လေမွေးမွေး

in #myanmar8 years ago

တခါတုန်းက တောကြီးတစ်ခုမှာ မျောက်ရယ် လိပ်ရယ် မိတ်ဆွေဖွဲ့ နေထိုင်ကြတယ်တဲ့ မျောက်ကတော့ သစ်ပင်ပေါ်မှာ အနေများပြီး လိပ်ကလေးကတော့ မြေပြင်ပေါ်မှာဘဲ နေထိုင်တာပေါ့ သစ်ပင်ပေါ်မှာနေတဲ့ မျောက်က လိပ်ကလေး အန္တရာယ် ရှိမရှိကို အပင်ပေါ်ကနေ ကြည့်ရှုပေးပြီး အရေးကြုံလာရင်တော့ သစ်ပင်ပေါ်မှာ ခဏ ခေါ်ထား ပေးတာပေါ့ မျောက်ကဘယ်သွားသွား လိပ်ကလေးကို ပွေ့ချီပြီး ခေါ်သွားလေ့ရှိတယ်တဲ့ ။
image

image

တနေ့ကျတော့ မျောက်ကလေးဟာ လိပ်ကလေးကို ငပျောပင် ရှိတဲ့ တောထဲခေါ်သွားခဲ့တယ် ငပျောသီးတွေ ဆိုတာကလဲ မှဲ့ပြီးဝင်းဝါ နေသတဲ့ ငပျောတောကို မြင်ပြီးအရမ်းပျော်နေတဲ့ မျောက်ဟာ တစ်လုံးစားလိုက် အခွံတွေကို လိပ်ကလေးအပေါ် ပြစ်ချလိုက် တစ်ပင်ပြောင်းလိုက် အသီးတွေကိုစားလိုက် လိပ်ကလေးအပေါ် ပစ်ချလိုက်နဲ့ လိပ်ကလေးကို ကျိစားနေတယ်တဲ့ လိပ်ကလေးကလဲ ကိုရွှေမျောက်ရယ် ကျနော့ကိုလဲ တစ်လုံးလောက်ပစ်ချပေးပါဗျား ဗိုက်ဆာလှပြီ ဆိုပြီးတောင်းစားတာပေါ့ မျောက်ကလဲ ချမပေးဘဲ သူ့ဟာသူ စားပြီး အခွံတွေဘဲ ပစ်ချပေးသတဲ့ ။

image

ဒီလိုနဲ့ လိပ်ကလေးလဲ ဒေါသထွက်သွားပြီး တစ်ရွှေ့ရွှေ့နဲ့ သွားလိုက်တာ မြို့နဲ့နီးတဲ့ တောနား ရောသွားသတဲ့ အာ့ဒီတောထဲမှာ ပန်းသီးတွေ သီးနေလိုက်တာ ရဲတွတ်နေတာဘဲပေါ့ အပင်အောက်မှာကလည်း ငှက်စားထားလို့ ကြွေနေတဲ့ ပန်းသီးတွေကလည်း အများကြီးဘဲပေါ့ လိပ်ကလေးလည်း ဝမ်းသာပြီး အားရပါးရ စားပစ်လိုက်သတဲ့ စားပီးတော့ လိပ်ကလေး လေလည်သွားမိတာပေါ့ သူလေလည်လိုက်တဲ့ အနှံ့ဟာ အရမ်း မွေးနေပါသတဲ့ ဒီတော့ လိပ်ကလေးက မြို့ထဲဝင်ပြီး အီးမွေးမွေးရမယ် အီးမွေးမွေးလို့ လိုက်အော်သတဲ့ မြို့သားတွေကလည်း ထူးခြားတဲ့လိပ်လေး အကြောင်းကို ဘုရင်ကြီးထံ သံတော်ဦးတင်တာပေါ့ ဘုရင်ကြီးကလည်း ထို လိပ်ကလေးကို ရှေ့တော်မှောက် သွင်းခိုင်းပါသတဲ့ ဘုရင်ကြီး ရှေ့တော်မှောက်ကို ရောက်တော့ လိပ်ကလေးက သူလေလည်လိုက်ရင် အီးအနှံ့က အရမ်းမွှေးကြောင်း သံတော်ဦးတင်သတဲ့ ဘုရင်ကြီးကလည်း လိမ်စရာမရှိ ရှာကြံလိမ်တဲ့လိပ် အီးပေါက်ပါတယ်ဆို မွေးစရာ အကြောင်းရှိပါ့မလား လို့မေးသတဲ့ လိပ်ကလေးကလည်း ကျနော်မျိုးအသက်နဲ့ အာမခံကြောင်း ပြန်လည် လျောက်ထားပါသတဲ့ ဘုရင်ကြီးကလည်း မောင်မင်း ပြောသလို ဟုတ်ရင်ဟုတ် မဟုတ်လို့ကတော့ ငါ့သံပူနဲ့ မင်းကိုထိုးသတ်ပြီး အဆုံးစီရင်မယ် အကယ်၍ မောင်မင်းပြောသလို မှန်ကန်ခဲ့ပါက ရွှေစင်တစ်သိန်း ဆုချမယ်ဟူ၍ အမိန့်တော်မှတ်လေသည်
image

ဒီအခါဘုရင်ကြီးလဲ မိဖုရား မောင်းမ မိဿံ ခြံရံ လျက် မူးမတ်ဗိုလ်ပါမကျန် လိပ်အီးနံ့ရှုရန် အမိန့်တော်ထုတ်လေသည် ထိုအခါ လိပ်ကလည်း နန်းတံခါးများ အလုံပိတ်စေ၍ လိပ်အီးနံ့ရှုရန်လျောက်တင်လေသည် လိပ်ကလေးပြောသည့်အတိုင်း နန်းတံခါးများကို ပိတ်လျက် လိပ်းကလေးအား အီးပေါက်စေပါသည် လိပ်ကလေး အီးပေါက်လိုက်သောအခါ မည်သို့ဖြစ်သွားမည်နည်း။
ဆက်ရန်မျော်ကြပါခဗျား

khayae
MSC 079
credit;google image &facebook

Sort:  

အဲ
အပိုင်းဆက်နဲ့ပဲဗျ ဟီး
ဘာပဲဖြစ် စာလုံးရေပြည့်ရင်အဆင်ပြေတာပါပဲ
မျှော်ရပြန်ပြီပေါ့ဗျာ😁😁

ကျေးဇူးပါ ကိုမိုး

စောင့်ရဦးမှာပေါ့ဗျာ သိချင်နေတော့လည်း

ကျေးဇူးပါ

အပိုင်းဆက်တွေချည်းပါလား

ခုမှပါဂျာ

ငယ်ငယ်က ဖတ်ဖူးတဲ့ပုံပြင်လေး ပြန်သတိရမိတယ်bro အားပေးနေပါတယ်

ဟုတ်ကဲ့ပါဗျ

အဲ ဘယ်လိုဆက်ဖြစ်သွားတာလဲသိချင်သေးသပါ့။

ဟုတ်ပါနော်

ဆက်မျှော်နေပါတဟ်

ဟုတ်ကဲ့ပါဂျ

မျှော်​လင့်​​နေမယ်​​ဗျာအပိုင်းဆက်​က​လေး

ဟုတ်ကဲ့ပါဂျ

မျှော်နေပါတယ်Broရေ

ဟုတ်ကဲ့ပါဂျ

ပုံပြင်လေးတွေ စိတ်ဝင်စားဖို့ကောင်းတယ် တစ်ခါမှတော့ မဖက်ဖူးဘူး

ခုဖတ်လိုက်ပီဘဲလေ

OMG လိပ်အီးပေါက်တော့မယ် ......

ဗိုက်နာနေပီ ဟာဟား

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.078
BTC 65300.97
ETH 1723.05
USDT 1.00
SBD 0.42