Steemit Platform ဆိုသည်မှာ ( Henry Aung )

in #myanmar9 years ago

STEMMIT-HENRY.jpg

မနေ့က အချိန်နည်းနည်းရ၍ ကျွန်တော့ Steemit account အစပိုင်းကာလများက ရေးသားခဲ့ သော ဆောင်းပါးများကို ထိုင်ဖတ်ဖြစ်ခဲ့သည်။ Steemit ၏ အစောပိုင်ကာလများတွင်ရေးသားခဲ့သော ဆောင်းပါးများကို voting ပေးခဲ့ကြသူများ၊ comment ပေးခဲ့ကြသူများ အားသေချာတခုချင်းစီ လိုက်၍ လေ့လာဖြစ်သည်။

အစောပိုင်းကာလများတွင် လူမများသေး၍ ကျွန်တော့ကို vote ပေးကြသူများလည် ဤလူများသာဖြစ်ကြပါသည်။ အချို့ အကောင့်ကတော့ Steemit ကိုလုံးဝကျောခိုင်း၍ အချို့ကတော့ ယခုထက်ထိ ရှိနေပါသေးသည်။ အများအားဖြင့်တော့ reputation 70 ကျော်နှင့် 70 နားကပ်နေသူများဖြစ်ကြပါသည်။

ဤတွင် ကျွန်တော့ ဝါသနာကို ဖေါ်ပြရန်လိုလာပါသည်။ Steemit ကို မသိခင် internet blogger များ ခေတ်စားစဉ်က စာအရေးအသားကောင်းသော blogger တယောက်တွေ့လျင် သူ့၏ ပထမဦးဆုံး တင်သော post မှ နောက်ဆုံး post အထိ တထိုင်တည်း ပြီးအောင်ဖတ်သည်။ ထို့နောက် သူနေ့တိုင်း ပါ post တင်သလဲ အသစ်များကို စောင့် ဖတ်ပါသည်။

blogger ခေတ်ကောင်းစဉ်ကတော့ ကိုပီတာ၊ ဒါက်တာလွမ်းဆွေ၊ နိုင်းနိုင်း ( စနေ ) စသည်ဖြင့် တော်တော်များများ စာများကို ဖတ်ဖြစ်ခဲ့သည်။ ထို့နောက် Facebook ခေတ်ကောင်းလာသောအခါ blogger များလည်း Facebook cele များဖြစ်သွား ခဲ့ကြပါသည်။

01.png

ထို့ကဲ့သို့ သာ ကျွန်တော် Steemit ကိုရောက်သောအခါ ဆောင်းပါးအရေးအသားကောင်းသူများ၏ အကောင့်များကို တစိုက်မှတ်မှတ် ဖတ်ရှုခဲ့ပါသည်။ ယခု Steemit trending post များတွင်လည်း တော်တော်များများရှိပါသည်။ ထို့နောက် ထိုသူများ၏ post များတွင် ဝင်ရောက်ဆွေးနွေးခြင်းဖြင့် မိတ်ဆွေဖွဲ့ယူခဲ့ရပါသည်။

အထူးသဖြင့် ကျွန်တော် coin များကို စိတ်ဝင်စားလာသောအခါ Steemit tag list တွင် ဝင်ရောက်ရှာဖွေပြီး ဗဟုသုတ ရှာယူခဲ့ရပါသည်။ ယမန်နေ့ကတော့ ထို Steemit ဂရုကြီး အချို့ နှင့် steemchat တွင် ဆုံ၍ စကားစမြည်းလည်း ပြောဖြစ်ခဲ့ပါသည်။ အထူးသဖြင့် Steemit အစပိုင်းမှ အကောင့်တချို့ power down သွားခြင်း အကြောင်း ပြောဖြစ်ကြသည်။ ထို့နောက် လက်ရှိ SBD ဈေးတက်လာခြင်းအပေါ် အမြင်များကိုလည်း ဖလှယ်ဖြစ်ခဲ့သည်။

ဤကဲ့သို့ ဆွေးနွေးခဲ့ခြင်းအပေါ်ထိုသူတို့ ၏ အမြင်များကို အနည်းငယ်ဝေမျှလိုပါသည်။ အများအားဖြင့် သူတို့ အတွက်တော့ အင်္ဂလိပ်လိုသာရေးသားကြသဖြင့် အခက်အခဲမရှိကြပါ။ မိမိရေးသားလိုက်သော ဆောင်းပါးများအတွက် အစပိုင်းတွင် အများနည်းတူ SBD ပြားကဏန်း လောက်ဖြင့်စခဲ့ကြရသည်ချည်း ဖြစ်ပါသည်။

သို့သော် Steemit Platform ၏ လုပ်ဆောင်မှုနှင့် ရေရှည် အတွက် ပြင်ဆင်ထားမှုများကို နားလည် နိုင်သူတို့ကတော့ ဤ Platform ပေါ်တွင် ဇွဲရှိရှိဖြင့် ကျန်နေခဲ့ကြပါသည်။ ယခုလက်ရှိ SBD ဈေးတက်လာကြခြင်းအပေါ် သူတို့မှ ထွေထွေထူးထူး ဝမ်းသာကြခြင်းမရှိပါ။ ကျွန်တောတို့ အနေဖြင့်သာ SBD ဈေးတက်လာခြင်းအပေါ် သဲသဲလှုပ်မျှ ဖြစ်နေသော်လည်း သူတို့ အေးတိအေးစက် နေပုံကို အားမရ၍ မေးကြည့်သောအခါ သူတို့ပြောပြသည်မှာ SBD နှင့် Steem သည် ယခုဈေးမတက်လည်း နှောင်တွင်သေချာပေါက်တက်မည်ဖြစ်သည်ကို သိသောကြောင့် ထွေထွေထူးထူး ဝမ်းသာရန်မရှိကြောင်းပြောပြပါသည်။

ထို့အပြင် Steemit Platform တွင် ရောက်ရှိနေသူတို့ မှာ ၂ မျိုးသာရှိကြောင်း ရှင်းပြပါသည်။ ရင်းနှီး မြုပ်နှံထားသူနှင့် Steemit Platform ကို သဘောကျသောကြောင့် ဆောင်းပါးရေး SP စုဆောင်း reputation တက်အောင်ပြုလုပ်ကြသူများဟူ၍ ၂ မျိုးသာရှိပါသည်။ ရင်းနှီးမြုပ်နှံထားသူတို့ မှာ ပိုက်ဆံတတ်နိုင်၍ ကိစ္စမရှိပါ။

ဆောင်းပါးရေး၍ SP စုကြသူများမှာ Steem နှင့် SBD တို့ ထုတ်ရောင်းစားရန် အတွက် မဟုတ်သည်မှာ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော် တနှစ်ပါတ်လုံး Steem နှင့် SBD ဈေးကွက်မှာ မက်လောက်စရာမရှိပါ။ အခြားသော coin များကို ရင်းနှီးထားလျင် တနှစ်ဟူသော အတိုင်းအတာသည် အများကြီး ပြောင်းလည်းသွားနိုင်၍ ဖြစ်ပါသည်။

02.jpg

ထိုအကြောင်းအရာများနှင့်ဆက်စပ်၍ MSC အကြောင်းကို တွေးတောလိုက်သောအခါ မိမိတို့ MSC အတွင်းသို့ ဝင်ရောက်လာကြသူများတွင် Steemit Platform အားထဲထဲဝင်ဝင် လေ့လာ၍ အနာဂါတ်အတွက် အလွန်ကောင်းမွန်သော Platform တခုဖြစ်သောကြောင့် SP များစုထားသင့်သည် ဟူသော အတွေးရှိသူ ဘယ်နှစ်ယောက်များပါဝင်ပါသနည်းဟု တွေးတောကြည့်မိပါသည်။

မနေ့က ဆောင်းပါးတိုလေး တပုဒ် ဖတ်မိပါသည်။ Steemit တွင် promotion ရလာ၍ ပျော်သည်။ စာဆက်ရေးမည် ။ promotion မရှိလျင် ဘာ့အတွက်ကြောင့် အပင်ပန်းခံ၍ ရေးနေမည်နည်း ဟူသော ဆောင်းပါးတိုလေးပါ။ ကျွန်တော် Steemit Platform အကြောင်း စရေးသားသော အချိန်ကတည်းက သတိပေးပါသည် ၊ Steemit သည် အချိန်တို တခုအတွင်း အကျိုးအမြတ်ထွက်မည် မဟုတ်ပါ။

လိုအပ်လျင် မိမိတို့ သားသမီး များကို အမွေ ပေးခဲ့နိုင်သော အင်မတန် ကောင်းသည့် Platform တခုဖြစ်ပါသည်။ များမကြာသော အချိန်တွင် Steemit Platform သည် တရားဝင်လွှင့်တင်၍ သူရည်ရွယ်ထားသည့် အတိုင်း Social Media (SMT) project များတခုပြီး တခု ထွက်ပေါ်လာသောအခါ Steem ဈေးများမြင့်တက်လာသောအခါ ၊ လူတိုင်း ဤ Platform ပေါ်မှ အကျိုးအမြတ်ရယူ ကြမည် ဖြစ်သဖြင့် မိမိတို့ မြန်မာစာ ရေးသားမည့်သူများအား မည်သူ လက်တွဲ ခေါ်ကြမည်နည်း ဆိုသည်မှာ အရေးကြီးပါသည်။

ထို့အတူ ဤPlatform ပေါ်တွင် လျှောက်လှမ်းနေကြသော MSC members များအားလည်း ဤ Platform အကြောင်းကို ထဲထဲဝင်ဝင်သိ ရန် စာဖတ်ကြရန်တိုက်တွန်းလိုပါသည်။ ဤအချိန်သည် Steemit Platform ပေါ်မှ အကျိုးအမြတ်များ ထုတ်ယူရမည့် အချိန်မဟုတ်သေးကြောင်းလည်း အသိပေးလိုပါသည်။ မိမိတို့ Steem Power များလာရေးကိုသာ အာရုံစိုက်စေချင်ပါသည်။ Steemit Platform အကြောင်းလည်း သိသည် SP များကို စုမထားမိသူများသည် ၂၀၁၈ တွင် နောင်တရပါလိမ့်မည်။

03.jpg

မြန်မာ တပြည်လုံး အတိုင်းအတာဖြင့်ပြောလျင် Steemit Platform အကြောင်းသိသူမှာ အယောက်၂၀၀ ပင်မရှိသေးပါ။ ထိုအထဲတွင် ဆောင်းပါးများ စာများရေး၍ ဤ Platform ပေါ်သို့ ပုံမှန် လျှောက်နေသူမှာ ၅၀ မပြည့်ပါ။ ထို့ကြောင့် မိမိသည် ဤPlatform အကြောင်းလည်း သိပြီ ၊ ကူညီပေးနေသူတို့ နှင့်လည်း တွေ့ကြုံ နေရခြင်းသည် ရှားရှားပါးပါး အခွင့် အရေး တခု ဖြစ်ကြောင်း သိစေအပ်ပါသည်။ ထိုအခွင့်အရေးအား ကြည့်နေမည်လား အမိအရ ဆုပ်ကိုင်ဖမ်းယူ မည်လား ဆိုသည်ကတော့ စာဖတ်သူ ကိုယ်တိုင်သာ ဆုံးဖြတ်စေ ချင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဟုတ်တယ်အစ်ကို steemit platform တစ်ရားဝင်ဖြစ်သွားခဲ့ရင်steemitမှာ ရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးသမားတွေတိုးလာကြပြီး steem ဈေးတက်မယ်ထင်တယ်
ကျွန်တော်ကတော့ postပုံမှန်မတင်နိုင်သေးဘူးအစ်ကိုရေ
တစ်ရက်ခြားတစ်ခါတော့တင်နိုင်အောင်ကြိုးစားနေပါတယ်အစ်ကို

Steemit မှာ ကိုယ်ပိုင် marketing team ရှိပါတယ်။ လောလော ဆယ်တော့ အသက်မဝင်သေးဘူး။ Platform တရားဝင်ဖြစ်တာနဲ့ တကမ္ဘာလုံးကို marketing ဆင်းကြပါလိမ့်မယ်

ဟုတ် အစ်ကို

Hello sir ,I am a beginner .All of Your posts are knowledge for all new myanmar steemians.Would you mind tell me your facebook url ?I want to study more.Thank for tag.

Steemit ပေါ်ကို အသစ်ရောက်လာတဲ့သူတွေဆိုရင် MSC admin များဖြစ်ကြတဲ့ @domelay , @thatkozaw , @ansoe @ahtaroo @pyaesonekhinkhin တို့နဲ့ ဆက်သွယ်ပြီး Newbies support chatgroup တွေမှာ သိလိုသည်များကို ဝင်ရောက်မေးမြန်နိုင်ပါတယ်။ MSC admin များက အားလုံးကို လက်တွဲခေါ်နေပါတယ်။

ညီမ steemit ကို စသုံးတာ ၁၀ရက်ကျော်ပီ
ကိုကြီး ကို ခုမှတွေ့တယ် ခုမှလည်း သေချာသုံးတတ်စပဲရှိပါသေးတယ် ကိုကြီးရေးပေးထားတဲ့ steem စာတွေအတွက်ကျေးဇူးအများကြီးပါ

သေသေချာချာလေ့လာပါ မီးချစ်။ ဒီ Platform ပေါ်မှာ ညည်းလို ကိုယ်ပိုင် ကာတွန်း ဆွဲတဲ့သူ တယောက်မှ မရှိသေးဘူး။

ရေးတော့ပါဘူးဗျာ။

ဟုတ်ကဲ့ပါအကိုကြီး
အကိုကြီးရဲ့ရှင်းပြချက်များကြောင့်(ညီ)
အနေနဲ့ဥာဏ်မှီသလောက်တော့
သိရှိနားလည်ခဲ့ရပါတယ်အကိုကြီး
နောင်ရေးအတွက်လည်းကြိုတင်ပြင်ဆင်ထားပါ့မယ်
ရိုသေလေးစားစွာဖြင့်(မောင်သူရ)

ကောင်းပါတယ်ညီလေးသူရ။ Steemit Platform ပေါ်ကနေအကျိုးအမြတ်ရနိုင်အောင်ကြိုးစားပါ။

ဟုတ်ကဲ့ပါအစ်ကိုကြီး

ဒိုမီလေးကတော့ SP အတော်များနေပြီ။ကျွန်တော့်မှာတော့ SBD တွေပဲများနေတယ်။ SBD ကနေ Steem မ ပြောင်းပဲထားထားလို့ပါ။တကယ်လို့ promotion တွေရှိနေရင်တော့ ပြောင်းလိုက်မယ်။ Promotion မရှိရင်တော့ bot တွေကို vot ခိုင်းမယ်။ ကို ဟင်နရီကိုလဲ အားနာမိတယ်။ကိုယ့်ဘာသာကို independent ဖြစ်အောင်ကလဲ မလွယ်လှဘူး။ အဲ့ဒါကြောင့် တစ်ပိုစ့်ကို ၃ SP လောက်ပဲရရဆိုပြီး လုပ်နေတာ။ တစ်လဆို ၉၀ SP ရမယ်။ဒီလိုနဲ့ပဲစုသွားရမှာပဲ။

အဲဒီအတွက်ကြောင့်ပဲ promotion ကို မရ..ရအောင်ကြိုးစားနေတာပါ။ အပြင်က bot တွေကလည်း စီးပွားရေး ဆန်လွန်းတော့ SP စုတဲ့ဆီ မရောက်နိုင်တော့ဘူး။ promotion ရပါမှ အဆင်ပြေကြမှာပါ။ ဒါတောင် ထွက်လာသမျှ SBD တွေ ဈေးကွက် ပို့ လိုက်ရင်တော့လည်း မတတ်နိုင်ဘူးပေါ့။

SBD ​ဈေးမတက်ခင်တုန်းကတော့ ဝယ်ဖို့ကြိုးစားသေးတယ်။ ဘာပဲပြောပြော MSC ထဲမှာပဲရှိနေမှာပဲလေ။အခြားသူတွေကို ရောင်းမယ့်အစား MSC အချင်းချင်းရောင်းတာက ပိုအဆင်ပြေမယ်ထင်တယ်။အခုအချိန်မှာတော့ မဝယ်နိုင်တော့ပါဘူး။
နောက်တစ်ချက်ကတော့ SBD ကနေ Steem၊ Steem ကနေ SP ကို တဖြည်းဖြည်းပြောင်းသွားမှာပါ။

တစ်ခုတည်းသာကြည့်ပြီး ၀င်ရောက်လုပ်ကိုင်နေသူတွေသာများနေပါမယ်ဆရာဟင် လူသစ်များအတွက် ဆရာဟင်စာတွေကအကျိုးများလှပါတယ် ဒါပေမယ့် လာမဖတ်ကြတာတော့ အတော်ခက်ပါတယ်ဆရာ

အသစ်ရောက်လာကြသူများလည်း တဖြည်းဖြည်း နဲ့တော့ အဆင်ပြေလာကြပါလိမ့်မယ်။ စာမဖတ်ပဲနဲ့ တော့ Steemit မှာအဆင်မပြေနိုင်ပါ။

၂၀၁၈ ရင်​ခုန်​စွာဖြင့်​ ပို့စ်​ ​ရေးရင်​ကြိုဆိုမယ်

ဟုတ်ကဲ့ ၂၀၁၈ မှာ ဒီPlatform က အသက်ဝင်လာပါလိမ့်မယ်။

steemit ကို ကိုယ်ကျိုးကို မကြည့်ပဲ မြန်မာတွေ ကို steemit မှ အဆင်ပြေအောင် တခုပြီးတခု ကူညီနေတဲ့ အကို ကို ဆရာတယောက်ထက် ပိုလေးစားမိပါတယ်။ အကို post ကို ထက်ခါထက်ခါဖတ်ရင် မျက်ရည်ဝဲလာရင်း ကျွန်တော် ကိုယ်ကျိုးအတွက် steemတွေ ရောင်းခဲ့မိတာ နောင်တ ရနေပါပြီ။အကို စေတနာကို စော်ကားခဲ့သလို့ဖြစ်ခဲ့တာတွေ အတွက် ရှစ်ခိုးကန်တော့ပါတယ်။ ဆရာ ဖြစ်စေချင်တဲ့ myanmar တွေ top tag 50 အထဲ ကိုပြနိဝင်အောင် အကောင်းဆုံးပြန်ကြိုးစားသွားပါမယ်ဆရာ။ 2018 မှ နောင်တ ဆိုတဲ့ အရာကို မပိုင်ဆိုင်တဲ့ လူတယောက်ဖြစ်အောင် ကျွန်တော်ကြိုးစားသွားပါမယ်။

Steem Power ကဘာဖြစ်လို့ စုခိုင်းရသလဲဆိုရင် နောက် ထွက်လာမဲ့ SMT တွေဟာ SP နဲ့ တိုက်ရိုက်အကျိုးရှိမှာမို့ပါ။

Nice

တကယ်ကောင်းပါတယ်။ ကျနော် လည်း ခု မှ လေ့လာ နေ တာ ။ LINK ကိုလဘယ်လို sharevပေး လဲ ခင်ဗျာ

Steemit ပေါ်ကို အသစ်ရောက်လာတဲ့သူတွေဆိုရင် MSC admin များဖြစ်ကြတဲ့ @domelay , @thatkozaw , @ansoe @ahtaroo @pyaesonekhinkhin တို့နဲ့ ဆက်သွယ်ပြီး Newbies support chatgroup တွေမှာ သိလိုသည်များကို ဝင်ရောက်မေးမြန်နိုင်ပါတယ်။ MSC admin များက အားလုံးကို လက်တွဲခေါ်နေပါတယ်။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.098
BTC 64696.50
ETH 1922.51
USDT 1.00
SBD 0.39