Steemit Platform ပေါ်တွင် ၂ နှစ်တာ ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော် steemit platform ပေါ်သို့ ရောက်ရှိလာခဲ့သည်မှာ လွန်ခဲ့သော စက်တင်ဘာလက ၂ နှစ်တာ ကာလပြည့် မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဤ ၂ နှစ်တာကာလအား နောက်ပြန်လှည့်ကြည့် လိုက်လျင် ကျော်ဖြတ်ခဲ့ရသော ၊ ဖြတ်သန်း ခဲ့ရသော ၂ နှစ်ကာလအား အသေးစိတ် ရေးရလျင် အနည်းဆုံး ခန်းဆက်ရှည် ဆောင်းပါး ၁၀ ခု လောက်တော့ရမည်ဟုထင်ပါသည်။
KR team ဖြင့် ကျော်ဖြတ်ခဲ့ရသောကာလ ၊ MSC တည်ထောင်ဆဲ ကာလများ အဖြစ်အပျက် အကြောင်း အရာတို့မှာ မနည်း မနော။ နှောင် နှစ် အနည်းငယ်ကြာလာ၍ MSC တည်တည် တံ့တံ့ဖြင့် ရပ်တည် နိုင်သောအခါ " ကျွန်တော်ပြောသော MSC “ ဟူ၍ ဆောင်းပါး ရေးသားရန် စိတ်ကူးထားပြီး ဖြစ်ပါသည်။
ဤ ၂ နှစ်တာကာလ တွင် steemit platform နှင့်ပါတ်သက်၍ ကျွန်တော် တယောက်တည်း အမြင်ဖြင့် ရေးသားဖေါ်ပြရလျင် ကျွန်တော့အတွက် လိုတရ ပဒေသာပင် ပေါက်ခဲ့သည်ဟုပင် ဆိုရပါမည်။ ကျွန်တော် steemit platform အား မည်သို့ ဖြတ်သန်း ကျော်ဖြတ်ခဲ့သည်အား မရေးပြတော့ပါ။
ဤ platform ပေါ်မှ အကျိုးအမြတ်ရခဲ့ သည့် အကြောင်းများအား အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ ကျွန်တော့ အနေဖြင့် လက်ရှိ အချိန်အထိ Steem Power စုဆောင်း နေဆဲ ဖြစ်သည်ကို အားလုံး အသိ ဖြစ်ပါသည်။ ဤ platform ပေါ်မှီခို၍ ကျွန်တော်ရရှိခဲ့သော အကျိုး အမြတ်မှာ ယနေ့ အချိန် အထိ ( ကျွန်တော် ထုတ်ယူပြီး ) သိန်း ၁၀၀ ကျော် ဝန်းကျင် ဖြစ်ပါသည်။ ဤ သည်မှာ steemit platform မှ တိုက်ရိုက်ရရှိသည်တော့ မဟုတ်ပါ။
ဤ platform မှ သွယ်ဝိုက်ရရှိခြင်း ဖြစ်ပါသည်။ အနည်းငယ် အကျယ်ချဲ့၍ ရှင်းပြပါမည်။ steemit platform ၏ ခေတ်ကောင်းသော အချိန် တချိန်ကို မှီ လိုက်သူတို့ ကောင်းကောင်းသိပါသည်။ curie ၏ ပံ့ပိုးပေးသော vote တခုတည်းဖြင့် ပင် 8$ လောက် ကောင်းကောင်း ရခဲ့သော အချိန် တချိန်ရှိခဲ့ပါသည်။ ထို အချိန် တုန်းက ရရှိလာသော Steem များအား Power up ထားနိုင်ခဲ့သလို SBD များအား ဈေးကွက်တွင် ချရောင်း စားနိုင်ခဲ့ပါသည်။
ဈေးကွက်တွင် ရောင်းစားသည်ဟု ဆိုရာတွင် ဒီအတိုင်း ငွေ ဖေါ်လိုက်ခြင်း မဟုတ်ပါ။ အလား အလာရှိသော coin ငယ်များ ဝယ်ယူထား ခြင်း နှင့် ခိုင်မာသော ICO များတွင် ဝင်ရောက် ရင်းနှီးထားခြင်း ဖြစ်ပါသည်။ ထို့နောက် ထို coin များ ဈေးကွက် ဖေါက်လာသောအခါ ရောင်းချ၍ အကျိုးအမြတ် ဆတိုးပွားယူခြင်း ဖြစ်ပါသည်။
ကျွန်တော့ အတွက် အကျိုး အမြတ် ရှိစေခဲ့သော coin အချို့အား ဥပမာပေးရလျင် EOS , IOTA , BCH , BNB တို့ ဖြစ်ကြသလို ဝယ်ယူထားသော coin တိုင်းလည်း အမြတ်ရသည်ဟူ၍ မဟုတ်ပါ။ အချို့ coin များ ဆုံးရှုံးခဲ့ရသည်လည်း ရှိပါသည်။ ဥပမာ DATA , ETN , ATM , NANJ အစရှိသဖြင့်။ ဤ coin ဈေးကွက်အား လေ့လာခြင်း ၊ ICO ၏ ခိုင်မာမှု အား လေ့လာခြင်း စနစ်တကျ Trading လုပ်ခြင်း အကြောင်းတို့အား ယခင်က MSC chat group များတွင် အရိပ် အမြွတ်မျှ ပြောပြဘူးပါသည်။
ထို အကြောင်း အရာများအား ဆောင်းပါး ရေးသားရန် စိတ်ကူး မရှိပါ။ အကြောင်း မှာ coin ဈေးကွက် တွင် ကျွန်တော့ထက် နားလည်သူ အများအပြား ရှိသောကြောင့် ဖြစ်သလို coin များ၏ လူကြိုက်များမှုမှာ တယောက်နှင့် တယောက် အမြင်မတူ နိုင်ကြသော ကြောင့် ဖြစ်ပါသည်။
အခြားတခုမှ coin အများအား ဖြင့် Referral စနစ်ရှိသောကြောင့် ကျွန်တော်ကိုယ်တိုင် ထိုစနစ်ကို မကြိုက်လှ၍ မည့်သူ့ကို မျှ ကျွန်တော့ လက်အောက် သို့ ထည့်သွင်း လိုသော ဆန္ဒမရှိသောကြောင့် ထို coin အကြောင်းအရာများ မရေးသားရခြင်း ဖြစ်ပါသည်။ Trading လုပ်ရာတွင် Price Pumper များ ၏ သတင်း အနံ့ခံ နိုင်ရသလို မည်သည့် အချိန်တွင် ဝယ်၍ မည်သည့် အချိန်တွင် ချရောင်း ရမည် ကိုနားလည် ထားနိုင်ရန် အလွန်အရေးကြီးပါသည်။ ကျွန်တော် ယခု ဆောင်းပါးအား ရေးသားရခြင်းမှာ ကြွားဝါလို၍ မဟုတ်ပါ။
steemit platform သည် ရေရှည် အတွက် အကျိုးရှိမည်မဟုတ် ဟု အထင်ရောက်နေကြသူများ ၊ Steem ဈေးနှုန်း ကျဆင်း၍ စိတ်အားပျက်နေကြသူများအား ကျွန်တော်၏ အတွေ့အကြုံများ ချရေးပြ၍ အားပေးလိုရင်း ဖြစ်ပါသည်။ အချို့က ကျွန်တော် SP ထိုက်သင့်သလောက် ရှိ၍ ဤ ကဲ့သို့ အကျိုးအမြတ်ရယူ နိုင်ခြင်း ဖြစ်သည်ဟု ထင်ကောင်း ထင်ပါလိမ့်မည်။ တဝက်တော့မှန်ပါလိမ့်မည်။
တခုနားလည် ထားရန် လိုသည်မှာ ကျွန်တော့ SP သည်လည်း ဝုန်းဒိုင်း ဟူ၍ SP 500 ၊ SP 1000 ဟူ၍ ဖြစ်လာသည် မဟုတ်ပါ။ ယခု member များကဲ့သို့ပင် SP 50 , 100 , 300 , 1000 ဟူသော ကာလများကို ကျော်ဖြတ်ခဲ့ရပါသည်။ ကျွန်တော့အား အဓိက အောင်မြင်စေသော အရေးကြီးဆုံး အရာမှာ အလုပ်တခုလုပ်လျင် တဝက်တပြတ်နှင့် မထားတတ်သော အကျင့် ဖြစ်မည်ဟု ထင်ပါသည်။ မလုပ်လျင် အစကတည်းက မလုပ်ပါ။ လုပ်လျင် အရာတခုခု ရောက်သည်အထိ ရေစုံ ရေဖျား အထိ အပင်ပန်းခံ လုပ်တတ်ပါသည်။
ဤ cryptocurrency ဟူသော blockchain နည်းပညာနှင့် နွယ်၍ ဖြစ်ပေါ်လာသော ငွေကြေးမှာ သင်ယူစရာ များလွန်းလှပါသည်။ MSC member တို့အား အားပေးလိုသည်မှာ " သဘာဝ + မိမိလုပ်အား = တန်ဖိုး " ဟူသော formula တခုကို မှတ်ထားစေချင်ပါသည်။ သဘာဝဟု ဆိုရာတွင် steemit platform သည် သူ၏ လုပ်ဆောင်ချက် သဘာဝ အတိုင်း မည်သူမဆို ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။ ကန့်သတ်ချက်မထားပါ။
မိမိ လုပ်အား မှာ အရေးကြီးပါသည်။ မိမိလုပ်အား အပေါ် မိမိ ဝရိယ မည်မျှထားသည် ၊ ညာဏ်စွမ်းရှိသလောက် မည်ကဲ့သို့ အားထည့်သည် ၊ မိမိ လုပ်အား ပိုမိုထိရောက်စေရန် မည်ကဲ့သို့ လေ့လာသည် စသည်ဖြင့် မိမိ လုပ်အား အပေါ် မိမိ အကျိုးသက်ရောက်စေသလောက် ထွက်ရှိလာသော ရလဒ်ဖြစ်သည့် တန်ဖိုး ပြောင်းသွားလေ့ရှိပါသည်။
မည့်သည့်နေရာတွင် ဖြစ်စေ အထူးသဖြင့် စီးပွားရှာရာတွင် အလုပ်တူသော်လည်း နှစ်ကာလကြာသည်နှင့် အမျိုးအစားမတူသော လူ တန်းစား ၃ ရပ် ကွဲသွားလေ့ရှိပါသည်။ ( ၁ ) လူအများ လိုက်လုပ်၍ ဝင်ယောင်သူ ( ၂ ) ရေလိုက်ငါးလိုက် ဝင်လုပ်သူ ( ၃ )မအောင်မြင် မခြင်း ကြိုးစားလုပ်ဆောင် သူတို့ ဖြစ်ပါသည်။ ထပ်မံ အကျယ်ချဲ့ ရေးသားလျင် စာရှည် မည် ဖြစ်သော ကြောင့် ဤမျှသာ ရေးသားလိုက်ရပါသည်။
Steemit Platform နှင့်ပါတ်သက်၍ အချိန်အတိုင်းအတာ တခုတွင် ကျွန်တော် အကျိုးရှိခဲ့သော အရာများအား ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ နောက်ထပ်လည်း နှစ်ချီ၍ ဆက်လက် လျှောက်လှမ်း နေရပါအုံးမည်။ မိမိ ရရှိလာသော တန်ဖိုးသည် မည်မျှ ကြီးသည် နည်းသည် ဆိုသည်ကတော့ မိမိလုပ်အား အပေါ်မူတည်နေပါလိမ့်မည်။
ထီပေါက်ချင်တယ်ဟူ၍ ထိုင်နေ၍ မရပါ။ ကိုယ်တိုင် ထီထိုးထားရန်တော့လိုပါသည်။ Steem ဈေးတက်မှ စာရေးမယ်ဆိုသူများကလည်း Steem စုထား၍ ရောင်းစားလျင် အကောင်းဆုံးဈေးတွင် တခါသာ ရောင်းစားနိုင်ပါမည်။ ကျွန်တော်ယခင်ကလည်း ပြောပြဘူးပါသည်။ ကွန်ချက်လည်း ပြပြီးပါပြီ ၊ ဟင်းစားလည်း ပေးနေပါသည်။ ကိုယ်တိုင် ကွန်ပြစ်နိုင်ရန် လုံလ ထားရန်သာ လိုပါတော့သည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001
Thank you so much visit on my blog
Posted using Partiko Android
သားက ထီပေါက်ချင်တော့ ထီသွားထိုးမယ်ဆိုတဲ့
အတွေးပေါင်းများစွာနှင့် လျှောက်လှမ်းပါပြီ ဆရာ
အကောင်းဆုံးပါ။
ကိုဟင့်စာက ကျမအတွက် အားဆေးတစ်ခွက်လိုပါပဲရှင်
ကွန်ချက်လဲပြ၊ ဟင်းစားလဲပေးသူရှိမှတော့ မယူသူ ကိုယ့်အပြစ်ပါပဲ
အကောင်းဆုံး လုပ်ဆောင်နိုင်ပါစေ...
spsp လိုချင်ပေမဲ့ ခက်နေတတ်သော sp များရှာဖွေနိုင်ဖို့ကြိုးစားဆဲ ။
သူများတောင် ရနိုင်သေးတာပဲ... အားမလျှော့နဲ့။
အခုလိုအားပေးတဲ့အတွက်ကျေးဇူးပါbroရေ
Posted using Partiko Android
အကောင်းဆုံး လုပ်ဆောင်နိုင်ပါစေ...
စိတ်မပျက်ပါဘူး၊ ဆက်ကြိုးစားလျှက်ပါ။
Steemit ကြောင့် MSC မိသားစု နှင့်ဆုံခွင့်ရခဲ့တယ်။
အကယ်၍ Steemit မရှိတော့ဘူးဆိုရင်တောင်
Steemit ကမွေးဖွားပေးလိုက်တဲ့ MSCမိသားစုနဲ့
ဆက်လက်ရှင်သန်နေမှာပါ။
MSC ဆိုတာ ဘာလဲ ဘရို ၊ ကျနော် ခုမှ steem စသုံးတာ ဆိုတော့ မသိဘူးဗျ ၊ ခုမှ စမ်းတ၀ါးဝါး နှင့် ဟိုလုပ်သည်လုပ် ၊ လက်တွဲ ခေါ်ကြပါဦး ။
ဟုတ်ကဲ့ သိချင်တာများကို အောက်ကလင့်ကိုနှိပ်ပြီး
ကျနော့်ဆီဆက်သွယ် မေးမြန်းနိုင်ပါတယ်ဗျာ။
https://www.facebook.com/kkmhkoko
အခုလို တွဲ ခေါ်တဲ့ အတွက် ကျေးဇူးပဲ ညီလေးရေ..
ဟုတ် ကိုဟင်
ကျွန်တော်တက်စွမ်းသလောက် သူငယ်ချင်းတွေကိုလည်း
စတီးမစ်အကြောင်းရှင်းပြပြီး တွဲခေါ်နေပါတယ်။
အမှန်ပါဘဲ ခဗျ
မှန်တာပေါ့လို့ ။
ကွန်လေးယက်နေတာ နည်းနည်းခြင်းနဲ့ ဖြည်းဖြည်းမှန်မှန် ယက်နေတာပြီးရင်တော့လားကွာ
ဟေ့ ... steem နင်ကျထားပြေးထားအုံးပေါ့ ကွာ။
Steem ကတော့ မပြေးဘူး ကိုထွေး ။ ကွန်ရက်လို့ မပြီးမှာသာ စိုးတာ။
ကွန်ကတော့ နေ့တိုင်းပစ်နေတာပါပဲ
ဟင်းစားတော့ ရပါပြီ...စီးပွားတော့ မဖြစ်သေးဘူး😁😁😁
Posted using Partiko Android
ဟင်းစားရနေပြီဆိုတော့လည်း ဝမ်းသာရတာပေါ့။ တဖြေးဖြေးတော့ အဆင်ပြေလာပါလိမ့်မယ်။
Friends, your article is very great. Which is very good after reading.