NOTCH

in #ananda8 years ago

အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ Display ကို ဖုန်းရဲ့ မျက်နှာစာအပြည့်နီးပါး ရနိုင်သမျှရအောင် နေရာယူနိုင်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။ Apple ကနေ iPhone X မှာ Display ကို ဖုန်းရဲ့ နေရာအပြည့်ရရှိအောင်ပြုလုပ်ပြီး Selfie Camera နဲ့ Face ID အတွက် Notch ကိုထည့်သွင်းခဲ့ပြီးနောက်ပိုင်းမှာတော့ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း အလားတူ Display မှာ Notch ထည့်သွင်းပြီး ထုတ်လုပ်နေကြတာဖြစ်ပါတယ်။IMG_20180720_193505.jpg

အဲ့ဒီအတွက် အခုနောက်ပိုင်း ၂၀၁၈ ခုနှစ်ထုတ် စမတ်ဖုန်းတွေကို ကြည့်မယ်ဆိုရင် Notch မပါတဲ့ Full Screen Display ဖုန်းဆိုတာက တော်တေ်ာလေးကို ရှားသွားပြီး စမတ်ဖုန်းတိုင်းလိုလိုက ဒီဇိုင်းတွေပဲဖြစ်နေတာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Huawei လည်းပါဝင်ပြီး Huawei ကနေ ထုတ်လုပ်နေတဲ့ Huawei P20 ၊ P20 Pro နဲ့ Nova 3e လိုဖုန်းတွေမှာ Notch ကို ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ Huawei ကနေ Display မှာ Notch မထည့်တော့ပဲ နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားနေတဲ့ပုံပါပဲ။ အဲ့ဒါကလည်း ယခင်တုန်းက Essential ကုမ္ပဏီကနေ လုပ်ခဲ့သလိုမျိုး Notch အစား Selfie Camera အတွက်ပဲ အပေါက်တစ်ခုကို ထည့်သွင်းပေးတော့မှာပါ။

အခုလိုမျိုး Notch မဟုတ်တော့ပဲ Selfie Camera အတွက်ပဲ အဝိုင်းပေါက်တစ်ခုဖြစ်သွားတာက ယခင် Notch လိုမျိုး Display မှာ နေရာယူနေတာမျိုး ရှိမှာမဟုတ်တော့ပေမယ့် တစ်ခုကတော့ ယခင်ကထက် ကြည့်ရတာပိုပြီး အရုပ်ဆိုးသွားနိုင်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Vivo Nex နဲ့ OPPO Find X ဖုန်းတွေလိုမျိုး Selfie Camera ကို ဖုန်းအတွင်းထည့်သွင်းထားတဲ့ နည်းလမ်းထက်တော့ပိုမကောင်းသေးဘူးလို့ သတ်မှတ်ရမှာပါ။

Huawei ဟာ အခုလိုမျိုး Selfie Camera အတွက် Display မှာ Notch ပါဝင်တဲ့ 6.39″ Display နဲ့ ဖုန်းတစ်ခုကို ယခုနှစ် နှစ်ကုန်ပိုင်းမှာ ထုတ်လုပ်သွားမယ်လို့လည်း ကြေညာထားပါသေးတယ်။
SOURCE

Coin Marketplace

STEEM 0.05
TRX 0.33
JST 0.082
BTC 62530.03
ETH 1633.28
USDT 1.00
SBD 0.44