသလဲဆိုရင် နယ်တစ်ကာ လှည့်ပြီးတော့ကို ကြည့်တာဗျ အ့ာကြောင့်ဖြစ်မယ် ပဲခူးက ကျနော့်အဖွားနဲ့ ညားတာ ခွိခွိခွိ
အဖိုးရဲ့ မိဘတွေက ဆွေကြီးမျိုးကြီး အသိုင်းဝိုင်းထဲကဆိုတော့ အဖိုးရဲ့ မိဘတွေက သူတို့သား ကောလိပ်ကျောင်းသားတစ်ယောက်က ဇာတ်မင်းသမီး ဖက်ခွက်စား တစ်ယောက်နဲ့ ချစ်ကြိုက်နေကြတာကို ဘယ်လိုမှ သဘောမတူနိုင်ကြဘူး၊ သဘောမတူနိုင်လို့လည်း အဖိုးကို နားဝင်အောင် ကောင်းကောင်း မွန်မွန်ပြောဆိုပြီးတော့ အဖိုးကို ကျနော့်အဖွားနဲ့ အဆက်သွယ်ဖြတ်ဖို့အတွက် နားချကြတယ်။ ဒါပေမယ့် ကျနော့်အဖိုးက အရမ်းခေါင်းမာတယ် သူလိုချင်တာ သူဖြစ်ချင်တာကို မရရအောင် ယူတတ်တယ် အခုလည်း အဖိုးရဲ့ မိဘတွေ တားတဲ့ကြားက ကျနော့်ရဲ့အဖွားကို မရ ရအောင် ယူသွားတာဗျ၊ ဒါပေမယ့်လည်း အဖိုးရဲ့မိဘတွေက လက်မလျော့ဘူးဗျ မသိရင် ရုပ်ရှင်ထဲကအတိုင်းပဲ အတင်းကို လိုက်ပြီးတော့ ကျနော့်အဖိုးနဲ့အဖွားကို မကွဲ ကွဲအောင် လိုက်ဖြတ်ကြတာ။ ဒါနဲ့ ကျနော့်အဖိုးလည်း သူရဲ့ မိဘတွေနဲ့ အလှမ်းဝေးရာ မြို့နဲ့မနီးတဲ့ အလွန်ခေါင်တဲ့ တောရွာလေး တစ်ရွာမှာ သွားပြီးတော့ ဇာတ်မြုပ်နေထိုင်လိုက်တော့တယ်။
သြော် ဒါလား အချစ်ဆိုတာ အချစ်နဲ့ ပက်သက်လာရင် မိဘတွေကိုတောင် လွန်ဆန်နိုင်တယ်ဆိုတာ အဖိုးက သက်သေပြသွားတယ် အဖိုးရဲ့ မိဘတွေလည်း သူတို့သဘောမတူပဲ တားနေတဲ့ကြားထဲကနေ အဖွားကို ယူရကောင်းမလားဆိုပြီးတော့ အဖိုးကို သားအဖြစ်ကနေပြီးတော့ အမွေပြတ် စွန့်လွတ်လိုက်ကြတော့တယ်။ ကျနော့်အဖိုးလည်း သူကို့ အမွေပြတ်စွန့်လွတ်လိုက်တယ်ဆိုတဲ့ သတင်းကြားတော့ ပထမက စိတ်ဆိုးတုန်းမို့ သားအဖြစ်ကနေ စွန့်လွတ်တာပဲဟုတွေးရင် စိတ်မကောင်းဖြစ်မိရုံလေးပဲ နောက်ပိုင်း အဖိုးရဲ့ မိဘတွေလည်း အဖိုးရဲ့စိတ်နဲ့ပဲ ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားကြတယ်။(ကျနော်သိရသလောက်ကတော့ အဖိုးက တစ်ဦးတည်းသော သားလို့တော့ ပြောတာပဲဗျ)
အဖိုးလည်း သူ့မိဘတွေ ဆုံးပြီဆိုတဲ့ သတင်းလည်းကြားရော သားတစ်ယောက်အနေနဲ့ ယူကြုံးမရဖြစ်ပြီးတော့ အဖိုးရဲ့ မိဘတွေရှိရာ ရန်ကုန်ကို ပြန်သွားတယ် ရန်ကုန်ရောက်တော့ အဖိုးရင်ဝကို စောက်ကန်ခံလိုက်ရသလို ဖြစ်သွားတယ်ဗျ အဲ့ဒါကတော့ အဖိုးရဲ့မိဘတွေက သူတို့မှာရှိသမျှ စည်းစိမ်ဥစ္စာပစ္စည်းမှန်သမျှကို အဖိုးအတွက် တစ်ပြားတစ်ချက်မှ မချန်ထားခဲ့ပဲနဲ့ သက်ကြီးရွယ်အိုဂေဟာ၊ မိဘမဲ့ကျောင်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ စသဖြင့် စာချုပ်နဲ့ အကုန်လှူပစ်ခဲ့လိုက်တာ လေးစားစရာပဲဗျာ....
ဒါနဲ့ပဲ ကျနော့်အဖိုးလည်း စိတ်ဓာတ်တွေကျပြီးတော့ ရန်ကုန်ကနေပြီး ကျနော့်အဖွားရှိတဲ့ တောရွာလေးကို လက်မှိုင်ချပြီးတော့ ပြန်လာရရှာတယ်။ ကျနော့်အဖွားဖြစ်သူကလည်း အဖိုးကို စိတ်ဓာတ်မကျဖို့အတွက် ချော့မော့ပြီးတော့ အားပေးရှာတယ်။ ဒါပေမယ့် ကျနော့်အဖိုးက သူ့မိဘတွေ ဆုံးပါးသွားခဲ့ရတာ ကျနော့်အဖွားကြောင့်ဆိုပြီး တစ်ယူသန်စိတ်နဲ့ အဖွားကို စိတ်ဆိုးစိတ်နာဖြစ်ပြီးတော့ နောက်ပိုင်းမှာ အဖွားကို နိုပ်စက်ပါလေရောဗျာ၊ တစ်ခါမှ အရက်မသောက်ပဲနေခဲ့တာ အခုတော့ မိဘတွေဆီကလည်း အမွေလည်းတစ်ပြားမှ မရခဲ့တော့ အရက်သမားလုံးလုံးကြီးကို ဖြစ်သွားရော၊ အရက်သောက်ပြီး မူးပြီးပြန်လာရင် အေးဆေးမနေဘူး ရပ်ထဲရွှာထဲလှည့်ပြီး သောင်းကျန်းပြီးမှ အိမ်ကိုပြန်လာတတ်တာ အိမ်ရောက်တော့လည်း အဖွားကို အမျိုးမျိုး ပြဿနာရှာပြီးတော့ ထပ်ပြီးတော့ နိုပ်စက်ပါလေရော၊ အဖွားဖြစ်သူမှာလည်း အဖိုးနဲ့ညားပြီးနောက်ပိုင်း ဓာတ်ရှင် မင်းသမီးတစ်ယောက်ရဲ့ အလှပတွေဆိုတာ တစ်စက်မှကိုမရှိတော့ဘူး အခုလို အဖိုးရဲ့ နိုပ်စက်မှု့ဒဏ်တွေကို ခံရပြန်တော့ ပိုလို့ဆိုးတာပေါ့ တစ်နေ့ တစ်နေ့ စိတ်ထောင်းကိုယ်ကြေဘဝနဲ့ ဖြတ်သန်းလာခဲ့ရတာ... ဒါပေမယ့် အဖိုးအပေါ်မှာ နည်းနည်းလေးမှ အပြစ်မမြင်ခဲ့ပဲ အချစ်တစ်ခုအတွက်နဲ့ အရာရာကို စွန့်လွှတ်ပြီးတော့ သူ့ကိုယူခဲ့လို့ ဒီလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတာပဲဆိုပြီး အဖိုးအပေါ်မှာ မေတ္တာမပျက်ပဲ ကြံဖန်ပြီးတော့ကို ခွင့်လွတ်ခဲ့ရှာတယ်။
ဒီလိုနဲ့ ကျနော့်အဖိုးနဲ့အဖွား ပေါင်းသင်းလာခဲ့ကြတာ သားသမီး သုံးယောက်ထွန်းကားခဲ့တယ်။ အဲ့ဒီ သားသမီး သုံးယောက်ထဲက သမီး အငယ်ဆုံးဖြစ်သူကတော့ ကျနော့်ရဲ့အမေ့ပေါ့ဗျာ။ ဒါပေမယ့် ကျနော့်အဖွားလည်း သက်ဆိုးမရှည်ပါဘူး အဖိုးနဲ့အတူ သားသမီးသုံးယောက်ရတဲ့အထိ ပေါင်းသင်းလာခဲ့ကြရာ အဖိုးရဲ့ နိုပ်စက်မှု့ဒဏ်တွေ လောကဒဏ်ရဲ့ ရိုက်ခက်မှု့ဒဏ်တွေကြောင့် လောကကြီးထဲကနေပြီးတော့ အချိန်မတိုင်ခင် အပြီးပိုင်ထွက်ခွာသွားတော့တယ်။ ကျနော့်ရဲ့ အဖိုးဖြစ်သူမှာ မိဘမရှိတော့မှ မိဘတန်ဖိုးနားလည်လာသလို.... မိန်းမ မရှိတော့မှ မိန်းမရဲ့တန်ဖိုးကို ကျနော့်ရဲ့အဖိုး နားလည်လာတယ်။ ဒါပေမယ့် နောက်ကျခဲ့ပြီလေ ကျနော့်အဖိုးဖြစ်သူမှာ လောကကြီးထဲမှာ အရွယ်မရောက်သေးတဲ့ ကျနော့်ရဲ့ ဦးဦး၊ဒေါ်ဒေါ်၊မေမေ တို့နဲ့အတူ ဘဝကိုဖြတ်သန်းရတော့မည်ဖြစ်သည်။
"
""
ဆက်လက်ရေးသားသွားပါမည်
စောင့်မျှော် အားပေးကြပါရန်....
ကျးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)
စောင့်မျှော်နေပါတယ်ကိုလင်း
ဖတ်ရှုမိရတာ ဝမ်းနည်းသလိုတောင်ဖြစ်သွားတယ်
လူတစ်ယောက်ရဲ့အနစ်နာခံနိုင်မှုနဲ့
မိဘတွေရဲ့ အမျက်ရှခြင်းခံရတဲ့ဘဝ ဖြစ်သွားတာပေါ့နော်
ရသတောင် နည်းနည်းစုံသွားသလားပဲ👍👍👍
အဖိုးအကြောင်းကို ရေးသာရေးရတာ အပြည့်စုံမသိတော့ သိသလောက်ပဲရေးထားတယ် ကိုဇော်ရေ... ဘာပဲဖစ်ဖစ် ဖက်ကောင်းဖို့ အရေးကြီးတယ်😂
ရှေးလူကြီးတွေထဲမာ ကိုလင်းရဲ့ ဖိုးဖိုးက ညံ့ တယ်ပြောရမယ် 😁ကျနော့်ဖိုးဖိုးဆို သားသမီး၈ယောက်တောင်မွေးပစ်တာ😂
လူတယောက်ရဲ့တန်းဖိုးဟာ အဲ့လူတယောက်လစ်ဟာသွားမှ သိရတယ်ဗျာ
နောင်တဆိုတာကတော့ နောင်မှရတာပါပဲ
မှတ်သားလောက်ပါတယ်ဗျာ 😂😂😂
အဲ့လိုလည်းဖြစ်စရာမလိုပါဘူးအဖိုးနေ့နဲ။နှလုံးသားနောက်ကိုလိုက်ခဲ့တာမှန်ပေမဲ့ ဒါတွေအားလုံးက ကိုယ့်စိတ်အတိုင်းလုပ်ခဲ့တာလေ ။ကိုယ်ရွေးချယ်ခဲ့တာနောင်တမရစေချင်ဘူး
Right
ဘိုးဘွားတွေရဲ့ငယ်မူငယ်သွေးတွေပေါ့
ဟူတ်တာပေါ့ဗျာ
နောင်မှရတဲ့နောင်တက ဘယ်လိုမှ မသုံးမ၀င်ပါဘူး ဖြစ်လာသမျှက ကိုယ်ပြုလုပ်တဲ့ကံကြောင့်ပါ
မှန်တာပေါ့ ကိုစောရာ
ဖူးစာဆုံချင်ရင်တော့...
တစ်ယောက်က တောင်ဝင်ရိုးစွန်း တစ်ဦးက မြောက်ဝင်ရိုးစွန်းတောင်
ဆုံတတ်ကြတယ်တဲ့ဗျ
ဟုတ်တာပေါ့ ကိုဟိန်းရေ...
ကျနော်က အဖွားအကြောင်းရေးတယ် ကိုလင်းက အဖိုးအကြောင်းရေးတယ် တိုက်ဆိုင်လိုက်တာကွယ်
ငှယ် 😂😂😂😂😂
ကိုလင်းက အဖိုးအတင်းကို သူ့ရှေ့ မပြောရဲလို့ steemit မှာ လာပြောနေတာမို့လား ကိုလင်းအဖိုးနဲ့တိုင်ရမယ်။
အဟီးး😛😛😛😛
အပိုင်းဆက်စောင့်နေတယ် အဖိုးရဲ့ စိတ်ဝင်စားစရာအကြောင်းရာတွေကိုဖက်ဖို့
ကျေးဇူး အများကြီးတင်ပါတယ်ဗျာ
အဖိုးရဲ့အတ္ထုပ္ပတ္တိကမပြီးဆုံးသေးဘူးဆိုတော့က
ဦးဦး ဒေါ်ဒေါ် မေမေ တို့နဲ့ဘယ်လိုရှေ့ဆက်နေလဲဆိုတာ စောင့်စားဖတ်ရှုပါဦးမည်ဗျာ