ကန်တော့တောင်းပန်ခြင်း

in #msu8 years ago (edited)

image
ကန်တော့ခြင်းနှင့်ပတ်သတ်၍ မဟာဂန္ဓာရုံ ဆရာတော်ကြီးက 'မိဘဘိုးဘွား ဆရာသမားများ စသည်တို့ကို ကန်တော့ကြရာ၌ သြကာသကန်တော့ချိုးဖြင့် ကန်တော့ကြခြင်းမှာ သူ့နေရာနှင့်သူ မသုံးတတ်ကြ၍ ကန်တော့နေကြခြင်းဖြစ်ကြောင်း အချိန်၏တန်ဖိုးကို နားလည်ကြသောအမျိုးသား အမျိုးသမီးတို့သည် သြကာသကန်တော့ချိုးကို နေရာတိုင်းတွင် အသုံးမပြုကြဘဲ ရိုသေစွာအနားသို့ ချဉ်းကပ်ပြီး လျှောက်ထားဖွယ် နာယူဖွယ်များကို လျှောက်ထားနာယူကာ ရှိခိုးဦးချ၍ ပြန်ကြရန်ဖြစ်ကြောင်း' မိန့်ကြားထား၏။
ထို့ပြင် ကန်တော့သည့်အဓိပ္ပါယ်တွင်လည်း နေရာဌာနအလိုက် ကန်တော့သင့်သကဲ့သို့ ကန်တော့ခံပုဂ္ဂိုလ်ကလည်း သင့်လျော်သော 'ဆု'ကို ပေးသင့်ကြောင်း ထပ်လောင်းမိန့်ဆိုထား၏။
လောကတွင် အထွတ်အမြတ်ဆုံးဖြစ်သော ဘုရား တရား သံဃာနှင့် မိဘဆရာတို့အား ကန်တော့ခြင်းသည် လုပ်သင့်လုပ်ထိုက် လုပ်အပ်သော အမှုကိစ္စပင်ဖြစ်သည်။ အယ်ကြောင့်ဆိုသော် အနန္တောအနန္တငါးပါးသည် ကျေးဇူးတရားကြီးမားလှသောကြောင့်တည်း။
လောက၌ လူတို့၏ စိတ်နှလုံးရွှင်ပြုံးနှစ်သက်ခြင်းကို ဖြစ်စေတတ်သော သက်ရှိသက်မဲ့အရာဝတ္ထုဟူသမျှကို'ရတနာ' ဟုသတ်မှတ်ထားသည်။ထိုသတ်မှတ်ချက်နှင့်အညီ လောကရှိ စိန် ရွှေ ငွေ ကျောက်သံပတ္တမြား စသည့်တို့သည် လူတို့စိတ်နှလုံးကို ရွှင်ပြုံးစေတတ် နှစ်သက်စေတတ်သောကြောင့် ရတနာများဟု ဆိုရပေမည်။
ထိုနည်းတူစွာ ဘုရား တရား သံဃာတို့သည် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့၏ စိတ်နှလုံးကို ရွှင်ပြုံးစေတတ် နှစ်သတ်စေတတ်သည်ဖြစ်ရကား လောကုတ္တရာရတနာပင်ဖြစ်လေသည်။
မိခင်ဖခင်တို့သည် သားသမီးတို့အပေါ် လွန်စွာကျေးဇူးများကြသူများဖြစ်သည်။ မိဘတို့သည် သားသမီးတို့ကို အနန္တ မေတ္တာ ကရုဏာဖြင့်အစဦးစွာပြုစုစောင့်ရှောက် ကျွေးမွေးပြုစုခဲ့ကြသူများဖြစ်သည်။ မွေးသည်မှသေသည်ထိ သားသမီးတို့အပေါ် မိဘတို့ပြုခဲ့သော ကျေးဇူးမှာ ဖော်ပြ၍ မရနိုင်အောင်ပင် များပြားလှ၏။ ဤများပြားသော မိဘတို့၏ ဂုဏ်ကျေးဇူးကို ကျေပွန်အောင် ပြန်လည်ဆပ်နိုင်ရန်ဆိုသည်မှာ မလွယ်ကူလှပေ။
ထို့အတူပင် ဆရာသမားများသည်လည်း လူတို့အတွက် ကျေးဇူးကြီးမားလှသူများဖြစ်ကြ၏။ ဆရာသမားများရှိခြင်းကြောင့်သာ သိစရာမျိုးစုံ တတ်စရာမျိုးစုံ မှတ်စရာမျိုးစုံ ကျင့်စရာမျိုးစုံတို့ကို ရရှိနေခြင်းဖြစ်၏။ အကယ်၍ ဆရာသမားများသာမရှိပါက လူ့လောကကြီးသည် ရိုင်းစိုင်းသောဘဝသို့ ရောက်သွားနိုင်ပေသည်။ လောကရေးရာ ဓမ္မရေးရာတို့၌ တတ်သိနားလည်အောင် စွမ်းဆောင်ပေးနိုင်သူတို့မှာ ဆရာများပင်ဖြစ်၏။
ထို့ကြောင့် အနန္တောအနန္တငါးပါးကို ပူဇော်ကန်တော့ခြင်းသည် လောကီအတွက်သာမက လောကုတ္တရာအတွက်ပါ အကျိုးများလှကြောင်းဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင် ယုံယုံကြည်ကြည်ဖြင့် အကြွင်းမဲ့ လက်ခံကြရန် အကြံပြုရေးသားရပါ၏။
Author by @khaylay
MSC-007

Sort:  

ယုံကြည်ပါသည်

Congratulations! This post has been upvoted from the communal account, @minnowsupport, by khaylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 63994.60
ETH 1797.39
USDT 1.00
SBD 0.39