တချိန်က MSC ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ယမန်နေ့ညက မမကြည် ၊ ကိုဒွန် တို့ နှင့် စကားပြောဖြစ်သည်။ ပြောဖြစ်သည့် အကြောင်း အရာများက လွန်ခဲ့သော တနှစ်ကျော် ကာလအတွင်း ပြောင်းလည်း သွားခဲ့သော MSC အကြောင်း ဖြစ်သည်။ တချိန်တုန်းကတော့ MSC ဆိုသည်မှာ နံနက် တစ်နာရီ နှစ်နာရီ အထိ chat box တွင် noti တက်နေသော အဖွဲ့။ G1 G2 ဟူ၍ အဖွဲ့များ ခွဲဖွဲ့ ခဲ့ရသော MSC ။

အစကတော့ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများ အား ခေတ်စမ်း တပုဒ် ရေး၍ သရော်စာ ရေးရန် စိတ်ကူးမိသော်လည်း သေချာ ပြန်တွေးကြည့်သောအခါ မသရော်ရက်တော့ပါ။ လူတိုင်း လူတိုင်း မိမိအပူ ၊ မိမိရည်ရွယ်ချက် ၊ တနေ့တာ ဝတ္တရားများဖြင့် ပြည့်နှက်နေသော အချိန်တွင် စာမရေးနိုင်ရကောင်းလား မိမိမသရော်ရက်ပါ။

ပျော်စေ ပျက်စေ ဟု ဆိုသော်လည်း သရော်စာရေးရာတွင် အများစိတ်ချမ်းသာဖွယ် ဖြစ်နေသော အချိန်ဖတ်မိပါက ရယ်ရွှင် ဖွယ်ရာ ဖြစ်နိုင်သော်လည်း စိတ်ပျက်အား ငယ်ချိန် ဖတ်မိပါက အထင်အမြင်လွဲကာ ငါတို့အား သရော်လေခြင်း ၊ နားမလည်တတ်လေးခြင်း ဟူ၍ ဖြစ်သွားတတ်ပါသည်။ MSC member တို့အား အပြစ်မဆိုရက်ပါ။

မြန်မာ Tag အနေဖြင့် Steemit platform ၏ TOP 50 tag list မှ ပျောက်သွားသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာ tag သာမဟုတ် တချိန်က အင်အားကြီးခဲ့ကြသော Indonesia နှင့် Arche တို့ ၏ tag များလည်း ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်ပါသည်။ steemit platform အတွင်းသို့ လူသစ်များ ထပ်မံဝင်လာရန် မဆိုထားနှင့် ရှိနှင့် ပြီးသော လူဟောင်းများ active ဖြစ်ရန်ပင်မလွယ်ကူတော့သော အခြေအနေဖြစ်ပါသည်။

ယခင်က အကောင့် တသန်း ပြည့်ခဲ့ပြီဟု ဆိုသော steemit platform သည် ယနေ့ အချိန်တွင် နေ့စဉ် အသုံးပြုနေသော အကောင့် ၅၀၀၀ ဝန်ကျင်သာ ရှိပါတော့သည်။ တော်ရုံ SP မစုထားနိုင်သော အကောင့် များအတွက်တော့ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပါသည်။ ဤ အခြေအနေနှင့် ပါတ်သက်၍ ကျွန်တော့ အနေဖြင့် steemit ဂုရု ကြီးများဖြင့် တိုင်ပင် ဖြစ်ပါသည်။

တဖြေးဖြေး နည်းပါးလာနေသော အဖွဲ့ဝင်များ အား မည်ကဲ့သို့ motivates လုပ်ပေးရန် ၊ မည်ကဲ့သို့ ပြန်လည် စွဲဆောင်ရန်။ ခက်သည်က SP ကြီးမားသော သူများပင်လျင် အခြားသူများအား ကူညီရန် အသာထား သူတို့ လျက်ရှိ ရေးဆွဲလျက် ရှိသော project များ ရပ်မတန့်စေရန် အသဲအသန် ကြိုးစားနေရသော အချိန်ဖြစ်ပါသည်။

မည်သို့ပင် ဆိုစေ Steem ဈေးတက်ခြင်း ဈေးကျခြင်းတွင် အချိန်က စကားပြောသွားခြင်းသာ ဖြစ်၍ အချိန်တန်လျင် ဤ platform ပြန်လည် နိုးထလာပါလိမ့်မည်ဟု မျှော်လင့်ပါသည်။ တချိန်က MSC သည် အောင်မြင်သည်လား ရှုံးနိမ့်ခဲ့သည်လား ကျွန်တော်မသိပါ။ နောက်တခေါက်နိုးထလာသော MSC သည် ရင့်ကျက် သော MSC ဖြစ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။

တချိန်တည် ပြောရလျင် ယခုနှစ် MSC Gathering အား တောင်ကြီးတွင် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပါသည်။ ယခင်ကဲ့သို့ အစားအသောက်နှင့် နေထိုင်ရန် MSC က တာဝန်ယူမည် ဖြစ်သဖြင့် မိမိတို့ အနေဖြင့် ကားလက်မှတ်သာ စိုက်ထုတ်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဟုတ်ကဲ့ ဘယ်သူမှ မရှိတော့လျင် ကိုဒွန်နှင့် ကျွန်တော် ၂ ယောက်သား MSC ၂ နှစ်ပြည့် အခမ်းအနား ကျင်းပပါမည်။ MSC member များ တက်ရောက်လာနိုင်လျင်တော့ ပို၍ ပျော်စရာကောင်းပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

2ယောက်ထက်တော့ပိုမှာကိုဟင်ရေ😍😀

Posted using Partiko Android

ဝမ်းသာစရာပေါ့ ကိုမိုးဇော်ရေ.....

ပိတ်ရက်နဲ့ ဆက်ပေးနော် ခွင့်ချန်ထားမယ် လာနိုင်အောင်

Okay Ko Saw

ဆုံတွေ့ကြမယ် ကိုစောရေ...

အို ဘယ့် MSC ဆက်လို့သာချီ

မရပ်မနား ဆက်လက်ချီတတ်
ခရီးဆက်ဆဲ steem အသည်းက
မာကြောခိုင်တည် ကျွနုင်္ပ်သည်ကား
ဇွဲခတ်၍လျှော် မပျော်တစ်ချက်
ပျော်တစ်ချက်ဖြင့် ခက်ခဲသည်လည်း
မညည်းဘဲနဲ့ စွဲမြဲပို့စ်တင်
ဖြစ်အင်တစ်လျှောက် ရောက်သင့်သလောက်
ခရီးပေါက်ဖို့ တစ်ထောက်မနား
ဈေးကားမတတ် စိတ်မပျက်ပါ
ကြိတ်လျက်သာတွေး စာတွေးရေးလို့
မျှော်လင့်ကြီးဖြင့် steemအိပ်မက်
မက်လျက်ကြံစည် ဘယ်ဆီကနေ
ရလေမလဲ မျှော်တလင့်လင့်
ရှေ့သို့လှမ်းချီ MSC ရဲ့
ရဲဘော်ရဲဘက် စိတ်ဓာတ်ညီစွာ
တူစွာလျှောက်၍ မဝေးသောခရီး
ရွှေတောင်ကြီးသို့ ဖော်ပေါင်းစုံစွာ
တွေ့လိုပါသည် မျှော်လင့်နေဆဲ
အားခဲကြစို့ ကြိုးစားကြစို့
အို ဘယ့် MSC တို့ရေ...

Posted using Partiko Android

Fighting ကိုမိုးဟိန်ရေ.... တောင်ကြီးမှာ တွေ့ကြမယ်။

မနှစ်ကဆို ဒီလိုချိန် အားတဲ့ချိန်လေးစာအလုယက်ရေးပြီး Gathering အတွက် ကြိုတင်ရင်ခုန်နေရတဲ့အချိန်ပေါ့။
စတင်းဈေးကျနေတဲ့အချိန်၊ အဖွဲ့ဝင်အချင်းချင်း
စိတ်ဝမ်းကွဲကုန်ကြတော့စာမရေးချင်ကြတော့တာလဲ ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ် အရင်လို စည်းစည်းလုံးနဲ့ ပျော်ဖို့ကောင်းတဲ့ MSC
အမြန်ဆုံးပြန်လည် မွေးဖွာလာပါစေလို့ မျော်လင့်နေမိပါတယ်။

အမှန်တော့ ဈေးကျသွားလို့ပါ။ Steem ဈေးတက်လာရင် အရင်လို ပြန်စည်ကားလာပါလိမ့်မယ်။

အဲ့လူတွေ ဘယ်လို ဖြစ်နေပါလိမ့်နော် သေချာလုပ်ကြပါလို့ ပြီးတော့ ကားလက်မှတ်ပါ စိုက်ပေးရင် ဖြင့် ဟီးဟီး

ဒိုမီရဲ့ ကောင်မလေးပါ ခေါ်လာခဲ့လေ။ အကုန် စိုက်ပေးမယ်။
😁

Gathering ကိုတော့ကြိုးစားလာပါ ကိုကို ဒိုမီလေး.... တနှစ်တခါ ခရီးသွားတယ်လို့သာ သဘောထားပေါ့။

လာခဲ့ကြပါနော့် အမျိုးတွေ ...
မလာတဲ့သူတွေ ဘာတင်တင် Flag လိုက်ပြမှာ
😂

အာ့လိုရီး နိုင်ကျင့်ရဝူးနော် 😅

မလာသူကို Flag ပြပြီး အရောက်လာကြသူများအား Steem ဝေငှ ပေးပါမည်တဲ့။

တောင်ကြီးတွေ့ဆုံပွဲ ခေါ်ရင် လိုက်ရဦးမယ်ရှင်

Posted using Partiko Android

ခေါ်ပါတယ်ခင်ဗျာ။ အရောက်သာလာခဲ့ပါ။ ပျော်စရာကြီးပဲ မဟုတ်ပါဘူး ၊ ကုသိုလ် ရစရာလည်း ပါမှာပါ။

steemit platform ကြီးတဖန်အသ်ပြန်ဝင်လာပါစေ😊😊😊

Posted using Partiko Android

မျော်လင့်တဲ့ အတိုင်း ဖြစ်လာပါလိမ့်မယ်

ယခု​လော​လောဆယ်​စာ​တော့မ​ရေးနိုင်​အားပါး tg ပွဲကို​တော့ တက်​ဖြစ်​ဖို့များပါသည်​ ။ယခုကတဲကအလုပ်​များရှင်းထားရပါအုံမည်​။

ပျော်စရာကောင်းသလို ကုသိုလ်လည်း ရပါစေ့မည်။

Steemit & MSC. မပျောက်ကွယ်သည်အထိတော့ ရေးနေအုံးမည်ထင်ပါသည်။

မပျောက်နိုင်ပါ။ ကိုဟင် ကျန်ပါအုံးမည်။

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62