သင်ရေမွှေးသုံးတက်ပြီးလား

in #myanmar9 years ago (edited)

image
နိုင်ငံခြားဖြစ်ရေမွှေးတွေက တန်ဖိုးလည်ကြီးသလို လှလည်လှပါတယ်။ဒါပေမယ့် မနက်ပိုင်စွတ်ပြီးရင် နေ့လယ်ပိုင်ရောက်လာတဲ့အခါ ရေမွှေးရဲ့အနံ့ကမကျန်တော့သလိုပါပဲ။ဒီတော့ပြန်ပြီးဖျန်းရတယ်လေ။မလိုအပ်ဘဲ ပိုပြီးကုန်လွယ်စေပါတယ်။တကယ်လိုများ ရေမွှေးကို ဘယ်နေရာမှာ ဘယ်လိုပုံစံ ဖျန်းရမယ် ပြီးတော့ ရေမွှေးကို ဘယ်လိုပုံစံသိမ်းထားရမယ်ဆိုတာသိရင် တန်ဖိုးကြီးရေမွှေးတွေလည် ကြာကြာအသုံးခံပါလိမ့်မယ်။
ဂျယ်လီအမျိုးအစား အမွှေးအဆီအခဲတွေကို လက်ကောက်ဝတ် လည်ပင်း တံတောင်ဆစ်အတွင်းပိုင်း ဒူးခေါင်းနောက်ပိုင်း ခြေချင်းဝတ်အစရှိတဲ့ သွေးခုန်နှုံးစမ်းရတဲ့နေရာတွေမှာ လိမ်းစေချင်ပါတယ်။ဘာလို့လဲဆိုတော့ သင့်ရဲ့လက်ခန္ဓာကိုယ် လှုပ်ရှာတာမြန်ရင်မြန်သလို ရေမွှေးရဲ့ ရနံ့ကလဲ သင်းခနဲသင်းခနဲထွက်လာတာကို ခံစားမိပြီး သင်ကိုယ်တိုင်ပြုံးနေပါလိမ့်မယ်။
နောက်ပြီးသင်က ဆံပင်ကိုဖျန်းတဲ့ စပရေးဆိုရင် ဆံပင်ကိုတိုက်ရိုက်မဖျန်းပါနဲ့။ဆံပင်ကို တိုက်ရိုက်ဖျန်းတဲ့အခါ စပရေးထဲမှာပါတဲ့ အယ်လ်ကိုဟောက ဆံပင်ရဲ့ဆံသားကို ခြောက်စေပါတယ်။Hairbrushကို အရင်ဖျန်းပြီးမှ ခေါင်းကိုဖြီးပေးခြင့်အားဖြင့် ရေမွှေးရဲ့ရနံ့က ဆံပင်ဆီကိုရောက်သွားမှာပါ။ထိုမှသာလျှင် အချိန်ကြာမြင့်စွာ ဆံပင်ပေါ်က စပရေးရဲ့ရနံ့က မွှေးကြိုင်နေမှာပါ။
image
တန်ဖိုးကြီး တန်ဖိုးသေးတဲ့ရေမွှေးဘဲဖြစ်ဖြစ် စိုစွတ်တဲ့နေရာတွေမှာမထားပါနဲ့။ဥပမာ ရေချိုးခန်းလိုမျိုးပေါ့။စိုထိုင်းဆများရင် ရေမွှေးရဲ့ရနံ့ကို ပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ အိမ်ခန်းထဲက ခြောက်သွေ့တဲ့အလှပြင်ခုံတွေမှာထားတာ အသင့်တော်ဆုံးလို့ထင်ပါတယ်။
ရေမွှေးတွေကို အရေပြားပေါ်မှာမဖျန်းမိပါစေနဲ့။အကယ်လိုဖျန်းတော့မယ်ဆိုရင် အနံ့မပါတဲ့ လိုးရှင်းလေးကိုလိမ်းပေးပါ။ထိုသို့လိမ်းပြီးမှ ရေမွှေးကို ဖျန်းပေးပါ။ထိုမှသာလျှင် ရေမွှေးရဲ့ရနံ့က ပိုစွဲပိုခံပါတယ်။ပြီးတော့ ရေချိုးပြီးခါစ အရေပြားစိုစွတ်နေတုန်မှာ ရေမွှေးကိုဖျန်းပေးရင် အနံ့ကိုပိုစွဲစေတယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့် အင်္ကျီ​တွေဝတ်လိုက်တဲ့အခါ အင်္ကျီ​စတွေနဲ့ ပွတ်မိပြီး ရေမွှေးရဲ့ရနံ့ကို ပြေစေနိုင်ပါတယ်။ထိုကြောင့် ကိုယ်ကရေမွှေးဖျန်းတော့မယ် ဆိုရင် ခန္ဓာကိုယ်ပေါ်ကရေတွေကို ခြောက်သွေ့အောင်ထိထားပေစေလိုပါတယ်။
တချို့လူတွေက ရေမွှေးစွတ်တဲ့အခါ လက်ကောက်ဝတ်ကိုစွတ်ပြီး လက်ကောက်ဝတ်နှစ်ဖက်စလုံးကိုပွတ်တိုက်လေ့ရှိပါတယ်။ထိုသို့ပွတ်တိုက်ချင်းက ရေမွှေးထဲမှာပါတဲ့ Top Note လို့ခေါ်တဲ့ ခပ်လှမ်းလှမ်းကနေရတဲ့ အနံ့ကိုပျက်ပြေစေပါတယ်။လက်ကောက်ဝတ်နှစ်ဖက်ပွတ်တိုက်ခြင်းကနေထွက်လာတဲ့ ရနံ့က ဝေးဝေးကမရတော့ဘဲ နှာခေါင်းနဲ့ဖိကပ်နမ်းမှသာ မွှေးပါတော့မယ်။
နောက်ပြီး ရေမွှေးပုလင်ထဲကကျန်နေတဲ့ အကန့်အသတ်လေးကိုကြည့်ပြီး စိတ်မပျက်ပါနဲ့။ကျန်တဲ့ အကန့်အသတ်လေးတွေကို တခြားပုလင်ထဲမှာရောပြီး သိမ်းထားပါ။အပေါ်က ပြောခဲ့တဲ့ အနံ့မပါတဲ့လိုးရှင်းနေရာမှာ အောက်ခံရေမွှေးအဖြစ်နဲ့ ဆက်လက်အသုံးပြုလို့ရပါသေးတယ်။
image
ရေမွှေးသုံးတဲ့နေရာမှာ အမျိုးအစားခွဲတက်ဖို့လိုပါတယ်။ကိုယ်ရဲ့ခန္ဓာကိုယ်က အနံ့နဲ့ကြည့်ပြီး လိုက်ဖက်မယ့်အနံ့မျိုးကိုရွေးစေချင်ပါတယ်။ခန္ဓာကိုယ်ကထွက်တဲ့ အနံ့ပြင်းတယ်ဆိုရင် ရေမွှေးပြင်းပြင်းလေးကိုဝယ်ပါ။ခန္ဓာကိုယ်ကထွက်တဲ့အနံ့က ပျော့တယ်ဆိုရင်တော့ ပုံမှန်လေးပဲဝယ်ပေါ့။
ရေမွှေးတွေကို ပုလင်လိုက်သယ်တာထက်စာရင် ရေမွှေးကို ဝါဂွမ်းလေးမှာ စွတ်ပြီးသွားလေးရာကိုပေါ့ပေါ့ပါးပါးသယ်သွားနိုင်ပါတယ်။ပြီးတော့ ကိုယ်လိုတဲ့နေရာကိုလဲ တိုလို့အဆင်ပြေပါလိမ့်မယ်။
ရေမွှေးပုလင်တွေကို တချို့လူတွေက shakeပြီး သုံးလေးရှိပါတယ်။အဲလို shakeတဲ့အခါ ရေမွှေးထဲက ရနံ့ကို ထိခိုက်စေပါတယ်။ပြီးတော့ ရေမွှေစွတ်ပြီးတဲ့ အခါ အပြင်မှာမထာဘဲ သူ့ဘူးနဲ့သူထည့်ထားရင် အကောင်းဆုံးပါ။ရေမွှေးထုတ်တဲ့ company တွေက ရေမွှေးထုတ်တဲ့အခါ ကြာရှည်အသုံးခံအောင်ဘယ်လိုဘူးသုံးရမယ်ဆိုတာ သူတို့တွေက သုတေသနပြုထားတယ်ဆိုတာ လေ့လာရေးသားတင်ပြလိုက်ရပါတယ်။
MSC-112
written by @khaylay
photo from google

Sort:  

သုံးတတ်သေးဘူး

လေ့ကျင့်ပေါ့အကိုရယ်

တကယ်ကောင်းတဲ့ဗဟုသုတပါဗျာ

ကျေးဇူး

Thank for knowledge

ကျေးဇူးတင်ပါတယ်

ဟုတ်

vote ခဲ့ပီ .... ခေးလေး ကျွန်တော့ ဘလော့ကို လာလညတာ တွေ့သေးဖူးနော်

ရေမွှေးသာ လက်ဆောင်ရလို့ သုံးနေတာ
ဒါတွေမသိဘူး

ခုတော့သိပြီးမလားဆင်ခြင်သုံးစေသတည်း

ဟုတ်ကဲ့ပါဗျာ

ရေမွှေးတောသုံးတတ်ဘူး
မလိုဘူးလေ
ညစ်ပတ်အိုးတေ ကိုယ်နံ့နံတဲ့လူဒေသုံးတာ
ခု post ရေးတဲ့လူလည်းနံတယ်နဲ့တူတေ😁😁😁
ကိုယ်ဒေကသန့်တော့ရေမွေးလိုဘူး😁😁😁😁

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.098
BTC 64967.05
ETH 1893.86
USDT 1.00
SBD 0.38