ဒါန ဟူသည်

in #myanmar8 years ago

ဒါနဟူသည် ပေးကမ်းခြင်း စွန့်ကြဲခြင်း လှူ ဒါန်းခြင်း ချီးမြှောက် ခြင်း လို့အဓိပ္ပါယ် ရပါတယ် ။ ပေးကမ်းခြင်းလို့ ဆိုကြရာဝယ် ကိုယ်နှင့် ရင်းနှီးသောသူ တစ်ယောက်၏ လိုအပ်ချက်ကို ထောက်ရှု့၍ သူ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရာကို ပေးကမ်း ခြင်းလို့လဲ အဓိပ္ပါယ်ဖွင့်ကြပါတယ် ကိုယ်နဲ့မသိသော သူများကအကူညီလို၍ လာရောက် တောင်းဆိုခြင်းအပေါ် သံသယစိတ် မထားဘဲ အကြွင်းမဲ့ ယုံကြည်စွာ ကူညီပေးလိုက်သော အရာကိုလဲ ပေးကမ်းခြင်း လို့ ဒီလို အဓိပ္ပါယ် ဖွင်ကြလဲ ဖွင့်လို့ရပါတယ် ။ တချို့ဆို အမည်မဖော်ဘဲပေးကမ်းတာလေးတွေ ရှိတာကို ကျနော်တွေ့ဖူး ကြုံဖူးတာလေးတွေလဲ ရှိပါတယ် ကျနော် ခရီးတခု သွားစဉ်က နေ့လည်ဆယ့်တစ်နာရီ အချိန် ထမင်းစား အနားပေးချိန် ထမင်းဆိုင် တစ်ဆိုင်မှာ ဝင်နားကြတော့ ခရီးသည် အားလုံး ထမင်းစားကြ တာပေါ့ ကျနော်လည်း ထမင်းတစ်ပွဲ မှာစားပါတယ် ထမင်းစားပြီးတော့ အအေးဘူး လာချပေးတယ် ကျနော်လည်း အအေးဘူးမမှာထားဘူးပေါ့ ဒါနဲ့ အအေးဘူးမမှာထားကြောင်း စားပွဲထိုးလေးကို ပြောပြပါတယ် စားပွဲထိုးလေးက မှန်ပါအလှူ ရှင်တစ်ဦးက အားလုံး ရှင်းပြီးပြီ ဖြစ်ကြောင်း ပြောပြပါတယ် ဒါနဲ့ ကျနော်လည်း ဘယ်သူရှင်းသွားတာလဲလို့ မေးတော့ သူလည်းမသိကြောင်း ပြောပြပါတယ် ။ ဒါနဲ့ တချို့အလှူ ရှင်တေက ဘယ်သူဘယ်ဝါ ပေးလှူ ပါတယ် ဆိုတာကို မသိစေဘဲ အဝေးကနေ ကြည်နူးနေတာကို ပီတိဖြစ် ပြီးနေကာ ကူညီတတ်သူတွေလဲ ရှိပါတယ် ။

image

နောက်တစ်ခုက စွန့်ကြဲခြင်းတစ်မျိုးပါ စွန့်ကြဲခြင်းလို့ ဆိုကြ ရာဝယ် တောင်းခံသူ အကူညီလိုသူက လာရောက်တောင်းခံ ရာမှာ ဘာမှမစဉ်းစားတော့ဘဲ ပေးကမ်းလိုက်တာပါ ဥပမာအနေနဲ့ ပြောရရင် ဝေသန္တရာ ဇတ်တော်မှာ မိုးခေါင် ရေ ရှားပြီး သီနှံစိုက်ပျိုးလို့ မဖြစ်ထွန်းတဲ့ နိုင်ငံက ပရောဟိတ် အမတ်ကြီးက ဆင်ဖြူ တော်တော် ရှိရင် အခုဖြစ်နေတဲ့ ကပ်ဆိုးကနေ ကယ်တင်နိုင် မယ် ဆိုတော့ ဝေသန္တရာ မင်းကြီးထံ ဆင်ဖြူ တော် လာတောင်းပါတယ် ဘာကိုမှ မစဉ်းစားဘဲ ဆင်ဖြူ တော်ကို စွန်ကြဲပေးလိုက်တယ် ဒီလိုနဲ့ဘဲ ရှင်ဘုရင်ကို တိုင်းပြည်သူပြည်သားတွေက နန်းချပြီး တောထဲကို မောင်းထုတ်ကြတယ် ဘာမှတွေဝေမှုမရှိဘဲ တောထဲကို ထွက်သွားတယ် အာ့ဒါနဲ့ ကြင်ယာတော်က လိုက်မယ်ဆိုပြန်တော့ တားတာပေါ့ တားမရတဲ့အဆုံး တောထဲလိုက်ခဲ့ဖို့ သဘောတူလိုက်ရတယ် သားတော်နဲ့ သမီးတော်လဲ မိဘနဲ့ မခွဲနိုင်လို့ တငိုငို တယိုယိုနဲ့ တောထဲ လိုက်ဖို့ခွင့် တောင်းပြန်တယ် ။

image

image

ဒီလိုနဲ့ သားအမိ လေးယောက် တောထဲကို ထွက်ခွါ လာခဲ့ကြတယ် တောထဲမှာ နေရတာ နန်းတော်မှာ နေရသလို မဟုတ်တဲ့အတွက် အရမ်းပင်ပမ်းဆင်းရဲ ပုံကို စာဖတ်သူတို့ သိကြမယ်ထင်ပါတယ် ။ တနေ့ကျတော့ သူ့သားတော်နဲ့ သမီးတော်ကို ပုဏ္ဏားကြီးတစ်ယောက်က အလှူ လာခံ ပြန်တယ် ဒီအချင်းအရာကို သိတဲ့ သားသမီးနှစ်ယောက်က ရေအိုင်ကြီးထဲကို ခြေနှောက်ပြန် ဆင်းပြီး ကြာဖတ်တွေကို ဦးခေါင်းပေါ်တင်ပြီး ပုံးနေကြတယ် ။
image

သူတို့မိဘတွေနဲ့ မခွဲနိုင်လို့ နန်းမြို့တော်မှာ အဖိုးအဖွားတွေနဲ့ မနေဘဲ တောထဲကိုလိုက် ခဲ့ရတဲ့ မောင်နှမ နှစ်ယောက်

image

အခုပုဏ္ဏားကြီးက အလှူ လာခံတော့ မိဘတွေနဲ့ ခွဲခွာရမယ့် မောင်နှမ နှစ်ယောက်ရဲ့ အဖြစ်ဟာ ရင်နှင့်စရာ ကောင်းလှ ပါတယ် ။ ဒီအချင်းအရာကို သိတဲ့ ဝေသန္တရာ မင်းကြီးက သားတော်သမီးတော်တွေကို ခေါ်ယူပြီး ပါရမီ ဖြည့်ပေးဖို့ မေတ္တာ ရပ်ခံတော့ မိဘစိတ်ချမ်းသာပြီ ပါရမီ ပြည့်အောင် ဖြည့်ဆည်းပေးကြ ရှာတယ်။

image

ဒါနဲ့ ဘုရင်ကြီးလဲ သူ့သားသမီးတွေကို ကျွန်အဖြစ် ပုဏ္ဏားကြီးအား ပေးလိုက်လေသည် ။ တောထဲကနေ မိခင်ဖြစ်သူက ပြန်လာပြီး သူ့သားသမီးတွေ မတွေ့ရတဲ့အခါမှာ ကျားဘဲဆွဲသွားသလား ဆော့ကစားရင်းနဲ့ မျက်စိလည်လမ်းမှားနေ သလားဟူသော အတွေးတွေနဲ့ သူ့သားသမီး တွေ ဆော့ကစားတတ်တဲ့နေရာမှာ လိုက်ရှာသော်လည်းမတွေ့ ဝေသန္တရာ မင်းကြီးကို မေးသော်လည်းမဖြေနဲ့ သားသမီးတွေအပေါ် စိတ်ပူသောက ရောက်နေသည့် မိခင်ရဲ့ စိတ်နှလုံးမချမ်းမသာ ဖြစ်နေပုံမှာလဲ စာဖတ်သူတို့ တွေးကြည့်တာနှင့် သိမည်ထင်ပါသည် ။

image

ဝေသန္တရာ ဇာတ်တော်ကို မှီညမ်း၍ အတွေးအမြင်လေးများဖြင့် ရေးသားပါသည် ။

ကျနော်တို့ ရွာထဲက လူငယ်လေးတစ်ယောက် မှာလည်း အပေါင်းအသင်း များက သူ့ဝတ်ထားသော အင်္ကျီကို ကြိုက်တယ် ပေးခဲ့တော့ ဆိုလျှင် တစ်ခါတည်း ချွတ်ပေး တတ်သည် သူ့အမေက အဲ့ဒီအင်္ကျီ နှင်မှာ မတွေ့တော့ဘူး ဘယ်ရောက်သွားလဲ မေးရင် ပေးလိုက်ပြီ သားအင်္ကျီ သူကရချင်တယ်ဆိုလို့ ပေးလိုက်တာ ဟုဖြေတတ်လေသည်။

image

ပုဆိုးဆိုလဲ ထိုနည်းလည်းကောင်း ဘောင်းဘီတိုနဲ့ ပြန်လာတတ်သည် သူတို့အိမ်မှာ စကားများသံ ကြားရရင် ထိုကိစ္စနှင့် စကားများတတ်သည် လက်ပတ်နာရီ ဆိုလည်း မနှမြော ပေးရတာကိုက သူမှာပျော်နေတတ်သူ ဤသည်မှာလဲ စွန့်ကြဲခြင်း တစ်မျိုး ပေတည်း ။

ပေးကမ်းစွန့်ကြဲ လှူ ဒါန်းခြင်းသည် မြတ်သော မင်္ဂလာ ရှိသော ဒါန ဖြစ်၏

ပါရမီကို ဖြည့်ဆည်းရာ ရောက်သလို ကုသိုလ် အလွန်များသော အလုပ် ဖြစ်၏

ပေးကမ်းစွန့်ကြဲ ခြင်းသည် တစ်ပါသူ စိတ်ချမ်းသာသလို ကိုယ်လဲ စိတ်ချမ်း သာမှုကို ရစေနိုင်၏

သေလွန်သည့်အခါ ကောင်းကျိုးချမ်းသာရရှိမည်မှာ မလွဲဧကန် အကျိုးပေး မည်မှာ မှန်ပေသည်တည်းးးးးးးး။

လှူ ဒါန်းခြင်း ချီးမြှောက်ခြင်းကို အလျင်းသင့်သလို ရေးသား သွားပါမည်။

khayae
MSC - 079
photo credit;google image

Sort:  

ပေးကမ်းစွန့်ကြဲခြင်းသည်မွန်မြတ်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါသည်

ဘုရားအလောင်းတော်တို့ ပါရမီဖြည့်ရာတွင် ဒါနပါရမီက စဖြည့်ပါတယ်ဗျား

ချမ်းသာဖို့အတွက်အဓိကလုပ်ရမဲ့အလုပ်ကဒါနပါဘဲတဲ့

ဒါနက ရင်းနှီးမြှုပ်နှံတာနဲ့လဲတူပါတယ် ဒါကြောင် စိတ်ရဲ့ဖြစ်ပေါ်မှုနဲ့ ပြုလုပ်တဲ့ အပေါ်မူတည်ပြီး အကျိုး ပြန်ပေးတတ်တယ် လို့ဆရာတော် များက မိန့်တော်မူတယ်ဗျ

နောင်သံသရာချမ်းသာဖို့ အထောက်အပံ့ရချင်ရင်တော့ ဒါနသာများများလုပ်ရမှာပေါ့ဗျာ

ဒါန မျိုးစေ့ ချမှသာ နောင်သံသရာ စိတ်အေးမှာ

အလှူဒါနလုပ်တဲ့နေရာမှာတော့ ဝေသန္တရာ လိုလူကရှားမှရှားပါပဲဗျာ။

ဟုတ်ပါတယ်ဗျား

ဒီလိုမျိုးpostတွေကို ဖက်ရတာ အရမ်းတန်တယ်ဗျာ good postပါbro

ဖတ်ပေးလို့ ကျေးဇူးပါ

ကျေးဇူးပါဗျား ကြိုးစားပ့ါမယ်

ဖိနပ်နဲ့ထီးမပါရင် နွေခါမှသိ
ဒါနနဲ့ သီလမပါရင် သေခါမှသိ

နေ့စဉ် အလှူဒါနတခုပြုလုပ်နိုင်ရင် အကောင်းဆုံးပါ

ဟုတ်ပါတယ်ဗျား

ပေးကမ်းစွန့်​ကြဲခြင်းအလှူကတစ်​ဖက်​လူအတွက်​ပိုပြီးအကျိုးရှိ​စေပါတယ်

အကျိုးရှိတာကတော့ ထပ်တူကျပါတယ်
ပေးကမ်းစွန့်ကြဲသူက ကုသိုလ်မျိုးစေ့ အသစ်ချ ပြီး
လက်ခံရယူသူက သူ့တချိန်က ပြု ခဲ့တဲ့ ကုသိုလ်မျိုးစေ့ကို
ပြန်လည်စားသုံးခြင်းလို့ ခေါ်ပါတယ်
အာ့ဒါကြောင့် ပညာရှိ သူတော်ကောင်းတွေက ကုသိုလ်ကောင်းမှု ပြုသူတွေကို ချီး မွမ်းလေ့ရှိပါတယ်ဗျား

သံသရာအတွက်​ဒါနရိက္ခာ​လေး ပါသွားဖိုလိုအပ်​ပါတယ်​​ဗျာ

ဟုတ်ပါတယ် ကိုယ်အတွက်မှ ကိုယ်မပြင်ဆင်ရင် ဘယ်သူပြင် ပေးမလဲလေနော့

မှတ်သားမိပါတယ်

ဖတ်ပေးလို့ ကျေးဇူးပါ

Congratulations @khayae! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.079
BTC 60480.78
ETH 1583.43
USDT 1.00
SBD 0.47