အောက်မြစ်၊ ၀စ္စပေါက်၊ သေးသေးတင် (၂)
သံပြောင်းပြ သင်္ကေတ (၃)ခု ဖြစ်သော ၀စ္စပေါက်၊ အောက်မြစ်၊ သေးသေးတင် တို့သည် သရများကို ပြောင်းလဲပေးရုံမျှ တင် မဟုတ်ပဲ အနက်အဓိပ္ပာယ်ပါကွဲပြားသွားအောင် ခွဲခြားတဲ့နေရာမှာလည် အထောက်အကူး ပြုပြန်ပါသေးတယ်
အောက်မြစ်၊၀စ္စပေါက် သေးသေးတင် တို့က အနက်အဓိပ္ပာယ်ကွဲပြားအောင် ဆက်စပ်တဲ့နေရာမှာ ဘယ်လောက် အရေးပါတယ်ဆိုတာကို မြန်မာဘာသာစကား ပညာရှင်ဆရာကြီးဝဇီရဗုဒ္ဓိဦးဖိုးစိန်က ၄င်းရဲ့ မြန်မာသဒ္ဒါနည်း အနက်ကျမ်းမှာ ရေးသားထားသည်ကို မှတ်သားစရာကောင်းလှပါ တယ်။
သင်္ကေတ ၃ ခုသည် ရိုးရိုးစကားလုံးအဓိပ္ပာယ်ကို ၀စ္စပေါက်ထည့်သောအခါ ပို၍ ဆိုသောအဓိပ္ပာယ်ကိုသက်ရောက်စေပါတယ်လို ဖော်ပြထားတယ်
ဥပမာ- လွန်နှင့်လွန်း
အပူးလွန်သည်ဆိုသည်ကား ပူရိုးထက်၊ ပူသင့်သည်ထက် ပိုသည်ကိုဟော၏။ ပူလွန်းသည်ဆိုသည်ကား အပူလန်ထက် ပို၍ ပူကြောင်း မခံနိုင်အောင် ပူကြောင်းဟောသည်။ မြန်မာသဒ္ဒါနည်းအနက်နည်းကျမ်းကဖော်ပြထားတယ်။
အောက်မြစ်နှင့် ၀စ္စပေါက်တို့သည်လည် အောက်မြစ်သည် ဖြစ်ယုံသာဖြစ်သည်လိုဆိုလိုပြီး ၀စ္စပေါက်သည် အလွန်ဖြစ်သည်ကို ဆိုလိုခြင်းဖြစ်စေသည်။
ဥပမာ- တို့နှင့် တိုး
တိုးကားအားကြီးစွာ ထိခိုက်မိခြင်းကိုဟောသည်။ တို့ကား ထိမိရုံမျှ ပေါင်းဖက်ကပ်တွဲမရုံမျှ ဖြစ်ခြင်း၊ ပြုခြင်းကိုဟောသည်။
ဆရာကြီး ၀ဇီရဗုဒ္ဓိဦးဖိုးစိန်ရေးသားချက် ၀စ္စပေါက်(-း) ထည့်ရင် မူလအနက်အဓိပ္ပာထက် ပိုမိုအားကြီးတဲ့အဓိပ္ပာယ် သက်ရောက်စေပြီး အောက်မြစ်(-့) ထည့်ရင်တော့ မူလအဓိပ္ပာယ်အောက် အားနည်းယုတ်လျော့တဲ့ အနက်အဓိပ္ပာယ်ကို သက်ရောက်စေတယ်လို မှတ်သားမိပါတယ်။
မို့ (အနိမ့်သက်သံ)
အနည်းငယ် မိုမောက်သည်ဟူ၍ အဓိပ္ပာယ်ကိုရစေတယ်။ အနိမ့်သက်သံ အတိုင်းအဆအနည်းဆုံးဖြစ်သည်ဟု သက်မှတ်သည်။
မို(သံပြေ)
မို့မောက်သည်ထက် ပို၍ မိုမော်သည်ဟူ၍ အဓိပ္ပာယ်ကိုရစေတယ်။ သံပြေသည် အနိမ့်သက်သံထက် အနည်းငယ်ပိုသည်ဟူသက်မှတ်သည်။
မိုး(အမြင့်သက်သံ)
အနိမ့်သက်သံ၊ သံပြေတို့ထက် ပို၍ ပို၍ ဟူသော အဓိပ္ပာယ်ကို ရစေတယ်။
သင်္ကေတ ၃ခုအနက်အဓိပ္ပာယ်ဆက်စပ်မှု ကျွန်တော်အတွက် တော်တော်လေအသုံးဝင်စေပါတယ်။ ကျွန်တော်ကိုယ်တိုင်ပင် စာလုံးပေါင်းသက်ပုံ မရသောကြောင့်ဖြစ်သည်။
လေ့လာရင်တင် တင်ရင်လေ့လာ
Sat (22:49)
@kokyawzinphyo
Nice post
စာလုံးပေါင်းသတ်ပုံ ဖြစ်ပါသည်။
ဆရာသားပြင်လိုက်ပြီးဆရာ ကျေးဇူးပါ
ဂွတ်ပို့စ်
ကျေးဇူးပါ
Nice post.
good post
သတ်ပုံအကြောင်းရေးကြတော့ ကိုယ်လည်းသိသွားတာပေါ့
Good post
မြန်မာစာကို ခုထိ သတ်ပုံမှားနေသေးတဲ့ ကျွှန်တော်တို့အတွက် ဆရာကောင်းပါဘဲ ဗျာ profile ပုံလေးတင်ထားပါအုံးဆရာ
ကျေးဇူးပါ
Thanks for the perfect post! @kokyawzinphyo
Thank you
ကျွန်နော်အတွက်ဗဟုသုတအသစ်လေးပါ
Good day @kokyawzinphyo I appreciate all the info and hard work thank you :) Followed