စိတ်ဓာတ်တွေ ပြင်ကျရဦးမည် ရွှေမြန်မာ(၂)

in #myanmar7 years ago (edited)

image
မန္တလေးတောင်တက် ကားလမ်းမုမ်ဦးကို ရောက်သောအခါ ကျောက်တော်ကြီးဘုရားအနောက်ဖက်က လမ်းအတိုင်းကျူံးဘက်ကိုထွက်ရန် ဦးတည်လိုက်သည်။ရာသီဥတုက ယခင်ညကနှင့် လုံးလုံးမတူသည်ကို သတိထားမိသည်။ခုနှစ်နာရီခန့်ရှိသေးအရှေ့လောကဓာတ်ဆီမှာ နေလုံးကြီးက ပီပီပြင်ပြင်နှင့် ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။ဘက်စကားအချို့ ဘေးနားမှ ဖြတ်မောင်းသွားပြီး ကျူံးဘက်ကိုထွက်လာကာ ၁၂လမ်းမကြီးအတိုင်းအနောက်ဘက်ကိုမောင်းနှင်းသွားကြသည်။
image
ကျောက်တော်ကြီးမုမ်ဦးတည့်တည့် အလွန်တွင် သားအမိနှစ်ဦးစီးလာသည့် စက်ဘီးတစ်စီးကဘေးနားမှကပ်ရှောင်ကာ ကျော်နင်းသွားသည့်ကိုသတိထားမိသည်။အမေဖြစ်သူကစက်ဘီးနင်းပြီး သမီးဖြစ်သူက နောက်မှာထိုင်လိုက်နေခြင်းဖြစ်သည်။သမီးဖြစ်သူ၏လက်ထဲတွင်လည်း အိတ်အမည်းနှင့်ထုပ်ထားသည့် အထုပ်တစ်ထုပ်ကို တွဲလျားချကာကိုင်ဆောင်ထားသည့်ကိုလည် တွေ့ရသည်။အမှတ်တမဲ့ သူတို့စက်ဘီးလေးကို လိုက်ကြည့်နေမိသည်။
မကြာမီ စက်ဘီးလေးကိုအရှိန်လျော့ပြီး သမီးဖြစ်သူလက်ထဲက ကိုင်ဆောင်ထားသည့်အထုပ်မည်းကြီးကို ခပ်လှမ်းလှမ်းဆီကို ပစ်လိုက်သည်။ပြီးမှ စက်ဘီးကိုဆက်လက်စီးနင်းသွားခဲ့သည်။
image
မကြာမီ စက်ဘီးလေးကိုအရှိန်လျော့ပြီး သမီးဖြစ်သူလက်ထဲက ကိုင်ဆောင်ထားသည့်အထုပ်မည်းကြီးကို ခပ်လှမ်းလှမ်းဆီကို ပစ်လိုက်သည်။ပြီးမှ စက်ဘီးကိုဆက်လက်စီးနင်းသွားခဲ့သည်။
မြင်ကွင်းကိုမြင်ပြီး ကျတော်တောင်အံသြသွားခဲ့ရတယ်။'ဘာလုပ်တာလဲဟ'ဆိုပြီးတော့ နှုတ်ကနေရွှေတ်မိသည်အထိဖြစ်ခဲ့ရတယ်။နောက်တော့မှသဘောပေါက်မိသည်။အဆိုပါ သားအမိနှစ်ဦး စက်ဘီးရပ်ကာ အထုပ်ပစ်ချသွားသည့်နေရာမှာ ရေဆိုးမြောင်တစ်ခုရှိနေခြင်းဖြစ်သည်။အမှိုက်သရိုက်များကို ဆယ်ယူထားသည့်အတွက်ကြောင့်ထင်သည်။ရေစီးရေလာ အားကောင်းနေသည်ကို ကျတော်ကိုယ်တိုင်မြင်ခဲ့ရသည်။မကြာသေးမီက ပစ်ချလိုက်သည့် အထုပ်မည်းကြီးက ရေစီးအတိုင်မျောပါသွားသည်ကိုလည် ကျတော်လှမ်းမြင်လိုက်ပါသည်။ကျတော်မြင်လိုက်ရသည့် အထုပ်မည်းကြီးက အမှိုက်ထုပ်ပဲဖြစ်မည်ဆိုတာ ယုံကြည်လိုက်ရပါတယ်။
အမှိုက်ထုပ်ကြီးကို ရေမြောင်းထဲပစ်ချသွားသည့် စက်ဘီးတစ်စီးနှင့် သားအမိနှစ်ဦးသည် ကျူံးလမ်းမဘ
က်ကိုထွက်ပြီး အရှေ့ဘက် ၆၆လမ်းမကြီးဆီကိုဦးတည်နေကြသည်။
ဆက်လက်ရေးသားပါမည်
written by @khaylay
MSC-112
HFS-11

Sort:  

စည်းကမ်းသည့် တန်ူဖိုးပါ.
ကောင်းတာ်

ကောင်းပါတယ်

ဟုတ်

လူတိုင်း ပထမဆုံးပြင်ရမဲ့အရာက စိတ်ဓာတ်ပါ

ကျေးဇူးbro

အားပေးနေတယ်ဗျ…

စာတွေကလေ မမြင်ရတော့ မဖတ်တင်ဘူး

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59615.63
ETH 2524.32
USDT 1.00
SBD 2.44