တွေးမိတာလေး(၂)
ငါ....
လျောက်ခဲ့တဲ့လမ်းတွေတိုင်း အိုဟောင်းသွားခဲ့ပြီ။
ငါတို့တွေအရွယ်ရောက်လေ.. တချို့သောသူတွေအိုမင်းကုန်ပြီ။
အရာဝတ္ထုတို့သည် အိုဟောင်းသွားပေမယ့် ငါတို့ပြန်လည်ဆန်းသစ်အောင် ပြုပြင်နိုင်ကြသည် ဖန်တီးနိုင်ကြသည်သာဖြစ်သည်။
နုပျိုခြင်းမည်သော မေတ္တာတရားတို့သည် အိုမင်းခြင်း၏ လှိုင်းဒါဏ်ကိုမခံနိုင်ရှာ မေ့လျော့ခြင်းအသွင်နှင့် ငါတို့ကို တဖန်ပြန်ရိုက်ခတ်လေမည်။
ငါတို့နုပျိုစဉ်က ငါတို့ရဲ့မသိစိတ်နှင့် ဆိုးမိုက်သမျှကို သည်းခံခွင့်လွှတ်နားလည်ပေးလျှက် အဆိုးတွေကိုပြုပြင်စေအောင် အကောင်းတွေဝေနေအောင် ငါတို့ကိုလမ်းပြဖော်ဆောင်ပေးသော ငါတို့ရဲ့အဖိုးအဖွားအမိအဖတို့သည်အိုမင်းခြင်းနှင့် ရင်ဆိုင်လာကြရတော့မည်။
အဖြစ်အပျက်တို့သည် မနေ့တစ်နေ့ကလိုသာဖြစ်လေသည်။ နုပျိုခြင်းသည်လည်း တဒင်္ဂမျှသာဖြစ်ပေသည်။ ငါတို့အိုမင်းသောအခါ ငါတို့ကိုစောင့်ရှောက်ပေးမည့်သူများ ရှိနေပါ့မလား။..
ထိုအချက်သည်စဉ်းစားစရာပါ။ ယခုချိန် ဘိုးဘွားတို့ အိုမင်းလို့ သူငယ်ပြန်ချိန် ငါတို့သည်သူတို့ကိုမငြူစူသင့်၊ သူတို့၏မေတ္တာထားမှုတို့သည် ငါတို့ရဲ့ မသိစိတ်တွေရှိနေစဉ်ကဖြစ်တာကြောင့် သူတို့၏မသိစိတ်ကြောင့်ဖြစ်ပျက်သမျှကို ငါတို့အသိစိတ်ဖြင့် ဖေးမကြရမည်။ လူတို့သည် ကူညီသယောင်နှင့် တစ်ကယ်လိုအပ်လာလျှင်ပစ်ပြေးတက်ကြသည်။
လူငယ်နှင့် လူကြီးတွေ၏ သံသရာသည်လည်နေမြဲဖြစ်သည် ကောင်းတစ်ခါဆိုးတစ်လှည့်မို့ အကျိုးလည်း ဖြစ်စေ အဆိုးလည်းရှိစေပေါ့။
ငါတို့လိုလူငယ်တွေ အခက်အခဲတွေတွေ့၊ စိတ်ညစ်စရာတွေတွေ့ရှိတဲ့အခါရှောင်မပြေးသင့်။ ရှောင်ပြေးခြင်းသည် ပြဿနာတစ်ခုကိုဖြေရှင်းခြင်းမဟုတ် သတ္တိမရှိလို့ ထွက်ပြေးခြင်းသာဖြစ်သည်။
အသိဥာဏ်ရှိသောသူတိုင်းဟာ အဆိုးထဲမှအကောင်းတို့ကို မရမက ရရှိအောင် ကြိုးစားကြပေလိမ့်မည်။...
ငါကရော... ဘာမှမဟုတ်တဲ့အလုပ်တွေကို တန်ဖိုးရှိတဲ့အချိန်တိုင်းမှာ လုပ်ဆောင်နေအုံးမှာလား။
ဖတ်ရှုပေးသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
@koayezaw
You got a 2.07% upvote from @postpromoter courtesy of @koayezaw!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!