စိတ်ဓာတ်မကျပါနဲ့

in #myanmar7 years ago (edited)

စိတ်ဓာတ်ဆိုတာ ကျစရာမဟုတ်ပါဘူး။ကျလည်း မကျသင့်တာ စိတ်ဓာတ်ပါ။စိတ်ဓာတ်ကျသွားသူကို စိတ်ဓာတ်မြင့်တင်ရတာ အရမ်းခက်ခဲလွန်းပါတယ်။စိတ်ဓာတ်ကျပြီး မငိုင်နေပါနဲ့။စိတ်မပျက်ပါနဲ့။စိတ်ပျက် စိတ်ဓာတ်ကျနေလို့ ပြဿနာက မပြီးသွားပါ။ဒါကြောင့် ပြဿနာကို ဖြေရှင်းပါ။စိတ်ဓာတ်ကျရခြင်း အကြောင်းကိုလေ့လာပါ။စိတ်အေးအေးထားပြီး ဆုံဖြတ်ပါ။ဆုံးဖြတ်တဲ့နေရာမှာ အလောသုံးဆယ် ဒေါသတကြီးမဆုံးဖြတ်လိုက်ပါနဲ့ စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးစွာ ဆုံဖြတ်ချက်ချပါ။ဒေါသနဲ့ဆုံးဖြတ်ရင် အမှားများတတ်စေပြီး စိတ်ငြိမ်ငြိမ်ဖြေရှင်းနိင်မှာ အမှာကင်း ပြဿနာရှင်းနိင်ပါလိမ့်မယ်။စိတ်ဓာတ်ကျရင် ဖြေသိပ်ပြီးကိစ္စကိုဖြေရှင်းနိင်ဖို့ကြိုးစားပါ။ဒါဆို ပြဿနာကို ဖြေရှင်းနိင်ပြီး စိတ်ဓာတ်ကျခြင်းကင်းဝေးပါလိမ့်မယ်။ပြဿနာတိုင်းကို ဖြေရှင်းလို့ရပါတယ်။အဓိကတော့ ဖြေရှင်းပေးချင်တဲ့စိတ်ဓာတ်ဘဲလိုတယ်။ထို စိတ်ဓာတ်ရှိရင် စိတ်ဓာတ်ကျမှုကို တော်တော်တန်တန်နဲ့မဖြစ်ပါဘူး။နောက်စိတ်ဓာတ်မကျရင် လောကကြီးက ပျော်ရွှင်စရာကောင်းမှန်သိလာပါလိမ့်မယ်။

ကျွန်တော်ငယ်ကယ်တုန်းကဆို စိတ်ဓာတ်မကြာခဏကျတတ်တဲ့အကျင့်ရှိခဲ့ပါတယ်။စိတ်ဓာတ်ကျတိုင်း မိဘတွေက ဘာကြောင့်စိတ်ဓာတ်ကျလည်းဆိုတာ အရင်မေးတတ်တယ်။နောက် စိတ်ဓာတ်ကျခြင်းအကြောင်းအရာတွေကို လေ့လာခိုင်းတယ်။ဖြေသိပ်ပုံ ဖြေသိပ်နည်းတွေ ပြောပြခဲ့တယ်။စာဖတ်သူတွေရော ဘဝမှာ စိတ်ဓာတ်ဘယ်လောက်များများကျဖူးပြီြး့ပီးလဲ။ မိမိကိုယ်ကိုရော မေးကြည့်ဖူးလား။ မေးတတ်တဲ့အကျင့်ရော ရှိကြလား။ဒါကတော့ ကျွန်တော်အနေနဲ့မပြောချင်ပါဘူး။ဒါပင်မဲ့ ဖြေသိပ်ပုံ ဖြေသိပ်နည်းလေးတွေကိုတော့ ပြောပြချင်ပါတယ်။စာဖတ်သူအနေနဲ့လည်း လက်တွေ့ လုပ်ကြည့်ပါ။တကယ်လက်တွေ့လုပ်ကြည့်ရင် ပျော်စရာကောင်းပြီး မိမိကိုယ်ကိုယုံကြည်မှုတွေ တိုးလာပါလိမ့်မယ်။

ငယ်တုန်းက ဖိနပ်မရှိလို့ ထိုင်ငိုဖူးခဲ့ပါတယ်။ဒါကို အမေက ဘာကြောင့်ငိုတာ ငါ့သားလို့မေးပြီး စိတ်မညစ်ပါနဲ့သားရယ် ဖိနပ်မရှိရင် အမေဝယ်ပေးမှာပေါ့။တစ်ချို့ဆို ဖိနက်မရှိပင်မဲ့လည်း မငိုဘဲ ဘဝကိုရပ်တည်နေတဲ့သူတွေရှိကြတယ်။သူတို့ဟာ ဘယ်သူတွေလို့ ငါ့ သားထင်လဲ လို့မေးတော့ ကျွန်တော်က မသိပါဘူးလို့ဖြေလိုက်တယ်။ဒီမယ်ငါ့သား နိင်ငံတာဝန်ထမ်းဆောင်ရင် တိုက်ပွဲဝင်နေတဲ့ အမေတို့ရဲ့ ပြည်ချစ်စစ်သားကြီးတွေဆို တိုင်းပြည့်အတွက် တိုက်ပွဲဝင်ရင် ခြေပြတ် လက်ပြတ်တွေဖြစ်ခဲ့ကြတယ်ကွယ်လို ပြောပြပါတယ်။သူတို့တွေ ခြေထောက်မရှိလို့ ဖိနပ်မစီးနိင်ကြဘူး။သူတို့ကို ငါ့သားအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ဓာတ်ကျစရာမလိုပါဘူး။သူတို့တွေတောင် စိတ်ဓာတ်မကျဘဲ အလုပ်လုပ်နိင်သေးတာဘဲ ငါ့သားက ဘာဖြစ်လို့ ဖိနပ်မရှိတာနဲ့ စိတ်ဓာတ်ကျနေတာလဲဆိုပြီး စိတ်ဓာတ်မြင့်တင်ပေးခဲ့သူပါ။စာဖတ်သူတွေရော အဲဒီလို တွေးဖူးကြလား။

စိတ်ဓာတ်ကျတတ်တယ်ဆိုရင် အောက်ကစာလေးတွေနဲ့ ဖြေသိပ်လိုက်ကြပါ။

၁။အလုပ်အဆင်မပြေလို့စိတ်ညစ်နေသလား?
သဘာဝဘေးဒန်ကြောင့် ဒုက္ခရောက်နေတဲ့
သူတွေကို ပြေးမြင်လိုက်ပါ။

၂။လင်မယားနှစ်ယောက်ကြား စကားများ
ရန်ဖြစ်တော့မယ်ကြံရင် သစ်ပင်အိုးကြီးရဲ့
သစ်ကိုင်းခြောက်ပေါ်က တစ်ကောင်တည်း
အထီးကျန်နေတဲ့ ဥသြငှက်ကလေးကို
မြင်ရောင်ကြည့်လိုက်ပါ။

၃။ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေပါသလား?
လုပ်ငန်ရှင် သူဌေးကြီးလင်မယား ရန်ဖြစ်
စကားများနေတာကို မမြင်ဖူးသေးလို့ပါ။

၎။ချစ်သူကစွန့်ပစ်သွားလို့ အသည်းကွဲနေလား?
ကောသဠမင်းကြီးရဲ့ မိဖုယား
မလ္လိကာကို သတိရလိုက်ပါ။

၅။အလုပ်ပြုတ်သွားလို့ စိတ်ညစ်နေပါသလား?
ဒုက္ခသည်စခန်းက လူတွေကို ကိုယ်ချင်းစာ
စိတ်နဲ့ သူတို့ဘဝထဲကို ခနဝင်ကြည့်လိုက်ပါ။

၆။ကိုယ်ပိုင်ကားမစီးရလို့ စိတ်ပျက်အားငယ်
နေပါသလား? … …
ခုထိ ခြေလျှင်သာလျှောက်နေရသေးတဲ့
လူတွေ အများကြီးရှိနေသေးတယ်
ဆိုတာကို လက်ခံလိုက်ပါ။

ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ စာသားလေးတွေကို မျှဝေပေးလိုက်ပါတယ်။steemitအဖွဲ့သားအားလုံး စိတ်ညစ် စိတ်ဓာတ်ကျခြင်း ကင်းဝေးပါစေ။

image

kokonaing
msc.185

Sort:  

happy new year may you live long with your family

thank you@aliakbar2

ဟုတ်ကဲ့

အားရှိသွားပြီဗျာ

ဟုတ်

အရမ်းကောင်းတယ်

ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ

စိတ်ဓာတ်ကျနေပြီး မဖြေရှင်းဖူးဆိုရင် ပိုပြီးစိတ်ညစ်လာတယ်။ ကျေးကျေး ဘဒိုရေ

စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားလျက်ပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 53929.89
ETH 2263.00
USDT 1.00
SBD 2.35