စင်္ကပူမှာသာတဲ့လ ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ MSC member အပေါင်းတို့ ဝါလကင်းလွတ်သည့် သီတင်းကျွတ် အခါသမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း များ နှင့် အတူ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေမည့် အကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။ ယနေ့နံနက်စော စော ၅ နာရီခွဲခန့် အလုပ်ထသွားသောအခါ ကားမောင်းရင်း Highway လမ်းမပေါ်ရောက်သောအခါ စင်္ကပူ ကောင်းကင်ပေါ်တွင် ဝိုင်းဝိုင်းစက်စက် ဖြင့် သာ နေသော လမင်းကြီးအား တွေ့လိုက်ရပါသည်။

သီတင်းကျွတ်လပြည့် ပဲဟူသော အတွေးဖြင့် ကားဆက်မောင်းသွားရင်း ကျွန်တော့ အတွေးကို ရှည်စေပါတော့သည်။ ငယ်ငယ်တုန်းကတော့ ဒုတိယ အစမ်းစာမေးပွဲ ပြီးသည်နှင့် သီတင်းကျွတ်ကျောင်းပိတ်ပြီ ဟုထင်ပါသည်။ တချီတမောင်း ကမြင်းကြောထဖို့ အချိန်ပေးလိုက်သကဲ့သို့ပင်။ အဓိကအား ဖြင့်တော့ ဗျောက်အိုး ဖေါက်ခြင်း ၊ မီးပန်း လွှတ်ခြင်း နှင့်အတူ အန္တရာယ်များလှသော ကစားနည်း ဖြစ်သည့် မီးစုန်း တောက် ကစားနည်း များဖြင့် လပြည့်ညများစွာကို ကျော်ဖြတ်ခဲ့ဘူးပါသည်။

သီတင်ကျွတ် လပြည့် ပြီ ဆိုသည်နှင့် ည ၈ နာရီခန့် ဧရာဝတီ မြစ်ကမ်းထိပ် မှ တဖက် ကမ်း ဖြစ်သော ရှမ်းရွာ ( မိုင်းနာ ) မှ မျှောလွတ်လိုက်သည့် ဆီမီးခွက် များအား သွားကြည့် ကြပါသည်။ လရောင် အောက်တွင် ညှင်ညှင်သာသာ စီးနေသော ဧရာဝတီ မြစ်အတွင်း မျှောလွတ်လိုက်သော ဆီမီးခွက် မီးရောင်တို့ ဖြင့် စင်းစင်းကြီး လှပနေသော မြင်ကွင်းမှာ ယနေ့ အချိန်တွင် ပြန်မြင်ခွင့် မရနိုင်တော့သော ပုံရိပ်တခု အဖြစ် ကျန်နေခဲ့ပြီ ဖြစ်ပါသည်။

ထို့ အပြင် အေးမြသော လရောက်အောက်တွင် ဟိုသည် ပျံသန်းနေကြသော ပိုးစုန်းကြူးများ အားငေးကြည့် ရသည့် အရသာမှာ ယနေ့ခေတ် ကလေးငယ်တို့မြင်ခွင့် မရနိုင်တော့သော မြင်ကွင်းမျိုး ဖြစ်သွားခဲ့ပြီ ဖြစ်ပါသည်။ လပြည့် ည၏ အရာရာ ကြည်လင် နေသော လရောင်အောက်တွင် ဆွဲဆွဲငင်ငင်အူ လိုက်သော ခွေးအူသံကြောင့် ကျောရိုးတလျှောက် ရေခဲရေ လောင်းလိုက်သကဲ့သို့ အေးစိမ့်သွားပြီး အိမ်ထဲပြေးဝင်ခဲ့ရသော အခိုက်အတန့်များ ၊ အရာရာ ငြိမ်သက် တိတ်ဆိတ်နေသော လရောင် အောက်တွင် အိမ်သာတယောက်တည်း သွားမတက်ရဲသော ညများ စသည်တို့ဖြင့် ကျွန်တော့ အတွေးများကို ရှည်စေပါတော့သည်။

လသာခြင်းနှင့်ပါတ်သက်၍ ကျွန်တော့တွင် ပြောစရာစကားများ အများ အပြားရှိပါသည်။ သို့သော်စင်္ကပူ ရောက်ပြီး နောက်ပိုင်းတော့ မည်သည့် အချိန်လသာ၍ မည်သည့် အချိန် သီတင်းကျွတ်ခဲ့သည်ကို မသိသည်မှာ အတော်ကြာခဲ့ပြီ ဖြစ်ပါသည်။ သဘာဝ ဖြစ်သော လမင်းကြီးကတော့ အချိန်ရောက်လျင် သာမြဲ ၊ အေးချမ်းမှုကို ပေးနေမြဲ ။

စင်္ကပူတွင်လည်း လသာပါသည်။ သို့သော် မွန်းကျပ်လှသော မြို့ပြ၏ နီယွန် မီးရောင်များ အောက်တွင် လှုပ်ရှားသွားလာနေကြသူများအဖို့ လရောင်၏ အေးမြမှုအား ခံစားနေရန် အချိန်မပေးနိုင်ကြပါ။ ကျွန်တော့ အနေဖြင့်လည်း စင်္ကပူ ကောင်းကင်တွင် သာနေသော လမင်းကြီးအား ကြည့်၍ တဝါကျွတ်ပြန်ပြီ ဟူသော အတွေးဖြင့်သာ လုပ်ငန်းခွင် ဝင်ရန် ပြင်ဆင် နေရပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

အခြေအနေနှင့် အချိန်အခါတွေက သဘာဝရဲ့ အလှတရားနှင့်ငြိမ်းအေးသာယာမှုကို ခံစားနိုင်စွမ်း မရှိတော့ပါတကား....

မခံစားနိုင်ခဲ့တာတော့ ကြာပါပြီ။

Nice, my friend @kachinhenry

လကတော့သာမြဲပါပဲ လသာတာကို ခံစားနိုင်တာ မခံစားနိုင်တာပဲ ကွာသွားတာပေါ့ဆာဟင် မြန်မာပြည်မှာလည်း လသာဆဲပါပဲ ခင်ဗျာ မွန်းကျပ်မှုတွေကနေ ရုန်းထွက် ပျော်ရွှင်ပါစေဗျာ

ကျေးဇူးအများကြီးတင်ပါတယ်

လမင်းကြီးကတော့ သာဆဲပါ....
ငယ်စဉ်က မြင်ကွင်းလေးတွေ က မနာလိုစရာကောင်းအောင် လှပနေတယ်ဗျာ

အခုတော့ အိမ်မက်တခုလိုပေါ့ဗျာ...

စင်္ကာပူမှာ သာတဲ့လ သာနေပေမဲ့ အလကား

စင်္ကပူ သူအတွက် အကောင်းဆုံး မဟုတ်တော့ပြီ။ ထည် ဝါတဲ့ လျပ်စစ်မီးတွေရဲ့ အလယ်မှာ......

ကိုဟင် ကမှ လမင်းကြီး မြင်လိုက်ရသေး ဒီမှာက တိမ်တွေဖုံးလို့။ တိမ်မဖုံးလည်း မထူးပါဘူး ကိုယ်မှ နေမကောင်းပဲ ဘယ်မှ လည်မရ၊ ပြုမရ။

သူလာလည် သွားတာကိုးလို့။

ဝါလ ကင်းလွှတ် သီတင်းကျွတ်ရဲ့ လပြည့်နေ့၏ စတုဒိသာ လိုက်စား ရတာလဲ ပျော်တယ်ဗျား ဆန်ပြုတ်ဝဝသောက် မုန့်လုံးရေပေါ်စား မုန်တီ မုန့်ဟင်းခါး ဆန်ခေါက်ဆွဲ အုန်းနို့ခေါက်ဆွဲ လိုက်စားရင်း မီးလည် ရတာလေးက သီတင်းကျွတ်ရဲ့ အငွေ့အသက်ကလေးလေဗျား ။ စကားမစပ် တစ်ဝါကျွတ်ပြန်ပြီနော် ကိုဟင်

ဟုတ်.. တဝါကျွတ်ပြန်ပြီ

မြန်​မာပြည်​မှာ သာတဲ့လ က​တော့ ​ပျော်​ရွင်​ဖွယ်​ရာ​တွေ နဲ့ ပြည့်​နှက်​​နေပါတယ်​ ကိုဟင်​​ရေ
အလားတူပဲ စင်္ကာပူ မှာ ​ပျော်​ရွင်​နိင်​ပါ​စေဗျာ 😊😊

Posted using Partiko Android

ကျေးဇူးအများကြီးတင်ပါတယ်

ဝါကျွတ်ပီနော် အကိုရီး😁😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63398.53
ETH 2660.51
USDT 1.00
SBD 2.77