Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၉ ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

ပြီးခဲ့သည့် ရက်များတွင် BTC ၏ဆွဲချ သွားမှုကြောင့် Steem နှင့် SBD လည်း ဈေးတော်တော်ထိုးကျသွားခဲ့၍ မြန်မာ Steemit များအကြားတွင်လည်း တော်တော် ဂယက်ရိုက်သွားခဲ့သည်။ ဈေးများထိုးကျသွား၍ ဝမ်းနည်းသူ ရှိသလို ဝမ်းသာ သွားရသူလည်း ရှိပါသည်။ မိမိမှာ cryptocurrency market အကြောင်းကို မူကြို အဆင့် သာသာ ရှိသေးသဖြင့် ဈေးကွက်အကြောင်းရေးရန်မရှိပါ။ Steem ကိုသာ ဆက်၍ ဝေမျှသွားပါမည်။ မြန်မာ Steemit user များ မှာ တလ အတွင်းတော်တော် သိသာလာပါပြီ။ အချို့က လက်ပန်းကျလာကြပြီ။ အချို့က account ကို ပြစ်ထားလိုက်ပြီ။ ဇွဲရှိသူ တချို့ကတော့ ဆက်လက်ပြီး ချီတက်နေကြပါသည်။ ကျွှန်တော် ဆိုခဲ့ပြီး ဖြစ်သည့် အတိုင်း ကျွှန်တော်တို့သည် တွဲခေါ်သွားမည့် investors များမရှိသည့်အတွက် ကိုယ့်လမ်းကိုယ် ဖေါက်နေကြခြင်းဖြစ်ပါသည်။ ဆိုခဲ့ပြီး ဖြစ်သည့် အတိုင်း သစ်ပင်စိုက်သူများဖြစ်ကြပါသည်။ နောင်တချိန်တွင် Steemit Platform ပေါ်သို့ မြန်မာစာဖြင့် ရေးသာ၍ digital ငွေကြေးရှာဖွေနိုင်သော အဆင့် တခုအထိ ရောက်ရန်ကျွှန်တော်တို့ အခုကတည်းက ကြိုးစားနေခြင်းဖြစ်ပါသည်။ steem power 100 ရှိသော အကောင့် ၁၀ ခု ရရန် အစပထမတွင် တော်တော် ခက်ပါသည်။ SP100 ရှိသော အကောင့် ၁၀ ခုရလာပြီသည့်နောက် နောက်ထပ် SP100 ရှိသော အကောင့် ၁၀ ခု ထပ်ရရန် ပထမလောက် မခက်ခဲတော့ပါ။ အရေးကြီးသည်မှာ Steemit ကချမှတ်ထားသော စည်းမျဉ်း များကို လိုက်နာပြီး တဆင့်ခြင်းသွားရန်သာလိုပါသည်။ ဤတွင် Steemit ကို မိမိ ဘယ်လို အသုံးချသည်, ဘာအတွက် အသုံးချသည်ကို သိရန် လိုလာပါသည်။

steemit-share.png

Steemit တွင် ဝင်ရောက်ရေးသားပုံခြင်း တူကြသော်လည်း ရည်ရွယ်ချက်ကွဲပြားပါသည်။ ဆန်းစစ်ကြည့်ကြပါစို့။ မိမိဝါသနာများကို ပြန်လည် ဝေမျှခြင်းဖြင့် တစုံတရာ ပြန်လည် အကျိုးခံစားခြင်း, မိမိ အသိပညာ အတတ်ပညာများကို ပြန်လည် ဝေမျှခြင်းဖြင့် တစုံတရာ ပြန်လည် အကျိုးခံစားခြင်း, digital ငွေကြေးကို လိုချင်သဖြင့် ရောက်တက်ရာရာ ဝင်ရောက်ရေးသားခြင်း, အချိန်ကြာလာသည်နှင့် အမျှ အမျိုးအစားများကို သိလာပါသည်။ ထိုသူ၏ blog အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ထိုသူသည် မည်သည့် အမျိုးအစားတွင်ပါဝင်သည်ကိုသိနိုင်ပါသည်။ အချို့သောသူများသည် digital ငွေကြေးကို မသိပါ, သို့သော် မိမိ ဝါသနာ, အသိပညာ, အတတ်ပညာတို့ကို ဝေမျှရင်း Steemit Platform ပေါ်တွင်ပဲ digital ငွေကြေးကို ပြန်လည်သင်ယူသွားကြပါသည်။ ဆိုခဲ့ပြီးသည့် အတိုင်း မိမိဝါသနာနှင့် အသိပညာ အတတ်ပညာ များကို မျှဝေနေသူတို့သည် အချိန်ကြာလာသည်နှင့် အမျှ အောင်မြင်သွားကြပါလိမ့်မည်။ ဝါသနာကို အရင်းခံသည့် အတွက် Steemit Platform ပေါ်တွင်ပျော်နေမည်ဖြစ်ပါသည်။ ငွေကြေးကြောင့် ရောက်တက်ရာရာ ရေးနေသူများမှာ အချိန်ကြာလာသည်နှင့် အမျှ ရေးစရာ ရှာမရဖြစ်လာပါလိမ့်မည်။ digital ငွေကြေးကြောင့်သာ ရေးနေရသည့် အတွက် ပင်ပန်းသည်ဟု ခံစားလာရပါလိမ့်မည်။SBD ရရှိရန် စာရေးသားနေရသဖြင့် တာဝန်တခုလို ခံစားလာရပါလိမ့်မည်။ အခြားသူများ ရနေသည်ကို မြင်တော့လည်း မိမိ လည်း ရခြင်သည်။ ဤတွင် စိတ်ဆင်းရဲခြင်းကို ဖြစ်စေပါလိမ့်မည်။

01.png

သို့သော် မိမိ အပါအဝင် မြန်မာလူမျိုးတော်တော်များများမှာ on line ငွေရှာနည်း များကြောင့် သို့မဟုတ် digital ငွေကြေးကြောင့် ဤ platform ပေါ်သို့ ရောက်ရှိလာကြခြင်းဖြစ်ပါသည်။ ကိစ္စမရှိပါမည်သို့ မည်ပုံ ရောက်ရှိလာသည်ဖြစ်စေ မိမိတို့ မြန်မာများမှာဤ Steemit Platform ပေါ်တွင်မြန်မာစာဖြင့်ရေးသား၍ နောင်လူတို့ အကျိုးရှိစေရန် စွန့်ဦး တီထွင် နေကြသူများဖြစ်ပါသည်။ မိမိ Steem power များရှိထားပါမှ နောင်လူတို့ကို ကူညီနိုင်မည်ဖြစ်သည်။ ဤတွင် လက်ရှိ မြန်မာ လူငယ်များတွင်ဖြစ်ပေါ်နေသော ပြသနာ များကိုအနည်းငယ်ဝေမျှလိုပါသည်။ အချို့က post များကို တရက် တည်း ငါးခု ခြောက်ခုခန့်တင်ပါသည်။ မနက်ဖြန် တဘက်ခါ Steemit ပျောက်ကွယ်သွားတော့မည်ဖြစ်၍ အလောတကြီးတင်နေသကဲ့သို့ ရှိပါသည်။ ဤတွင် တခုသိစေချင်သည်မှာ မိမိကို voting ပေးသူတို့မှာ မိမိ တင်သည့် post တိုင်းကို vote လိုက်မပေးနိုင်ပါ။ မိမိ blog အတွင်း ဝင်ကြည့် အခါများတွင်လည်း နှစ်နာရီခြား တခါ post တင်ထားသည်ကို တွေ့လျင် အဘယ်နည်း နှင့် မျှ quality post မဖြစ်နိုင်ပါ။ ဤသည်မှာ SBD လိုချင်၍ post များ စွတ်တင်နေမှန်း အရမ်းသိသာပါသည်။

maxresdefault.jpg

Steemit web တွင် trending နေရာတွင်ရှိသော စာရေသူများသည်, နှစ်ရက်တခါ, သုံးရက်တခါ မှ post တခုတင်ပါသည်။ quality post တခုဖြစ်ရန်မှာ အချိန်လိုပါသည်။ trending နေရာတွင်ရှိနေသော စာရေးသူများမှလည်း မိမိကို vote ပေးမည့်သူ ရှိတာပဲဟူ၍ နေ့စဉ်ရက်ဆက် post များကို မတင်ပါ။ မိမိ တင်လိုက်သော post များ၏ quality ကို တန်ဖိုးထားကြပါသည်။ မိမိ ရေးသားလိုက်သော, ဥပမာ မိမိကိုယ်တိုင်ရေးသော ကိုယ်တိုင်ဖန်တီးထားသော post ကို လူအများ တဖြည်းဖြည်း အသိအမှတ်ပြုလာ, မှတ်ချက်များရရှိလာသော ခံစားမှုပီတိသည်, original content ရေးသားသူသာ ခံစားရရှိနိုင်ပါသည်။ မိမိကိုယ်တိုင်ရေးသား၍ ရရှိသော SBD ပြား ၅၀ ဖြစ်ဖြစ် ကိစ္စမရှိပါ, ရရှိလာသော အကျိုးအမြတ်ကို တန်ဖိုးထားပါသည်။ post များ တရက်တည်း အများအပြာ တင်ခြင်း၏ အကျိုးဆက်ကို ဝေမျှပါမည်။ မြန်မာ Steemit များ အစောပိုင်းက တင်သော post များသည် အများအားဖြင့် $1 လောက်တော့ ရကြပါသေးသည်။ ဤသည်မှာ good-karma ဟူသော အကောင့် ပိုင်ရှင်မှ မြန်မာစာရေးသာသူများအား support ပေးပါသည်။ အစောပိုင်းတွင် ကျွှန်တော်ကြည့်ရသလောက် auto voting system ကိုသုံး၍ မြန်မာများကို support ပေးပါသည်။ ထို good-karma ဆိုသူမှာ esteem app ၏ developer ဖြစ်ပါသည်။ ကျွှန်တော်တို့ မြန်မာအများစုမှာ esteem app မှ post များတင်ကြသဖြင့် support လုပ်ပေးခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့သော် လွန်ခဲ့သည့် အပတ်မှစပြီး ထိုသူ၏ support ပေးမှုမှာ တဖြည်းဖြည်း နည်းလာပါသည်။ ဤသည်မှာ post များကို ဆက်တိုက် တင်ခြင်းနှင့် cheetah ၏ effect များကြောင့်ဖြစ်ပါသည်။

012.png

ထို့ကြောင့် ကျွှန်တော့ အနေဖြင့် post များကို တရက်တည်း အများကြီတင်ခြင်းကို အားမပေးလိုပါ။ တရက်လျင် post တခု , သို့ မဟုတ် နှစ်ခု သည် အသင့် လျော်ဆုံးဖြစ်ပါသည်။ဤသည်မှာ မိမိ အမြင်သာ ဖြစ်ပါသည်။ မဖြစ်မနေမိမိ ပြောသည်ကို လိုက်နာရမည်ဟူ၍မဆိုလိုပါ။ ဤတွင်လက်ရှိဖြစ်နေသော အခြားပြသနာမှာ voting မရခြင်းဖြစ်ပါသည်။ ကိုယ်တိုင်ရေး post များဖြစ်သော်လည်း voting မရဖြစ်နေ၍ အားငယ်လာပါသည်။ Steemit Platform ပေါ်တွင် ရောက်ရှိနေသော မြန်မာများ active ဖြစ်နေသော အကောင့်များ မည်မျှရှိသည်ကို မိမိ မသိပါ။ ကျွှန်တော့ အနေဖြင့်တော့ Facebook တွင် Steemit Myanmar community တွင် Steemit နှင်ပါတ်သက်သော ပြသနာများ ကို ဖြေရှင်းပေးရန်နှင့် Steemit vote link group တွင် တင်ထားသော post link များကို ဝင်ရောက်ကြည့်ရှု၍ vote ပေးပါသည်။ အခြားမည်သည့် group တွင်မှ ဝင်ရောက်ပါဝင်ထားခြင်းမရှိပါ။ ဤတွင် vote ရရှိခြင်း နည်းနေသော original အရေးအသား ရေးသူများအား အားပေးလိုသည်မှာ မိမိတို့သည် စွန့်ဦး တီထွင်စွန့်စား နေသူများဖြစ်၍ အားတင်ထားပါရန် နှင့် မြန်မာ community သို့လူသစ်များ တဖြည်းဖြည်း ဝင်ရောက်မှုများလာပြီနောက် ၆လ ခန့် တွင် သိသာလာမည်ဖြစ်သည် ဟု အားပေးလိုပါသည်။ လူသစ်များအားလည်း မိမိ တင်လိုက်သော post , မိမိ ရေးသားလိုက်သော စာ သည် SBD ရရန်အတွက်သာ မဟုတ်ပဲ ဖတ်ရသူ အခြားသူများအတွက် တခုခု ရသွားပါစေ ဟူသော စေတနာ များဖြင့် မိမိတို့ post များကို ဖန်တီးစေချင်ပါသည်။ အနုပညာ, ရသ, ပညာ, စသည်ဖြင့်။

steem_success.jpg

ဤတွင် ဆရာဦးအောင်သင်း၏ ဆောင်းပါးမှ တန်းဖိုးဟူသော အရာအား အနည်း ငယ်ဝေမျှလိုပါသည်။ တန်ဖိုးဆိုသည်မှာ....... သဘာဝ+ မိမိလုပ်အား=တန်ဖိုးဖြစ်ပါသည်။ မြေကြီးသည် သဘာဝကပေးသော အရာဖြစ်သည်, သို့သော် လောက်စာလုံးလုံး၍ ရောင်းသူနှင့် သောက်ရေအိုး ပြုလုပ်ရောင်းချသူခြင်း လုပ်အား ထည့်ရတာခြင်းတူသော်လည်း ထွက်ပေါ်လာသော တန်ဖိုးမှာ ခြားနားပါသည်။ ထို့အတူ ရေအိုး ပြုလုပ်သူနှင့် ကြွေပုဂံပြား, ကြွေခွက် ပြုလုပ်သူတို့ လုပ်အားထည့် ရတာချင်း အတူတူ, ထွက်ပေါ်လာသော တန်ဖိုးမှာ ခြားနားပါသည်။ Steemit Platform မှာ မိမိတို့အား သဘာဝကပေးသော အရာဖြစ်ပါသည်, ထိုအပေါ်တွင် မည်မျှတန်ဖိုးရှိသော account ဟူ ၍ဖြစ်လာရန် မှာ မိမိ လုပ်အား မည်မျှစိုက်ထည့်သည်, မည်သို့ မည်ပုံ လုံလပြုထားသည် ဆိုသည့် အပေါ်မှာ မှူတည်နေမည် ဖြစ်ပါသည်။ ကျွှန်တော်ရေးသားသော ဤpost သည် Steemit နည်းပညာပိုင်းအတွက် တစုံတရာ ဝေမျှစရာ မပါဝင်သော်လည်း ဤဆောင်းပါး ဖတ်ရခြင်းအားဖြင့် ဗဟုသုတ တစုံတရာ ရသွာမည်ဟု မျှော်လင့်ပါသည်။ နောက် post များတွင် voting system နှင့် reputation အကြောင်းကို မိမိ သိသလောက် ဝေမျှပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image
Henry Aung ( Kachin )

Sort:  

နောက်ဆုံးအပိုဒ်က စာသားတွေအကြိုက်ဆုံးပဲဗျာ
အရမ်းကောင်းတဲ့ ဆုံးမစကားတွေဘဲ

ကျေးဇူးတင်ပါတယ်, တစုံတရာ ရရှိသွားရင်ကို ကျေနပ်လှပါပြီ။

Nice post

Thanks for support,,, i hope you will get something from it....

Thank you for your sharing @kachinhenry

Thanks for your support

ကျေးဇူးတင်ပါတယ် bro

ကျေးဇူးတင်ပါတယ်, တစုံတရာ ရရှိသွားရင်ကို ကျေနပ်လှပါပြီ။

You are the best Bro Henry

Thanks you very much for your support ....

ခုမှသိတယ်အကိုရေ အရမ်းကို ကျေးဇူးတင်မိပါတယ်နော်

ကျေးဇူးတင်ပါတယ်, တစုံတရာ ရရှိသွားရင်ကို ကျေနပ်လှပါပြီ။

thank you for sharing.

Thanks you very much for your support....

ကျေးဇူးအများကြီးတင်တယ်လို့ပြောပါရစေ နားမလည်သေးသော်လည်း လိုက်လံလေ့လာနေပါသည် ပို့စ်တင်ရာတွင်လည်း တတ်နိုင်သမျှ ကိုယ်ပိုင်အတွေးအခေါ်များဖြင့် တင်ပါသည်

မိုင် ၁၀၀၀ ခရီးအတွက် ပထမဆုံးခြေလမ်းဖြင့် စရသည်။ ဇွဲသာရှိပါစေ အောင်မြင်ပါလိမ့်မည်။

Thanks Bro.

you are welcome......

ကျနော်တို့အတွက်များစွာအကူအညီပေးတဲ့ပိုစ်တစ်ခုဖြစ်ပါတယ်။့ကျေးဇူး
ကြီးမားလှပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်, တစုံတရာ ရရှိသွားရင်ကို ကျေနပ်လှပါပြီ။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58470.49
ETH 2617.16
USDT 1.00
SBD 2.39