လူ ဆိုတာ
~ လူတွေဆိုတာ ကိုယ်အကူအညီပေးလိုက်တာ ထိရောက်တယ် ဆိုတာ လိုချင်တာပဲလေ။ ဒါသဘာဝပါပဲ။ သူသူကိုယ်ကိုယ် အကူအညီတစ်ခုခု ပေးလိုက်ပြီးရင် သူအဆင်ပြေသွားပြီး ဆိုတာလေးတော့ ပြန်လိုချင်တယ်.. ငါလုပ်ပေးလိုက်တာ သူအဆင်ပြေသွားတယ်.. ဆိုတာလေးက စိတ်ချမ်းသာရတာကိုး... ။
ကိုယ်ကတော့ ကူညီနေပါရဲ့ သူက အဆင်ပြေမလာဘူး တိုးတက်မှု ရှိမလာဘူးဆိုရင် ကိုယ့်အကူအညီယူနေတဲ့သူကို ဒေါသထွက်လာတယ် စိတ်ဆိုးလာတယ် စိတ်ပျက်လာတယ်။ ကြာရင် မုန်းလာတယ် အထင်သေးလာတယ်။ တစ်ခါတလေ ရက်ရက်စက်စက် ပစ်ပစ်ခါခါကို ပြောပစ်ချင်တာ။
ငါ ဒီလောက် လုပ်ပေးနေတာတောင် နင်မတိုးတက်တာ နင်ညံ့လို့ နင်ဖျင်းလို့ နင် အသုံးမကျလို့။ နင်ကိုကအကောင်းနဲ့ မထိုက်တန်လို့ နင်ဒီလိုဖြစ်နေရတာ။ နင်ဘယ်တော့မှ အကောင်းဖြစ်လာမှာ မဟုတ်ဘူး။ နင်နဲ့တန်တာ အဲဒါပဲ။ စသဖြင့် စိတ်ကုန်တဲ့စိတ်တွေ ဖြစ်လာတယ်။
ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ငါ သူ့ကို စိတ်စေတနာထားနေတာပဲ မဟုတ်ဘူးလား။ ငါ သူ့ကို ကောင်းစေချင်နေတာပဲ မဟုတ်ဘူးလား။ ငါ သူ့ကို တိုးတက်စေချင်တာ မဟုတ်ဘူးလား။
ဟုတ်တယ်။ အဲဒါဆို ငါ့ဘက်က ဘာမှားနေလို့လဲ။
သူဘာမှားနေလဲဆိုတာ မစဉ်းစားနဲ့။ ငါ ဘက်က သဘောထား ဘာမှားနေလဲ ဆိုတာ သေသေချာချာ မြင်အောင် သိအောင် လုပ်ဖို့ အရေးကြီးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ တစ်ဖက်သား အဆင်ပြေဖို့ အကူအညီပေးရာကနေ စိတ်တွေညစ်နွမ်းကုန်တယ် သဘောထားတွေဆိုးကုန်တယ် စိတ်ပျက်စရာတွေ များလာတယ် မုန်းတီးတဲ့အတွေးတွေ တွေးမိကုန်တယ်။
အဲဒါ ဘာလို့ဖြစ်ရတာလဲ။ ငါက အကူအညီပေးနေတာ။ ငါ့စိတ်တွေ ဘာလို့ ဒေါသစိတ်တွေ ဖြစ်ရတာလဲ။ အဲဒါကိုယ့်သဘောထားမှားနေလို့သာ ဖြစ်ရတာပဲ။ ကိုယ့်အတွင်းထဲ ပြန်လှည့်ပြီး အဖြေရှာကြည့်ဖို့လိုနေပြီ။
ဒီနေရာမှာ ဇာတ်ဆရာကြီးအကြောင်း ပြောရတော့မယ်။
Ego ပေါ့။ အတ္တစိတ်။
အတ္တက အမြဲအားငယ်နေတယ်။ သူအားကြီးတယ်လို့ ထင်ရအောင် သူအမြဲလုပ်ချင်နေတယ်။ အဲဒါပဲ သူက ငတ်မွတ်နေတယ်။
ဘာလုပ်လုပ် သူ အားရှိသွားချင်တယ်။ ဘာလုပ်လုပ် ငါ power ရှိတယ်လို့ ခံစားသွားရချင်တယ်။
အဲဒီတော့ သူတစ်ပါးကို အကူအညီပေးတယ် ... ပြီးရင် သူအဆင်ပြေသွားလား ကြည့်မယ် ... အဆင်ပြေတယ် ဆိုရင် ... ကြည့် ... ငါ လုပ်ပေးလိုက်လို့ သူ အဆင်ပြေသွားတာ ... ငါလုပ်လိုက်တာ။ ငါ့ကြောင့်။
အတ္တက Powerless အမြဲဖြစ်နေတော့ power ကို အမြဲတမ်း လိုက်ရှာနေတယ်။
သိထားရမှာက ငါ အတ္တနဲ့ အကူအညီပေးနေတာလား။ သူ့ကို အကူအညီပေးနေတုန်းမှာ ငါ့အတ္တကို ကျေနပ်မှု ရအောင် လုပ်နေတာများ ဖြစ်နေလား။ ငါ ဘာပြန်လိုချင်နေတာလဲ။ ငါ ဘာပြန်ရချင်နေတာလဲ။
မဟုတ်ပါဘူး ... သူအဆင်ပြေသွားဖို့ပါ ... သူစိတ်ချမ်းသာသွားဖို့ပါ ... ငါ ဘာမှ လိုချင်လို့ မဟုတ်ပါဘူး လို့ အဖြေထွက်ရင်တောင် အတ္တကို မြင်အောင် တည့်တည့်ကြည့်လိုက်ပါအုံး။ အတ္တမျက်နှာဖုံးကို ဆွဲခွာပြီး စေ့စေ့ကြည့်လိုက်ပါအုံး။ အတ္တဟာ ပရိယာယ် သိပ်များပါတယ်။ မျက်နှာဖုံးအမျိုးမျိုးစွပ်ပြီး သူလာလိမ့်မယ်။ သူ့အကြောင်း မသိရင် သူလှိမ့်သမျှ ခံရဖို့ သေချာပါတယ်။
ဒီလို ပြောတာ အပြစ်တင်နေတာ မဟုတ်ပါဘူးနော်။ လူတိုင်း ... လူတိုင်း ... လူတိုင်းမှာ ဖြစ်တတ်တဲ့သဘာဝတွေပါ။ ကိုယ်လည်း ဖြစ်တယ် သူလည်း ဖြစ်တယ်။ သူ့မှာဖြစ်တဲ့အတ္တ ကိုယ့်မှာဖြစ်တဲ့အတ္တ ... အတ္တတွေကို မြင်အောင်ကြည့်ဖို့ လိုပါတယ်။
ကိုယ့်အတ္တကို ကိုယ်မမြင်လို့ပဲ ကယ်တင်ရှင်ကြီးတွေဟာ အာဏာရှင်ကြီးတွေ ဖြစ်သွားပြီး လူ့အသက်ပေါင်းများစွာ ဘဝပေါင်းများစွာကို စတေးပစ်ဖို့ နင်းချေဖျက်ဆီးပစ်ဖို့ လုံးဝဝန်မလေးခဲ့ကြတာပါ။
အတ္တက ကယ်တင်ရှင်မျက်နှာဖုံးစွပ်ပြီး လာလေ့ရှိတယ်။
ကိုယ့်အတ္တကိုကိုယ် မြင်အောင်ကြည့်ပြီးမှ အကူအညီပေးသင့်တယ် ဆိုလည်း အေးအေးချမ်းချမ်းစိတ်နဲ့ အကူအညီပေးလိုက်ပါ။
ကျန်တာ သူ့အပိုင်းပါ။ သူ လုပ်သင့်တဲ့အပိုင်း သူလုပ်မှ ၊ သူကိုယ်တိုင်လည်း သူ့စိတ်သူ မြင်မှ သိမှ သူလွတ်မြောက်နိုင်မှာပါ။
သူ့ကို သိပ်ကောင်းစေချင်တဲ့စိတ် အားကြီးနေတာမျိုးကို သတိထားသင့်ပါတယ်။
ဒါဟာ အတ္တရဲ့ တစ်စိတ်တစ်ဒေသ နယ်ချဲ့ထွင်မှု တစ်ခု ဖြစ်လို့ပါ။
photo ; facebook



Vote exchange site https://mysteemup.club
Congratulations @kokogyi1! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP