တစ်ကယ်လို့သာ
တစ်ကယ်လို့သာ
တစ်ကယ်လို့သာ လူတွေမှာဆင်ခြင်နိုင်စွမ်းရှိတယ်ဆိုရင် အမှားတွေလည်း ကျူးလွန်ကြမှာမဟုတ်ဘူး။ အပြစ်တွေလည်း ရှိလာကြတော့မှာမဟုတ်ဘူး။ လူတချို့လောက်သာ မိမိရဲ့စိတ်ကို ထိန်းချုပ်နိုင်ကြပြီး လူတချို့သာပဲ မိမိတို့ရဲ့ ကတိနဲ့သစ္စာကိုတည်နိုင်ကြပါတယ်။ လူကြီးမိဘနဲ့ ဆရာသမားတွေရဲ့အရှေ့မှာတော့ ကျွန်တော်နောက်မလုပ်ပါဘူးဆိုပြီး ကတိတွေအထပ်ထပ်ပေး၊ နောက်ကွယ်လည်းကျရော မိဘဆရာသမားတွေကို မခန့်လေးစားတဲ့ပုံစံနဲ့စကားတွေပြောပြီး မခန့်လေးစားတဲ့ပုံနဲ့ ကျေးဇူးကန်းတက်ကြတဲ့ သားသမီးဆိုး တပည့်ဆိုးတွေလည်း များစွာရှိကြပါတယ်။ လူသားတွေရဲ့ စိတ်ဟာ တစ်ဦးနဲ့တစ်ဦးမတူညီကြတာဖြစ်လို့ အားလုံးကိုတော့လည်း လမ်းမှန်သို့ရောက်ရှိအောင် ဘယ်လိုသွန်သင်ပြနိုင်မှာလည်းနော်။
လွတ်လပ်တဲ့အချိန်ဆိုတာ လူသားတိုင်းမှာရှိတယ်။
တစ်ဦးတည်းနေထိုင်ရတဲ့အချိန်တွေဟာလည်း လွတ်လပ်တယ်လို့ဆိုနိုင်သလို၊ အုပ်ထိန်းသူတွေရဲ့ခွင့်ပြုချက်နဲ့ သူငယ်ချင်းတွေနဲ့ပျော်ရွှင်စွာခရီးသွားပျော်ပါးကြတာကိုလည်း လွတ်လပ်တယ်လို့ဆိုနိုင်တယ်။ ယေဘုယျအားဖြင့်ဆိုရရင် လွတ်လပ်တယ်ဆိုတာ မိမိစိတ်ကို လွတ်လပ်တယ်လို့အထင်ရှိစေတာမျိုးပေါ့။ ဥပမာအနေနဲ့ပြောရင် စာတွေကျက်မှက်နေရတဲ့ကျောင်းသားတစ်ဦး စာမေးပွဲတွေဖြေလို့ နောက်ဆုံးနေ့ ဖြေဆိုမှုအပြီးမှာ...
ဟူး...ငါတော့ စာမကျက်ရတော့ဘူးဟေ့ဆိုပြီးတွေးတောလိုက်တာနဲ့ သူ့ရဲ့စိတ်ဟာ လုံးဝကိုလွတ်လပ်သွားရတာပါ။
စာသင်နေတဲ့ကျောင်းသားတစ်ယောက်မှာ အလုပ်အကိုင်ကြီးတွေလည်းမရှိနိုင်တဲ့အတွက် စာမေးပွဲဖြေပြီးရင် သူ့ရဲ့စိတ်ဟာ လွတ်လပ်နေမှာအမှန်ပါပဲ။ ဒါပေမယ့် လွတ်လပ်မှုကို အလွဲသုံးစားလုပ်သူတွေ အကျိုးဆုတ်ယုတ်အောင် လုပ်သူတွေနဲ့ ကောင်းကျိုးတွေကို ရရှိစေသူတွေ၊ ကောင်းမှုတွေကိုပြုလုပ်သူတွေတိုပြီး ရှိနေကြတယ်။ ဘာလို့လည်းဆိုရင် တချို့လူငယ်တွေဟာ လွတ်လပ်သွားတယ် ပျော်ရွှင်မှုရသွားတယ်ဆိုရင် သူတို့ရဲ့ပျော်ရွှင်မှုက အရက်ဆိုင် ဘီယာဆိုင်နဲ့ စားသောက်ဝိုင်းတွေမှာဖြစ်သွားတက်တယ်။ ပထမတော့ အပျော်သက်သက်ပေါ့။ နောက်ပိုင်းအချိန်တွေလည်းရောက်ရော ဖြတ်မရ၊ စိတ်ရဲ့စေရာတွေဖြစ်ကုန်ရော။
မိဘဆရာသမားတွေကခွင့်မပြုကြတဲ့အတွက် ခိုးကြောင်ခိုးဝှက်တွေလုပ်လာကြရတော့တာပေါ့ ဒီတော့ သူခိုးလေးတွေဖြစ်လာတယ်။ ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့အလုပ်ဆိုတာကလည်း လူမသိသူမသိအောင်ဆိုတော့ အမှောင်ထဲမှာလုပ်ရတာများတယ်။ ကြာလာတော့အမှောင်ကိုခင်တွယ်လာတဲ့ လူမိုက် လူ့အမှိုက်တွေဖြစ်လာကြရတော့တာပေါ့။
တချို့သောလူငယ်တွေမှာတော့ ဘုရားဖူးသွားကြရင်း ပျော်ရွှင်မှုလေးတွေရယူကြရာကနေ တဖြေးဖြေး
လူကောင်း လူတော်လေးတွေဖြစ်လို့ သူတို့ရဲ့ဘဝလေးတွေအတွက် သူတို့ရဲ့မိဘတွေ စိတ်အေးနိုင်ကြရပြီပေါ့။
ဪ...လွတ်လပ်ခြင်းဆိုတာကို အသုံးချမှုအပေါ်မူတည်ပြီး ကွာခြားသွားကြတာပါလားဗျာ။
တစ်ကယ်လို့သာ လွတ်လပ်ခြင်းတွေများစွာကို သင်သာရရှိပိုင်ဆိုင်နေမည်ဆိုလျှင် အဘယ်သို့သော အလုပ်တွေကို လုပ်ကိုင်နေမည်နည်း။.....
ဖတ်ရှုပေးသူအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

