Myanmar Steemit Community နှင့် Registration Number ( Henry Aung )

in #myanmar7 years ago

HENRY.jpg

ကျွန်တော်တို့ MSC အနေဖြင့် လက်ရှိအနေအထားတွင် ပညာရှင် များ တဖြည်းဖြည်း ဝင်ရောက်လာနေကြသည်ကို တွေ့ရပါသည်။ အပြုသဘောဆောင်သော အရေးအသားများ အတွေ့အကြုံများ ရသစာပေများ တဖြည်းဖြည်းပါဝင်လာနေကြပြီ ကို တွေ့ရပါသည်။ ဤတွင် အဘယ့် ကြောင့် MSC တွင် register ပြုလုပ်ရခြင်းကို အနည်း ငယ်ရှင်းပြလိုပါသည်။ ကျွန်တော်တို့ မြန်မာလူငယ်များ Steemit Platform ပေါ်စတင်ဝင်ရောက်ကာစတွင် မည်မျှလောက်ခက်ခဲခဲ့သည်ကို လက်ရှိ June လ တွင် ဝင်ရောက်လာကြသူမှန်သမျှသိပါလိမ့်မည်။

vote မရကြသူများ၊ အချင်းချင်းသာ vote ကြသူများ ၊ voting power 0 ဖြစ်သည် အထိ တွေ့ကရာ အကုန် vote ကြသူများ စသည်ဖြင့် ပြသနာများလှပါသည်။ ထို့ အပြင် cheetah နှင့် Steem Cleaner များကလည်း အကောင့် တိုင်းနီးပါး ဒုက္ခပေးခဲ့ကြပါသည်။ အချို့ကလည်း အပြုသဘောဆောင်သောအကြံပေးကြသလို အချို့ကလည်း ရင့်သီးစွာ ပြန်လည် ချေပကြပါသည်။ ကိစ္စမရှိပါ။ Steemit Platform ပေါ်သို့ လိုလားစွာ လျှောက်လှမ်း လိုသူတို့ ရှိနေသမျှ အကူအညီ ပေးသူများရှိနေအုံးမည်သာဖြစ်ပါသည်။

ထို့ နောက် curie team ၏ အထောက်အပံ့ရရှိလာသောအခါ copy post များတခါ စီစစ် ရပြန်ပါသည်။ အချို့ကလည်း ဆောင်းပါး မရေးတတ်၍ Steemit အားကျောခိုင်းသွားသူများရှိသလို ၊ ရေချင်ရာရေး ၍ curie အထောက်အပံ့ရယူ လိုသူများလည်း ရှိခဲ့ပါသည်။ ဤကဲ့သို့ သံသယဖြစ်ဖွယ်သော ဆောင်းပါးများကို admin များက comment ချ၍ သတိပေးသောအခါ အချို့ကလည်း လက်ခံလာကြသလို အချို့ကလည်း လက်မခံသည့် အပြင် admin များအား အခြားသော social media ပေါ်မှ တိုက်ခိုက်ကြပါသည်။ သည့် အတွက် admin များ၏ အကောင့် ဖြင့် သတိပေးစရာ မလို အောင် Myanmar cheetah ကို ဖန်တီး ထားရခြင်းဖြစ်ပါသည်။

gw.jpg

ကျွန်တော်တို့ MSC အနေဖြင့် အခက်အခဲတခု တွေတိုင်း ခေါင်းချင်းဆိုင် အစည်းအဝေးလုပ်၍ အများသဘောတူညီ မှုဖြင့် ဆုံးဖြတ်ခဲ့သည်ချည်းသာ ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် မိမိ တို့ MSC တွင် လိုက်နာရန် စည်းကမ်းချက်များ ရှိသလို member များအားလုံးကလည်း ထို စည်းကမ်းများကို လိုက်နာကြရပါသည်။ အများနှင့် သွားသည် ဖြစ်၍ စည်းကမ်း လိုက်နာဖို့ တော့ လိုအပ်ပါသည်။

အချို့ကလည်း MSC တွင် စည်းကမ်းများလွန်း၍ လူသစ်များဝင်ရောက်မလာကြမည်ကို စိုးရိမ်ကြပါသည်။ ကိစ္စမရှိပါ။ ကျွန်တော်တို့ သတ်မှတ်ထားသော စည်းကမ်းများသည် Steemit Platform နှင့် လိုက်လျော ညီထွေစွာ ၊ မြန်မာစာ ရေးသားသူတို့ မြန်မာစာ ၊ မြန်မာစကားကို လေးစားလာကြစေရန် တကယ်ပင်လိုအပ်၍ ချမှတ်ထားသော စည်းကမ်းများဖြစ်ပါသည်။ Register ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အနည်းငယ်ရှင်းပြလိုပါသည်။

လက်ရှိ အချိန်အထိ ကျွန်တော်တို့ MSC member များ Steemit Platform ပေါ်တွင် မည်သို့ သော စာ၊ ဆောင်းပါး၊ copy များကို လက်မခံကြောင်း အားလုံးသိရှိပြီး ဖြစ်ကြပါသည်ဟု ယူဆပါသည်။ ထို့ကြောင့် register ပြုလုပ်ထားသူ အားလုံး ၊ တနည်းအားဖြင့် MSC number ရရှိပြီးသူအားလုံး ကိုယ်ပိုင်အရေးအသား original content ဖန်တီးနေကြသူများဟု မှတ်ယူပါသည်။

fl.jpg

အဘယ်ကြောင့် ဖုန်းနံပါတ်များ email များ ရယူ ထားရသနည်း ဆိုလျင် member များတင်လိုက်သော ဆောင်းပါး တခုခု မှားယွင်နေလျင် comment ချ၍ သတိပေးခြင်းထက် ဖုန်းဖြင့် မက်ဆေ့ပို့ ခြင်း လိုအပ်လျင် Admin များက ဖုန်းခေါ်၍ သတိပေးနိုင်ရန် ၊ စည်းမျည်း စည်းကမ်းများ ၊ အစည်းအဝေးဆုံးဖြတ်ချက် မှတ်တမ်းများအား social media ပေါ်တင်ထားခြင်းထက် တဦးချင်း စီ၏ e mail သို့ ပို့ ပေးနိုင်ပါက ပိုမိုထိရောက်သောကြောင့် ဖြစ်ပါသည်။

မိမိတို့ ကိုယ်ပိုင် ဓါတ်ပုံဖြင့် မှတ်တမ်းယူထားခြင်းမှာ MSC Admin များအနေဖြင့် အကောင့် တခုချင်းစီအား ထိတွေ့ရမည် ဖြစ်သောကြောင့် မိမိထက်ငယ်လျင် ညီလေး ညီမလေး ၊ မိမိထက်ကြီးလျင် အစ်ကို အစ်မ ၊ အသက်ကြီးသူ ပညာရှင်များ ပါလာလျင် ဆရာ စသည်ဖြင့် လေးစားသမု ပြု၍ ခေါ်ဆိုနိုင်ကြစေရန် ရည်ရွယ်ရင်းဖြစ်ပါသည်။ မိမိတို့ Myanmar Steemit Community သည် နိုင်ငံရေး အဖွဲ့အစည်း မဟုတ်သလို ၊ လျို့ဝှက်စွာ ဖွဲ့စည်း ထားသော community လည်း မဟုတ်ပါ။

အခြားသူငှာများအား တိုက်ခိုက်နေသော အသင်းအဖွဲ့လည်း မဟုတ်သည့် အပြင် အဖွဲ့ဝင်အားလုံး စည်းစည်းလုံးလုံးဖြင့် ဤ Steemit Platform ပေါ်မှ အကျိုးအမြတ်ရရှိနိုင်ကြစေရန် ကြိုးစားနေကြသော community ဖစ်ပါသည်။ မိမိ၏ ကိုယ်ရေးအချက်အလက် နှင့် မိမိ မျက်နှာ အား မဖေါ်ပြနိုင်စရာ အကြောင်းမရှိပါ။ မိမိကိုယ်တိုင်က ရာဇဝတ်မှု ကြူးလွန်ထား၍ မျက်နှာ အမှန်အားမဖေါ်ပြနိုင်ပါ ဆိုလျင်တော့ Myanmar Steemit Community နှင့် ဝေးဝေး နေပါရန်သာ အကြံပြုလိုပါသည်။

အဘယ်ကြောင့်ဆိုသော် မိမိတို့ MSC မှာ မြန်မာနိုင်ငံ အနှံအပြားမှ ကျောင်းသား၊ သာမန်အရပ်သား၊ စီပွားရေးသမား၊ ကာသမား များအပြင် စစ်ဖက်ဆိုင်ရာ အရာရှိ ၊ ရဲ အရာရှိ များ လည်း ပါဝင်လာနိုင်သောကြောင့် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် Steemit သည် ပွင့်လင်းသော လူ့ အဖွဲ့အစည်း အတွက် ဖြစ်ပါသည်။

rp.jpg

လက်ရှိ အချိန်တွင် curie ၏ အထောက်အပံ့ရရှိနေသော အချိန် ဖြစ်သဖြင့် မိမိ တို့ တင်လိုက် ဆောင်းပါးမှာ အနည်း ဆုံး 7$ လောက်တော့ ရရှိနိုင်ပါသေးသည်။ ပြင်ပ မှ Steem ဈေးအတက်အကျတွင်လည်း မူတည်ပါသည်။ ကျွန်တော်တို့ MSC register နံပါတ်များ ရရှိပြီးသွားသည့် နောက်တွင် ရေးသားနိုင်စွမ်းရှိသူတို့ နေ့တိုင်း promotion တင်ခွင့်ရှိပါမည် ။

သို့သော် မိမိ ကိုယ်တိုင်ရေး သားထားသော ဆောင်းပါးများသာဖြစ်ရပါမည်။ နောက်ပိုင်းတွင် မိမိတို့ မြန်မာလူငယ်များအတွက် ကိုယ်ပိုင်ရေး ဆောင်းပါးသာမက ၊ ကဗျာများ ၊ ကိုယ်တိုင်ရိုက် ဓါတ်ပုံ များ ၊ ကိုယ်တိုင်ရေး ဆေးရေးပန်ချီးကားများအတွက်လည်း promotion ထည့် သွင်း စဉ်စားမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များအား Admin များ အစည်းအဝေးလုပ်၍ ဖေါ်ပြပေးပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

လမ်းကြောင်းပေါ်ရောက်နေပြီမို့ အတားအဆီးမှန်သမျှတော့ မဖြစ်မနေကျော်ရမှာပါ။ သိကြားမင်းနွားယောင်ဖန်ဆင်းတာတောင် ဂျိုကုတ်တယ်၊ ခွာလိပ်တယ်ပြောခံရသေးတာပဲ။

ကောင်းပါပြီဆရာ၊ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပါ့မယ်။

အမှန်တကယ်လုပ်ချင်စိတ်ရှိသူများအားလည်းဖိတ်ခေါ်သင့်ပါတယ်ဆရာ လူနည်းစုသာရှိနေသေးသောကြောင့် အထင်လွဲမှားမှုများဖြစ်နေကြခြင်းလည်းဖြစ်မည်ထင်ပါတယ်

ရာဇဝတ်မှုကျူးလွန်ထားတာမဟုတ်ရင် မျက်နှာကိုဖော်ပြသင့်တယ် ဆိုတာက ခုစစ်အစိုးရလက်ထက်မဟုတ်ဘူး ၊ဒီမိုကရေစီအစိုးဖြစ်နေပြီ၊ ဘာကို ခိုး ကြောင်ခိုးဝှက်လုပ်တာလဲ ဆိုတာလိုပဲ၊ ဖြစ်နေတာပေါ့နော် ၊ ကိုယ့်ဘဝအတွေ့ အကြုံအမှန်အကန်တွေရေးနေတာ နိုင်ငံတော် လျှို့ ဝှက်ချက်တစ်ခုမပါဘူး ၊ဒါပေမယ့် ခဏခဏခေါ်ပြီးသတိပေးခံနေရတဲ့ ဝန်ထမ်းဘဝကို ဘယ်သူနားလည်ပါ့မလဲ ၊စက်ရုံမှူး ၊ MD ,DG အားလုံး ဗကတွေ၊ ဗမကတွေဆိုတာ ဘယ်သူနားလည်မလဲ၊ ခုတောင် steemit ကိုမသိကြလို့ 

ကျွန်တော်တို့ နားလည်ပါတယ်ဆရာ.. အမှန်အတိုင်သာထုတ်ရေးရမယ် ဆိုရင်တော့ Steemit ဟာဂျာနယ်တွေထက်တောင်ပိုရောင်းကောင်းနေပါဦးမယ်။ ၇ ရက်ပြည့် သွားရင် ပြန်ဖျက်မရတော့မယ့် စာတွေမို့ လွပ်လပ် ပေါ့ပါးတာတွေပဲ ရေးဖြစ်နေကြတာပါ။

နေ့တိုင်းတင်ခွင့်ရခြင်း။ကိုယ်ပိုင်ရေး ဆောင်းပါးသာမက ၊ ကဗျာများ ၊ ကိုယ်တိုင်ရိုက် ဓါတ်ပုံ များ ၊ ကိုယ်တိုင်ရေး ဆေးရေးပန်ချီးကားများအတွက်လည်း promotion ထည့် သွင်းပေးခြင်းကို ကြိုဆိုပါသည်။ promotion ရနေတုန်းကို power များနိုင်သလောက်များအောင်စုဆောင်းထားနိုင်မည်။နောင်တချိန် အသစ်ဝင်ရောက်လာသူများကို အဆင်ပြေစွာ လက်တွဲခေါ်နိုင်မည်ဖြစ်သည်။ အပြောင်းအလဲကို ကြိုဆိုပါသည်။ လုပ်ဆောင်ပေးသူများကတော့ ပိုလို့ပင်ပန်းကြစေတော့မည်။ အားလုံးကိုယ်စားကျေးဇူးတင်ပါသည်

အဲဒီရည်ရွယ်ချက်အတိုင်းပါပဲ ။ ဒါပေမယ့် ရောက်နှင့်နေတဲ့ အရင်လူများအခြေကျဖို့ ကြိုးစားနေရလို့ ပါ။

အားရှိလိုက်တာအကိုရေ…
နော်တို့အဖွဲ့ ကြီးဒီတက်မက လူအများ ကြာလာလေပိုစိတ်ဝင်စားလာမှာပါ…
နော်တို့ မြ န်မာsteemit တွေလည်းအားလုံးပျော်နေကြပီလေ…😄😄

အကို ဟင်​နရီ​ပြောတဲ့အထဲမှာ MSCနံပတ်​ ရပြီးသူတိုင်း ​နေ့စဉ်​ promotion တင်​ခွင့်​ရှိတယ်​ဆိုတာ​ အတည်​ပြုပြီးပြီလား ခင်​ဗျ ။ အခုအချိန်​ကစပြီး ​နေ့စဉ်​ pro တင်​ခွင့်​ရှိပြီိလား သိချင်​ပါတယ်

လာမဲ့ ၁၆ ရက်နေ့ကနေ စပါမယ်။ အဲဒီတော့ အခု ရောက်မဲ့ သောကြာနေ့ မတိုင်ခင် register လုပ်ထားဖို့ လိုပါတယ်။

ဟုတ်​ကဲ့ပါရှင့်

ကျေးဇူးတင်ပါတယ်

hay bro, this is a good post that you share with us.

Thanks you bro... we are sail in the same boat..

MSC ကြာရှည်တည်တံ့ အောင်မြင်ပါစေလို့  ဆန္ဒ ပြုလျှက်ပါ

ကျေးဇူးတင်ပါသည် မမသက်လျာ

နေ့တိုင်းတင်နိုင်ရင် ကောင်းမယ်
ကြာလာရင် ရူးသွားမလားပဲ

ဟုတ်ကဲ့ MSC admin များကြိုးစားနေကြပါတယ်။မကြာခင် ဖြစ်လာတော့မှာပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60007.44
ETH 2590.20
USDT 1.00
SBD 2.61