ကောင်းသောစိတ်

မရှောင်လွဲနိုင်တဲ့သေခြင်းတရားနဲ့ရင်ဆိုင်ခဲ့ရရင် အဆင်ပြေစေဖို့ ပြုလုပ်ပေးချင်ူတဲ့ ဆန္ဒတွေ သူ့ရင်ထဲကိန်းအောင်းနေတာပါ။ဒီစိတ်နဲ့ပဲ သွားရင်လည် စဉ်းစား လုပ်နေကိုင်နေရင်းနဲ့လဲ စဉ်းစားပြီး အင်းတိုက်အားတိုက် ကြိုးစားခဲ့ပါတယ်။နာမှုကူညီရေးအသင်းအဆောက်အအုံမြေနေရာတွေ စီမံဆောင်ရွက်ပြီးချိန် သူကပဲစတင်ပြီး နာရေးကားတစ်စီးလှူဒါန်းခဲ့ပါသေးတယ်။ခုတော့ ကိုယ်လှူထားတဲ့ နားရေးကို အားလပ်ရက်တွေမှာ လိုက်လံမောင်းပို့ရင်း သေခြင်းတရားကို ရဲရဲရင်ဆိုင်နိုင်အောင် ရှုမှတ်လာနိုင်တာတွေကို တွေ့ရပါတယ်။တစ်ခါများဆို လူတွေ သေဆုံးပုံစံအမျိုးမျိုးကို သံဝေဂရဖွယ် ပြောပြတက်ကြပါသေးတယ်။
လူတွေမသေခင်မှာ ကောင်းမွန်တဲ့ စိတ်ထားနဲ့နေထိုင်သင့်ပုံကို တရားဟောဆရာတော်တစ်ပါးလို ကျွန်မတို့ကို ပြောပြတက်ပါသေးတယ်။သူတို့ရဲ ကောင်းမွန်တဲ့စိတ်စေတသိတ်က သူတို့ဇနှီးမောင်နှံကို လူတိုင်ရှောင်လွှဲလို့မရနိုင်တဲ့ သေခြင်းတရားကို ရဲရဲရင်ဆိုင်နိုင်လာအောင် ပြုပြင်ပေးနိုင်ခဲ့ပါသေးတယ်။
ဒါကြောင့် လူတစ်ယောက်ဟာ မှန်ကန်မွန်မြတ်လှတဲ့စိတ်တွေကို ထားသင့်ပါတယ်။ဒီစိတ်ကြောင့် သူတစ်ပါးကို အပြစ်တင်ဝေဖန်ဖို့ အချိန်နည်းပါးနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။
ကောင်းမွန်တဲ့စိတ်ရဲ့ ခေါ်ဆောင်ရာနောက်လိုက်ရင် ကိုယ့်လုပ်ငန်းရဲ့အားနည်းချက် အားသာချက်တွေကို သိမြင်လာနိုင်ပါတယ်။ဒီလိုကိုယ်ရဲ့အားနည်းချက်ကို သိမြင်လာရတော့ ပတ်ဝန်းကျင်ကြောင့်လို့ မထင်မြင်မိတော့ပါဘူး။
ကိုယ်ရဲ့အားသာချက်က ဘာလဲဆိုတာသိလာတော့ ကောင်းမွန်စွာအသုံးချလာနိုင်ပါတယ်။ကောင်းမွန် မှန်ကန်တဲ့စိတ်စေတသိတ်ဟာ အဆုံးစွန်ထိလိုက်နာကျင့်သုံးသူတွေကို ကောင်းမွန်တဲ့ဘဝတွေဆီသို့ ခေါ်ဆောင်သွားနိုင်တယ်ဆိုတာ သေချာပါတယ် စာဖက်ပရိတ်သတ်တို့။
MSC-112
မှန်တာပေါ့ဗျာ
hoke
Nice post
Thank
ခေး နောက်ကို စာအဆုံးမှာ
@khaylay
MSC - 112
အာ့လိုရေးနော်
@khaylay ဘုပ်ပြီးကြာင်း
ဖတ်ခဲ့ပီး...
Okပြီး
okp
စိတ်ထားကောင်းများ မွေးမြူနိုင်ကြပါစေ
မှန်ပါတယ်