ဟာဝိုင္ယီြၽန္း
ဟာဝိုင်ယီကျွန်းစု သည်ပစိဖိတ်သမုဒ္ဒရာတွင်း၌ တည်ရှိ၍ အမေရိကန်ပြည်ထောင်စုဝင်ပြည်နယ် တစ်နယ်လည်းဖြစ်သည်။ အရှေ့ဘက်ရှိမြောက်အမေရိကတိုက်မှလည်းကောင်း၊ အနောက်ဘက်ရှိ အာရှတိုက်မှလည်းကောင်း၊ မိုင်၂ဝဝဝ ကျော်စီကွာဝေးသည်။ အကြမ်းအားဖြင့်အနောက် လောင်ဂျီတွဒ် ၁၅၄ံ ၄ဝမိနစ်မှ ၁၆၂ံအတွင်းနှင့်မြောက်လတ္တီတွဒ် ၁၈ံ ၅၅မိနစ်မှ ၂၃ံအတွင်း တည်ရှိလေသည်။ ဟာဝိုင်ယီကျွန်းစုတွင် ကျွန်းပေါင်း ၂ဝကျော်ပါဝင်၍ ရေပြင်၌ပေ ၁၉ဝဝ ကျော်တန်း လျက်တည်ရှိသည်။ လူနေအိမ်ခြေရှိ၍ အကြီးမားဆုံးသောကျွန်းများမှာ ရှစ်ကျွန်းသာဖြစ်သည်။ ယင်းကျွန်းကြီးရှစ်ကျွန်း၏ အမည်နှင့်အကျယ်အဝန်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ဟာဝိုင်ယီကျွန်းမကြီးများသည် ဥတ္တရယာဉ်စွန်းတန်း၏တောင်ဘက်တွင်တည်ရှိသော်လည်း အရှေ့မြောက်ရာသီလေတိုက်ခတ်သောကြောင့်တစ်နှစ်ပတ်လုံး အပူချိန်သက်သာသည်။ ရာသီဥတုမျှ တသည်။ တစ်နှစ်ပတ်လုံးလည်း အသီးအနှံများကိုစိုက်ပျိုးနိုင်သည်။ ဟာဝိုင်ယီကျွန်းတွင်ကမ္ဘာပေါ်၌မိုးအများဆုံးရွာသော ဒေသလည်းရှိသည်။ ယင်းမှာ အာအူးအီးကျွန်းရှိ ဝါအာလီအာလီတောင် ဖြစ်၍ ပျမ်းမျှခြင်းအားဖြင့် တစ်နှစ်လျှင်မိုးရေချိန်လက်မ ၄ဝဝကျော်ရွာသည်။ တစ်ခါတစ်ရံလက်မ ၆ဝဝ ကျော်ရွာသောနှစ်များပင်ရှိခဲ့သည်။ သို့ရာတွင်ထိုတောင်နှင့် ၁၅ မိုင်သာဝေးသောဒေသတွင်မူ တစ်နှစ် လျှင်မိုးရေချိန်လက်မ ၂ဝခန့်သာရွာသည်။ ဟာဝိုင်ယီကျွန်းများသည် သမုဒ္ဒရာအတွင်းမှ ကျွန်းများ ဖြစ်သော်လည်း အခြားကျွန်းများကဲ့သို့ ဟာရီကိန်းခေါ်ခေါင်လေကြမ်း၊ တောနာဒိုခေါ် လေဆင်နှာမောင်းတို့ မည်သည့်အခါမျှကျခြင်း မရှိချေ။ မြေငလျင်မူကားလူတို့သိသာလောက်အောင် ပြင်းထန် စွာလှုပ်ခြင်းမျိုးအလွန်နည်းသော်လည်း မကြာခဏ လှုပ်တတ်သည်။ ဟာဝိုင်ယီကျွန်းရှိ မြေအားလုံး၏ ၄ဝ ရာခိုင်နှုန်းကိုမွေးမြူရေးအတွက်အသုံးပြုထား၍ ၂၅ ရာခိုင်နှုန်းသည် သစ်တောကြိုးဝိုင်းများဖြစ်သည်။ ခုနစ်ရာခိုင်နှုန်းသည် စိုက်ခင်းများဖြစ်လေသည်။ မီးတောင်များမှထွက်သော ချော်များကြောင့် မြေဩဇာကောင်းရကား ပန်းပင်များ၊ သီးပင်များ အလွန်ဖြစ်ထွန်းသည်။ တောင်စောင်းများ၌ အပူပိုင်းဒေသသစ်တောများပေါက်ရောက်လျက်ရှိသည်။ စန္ဒကူး၊ ကရမက်စသောအမွှေးနံ့သာပင်တို့ အများအပြားပေါက်သည်။ ၁ရ၉၂ ခုနှစ်မှ ၁၈၃ဝ ပြည့်နှစ်အထိ အမွှေးနံ့သာပင်များကိုခုတ်လှဲကာတရုတ်နိုင်ငံသို့တင်ပို့ ရောင်းချခဲ့ရာထိုစဉ်ကဟဝိုင်းယန်းကျွန်းများပေါ်သို့မျက်နှာဖြူ လူမျိုးများ မရောက်မီကပင်ဟာဝိုင်ယီကျွန်း၏အဓိက စိုက်ပင်ဖြစ်သောကြံပင်ကိုစိုက်ပျိုးခဲ့ကြသည်။ ကြံစိုက်ခင်းသည် လယ်ယာမြေ၏၃/၄ခန့်ရှိသည်။ ဟာဝိုင်ယီကျွန်းမှတနှစ်လျှင် ကြံတန်ချိန်တစ်သန်းကျော်ထွက်သည်။နာနတ်ပင် စိုက်ပျိုးခြင်းသည် ဟာဝိုင်ယီကျွန်း၏ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်သည်။ မြေဧကပေါင်း ရဝဝဝဝကျော်ကိုနာနတ် ပင်စိုက်ပျိုးရာ၌စိုက်ခင်းအဖြစ်အသုံးပြု၍ တစ်နှစ်လျှင် နာနတ်သီးပေါင်း ၂၅ သန်းကျော်ထွက် သည်။ တတိယအကြီးကျယ်ဆုံး ငွေအဝင်ဆုံးလုပ်ငန်းမှာ နိုင်ငံခြားခရီးသည်များအတွက်ဧည့်ကြို လုပ်ငန်းဖြစ်သည်။ ဟာဝိုင်ယီကျွန်းသည်ရှုခင်းသာရုံမက ရာသီဥတု ကောင်းသဖြင့်တစ်နှစ်လျှင် နိုင်ငံခြားဧည့်သည် ခြောက်သောင်းထက်မနည်းလာရောက်လေသည်။ ဟာဝိုင်ယီကျွန်းများပတ်လည်ရှိ ရေပြင်တွင် လင်းပိုင်စသောရေနက်ပိုင်း၌နေသောငါးများနှင့် အရောင်အသွေးအလွန်လှပ သောငါးကလေးပေါင်းအမျိုး ၆၅ဝ ခန့်တွေ့ရသည်။ ကျွန်းများပေါ်၌အမွှေးအတောင်အရောင်အဆင်း လှပသော အပူပိုင်းဒေသငှက်မျိုးစုံကို တွေ့နိုင်သည်။ ရှေးခေတ်ဟာဝိုင်ယီတိုင်းရင်းသားများသည်ငှက်မွေးငှက်တောင် များကိုအဆင်တန်ဆာ အဖြစ်အသုံးပြုခဲ့ကြသည်။ ငှက်များကိုအမွေးအတောင်အလို့ငှာသတ်ဖြတ်ကြသဖြင့် ငှက်မျိုးအတော် များများပြုန်းခဲ့ရသည်။ ၁၉ရဝ ပြည့်နှစ်သန်းခေါင်စာရင်းအရ ဟာဝိုင်ယီကျွန်းစု၏လူဦးရေသည် ရ၆၉၉၁၃ ယောက်ဖြစ်သည်။ အများစုမှာဂျပန်နှင့်ကော့ကေးရှပ်လူမျိုးများဖြစ်သည်။အိုအားဟူး ကျွန်းတောင်ဘက်ကမ်းခြေပေါ်၌တည်ရှိသောဟိုနိုလူလူမြို့သည် မြို့တော်ဖြစ်၍ ဟာဝိုင်ယီကျွန်း အနောက်ဘက်ကမ်းပေါ်ရှိ မီလိုမြို့သည်သင်္ဘောဆိပ်မြို့ကြီးဖြစ်သည်။ ဟိုနိုလူလူမြို့သည် သင်္ဘောဆိပ်မြို့ကြီးဖြစ်သည်။ ဟိုနိုလူလူမြို့တွင်လူဦးရေ ၂၉၄၁၉၄ ယောက်ရှိ၍မီလိုမြို့တွင် ၂၅၉၆၆ ယောက်ရှိသည်။ ဟာဝိုင်ယီကျွန်းစုမှတိုင်းရင်းသားများသည် အသားညို၍မျက်လုံးနက်ပြီးပြူးသည်။ မျက်နှာ ပေါက်ပါးပါးလျားလျားမရှိ။အရပ်အမောင်းမြင့်၍ အသားအရေဆူဖြိုးလေ့ရှိကြသည်။ ခရစ်နှစ် ၁ရဝဝ ကျော်ခန့်ကမျက်နှာဖြူလူမျိုးများဟာဝိုင်ယီကျွန်းများပေါ်သို့ မရောက်မီ တိုင်းရင်းသားလူမျိုး ၃ဝဝဝဝဝဝ ခန့်ရှိသည်။ ယခုမူဟာဝိုင်ယီတိုင်းရင်းသား၁၂ဝဝဝနှင့်ဟာဝိုင်ယီသွေး စပ်သူ ၈ဝဝဝဝခန့်သာရှိတော့သည်။ ဟာဝိုင်ယီကျွန်းစု၌ ကြံခင်းများ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ရာ ယင်းလုပ်ငန်းကို လုပ်ကိုင်ရန် တရုတ်၊ ဂျပန်၊ ပေါ်တူဂီ၊ ဂျာမန်၊ ဣတာလျံ၊ ကိုးရီးယန်း၊ ဖိလစ်ပိနို၊ ရုရှစသောလူမျိုးပေါင်းစုံဝင်ရောက်လာခဲ့ရာ ယခုအခါဟာဝိုင်ယီကျွန်းသည် ကမ္ဘာ့လူမျိုးပေါင်းစုံ စုဝေးရာ ဒေသဖြစ်နေလေသည်။ ဟာဝိုင်ယီကျွန်းများပေါ်ရှိ လူအားလုံးလိုလိုပင် အင်္ဂလိပ်ဘာသာ စကားကိုပြောဆိုကြသည်။ သို့ရာတွင်ဟာဝိုင်ယီဘာသာစကားကိုပါညှပ်၍ ပြောဆိုလေ့ရှိ ကြသည်။ ဟာဝိုင်ယီအက္ခရာစဉ်တွင် အေ၊ အီး၊ အိပ်ချ၊ အိုင်၊ ကေ၊ အယ်၊ အမ်၊ အန်၊ အို၊ ပီ၊ ယူ၊ ဒဗလျူစသောအက္ခရာ ၁၂လုံးသာပါသည်။ ဟာဝိုင်ယီကျွန်း ၉၃ မိုင် ရ၆ မိုင် ၄ဝ၃ဝ စတုရန်းမိုင်
မာအူးအီးကျွန်း ၄၈ ။ ၂၆ ။ ရ၂၈ ။
အိုအာဟူးကျွန်း ၄၄ ။ ၃ဝ ။ ၆ဝ၄ ။
ကာအူးအီးကျွန်း ၃၃ ။ ၂၅ ။ ၅၅၅ ။
မိုလိုကာအီးကျွန်း ၃၈ ။ ၁ဝ ။ ၂၆ဝ ။
လာနာအီးကျွန်း ၁၈ ။ ၁၃ ။ ၁၄၁ ။
နီအီးဟအူးကျွန်း ၁၈ ။ ၆ ။ ရ၂ ။
ကာဟူးလာဝီးကျွန်း ၁၁ ။ ၆ ။ ၄၅ ။
ကျန်ကျွန်းများမှာ အနောက်မြောက်ဘက်ရှိ မစ်ဒဝေးကျွန်း၊နီးဟိုးအားကျွန်း၊ နက္ကာကျွန်း၊လေ စန်ကျွန်း၊ ကူးရေးကျွန်း၊ စသည်တို့နှင့် တောင်ဘက် ရိပယ်မိုင်းရားကျွန်းနှင့် ဂျွန်စတန်ကျွန်းတို့ဖြစ်ကြသည်။ ကျွန်းကြီးရှစ်ကျွန်း၏ မြေပြင်အကျယ်အဝန်းမှာ ၆၄၃၅ စတုရန်းမိုင်ရှိ၍ကျန်ကျွန်းများ ၏ အကျယ်အဝန်းမှာ သုံးစတုရန်းမိုင်ပင်မပြည့်ချေ။ ထို့ကြောင့်ဟဝိုင်းယန်းကျွန်း၏ စုစုပေါင်းအ ကျယ်အဝန်းသည် ၆၄၃၈ စတုရန်းမိုင်ရှိ၍ တောင်ငူခရိုင်နှင့် ဟံသာဝတီခရိုင်နှစ်ရပ်ပေါင်း၏ အကျယ်အဝန်းခန့်ရှိလေသည်။ ဟာဝိုင်ယီကျွန်းများကိုသိပ္ပံပညာရှင်များက အစုသုံးစုခွဲကြ သည်။
အရှေ့တောင်ဘက်ရှိ ကျွန်းမကြီး ရှစ်ကျွန်း
အလယ်ပိုင်းရှိ ကျောက်ဆောင် အတိဖြစ်သောကျွန်းကလေးများ၊
အနောက်မြောက်ဘက်ရှိ သန္တာနှင့်သဲကျွန်းများဖြစ်သည်။
ကျွန်းအားလုံးသည် သမုဒ္ဒရာပြင်ထက် ထိုးတက်လာသောမီးတောင်များ ဖြစ်သည်ဟုလည်းအယူရှိကြ၍သမုဒ္ဒရာရေစီးကြောင်းများ၊ လှိုင်းတံပိုးများရိုက်ခတ်တိုက်စားသဖြင့် အချို့တောင်များသည် သန္တာကျွန်းခွေနှင့်ကျောက်ခက်တန်းများသဖွယ် သမုဒ္ဒရာရေပြင်ပေါ်တွင်ပေါလောပေါ်လျှက်ရှိကြသည်။ ဟာဝိုင်ယီကျွန်းစုတွင်မီးတောင် ၄ဝ ခန့်ရှိသည့်အနက် မာအူးနားလိုအားနှင့်ကီလာအူးအား ခေါ်မီးရှင်တောင်နှစ်လုံးရှိသည်။ မီးတောင်နှစ်လုံးစလုံး ဟဝိုင်းအီးကျွန်းပေါ်တွင်ရှိ၍ နှစ်အနည်း ငယ်မျှသာခြားလျက် မကြာမကြာပေါက်ကွဲလေ့ရှိသည်။ယင်းသို့မီးတောင်ပေါက်၍ ချော်ရည်များသမုဒ္ဒရာထဲစီးဆင်းခြင်းဖြင့် ကျွန်းသည်လည်း တဖြည်းဖြည်းတိုးတက်ကျယ်ဝန်းလာသည်။
ဒုတိယကာမီဟာမီဟာသည် ပထမကာမီဟာမီ လောက်တိုင်းပြည်အုပ်ချုပ်ရာ၌ မလိမ်မာသော်လည်း ပထမကာမီဟာမီဟာ၏ မိဖုရားတစ်ဦးက ရှေ့ဆောင်ရှေ့ရွက် အကြံဉာဏ်ကောင်းများပေးသဖြင့် တိုင်းပြည်မှာလူးလူးလဲလဲမဖြစ်လှချေ။ သို့ရာ တွင်ဟာဝိုင်ယီကျွန်းသို့နိုင်ငံခြားသားများအဝင်အထွက် များလာလေလေ၊ နိုင်ငံရေးရှုပ်ထွေးလာလေလေဖြစ်လာခဲ့သည်။ အမေရိကန်တို့ကဟာဝိုင်ယီကျွန်း၌အမေရိကန်ကိုယ်စားလှယ် တစ်ဦးခန့်ထားလာ၍ ရုရှတို့ကလည်း ရုရှပိုင်ကျွန်းအဖြစ် တောင်းဆိုလာကြသည်။ နောက်ဆုံး၌ ဒုတိယ ကာမီဟာမီဟာနှင့်မိဖုရားတို့သည် ၁၈၂၃ ခုနှစ်တွင်ဟာဝိုင်ယီကျွန်းအတွက် အကာအကွယ်တောင်း ဆိုရန်အင်္ဂလန်နိုင်ငံသို့သွားရောက်လည်ပတ်ကြသည်။ အင်္ဂလန်နိုင်ငံ၌ပင်နှစ်ဦးစလုံးကွယ်လွန်သွားလေသည်။ ဒုတိယကာမီဟာမီဟာ လွန်ပြီးနောက် ညီတော်တတိယကာမီဟာမီဟာ( ၁၈၂၄·၅၃)ကဆက်ခံ အုပ်ချုပ်သည်။ သူ့လက်ထက်တွင် ဟာဝိုင်ယီကျွန်းသည် ပြင်သစ်တို့လက်တွင်းသို့ ကျရောက်မည်ကဲ့သို့ဖြစ်လာသဖြင့် ပြင်သစ်၊ အင်္ဂလန်နှင့်အမေရိကန်ပြည်ထောင်စုနိုင်ငံများသို့ သံတမန်များစေ လွှတ်စေ့စပ်ရာ အခက်အခဲကို အောင်မြင်ခဲ့သည်။ စတုတ္ထကာမီဟာမီဟာ ( ၁၈၅၄·၆၃) ဘုရင်လက်ထက်တွင်ဟာဝိုင်ယီကျွန်း၌ ဆန်စပါးစိုက်ပျိုးရေး စတင်၍လုပ်ကိုင်သည်။နိုင်ငံရပ်ခြားမှ ဆန်စပါး စိုက်ပျိုးရေးအတွက် အလုပ်သမားများ ခေါ်ယူလိုသဖြင့် နိုင်ငံခြားသားများဝင်ရောက်နေထိုင် ရေးကိုအားပေးသည်။ များသောအားဖြင့်ဂျပန်၊ အင်ဒိုနီးရှား၊ တရုတ်စသော လူမျိုးများလာရောက်နေ ထိုင်ကြသည်။ စတုတ္ထကာမီဟာမီဟာလွန်သော် သူ၏နောင်တော်သည် ပဉ္စမကာမီဟာမီဟာဟူသောဘွဲ့ဖြင့်နန်းတက်သည်။ ထိုမင်းသည်အာဏာကိုများများသုံး၍ ပြည်သူတို့အားတင်းတင်း ကြပ်ကြပ်အုပ်ချုပ်သည်။၁၈ရ၃ ခုနှစ်တွင်ပဉ္စမကာမီဟာမီဟာ လွန်သော်အထွေထွေရွေးကောက်ပွဲဖြင့် ဟာဝိုင်ယီကျွန်းသမိုင်း၌ ပထမဆုံးရွေးကောက်တင်မြှောက်ခြင်းခံရသော လူနာလီလိုနန်း တက်သည်။ နောက်တစ်နှစ်အကြာတွင် လူနာလီလိုလွန်လျှင် ကာလာကာအူးအားကိုရွေးချယ်တင်မြှောက်ကြရာ ကာလာကာအူးအားသည် ၁၈၉၁ ခုနှစ်အထိနန်းစံသည်။ သူ့လက်ထက်တွင်ဟ ဝိုင်းယန်းကျွန်းထွက်သကြားများကို အမေရိကန်နိုင်ငံသို့ အကောက်ခွန်လွတ်တင်သွင်းခွင့်ပြုရန် စာချုပ်ပြုလုပ်သည်။ ယင်းအခွင့်အရေးအတွက် အပြန်အလှန်အားဖြင့် ဟာဝိုင်ယီအစိုးရက အမေရိကန် အစိုးရအား ပါးလဟာဗာကို ရေတပ်စခန်းအဖြစ် ဖွင့်လှစ်ခွင့်ပေးရလေသည်။ ကာလာကာအူးအားမင်းလွန်သော်နှမတော် လီလီအူးကာလာနီ နန်းတက်သည်။ လီလီအူးကာ လာနီသည် အာဏာကိုတစ်ဦးတည်းလက်ဝယ် သိမ်းပိုက်အုပ်ချုပ်ရန် ကြိုးစားသည်။ ထိုအခါလူထုက မခံမရပ်နိုင်ဖြစ်ကာ ၁၈၉၃ ခုနှစ်တွင်လီလီအူးကာလာနီကို နန်းချ၍ ၁၈၉၄ ခုနှစ်တွင် ဟာဝိုင်ယီသမတနိုင်ငံထူထောင်လေသည်။ ၁၈၉၈ ခုနှစ်တွင် ဟာဝိုင်ယီကျွန်းများကို အမေရိကန်ပြည် ထောင်စုအတွင်းသို့နယ်တစ်နယ်အဖြစ်သွတ်သွင်းသိမ်းယူ လိုက်သည်။ သို့ရာတွင် ပြည်နယ်အဖြစ်သို့ကား မရောက်ရှိသေးချေ။ ထိုအချိန်မှစ၍ ဟာဝိုင်ယီကျွန်း၏ဘုရင်ခံ၊ တရားဝန်ကြီးစသည်တို့ ကိုအမေရိကန်သမတက ရွေးချယ်ခန့်ထားလေသည်။ ၁၉၄၁ ခုနှစ်ဒီဇင်ဘာလ ရ ရက်နေ့တွင် ဂျပန်တို့သည်မည်သို့မျှစစ်မကျေညာဘဲ ဟာဝိုင်ယီကျွန်းရှိ အမေရိကန် ရေတပ်စခန်းဖြစ်သော ပါးလဟာဗာမြို့ကို ရုတ်တရက်ဗုံးကြဲတိုက်ခိုက်သဖြင့်အကြီးအကျယ် ပျက်စီးခဲ့ရသည်။
၁၉၅၉ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် ဟာဝိုင်ယီကျွန်းစုကိုအမေရိကန်ပြည်ထောင်စု၏ ၅ဝ မြောက် ပြည်နယ်အဖြစ် အသိအမှတ်ပြုသည့် ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်လေသည်။ ထိုနှစ်မတ်လ ၁၈ ရက်နေ့တွင်အမေရိကန်သမတ ဒွိုက်ဒီအိုက်ဆင်ဟောင်ဝါက ထိုဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဩဂုတ်လ ၂၁ ရက်နေ့တွင်တရားဝင် ကျေညာခဲ့လေသည်။[၁]
Congratulations @khinwayywar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPCongratulations @khinwayywar! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!