သြဇာသီး
Power by MMRD
Business Name
လုပ်ငန်းအမည်ဖြင့် ရှာရန်
YOU ARE HERE: HOMEWHAT'S NEWHEALTH BENEFITSသြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
WHAT'S NEW
သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
inShare
သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Google.com
၁. အစာမကြေဝေဒနာကို သက်သာစေပါတယ်။
သြဇာသီးဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
၂. ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာကို သက်သာစေပါတယ်။
သြဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ၀မ်းချုပ်ခြင်း ကင်းဝေးစေပြီး ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။
၃. အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။
ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။
၎. အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။
သြဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။
ပိုးသတ်အာနိသင်ရှိပါတယ်။
သြဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။
၉. သရေစာအဖြစ် စားနိုင်ပါတယ်။
သြဇာသီးမှာ သဘာဝသကြားဓာတ်ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအနေနဲ့ စားသင့်ပါတယ်။
၁၀. သွေးအားနည်းရောဂါကို သက်သာစေပါတယ်။
သြဇာသီးမှာ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။
Power by MMRD
Business Name
လုပ်ငန်းအမည်ဖြင့် ရှာရန်
YOU ARE HERE: HOMEWHAT'S NEWHEALTH BENEFITSသြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
WHAT'S NEW
သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
inShare
သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Google.com
၁. အစာမကြေဝေဒနာကို သက်သာစေပါတယ်။
သြဇာသီးဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
၂. ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာကို သက်သာစေပါတယ်။
သြဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ၀မ်းချုပ်ခြင်း ကင်းဝေးစေပြီး ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။
၃. အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။
ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။
၎. အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။
သြဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်။
၅. နှလုံးကျန်းမာစေပါတယ်။
သြဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များတာကြောင့် နှလုံးရောဂါမဖြစ်အောင် အကာ အကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။
၆. အဆစ်ကို ကျန်းမာစေပါတယ်။
သြဇာသီးမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ် ဖယ်ရှားရေးမှာ ပါဝင်ကူညီပါတယ်။ ထို့ကြောင့် အဆစ်ရောင်နာတဲ့ လက္ခ ဏာတွေကို လျော့ကျစေပါတယ်။
၇. အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်။
သြဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗို ဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာ မင်စီ၊ အမျှင်ဓာတ်စတာတွေ ပါဝင်တာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
သဇာသီး အလုံးကြီးတာကြောင့် တချို့က ဒီသြဇာသီးမျိုးကို Bull's Heart,Bullock's Heart လို့တောင် ခေါ်ကြတာဆိုပဲ။ကျွန်မ လာအိုနိုင်ငံမှာ တာဝန်နဲ့ နေခဲ့စဉ်ကလဲ ရုံးကဝန်ထမ်းတွေက ကျွန်မကို-“ ဒေါက်တာခင် Bull's Heart-Bullocks' Heart (နွားအသည်းနှလုံး) အသီးစားဖူးလားလို့ မေးခဲ့ဖူးပါတယ်။ကျွန်မ သူတို့ပြောတဲ့ အသီးကို မကြားဖူးပါဘူး။ ဘာသီးမှန်း မသိတာနဲ့ ကျွန်မရဲ့ စာရေးမလေးကို ဝယ်လာခိုင်း ရပါတယ်။ တစ်နေ့ သူဈေးက ဝယ်လာပေးမှ သြဇာသီး ဖြစ်နေတာကို သိရပါတော့တယ်။ အဲဒီတုန်းက အသီးရဲ့ အရွယ်အစားက ကျွန်မ ရန်ကုန်မှာ စားရတဲ့ အရွယ်အစားလောက်ပဲရှိတာပါ။ဘာမှ မထူးခြားတာကြောင့် သူတို့တစ်တွေ ဘာကြောင့်များ Bull's Heart, Bullocks' Heart လို့ ခေါ်ပါလိမ့်လို့ ကျွန်မ စဉ်းစားမရ ဖြစ်နေမိတယ်။ စာရေးမလေးကို မေးတော့လဲ သူက မသိပါဘူး။ တခြားဝန်ထမ်းတွေကို မေးကြည့်တော့လဲ အဲဒီလို ခေါ်တာကြားဖူးတယ် လို့ပဲ ဖြေကြပါတယ်။ဒါကြောင့် ကျွန်မလဲ သိဖို့ မကြိုးစား တော့ပါဘူး။ အခု ထိုင်းရေပေါ်ဈေးမှာ ဧရာမ သြဇာသီးကြီးတွေကို ကျွန်မတွေ့မှ သူတို့ဘာကြောင့် Bull's Heart, Bullocks' Heart လို့တင်စား ခေါ်ကြောင်း ရှင်းသွားပါတော့တယ်။ သူတို့ အပြောအရ သြဇာသီးက ပုံစံအမျိုးမျိုးရှိကြောင်း။ လုံးလုံးဝိုင်းဝိုင်း ရှိသလို၊ အဖုအထစ်တွေနဲ့ အသီးတွေလဲ ရှိကြောင်း။ ဒါပေမယ့် နှလုံးပုံသဏ္ဌာန် အသီးတွေလဲ ရှိတာမို့ နွားအသည်းနှလုံးလို့ တင်စား ခေါ်တာတဲ့လေ။ဒါကို ကျွန်မက အန်တီ့ကို ရှင်းပြတော့ -“ နွားနှလုံး မဟုတ်ပါဘူး။သူတို့ သြဇာသီးက တော်တော်ကြီးတာ။ ဆင်နှလုံးလို့တောင် ခေါ်ရမလား မသိဘူး ”လို့ သြဇာသီးကြီးတွေကို ကြည့်ပြီး ပြောနေပါတော့တယ်။သြဇာသီးက အလုံးတင် ကြီးတာ မဟုတ်ပါဘူး။ ဈေးကလဲ သေးတာ မဟုတ်ပါဘူး။ အန်တီစားဖူးအောင် ကျွန်မဝယ်မလို့ လုပ်တော့ အန်တီက ကျွန်မကို တားပါတယ်။ ဒီလောက်ကြီးတာ တစ်ခါတည်းနဲ့ စားကုန်မှာ မဟုတ်ဘူး။တစ်နေကုန် ကုန်အောင် စားရရင်လဲ ချောင်းဆိုး ရင်ကျပ်ဖြစ်နေတာနဲ့ ဒုက္ခရောက်နေပါဦးမယ်။ မဝယ်ပါနဲ့။အရွယ်တော် အလုံးတွေ့မှ ဝယ်ပေး”လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပဲ အဲဒီနေ့က ကျွန်မသြဇာသီး မဝယ်ဖြစ် ခဲ့ပါဘူး။
Congratulations @kaungkaungmaung! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard: