သိုင်းသမားတယောက်၏ အထ္တုပ္ပတိ ၄steemCreated with Sketch.

in #esteem7 years ago (edited)

သိုင်းသမားတစ်ယောက်၏ အတ္ထုပ္ပတ္တိ 4

image

ဖေ့စ်ဘွတ် မှ ကူးယူပါ၏
facecbook တွင်ကြည့်ရှုပါမည်
ဆက်လက်၍ဖတ်ရုချင်လျှင် အောက်တွင်ဖတ်ပါ⏬⏬


# #သိုင်းသမားတစ်ယောက်၏ အတ္ထုပ္ပတ္တိ (၄)

သမားတော်ကွေ့မု၏ စကားအဆုံးတွင် ရှီကျင်းလုနှင့် ယဲ့ချင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ကွေ့မုက အတန်ကြာ ရယ်မောပြီးမှ သူတို့နှစ်ယောက်ဖက်လှည့်ကြည့်ကာ
"အခု မင်းတို့ဘယ်လိုလုပ်ကြမလဲ"
သမားတော်စကားကြောင့် ယဲ့ချင်းမှာ သူမ၏ အခြေအနေအား သုံးသပ်လိုက်၏။သူမသည် အပြင်ထွက်လိုက်လျှင် သေမင်းခေါ်သံတို့နှင့် ဆုံတွေ့ရမည်ဖြစ်ပြီး ဒေါင်းဖြူ ဂိုဏ်းသို့ ပြန်ရောက်ရမည်။သူမသည် ဒေါင်းဖြူဂိုဏ်းသို့ ပြန်မသွားချင်ပေ။သို့သော် သူမတွင် သွားစရာတစ်ခြားမြေ မရှိပေ။သူမသည် သိုင်းလောက၏ ဧကရာဇ်ကုပိုကျောက်၏ ချစ်ဆုံးဖြစ်နေသည်က သူမအတွက် နေစရာမြေ ရှားပါးသွားခြင်းဖြစ်တော့သည်။သူမသည် ရှီကျင်းလုအား အားကိုးတစ်ကြီးနှင့် ကြည့်လိုက်၏။ရှီကျင်းလုက သူမအဖြေအား စိတ်ဝင်စားစွာနှင့် စောင့်ဆိုင်းနေဟန်တူလေသည်။ယဲ့ချင်းက
"အကို ညီမဟာ သန့်စင်သူမဟုတ်တော့ပါဘူး။ဒါပေမဲ့ ညီမ အကို့ကိုချစ်တဲ့အချစ်တွေဟာ အမြဲတမ်း ဖြူ စင်ခဲ့တာပါ။အကယ်၍ အကို ညီမကို နဲနဲလောက်သံယောဇဉ်ရှိနေအုံးမယ်ဆိုရင် ညီမအကို့လက်ပေါ်မှာပဲ သေဆုံးချင်ပါတယ်"
ယဲ့ချင်း၏ ကြေကွဲဆွေးမြေ့ဖွယ်ကောင်းသော စကားက ရှီကျင်းလုတင်မဟုတ် ကွေ့မုကိုပါ ထိခိုက်သွားစေသည်။ရှီကျင်းလုက ယဲ့ချင်းအား ဂရုဏာအပြည့်ပါသော အကြည့်နှင့် ကြည့်ကာ
"အကိုချစ်ခဲ့တာ ညီမရဲ့ခန္တာကိုယ်ကို မဟုတ်ခဲ့ပါဘူး။ညီမကိုပါ။ညီမသာ အကို့အနားရှိမယ်ဆိုရင် အကိုဟာ အပျော်ရွင်ဆုံး လူသားဖြစ်မှာပါ"
ယဲ့ချင်းမှာ မျက်ရည်များကျလာကာ တုန်ယင်သော လေသံနှင့်
"ကျေးဇူးပါ အကိုရယ်။ညီမဟာ အကိုလို့ချစ်သူတစ်ယောက်ရတာကိုပဲ အမြဲဂုဏ်ယူကျေနပ်ခဲ့တာပါ" ဟု ပြောကာ ရှိုက်လိုက်လေတော့သည်။ရှီကျင်းလုံက ကလေးအား ယဲ့ချင်းနံဘေးတွင်ချကာ ယဲ့ချင်းအား ဖက်ထားလိုက်ရာ ယဲ့ချင်းက ရှီကျင်းလုပျောက်ကွယ်သွားတော့မည်အလား တင်းကျပ်စွာပြန်လည်ဖက်ထားလိုက်လေသည်။ထိုအဖြစ်အား ကွေ့မုက ကြည့်ကာ တစ်ချက်ပြုံးကာ မျက်နှာလွဲလိုက်၏။ရှီကျင်းလုက ယဲ့ချင်းအား ဖက်ထားရာမှ ခွာလိုက်ကာ သမားတော်ဖက်သို့ လည့်လာသည်။ထို့နောက် သမားတော်၏ရှေ့၌ ဒူးထောက်ကာ
"ဆရာကြီး ကျူ ပ်ဇနီးနဲ့ ကလေးကို ကယ်တင်ပေးတယ့်အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ်။ကျူ ပ်မှာ ဆရာကြီးကိုပေးဖို့ တန်ဖိုးရှိတဲ့အရာတော့ မရှိပါဘူး။ဒါပေမဲ့ ဆရာကြီးရဲ့ ကျေးဇူးဟာ ကျူ ပ်အပေါ်တင်နေပြီမို့ ဆရာကြီး လိုချင်တာကို ကျူ ပ်မရရအောင် ယူလာပေးပါ့မယ်။အမိန့်ရှိပေးပါ"
ရှီကျင်းလု၏စကားများသည် ကျောက်ဆိုင်ကျောက်ခဲများကဲ့သို့ မာကျောလှလေသည်။သိုင်းလောကတွင် လျပ်တပြက်ဓား ကျော်ကြားသည်မှာ ဓားပညာနှင့် သူ၏ကတိကြောင့်ဖြစ်လေ၏။ယဲ့ချင်းမှာ ရှီကျင်းလု၏စကားကြားရသောအခါ ကြက်သီးများပင် ထသွားတော့သည်။ကွေ့မုက ရှီကျင်းလုစကားဆုံးသောအခါ ရှီကျင်းလုအား တစ်ချက်စူးခနဲ ကြည့်လိုက်ပြီးနောက် မျက်နှာလွဲကာ
"မင်းပြောတာ အတိုင်းအတာ တစ်ခုထိမှန်ပါတယ်။ကလေးကို ငါကယ်လိုက်တာ ဖြစ်ပေမယ့် ကလေးမလေးကိုတော့ ငါကယ်လိုက်တာ မဟုတ်ပါဘူး" ဟု အဝေးတစ်နေရာသို့ ကြည့်ရင်း ပြောလိုက်၏။ကွေ့မုအား ကြည့်ရသည်မှာ ထိုကလေးငယ်အား ရှုံးသွားခြင်းကြောင့် စိတ်ဓာတ်အကြီးအကျယ်ကျနေပုံပင်။ယဲ့ချင်းက သမားတော်စကားဆုံးသောအခါ
"ဆရာကြီး တစ်ခုလောက် မေးချင်လို့ ရမလားရှင့်"
ကွေ့မုက သူမဖက်လှည့်လာကာ သူမအား ကြည့်နေတော့၏။သူ၏ပုံစံမှာ ပြောကြည့်လေ ဆိုသော ပုံစံပင်။ယဲ့ချင်းက
"အဲ့ကလေးကို ဆရာကြီးသိမယ်ထင်တယ်"
မှန်ပေသည်။ကွေ့မုက ငါအရှုံးပေးပါတယ် ဟု ပြောခဲ့သည်မဟုတ်လား။ယဲ့ချင်းသည် ထိုကလေးငယ်၏ စကားပြောပုံဆိုပုံသည် ထူးဆန်းလှသဖြင့် တွေ့စကတည်းကပင် စိတ်ဝင်စားနေ၏။ထို့ကြောင့် အခွင့်ကြုံသည်နှင့် မေးမြန်းလိုက်ခြင်းပင်။ရှီကျင်းလုမှာ ကလေးငယ်အား မမြင်ဖူးသော်လည်း ကလေးငယ်၏ အရည်အချင်းနှင့် သမားတော်၏ စကားများကြောင့် စိတ်ဝင်းစားမိခဲ့၏။ထို့ကြောင့် သူကလည်း သမားတော်ကွေ့မုပြောလာမည်ကို စောင့်ဆိုင်းနေလိုက်၏။သမားတော်ကြီးက
"အဲ့ကလေးဟာ ရောဂါသည် စိတ်မနှံ လူကြီးတစ်ယောက်ပါ"
"ရှင် "
"ဗျာ "
ရှီကျင်းလုနှင့် ယဲ့ချင်းတို့မှာ သမားတော်စကားကြောင့် အံ့သြသွားကြ၏။သမားတော်ကြီးက ဆက်၍
image
"သူဟာ လွန်ခဲ့တဲ့နှစ်က လိပ်ပြာတောင်ကုန်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ သိုင်းသမားတိုင်းရဲ့ သိုင်းကျမ်း ဆေးကြမ်း ဆေးမြစ် အားလုံးကို သိမ်းကျုံးယူသွားခဲ့တယ်။သူဟာ သိုင်းပညာမတတ်ပါဘူး။ဒါပေမဲ့ ကိုယ်ဖော့ပညာနဲ့ ဆေးပညာကတော့ ပြိုင်ဖက်ကင်းအောင်ကို ကောင်းတယ်။သူဟာ ဆေးမြစ် ဆေးရွက် ဆေးကြမ်းတွေကို စုဆောင်းပြီး သူ့ရဲ့ရောဂါကို ကုသနိုင်အောင် ကြိုးစားနေသူပါ"
"အော် အဲ့လိုလား "
ရှီကျင်းလုနှင့် ယဲ့ချင်းတို့မှာ ယခုမှ သဘောပေါက်သွားတော့သည်။အတန်ကြာမှ ရှီကျင်းလုက
"ဒါနဲ့ သူ့ရောဂါက ဘယ်လိုရောဂါမျိုးလဲ "
"ကျူ ပ်တစ်သက် အဲ့ရောဂါမျိုး မကြားဖူး မမြင်ဖူးခဲ့ဖူးဘူး။သူကို ကယ်နိုင်တဲ့ ဆေးတစ်မျိုးပဲ ရှိတယ်"
"ဘာဆေးများလဲ " ဟု ယဲ့ချင်းက စိတ်ဝင်စားစွာ မေး၏။သမားတော်က အတန်ကြာ စဉ်းစားနေဟန်ဖြင့်
"ကလေးငယ်တစ်ယောက်ရဲ့ အသည်းနဲ့ နှစ်တစ်ရာဗြိုင်းဖြူ ပါ"
"ရှင် "
"ဟာ "
ရှီကျင်းလုမှာ မကြားဖူးသော ဆေးဖော်စပ်ရမည့် ပစ္စည်းကြောင့် အံ့သြသွားသော်လည်း ယဲ့ချင်းမှာ မျက်နှာအပျက်ကြီး ပျက်သွားလေတော့သည်။ယဲ့ချင်း မျက်နှာပျက်နေသည်ကို သမားတော်ကြီးက မြင်သောအခါ
"ဘာဖြစ်လို့လဲ" ဟု ယဲ့ချင်းအား ကြည့်ကာ မေးလိုက်၏။ယဲ့ချင်းက မျက်နှာအပျက်ပျက်နှင့်
"ဟို ကျမက သူ့ကို ဗြိုင်းဖြူ ခြေထောက်နဲ့ လုပ်ထားတဲ့ ဆံထိုးပေးခဲ့တယ်"
"ဟာ "
"ဟာ သွားပြီ "
ရှီကျင်းလုမှာ ယခုမှ နားလည်လိုက်သော်လည်း သမာတော်မှာ လန့်ဖြန့်သွားလေ၏။
"အော် ဒါကြောင့် သူက အဲ့ဆေးတိုက်လိုက်တာကိုး "
သမားတော်ကြီးရေရွတ်သံကြားလိုက်မှ ယဲ့ချင်းလည်း သဘောပေါက်သွားတော့သည်။ရှီကျင်းလုက
"အဲ့တာ ဘာဆေးလဲ "
"အဲ့ဆေးက ရှားပါးပြီး တန်ဖိုးကြီးလွန်းတယ်။ဒါပေမဲ့ "
"ဒါပေမဲ့ ဘာဖြစ်လဲဟင် "
ယဲ့ချင်းမှာ သမားတော်ကြီးက စကားရပ်လိုက်သဖြင့် အားမလိုအားမရနှင့် ထိပ်လန့်ကာ မေးလိုက်၏။သမားတော်ကြီးက သူမအား ဝမ်းနည်းမျက်လုံးနှင့် ကြည့်ကာ
"အဲ့ဆေးက စိတ်ဖောက်ပြန်သူကို စိတ်မှန်အောင် ပြုလုပ်ပေးနိုင်ပေမဲ့ ကောင်းနေတဲ့သူကိုတော့ စိတ်ဖောက်ပြန်စေတယ်"
"ရှင် "
"ဗျာ "
ယဲ့ချင်းမှာ ယခုမှ ဇောချွေးများပြန်လာကာ ကြောက်လှန့်လာ၏။ရှီကျင်းလုမှာ မျက်နှာပျက်ယွင်းသွားတော့သည်။အတန်ကြာမှ ရှီကျင်းလုက
"ဆရာကြီး ဟို ဟို ယဲ့ချင်းကို ကုလို့ မရနိုင်ဖူးလား"
သမားတော်ကြီးက ရှီကျင်းလုအား ကြည့်ပြီး ယဲ့ချင်းအား သနားဟန်နှင့် ကြည့်ကာ
"နည်းတစ်နည်းပဲ ရှိပါတယ်။ဒါပေမဲ့ အဲ့ဆရာကြီးလဲ မရှိတော့ ကျူ ပ်လည်းမပြောတတ်တော့ဘူး"
"ကျမ ကျမ ဘယ်ချိန်ရောဂါပြမလဲဟင်"
ယဲ့ချင်း၏ အဖြစ်အပျက်ကား သနားစရာဘဝသို့ တခဏအတွင်း ပြောင်းလဲရောက်ရှိသွားတော့၏။သူမသည် ကုပိုကျောက်လက်မှ လွှတ်မြောက်ကာ မကြာခင်အချိန်ကမှ လူ့လောကသို့ ရောက်ရှိလာသော သမီးလေးနှင့် သူမချစ်သော ရှီကျင်းလုနှင့် နေပင်မနေရသေး ခွဲခွာဖို့က အကြောင်းဖန်လာသဖြင့် အသည်းများပျက်စီးသလို ခံစားရနေသည်။သမားတော်ကြီးက
"ကျူ ပ် မင်းကို အပ်စိုက်ပေးခဲ့တာဟာ မင်းကို အချိန်အခန့်အတန့်အထိ ကယ်သလိုဖြစ်သွားတယ်။မဟုတ်ရင် ဒီချိန်ဆို မင်းရူးနေလောက်ပါပြီ"
ယဲ့ချင်းနှင့် ရှီကျင်းလုတို့၏ ထိပ်လန့်နေမှု့မှာ ဆိုဖွယ်မရှိတော့ပေ။image
သူမလမ်းတွင်တွေ့ခဲ့သော ရောဂါသည်ကလေးငယ်ပုံနှင့်လူ၏ အကြံကား ရက်စက်ကာ အတွေးမှာ တိကျလှပေသည်။သူမထံမှ ဗြိုင်းဖြူ ခြေထောက်၏ ဆံထိုးရလိုက်သည်နှင့် ထိုလူက အစီအစဉ်ဆွဲခဲ့ဟန် တူ၏။သူမအား ဆေးတစ်လုံးပေးခဲ့ကာ သူမအားမွေးဖွားပြီးမှ ထိုဆေးအားသောက်ခိုင်းခဲ့သည်။ယခု သမားတော်ကြီးသာ အပ်မစိုက်ခဲ့ပါက ဤအချိန်တွင် သူမရူးသွပ်နေပေပြီ။သူမရူးသွပ်နေချိန် ထိုသူက ကလေးငယ်အား အေးအေးသက်သာ ခေါ်ဆောင်သွားနိုင်မည် မဟုတ်လား။ထိုစဉ် ရှီကျင်းလုက တစ်စုံတစ်ခုကို သတိရလာဟန်နှင့် ဘေးဝဲယာသို့ ကျီးကန်းတောင်မောက်ကြည့်ကာ
"အဲ့လူ ဒီအနီးနားဝန်းကျင်မှာပဲ ရှိလိမ့်မယ်" ဟု ရုတ်တရက် ပြောလိုက်ကာ အခန်းထောင့်တွင် ထောင်ထားသော သူ၏ဓားအား လှမ်းယူထားလိုက်သည်။ယဲ့ချင်းမှာ ထိုစကားကြောင့် မျက်နှာဖြူ ဖတ်ဖြူ ရော်ဖြစ်လာကာ သူမဘေးတွင်ရှိနေသော သမီးလေးအား ဖက်ထားလိုက်၏။သမားတော်ကြီးက
"သေချာတာပေါ့ "ဟု ဆိုကာ ခုတင်အောက်သို့ လက်လျိုလိုက်၏။ထိုအခါ ခုတင်အောက်မှ သေတ္တာတစ်လုံး သူ့လက်တွင်းပါလာသည်။သူက သေတ္တာအား အလျင်အမြန်ဖွင့်ကာ ဆေးကြမ်းစာအုပ်နှင့် ဆေးပစ္စည်းများ အပ်များနှင့် ဆေးကုသရာတွင်လိုအပ်သော ပစ္စည်းအာ အဝတ်တစ်ခုတွင် ထုပ်ပိုးလိုက်၏။ထို့နောက် ယဲ့ချင်းနှင့် ရှီကျင်းလုအား ကြည့်လိုက်ပြီး
"အခုတော့ မင်းတို့ကြောင့် ငါအိမ်စွန့်ရတော့မယ်။မင်းဟာ သိုင်းဧကရာဇ်ရဲ့ ဇနီးဖြစ်တော့ ငါ့ဆီကို ကုပိုကျောက် အနှေးနဲ့ အမြန်ရောက်လာမှာပဲ။မင်းဟာ နောက်၅နှစ်ထိတော့ ရူးမှာ မဟုတ်ပါဘူး။ဒါပေမဲ့ ၅ နှစ်မပြည့်ခင် အပ်စိုက်ကုရင်တော့ ၅ နှစ်ပြန်ထိန်းနိုင်မယ်။မင်းကို မရူးအောင် ၅နှစ်တစ်ကြိမ်တော့ ထိန်းလို့ရမယ်။ဒါပေမဲ့ ပျောက်ကင်းအောင်တော့ တစ်ချိန်က အပ်စိုက်ဘုရင်လို့ နာမည်ကျော်တဲ့ ဟောက်စွမ်းပဲ ကုနိုင်မယ်"
သမားတော်ကြီး စကားအား တစ်ချက်နားလိုက်ပြီး သူတို့နှစ်ယောက်အား တစ်ချက်ကြည့်ပြီး သူ့အိမ်အား နှမြောဟန်ဖြင့် ဝေ့ကြည့်လိုက်၏။ရှီကျင်းလုနှင့် ယဲ့ချင်းမှာ ယခုမှ သမားတော်၏ ကျဉ်းကျပ်အခြေအနေအား တွေးမိကြလေကာ ယူကြုံးမရ ဖြစ်သွားကြသည်။သူတို့အား ကယ်တင်လိုက်ခြင်းသည် သမားတော်က သူသေတွင်း သူတူးသလို ဖြစ်နေသည် မဟုတ်လား။သမားတော်ကြီးက ဆက်၍
"ကျူ ပ်တို့ ဒီနေရာက အမြန်ဆုံး ထွက်ရမယ် "
ထိုအခါ ရှီကျင်းလုက ရုတ်တရက် သမားတော်ရှေ့၌ ဒူးထောက်လိုက်ပြီး
"ဆရာကြီး ကျူ ပ်ဟာ သူ့ကို ကယ်ချင်လွန်းတာနဲ့ အခြေအနေကို မသုံးသပ်မိခဲ့ဘူး။အခုတော့ ကျူ ပ်လုပ်ရပ်ကြောင့် ဆရာကြီးအခြေအနေဟာ အဆိုးဆုံးရောက်ရှိသွားပြီ။ကျူ ပ်ကိုကျူ ပ် ဝမ်းနည်းမဆုံး နောင်တာရ မဆုံးပါ"
ရှီကျင်းလု၏ စကားသံမှာ စိတ်အလွန်ထိခိုက်နေဟန် ဖြစ်နေ၏။ယဲ့ချင်းမှာ မျက်ရည်များ ကျနေကာ သတိပင် မေ့ချင်လာ၏။သူမသည် ယခုချိန်ထိ မီးတွင်း၌သာ ရှိနေပြီး အဆိုးတကာ အဆိုးဆုံး အခြေအနေနှင့် ကြုံဆုံနေရသည် မဟုတ်လား။သမားတော်ကြီးက ရှီကျင်းလုအား ကြည့်ကာ ခေါင်းခါလိုက်ပြီး
"ငါဟာ သမားတော်ပါ။ငါဟာ ရောဂါဝေဒနာကို ပြောက်အောင်ကုသနိုင်ခဲ့ရင်ပဲ စိတ်ချမ်းသာသူပါ။ဖြစ်လာသမျှ အကောင်းလို့ သတ်မှတ်ရမှာပေါ့"
"ဆရာကြီး ကျူ ပ်ကို စိတ်မကွက်ဘူးဆိုရင် ကျူ ပ်နဲ့အတူ လိုက်နေစေချင်ပါတယ်။ကျူ ပ်မှာ အလွန်လုံခြုံတဲ့နေရာ ရှိပါတယ်။ကျူ ပ်ကို စိတ်မဆိုးဘူးဆိုရင်ပဲ ကျူ ပ်ဆရာကြီးကို တစ်သက် လုပ်ကြွေးပြုစုစောင့်ရှောင့်ပါရစေ။ဒါမှလည်း ကျူ ပ်ကိုကျူ ပ်စတိဖြေနိုင်မှာပါ"
ထိုစကားကြောင့် သမားတော်ကွေ့မု တွေဝေသွားသလို ယဲ့ချင်းမှာ ဝမ်းသာသွားလေ၏။ယဲ့ချင်းက လက်အုပ်ချီကာ
"ဆရာကြီး သူ့စကားကို လက်ခံပေးစေချင်ပါတယ်။ကျမမှာလည်း ဆရာကြီးရဲ့ ကျေးဇူးဟာ ဆပ်မကုန်အောင်ပါ။အကယ်၍ ကျမကို ဆရာကြီး သမီးလို့ ယူဆပေးနိုင်မယ် ဆိုရင် သမီးလည်း လိုက်ခဲ့ဖို့ တောင်းဆိုပါရစေ" ဟု မျက်ရည်စက်လက်နှင့် ပြောလိုက်သည်။သူမစကားသည် လွန်စွာ ထိရောက်လှပေသည်။လူထူးဆန်းသမားတော် ကွေ့မုသည် သူမစကားကြောင့် မျက်ရည်များကျလာကာ ရှီကျင်းလုအား ရှောင်ကာ မွေးကင်းစကလေးငယ်အား ချီလိုက်ပြီး
"ငါ့မြေးလေး ဆေးဝိဇ္ဇာဖြစ်စေရမယ် " တုန်ယင်သော အသံနှင့် ဆိုလိုက်၏။ထိုစကားကြားသောအခါ ရှီကျင်းလု၏မျက်နှာက ပြုံးပျော်လာပြီး ဒူးထောက်နေရာမှ ရုတ်တရက် ခုန်ထလာသည်။သမားတော်ကြီးစကားက သူတို့၏အဆိုအား လက်ခံလိုက်ခြင်းပင် ဖြစ်နေသည် မဟုတ်လား။ယဲ့ချင်း၏ ပျော်ရွင်မှု့ကာ ဆိုဖွယ်မရှိတော့ပေ။ထိုစဉ် သမားတော်က ရှီကျင်းလုအား
"မင်းက သမီးကို ပွေ့ခေါ်လာခဲ့။ငါက ငါ့မြေးကို ပွေ့မယ်။ငါတို့ မြေအောက်ခန်းကနေ ထွက်ရမယ်"
"ဟုတ်ကဲ့ခင်ဗျ "image
ရှီကျင်းလုက မဆိုင်းမတွပင် အဖြေပေးကာ စောင်တစ်ထည်ယူကာ ယဲ့ချင်းအား ရစ်ပတ်လိုက်ပြီး နောက်တစ်ထည်နှင့် ယဲ့ချင်းအာ နောက်ကျောတွင်စည်းပိုးလိုက်သည်။ထို့နောက် ဓားအား ခါးတွင်ချိတ်ကာ သမားတော်အား အဆင်သင့် ဖြစ်ပြီဟူသော အကြည့်နှင့် ကြည့်လိုက်၏။ထိုအချိန်တွင် သမားတော်ကြီးက ကလေးငယ်အား အဝတ်စများပတ်ကာ သူ့အထုတ်အား ထုတ်ပိုးပြီးစီးနေပြီး ကလေးအား ဆေးတစ်စက်တိုက်လိုက်၏။ထိုဆေးကာ အိပ်ဆေးပင် ဖြစ်နေသည်။ကလေးငယ် အော်ငိုလိုက်လျှင် သူတို့ ဘေးကျပ်နံကျပ် ဖြစ်သွားမည် မဟုတ်လား။ထို့နော် ရှီကျင်းလုတို့အား ကြည့်လိုက်၏။သူတို့မှာ အဆင်သင့် ဖြစ်နေသဖြင့်
"ခုတင်ကို တောင်မြောက်လှည့်လိုက် " ဟု ရှီကျင်းလုအား ပြောကာ သူကိုယ်တိုင်က အစတစ်စတွင် ဆေးဖြန်းလိုက်ပြီး မီးခြစ်ဆံ လှမ်းယူလိုက်သည်။ထိုအချိန်တွင် ရှီကျင်းလုမှာ ကုတင်အား အရှေ့အနောက်ပုံသဏ္ဍာန်မှ တောင်မြောက်ဖက်သို့ လှည့်လိုက်ရာ
"ကျီ "
ဆိုသောအသံနှင့် မြေအောက်ခန်းဆင်းသော လှေကား ပေါ်လာသည်။သမားတော်က
image
"ငါအရင်ဆင်းမယ်။ရော့ "
ဟု ပြောရင်း သူအရင်းဆင်းကာ ဆေးသုတ်ထားသော အဝတ်စနှင့် မီးခြစ်အား ရှီကျင်းလုအား ပေးလိုက်၏။ရှီကျင်းလုက လှမ်းယူပြီး နားမလည်ဟန်ဖြင့် သမားတော်အား ကြည့်လိုက်ရာ
"မီးရှို့လိုက်" ဟု ပြောလာ၏။ရှီကျင်းလုက ယခုမှ သဘောပေါက်သွားကာ အိမ်ကြီးနှမြောသလိုကြည့်ရင် မီးခြစ်ဆံထုတ်ပြီး မီးညှိကာ အဝတ်စအား ရှို့လိုက်၏။သမားတော်က
"မီးပြစ်ပြီးတာနဲ့ မင်းနင်းထားတဲ့ လှေကာထစ်ကို ဖြုတ်လိုက်" ဟု ပြောပြီး အောက်သို့ ဆင်းသွားလေတော့သည်။ရှီကျင်းလုက မီးအား ပစ်လိုက်ကာ အောက်နှစ်ထစ်ဆင်းလိုက်ပြီး သမားတော်ပြောသည့်အတိုင်း လှေကားထစ်အား ဖြုတ်လိုက်ရာ မြေအောက်ခန်းဆင်းပေါက်သည် အလျိုအလျောက်ပိတ်သွားတော့သည်။ထိုနော် သူက သမားတော်နောက်သို့ လိုက်သွားတော့သည်။မြေအောက်ခန်းသည် မည်သည့်နေရာမှ အလင်းရောင်ရထားသည်မသိ ဝိုးတဝါးမြင်ရသည်။ထိုစဉ် သမားတော်ကြီးက ခြေလှမ်းရပ်လိုက်ပြီး
"ကျူ ပ်တို့ ဘယ်ကိုသွားမှာလဲ "ဟု ရှီကျင်းလုအား ကြည့်ကာ မေးလိုက်ရာ ရှီကျင်းလုက တစ်လုံးချင်း ဖြေလိုက်တော့သည်။
"တိဗက်ပြည် ကိုပါ " ဟူ၍ ဖြစ်လေတော့သည်။image

Facebook တွင်ကြည့်ရှုပါမည်


SMT - 11

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63095.58
ETH 2475.10
USDT 1.00
SBD 2.64