Myanmar Steemit Community - Road Map ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

Myanmar Steemit community တွင် members များ ၄၀၀ နီးပါး ရှိလာပြီသည့် နောက်တွင် ကျွှန်တော်တို့ community စည်းကမ်းတကယ်လိုလာပြီဖြစ်သည်။ နေ့စဉ် post အသစ်များ လူအသစ်များ ဝင်လာနေဆဲပင်ဖြစ်သည်။ ကျွှန်တော့ အနေဖြင့် ဤအနေအထားထိ ရောက်ရှိအောင် ထူးပင်လုံးလပြုခဲ့ရပါသည်။ တယောက်ချင်းစီ၏ account များကို comment များပေး၍ သော်လည်းကောင်း messenger တွင်သို့ ဖိတ်ခေါ်၍ သော်လည်းကောင်း ရှင်းပြခဲ့ရသည်။ အစပထမတွင် ခက်ခဲသည် မှန်သော်လည်း တကယ်တိုးတက်ချင်သောလူငယ်များနှင့်လက်တွဲ၍ community တခုအဖြစ် လက်တွဲ၍ အမှားများကို ပြင်ဆင်ရင်း ရှေ့ဆက်သွားခဲ့ပါသည်။ လက်ရှိအချိန်တွင် ကျွှန်တော်တို့ စိုက်ခဲ့သော အပင်သည် အညှာင့်လေးထွက်လာပြီဖြစ်သည်။ အပင်အညှောင့်ထွက်လာသည်နည်းတူ ကိုက်ဖြတ်စားသောက်မည့် သို့မဟုတ် ထို အပင်လေးကို ဖျက်ဆီးမည့် ပိုးမွား အကောင့် များကိုလည်း မြင်တွေလာရပြီဖြစ်သည်။ ကျွှန်တော်တို့အားလုံး ထိုကဲ့သို့သော အကောင့်များကို ဝိုင်းဝန်းသတိပေးခြင်း သို့မဟုတ် ဟန့်တားခြင်းများပြုလုပ်ရပါမည်။ ကျွှန်တော် ဆိုပြီးခဲ့သည့်အတိုင်း Steemit သည် ပညာ, ဗဟုသုတ, အနုပညာ, ရသ အတွေ့အကြုံတို့ကို ဖလှယ်ရာ နေရာ, ဤသို့ ဖလှယ်ရာတွင် အနှောက်အယှက်ကင်းအောင် တနည်း အားဖြင့် ထိုသို့ ဖလှယ်ကြသူများကို အကျိုးရစေသောနေရာဖြစ်ပါသည်။ ထိုကဲ့သို့ နေရာမျိုးကို ကျွှန်တော်တို့ မြန်မာလူမျိုးများလည်း ပိုင်ဆိုင်နိုင်ကြစေရန် ကြိုးစားနေကြခြင်းဖြစ်သည်။ လက်ရှိအချိန်ထိမြန်မာလူငယ်များ၏ အကောင့်တော်တော်များများမှာ ဟိုဟိုဒီဒီမှ ကူးယူထားသောစာများ ပြည့်လျက်ရှိပါသည်။

image.jpg

အချို့ကလည်း ရေးသားကြပါသည်တိုနန့်နန့်။ ဤနေရာတွင် ကျွှန်တော်တခုသတိထားမိသည်မှာ မိမိအသက်မွေးဝမ်းကြောင်းဆိုင်ရာ များကို မျှဝေသူ မရှိသလောက်ပင်။ ဒသန, ပညာပေး, နည်းပညာ အထွေထွေ ဗဟုသုတ မျှဝေသောpost များကို ပို၍ရေးသားကြပါသည်။ မိမိကျွှမ်းကျင်ရာနယ်ပယ်အကြောင်းရေးသားလျင် ပို၍ အရေးသွက်ပါသည်။ အချို့ post များမှာ ဆောင်းပါး, စာ မဖြစ်ဖြစ်အောင် ဖြစ်ညစ်ရေးသား ထားသည် မှန်းသိသာလှသည်။ ကိစ္စမရှိပါ, ကူးယူခြင်းထက်စာလျင် ထိုသို့သော မိမိ ညာဏ်စွမ်းရှိသလောက်ရေးထာသည်ကို ပိုမိုအားပေးပါသည်။ ရေးစရှိလာလျင် ရေးတတ်လာပါလိမ့်မည်။ လက်ရှိအချိန်တွင် ကျွှန်တော်တို့ community တွင် engineering ပညာရပ်နှင်ဆိုင်သောဆောင်းပါးများရေးသားသူ မရှိသေးပါ။ ထို့အတူ ဆေးပညာ, လက်မှုပညာများအကြောင်း, စီးပွားရေး.... မိမိ၏ အသက်မွှေးဝမ်းကြောင်း နှင့်စပ်လျင်း၍သော်လည်ကောင်း, ပတ်ဝန်းကျင်နှင့်စပ်လျင်၍သော်လည်းကောင်း ရေးသားစရာများလှပါသည်။ လယ်လုပ်သူတို့က လယ်ကို ဘယ်အချိန်ထွန်သင့်သည်, ဘယ်အချိန်ပျိုးချ, ဘယ်အချိန်စိုက်, မိုးရိပ်မိုးသားက ဘယ်သို့ နှမ်းကိုတော့ ဘယ်အချိန်ကျဲသင့်သည်, မြေပဲက ဘယ်သို့ , ကားအကြောင်းနားလည်သူကလည်း အင်ဂျင်ကဘယ်သို့ ဘယ်ဝါ , မော်ဒယ် က ဘယ်လို, ဘာလုပ်လိုက်ရင် ဘာဖြစ်တတ်သည်။ လျပ်စစ်, ဈေးရောင်းသူ, ကုန်ဝယ်သူ, ဒေသ နှင့်ပတ်သက်သော မတူညီသောဓလေ့ မြန်မာပြည်လောက် ရေးစရာပေါများသည်မှာ မြန်မာပြည်ပဲရှိသည်။ သူများရေးထားသည်များကို ကူးယူရန်တိုက်တွန်းနေခြင်းမဟုတ်ပါ။ သူများကဲ့သို့ မိမိကိုယ်တိုင် ရေးသားဝေမျှရန်တိုက်တွန်းနေခြင်းဖြစ်ပါသည်။ Steemit သို့ ရောက်ရှိလာကြသော သူအများအားဖြင့် ပြုလုပ်ကြသည်မှာ ပထမ , ပုဂံမှ ဘုရားပုထိုးများအကြောင်း copy တင်မည်, ထို့ နောက် ရွှေတဂုံ , အင်းလေးပြီးလျင် တောင်ကြီး မီးပုံပျံပွဲ။

sup.png

ဤတွင်ကျွှန်တော် ဥပမာတခုပြလိုပါသည်။ Myanmar Steemit community မှ ကိုဆန်းလင်းကို အားလုံး သိမည်ဟုထင်ပါသည်။ @patricksanlin သည်မိမိတို့ကဲ့သို့ mobile phone မှသော်လည်းကောင်း computer မှသော်လည်ကောင်း post တခုဖြစ်ပေါ်လာစေရန် မြန်မြန်ဆန်ဆန်ရိုက်နိုင်စွမ်းရှိသူ တယောက်မဟုတ်ပါ။ accident တခုကြောင့် သူ၏ ကျောရိုးမကြီးအား ထိခိုက်ထား၍ wheel chair ပေါ်တွင်ထိုင်နေရသူဖြစ်ပါသည်။ သူ၏ လက်ချောင်းများကလည်း မိမိတို့ လက်ချောင်းများကဲသို့ လျင်မြန်စွာ မလုပ်ရှားနိုင်ပါ။ computer ကီးဘုတ်တွင်စာရိုက်လျင် စာလုံးတလုံးချင်းစီရိုက်ယူရပါသည်။ ဆိုလိုသည်မှ မိမိတို့ကဲ့သို့ လက်ချောင်း ၁၀ ချောင်းလုံးအသုံးပြု၍ မရိုက်နိုင်ပါ။ ဤကဲ့သို့ အခြေအနေရှိသော ကိုဆန်းလင်း ပင်လျင် ကျွှန်တော်သတ်မှတ်ထားသော စာလုံးရေ ၃၀၀ ပြည့်အောင် ဆောင်းပါတပုတ် ရေးရန် wheel chair ပေါ်မှ လက်တချောင်းသာ သုံး၍ စာရိုက်ရပါသည်။ မြင်ယောင်ကြည့်ပါ မည်မျှခက်ခဲမည်ကို။ ထိုအပြင် ကိုဆန်းလင်းမှာ ဖုန်းကို မိမိတို့ကဲ့သို့ ကိုင်၍ မြန်မာစာ မရိုက်နိုင်သောကြောင့် English စာဖြင့်သာဆောင်းပါးများရေးသားနေရခြင်းဖြစ်ပါသည်။ ကိုဆန်းလင်း၏ ကြိုးစားအားထုတ်လိုစိတ်ကမိမိကို များစွာသက်ရောက်ပါသည်။ ထို့ကြောင့် ကျွှန်တော့အား messenger မှလာ၍ ကျွှန်တော်ဘာရေးရမှန်း မသိဘူး, ကျွှန်မကတော့ဖြင့် မရေးတတ်ဘူးဆိုသူများ @patricksanlin ၏ blog ထဲသို့ဝင်၍ ခွန်အားရယူကြပါကုန်။

stg.jpg

Myanmar Steemit community အကြောင်းပြန်ဆက်ပါမည်။ ဆိုခဲ့သည့်အတိုင်း မိမိတို့ မြန်မာလူငယ်များမှာ original content များရေးသားခြင်းဖြင့် Steemit တွင်နေရာတခုရရှိအောင်စွမ်းဆောင်ထားကြပါသည်။ ထိုနေရာလေး မပျောက်ပျက်သွားအောင် အစွမ်းကုန် ကာကွယ်ရပါမည်။ ထိုကဲ့သို့ ကာကွယ်ရန် တခုတည်းသာမဟုတ်ပဲ မိမိတို့ကဲ့သို့ original content ရေးသားသူများကိုလည်း လက်တွဲခေါ်သွားရပါမည်။ ဤကဲ့သို့ မိမိတို့ Myanmar Steemit community ရေရှည် ရပ်တည်နိုင်ရန် အောက်ပါအကြောင်းအရာတို့ လိုအပ်ပါသည်။

1. Myanmar Steemit Newbies Supporter

အသစ်ဝင်လာသော လူသစ်များ၏ post များကို ဝင်ကြည့်၍ မှားနေလျင် ပြုပြင်ပေးရန်လိုအပ်ပါသည်။ အကယ်၍ introducing post မတင်ရသေးလျင် introducing post တင်နိုင်ရန် ကူညီပေးရပါမည်။ မြန်မာSteemit အကြောင်းမသိသေးသူဖြစ်လျင် beginner guide များကို ရှာဖွေဖတ်ရှုနိုင်ရန် လမ်းညွန်ပေးရပါမည်။ beginner guide များကိုလည်း အလွယ်တကူ ဝေမျှန်ုင်ရန် PDF များအဖြစ် ပြောင်းလည်းထားလျင်ပိုမိုသင့်လျော်ပါသည်။ ထို့နောက် မည်သို့မည်ပုံ original post များကို တင်နိုင်ရန်လည်း ကူညီပေးရပါမည်။ ထို့ကြောင့် မိမိတို့ community အတွက်အားဖြစ်စေမည်ဖြစ်သော လူသစ်များအားကြိုဆိုအားပေးနိုင်ရန် Myanmar Steemit Newbies supporter group ဖွဲ့စည်းရန်လိုအပ်ပါသည်။

suo.png

2. Cheetah- Myanmar

လက်ရှိ Steemit Platform ပေါ်တွင်ပါဝင်ရေးသားနေသော အကောင့် ပေါင်းစုံတို့မှ credit ပေးထားသော post များ, တစုံတဦး နာမည်ဖြင့် တင်ထားသော post များ, Facebook ပေါ်တွင်ပြန့်နေုပြီးသောသတင်းများ ဆောင်းပါများ, အထွေထွေဗဟုသုတ များကို ( တနည်းအားဖြင့် Facebook ပေါ်တွင်ရှိနေပြီးသောမည်သည့် အရာမျှ Steemit ပေါ်သို့ မရောက်လာစေရန် cheetah- Myanmar ရှိရပါမည်။ ထို cheetah-myanmar comment ထိထားသော post များကိုလည်း ထပ်မံ vote မပေးကြရန် တိုက်တွန်းရပါမည်။ ဤတွင်မိမိတို့ဆောင်းပါးတွင်တန်ဆာဆင်ထားသော ပုံများကို credit ပေးခွင့်ရှိသည် သို့သော် ထိုပုံများသည် copyright နှင့်လွတ်ကင်းသော ပုံများဖြစ်ရမည်။ ဤတွင်တခု စောဒကတက်စရာရှိသည်။ Facebook ပေါ်မှ တကယ်ကောင်း၍ အကျိုးရှိ၍ Steemit တွင်ပြန်ရေးတင်လိုပါသည်ဟူသော ဆင်ခြေတက်လာနိုင်ပါသည်။ steemit account ပိုင်ရှင် တိုင်းတွင် Facebook account ရှိ၍ Facebook တွင်းသာရှယ်ပါလေ။ Steemit တွင် မိမိအာဘော် original သာရေးရပါမည်။ ဤ cheetah-myanmar တွင် printed media ဟုခေါ်သော စာအုပ်, ဂျာနယ်, မင်္ဂဇင်း အတွင်းရှိပိုင်ရှင်ရှိပြီးသော စာများကို ကူးတင်ခြင်းသည်လည်း အကျိုးသက်ရောက်ရပါမည်။ ဤ cheetah- Myanmar ကို ဝိုင်းဝန်းပံ့ပိုးခြင်းဖြင့် ခိုးကူး credit များဖြင့် SBD ရယူကြသူများကို ဖယ်ရှားပြစ်နိုင်ရပါမည်။

chee.jpg

3. Steem Cleaner- Myanmar

ခိုးကူး credit များနှင့်အတူ community အား နောက်တခု ခြိမ်းခြောက်နေသည်မှာ အခြအမြစ်မရှိသောစာ ဆောင်းပါးများ, referral ရှာသော post များ, ဘာသာရေး သွေးထိုးလုံှ့ဆော်သော post များ, နိုင်ငံရေး မဲဆွယ်အရေးအသားများ စောင်းမြောင်စာများ, တဦးတယောက်အား သိက္ခာကျအောင်ရေသားထားသော post များ ပုံများကို steem clean - Myanmar အစွမ်းဖြင့် ဖယ်ရှားရပါမည်။ cheetah comment ကဲ့သို့ပင် steem cleaner comment ထိထားသော post ကို vote မပေးခြင်းဖြင့် ဤသည်တို့ကို ဆန့်ကျင်ကြောင်းပြသရပါမည်။ Myanmar Steemit တွင် ညစ်ညမ်းစာပေ , pornographic များ လုံးဝ မရှိစေရန် Steem cleaner - Myanmar ကရှင်းထုတ်ရပါမည်။

မိမိတို့ community တိုးတက်ရန် ဤအချက် ၃ ချက်ဖြင့် ပြည့် စုံရန်လိုအပ်ပါသေးသည်။ ထို့ကြောင့် မိမိတို့ စိုက်ပျိုးထားသော Myanmar Steemit community အပင် ရှင်သန်ကြီးထွား၍ နှောင်လူတို့ အသီးအပွင့် စားသုံးနိုင်ရန်အတွက် Myanmar Steemit community တွင် အကောင့်ရှိသူတိုင် ဤသုံးချက်ကို မဖြစ်မနေ အလေးထား၍ ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

CLE.png

ဤ road map နှင့်ပါတ်သက်၍ အကြံပြုနိုင်ပါသည်။ မိမိ သည် Myanmar Steemit Community အားပိုမို ကောင်းမွန်လာစေရန် သာဆန္ဒရှိပါသည်။ community တခုလုံးအား မိမိလက်အောက်သို့ ရောက်ရှိလာစေရန် control လုပ်လိုခြင်းမဟုတ်ပါ။ စည်းကမ်းနှင့်သွားမှသာလျင် အောင်မြင်မည်ဖြစ်ပါသည်။ဖြည့်စွက်လိုသော စည်းမျဉ်းစည်းကမ်းများအား comment တွင်အကြံပြုနိုင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Henry Aung ( Kachin )

Sort:  

0하이파이브01_550_440_schong369.jpg

you are the best mate.... cheer

Right brother .

we will activate all the rules and regulation for myanmar steemit community , very soon

ဟုတ်ကဲ့ပါအကိုရေ

Meeting ပြုလုပ်ရာတွင်လည်း ကလေးများငယ်ရွယ်သူများဖြစ်သည့်အလျှောက် အတွေ့အကြုံမရှိသည့်အတွက် လုပ်ကိုင်လိုစိတ်စေတနာကောင်းကလေးများကိုယ်စီရှိကြသော်လည်း အတွေ့အကြုံမရှိသည့်အတွက် ဖြစ်ချင်ဇောဖြင့်ပြောကြသည်ကများသည်။ ခေါင်းစဉ်ကိုကြိုတင်စဉ်းစားထားခြင်းမရှိသဖြင့် ဦးတည်ချက်များလွဲချော်သွားသည်ကိုတွေ့မြင်နေရပါသည်။ မိမိဆန္ဒထက် အဖွဲ့အစည်းအကျိုးကိုစဉ်းစားရန် တစ်ဖက်လူပြောဆိုပြီးမှ ထိုစကား၏ဆိုလိုချက်ကို သဘောပေါက်အောင်စဉ်းစားသင့်ကြောင်း၊ နားလည်ကစောဒကတက်ရန်မလိုပဲ နားမလည်ခြင်း၊သို့မဟုတ်ဖြည့်စွက်ရန်လိုအပ်ခြင်းတို့မှသာဝင်ရောက်ဆွေးနွေးခြင်းဖြင့် အချိန်ကုန်သက်သာ၊ခရီးလည်းရောက်မည်ဖြစ်ပါသည်။

အခုလို လမ်းညွန်တာ ကျေးဇူးပါ ဆရာ။ သတိထားပြီ ဂရုစိုက်ပါမယ်။ လူငယ်များကိုလည်း နားလည်ပါတယ်

ဟုတ်​ကဲ့ပါ အစ်​ကို
ကျွန်​​တော့ကိုလည်း လမ်းညွန်​ဆုံးမပါ အစ်​ကို

နည်းပညာ ကျွှမ်းကျင်သူတွေရော လိုအပ်မယ် ဆာ

အမှန်ပဲ... တဖြည်းဖြည်းရှာယူရတာပေါ့

You can always do the best bro.
You are special present for Myanmar new members

i hope i can do more for our community

ဟုတ်တယ်အကိုရေ စည်းမျဉ်းစည်းကမ်းတွေ ၊ သန့်ရှင်းရေးနဲ့ အထောက်အပံ့ ပေးရေး တွေကို အဓိကထားပီး အရင်ဆုံး ကျွန်တော်တို့ရဲ့ Myanmar Steemit Community ကို ဆက်လက်ရှင်သန်အောင် အားလုံး အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဗျာ။

မကြာခင် မြန်မာcommunity အတွက် သတင်းကောင်းကြရမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးဝိုင်းဝန်းကြတာပေါ့

အခုလက်​ရှိ​တော့ ဤအချက်​3ချက်​နဲ့ဆို ​လုံ​လောက်ပါတယ်​။ ​နောက်​ဆိုရင်​ ဘယ်​လို အသစ်​သစ်​​တွေထွင်​ပြီးလုပ်​လာကြအုံးမယ်​ မသိဘူး...အဲ့ဒီ အခါကျရင်​​တော့ ဒီအချက်​​တွေနဲ့ မလုံ​လောက်​​တော့ဘူး ကျွန်​​တော်​တို့လည်း အသစ်​သစ်​​သော စည်းမျဉ်းစည်းကမ်း​တွေ ထပ်​ထုတ်​ကြရတာ​ပေါ့ အကို ဟင်​နရီ​ရေ။

ဖြေးဖြေးနဲ့ မှန်မှန်ပေါ့

အဖွဲ့အစည်းတစ်ခုဖွဲ့စည်းတော့မည်ဆိုလျှင်
(၁) ပထမဦးဆုံး အဖွဲ့ ၏ ရည်မှန်းချက်(မဟာဗျူဟာ)
(၂)ရည်မှန်းချက်ကိုသွားရမည့်လမ်းကြောင်း(နည်းဗျူဟာ)
(၃)လမ်းကြောင်းသွေဖယ်မသွားရန် လိုအပ်သောစည်းကမ်းကန့်သတ်ချက်များ(လုပ်နည်း)
စတာလေးတွေကို Guide လုပ်ပေးဖို့လိုအပ်ပါမယ်။
ယခု ဆရာတင်ပြထားသောဆောင်းပါးပါအချက်များမှာ သွားရမည့်လမ်းကြောင်းအတွက် ပင်မကြောရိုးရော၊ လုပ်ကိုင်နည်းများပါ အစုံပါပြီး၊ ယခင်ရေးသားခဲ့သောဆောင်းပါးများတွင် လုပ်ကိုင်နည်းများပါပြီးဖြစ်ပါသည်။ အားလုံးကိုစုစည်းလိုက်လျှင်Myanmar Steemit Newbies supporter group အတွက်Team work Project တစ်ခုဆွဲ၍ရနေပြီဖြစ်ပါသည်။ ထိုProject ၏ လုပ်ထုံးလုပ်နည်းများဖြင့် ဝင်ရောက်ကူညီမည့်သူများ မိမိဘယ်လိုလုပ်ဆောင်ရမည်၊ မည်သို့ဆောင်ရွက်ရမည်ကို တိတိကျကျ ဂဃနဏ သိရှိမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ခေါင်းစဉ်တစ်ခုအောက်တွင် rule effect တစ်ခုရအောင်လုပ်သင့်သည်ဟုထင်ပါသည်ခင်ဗျား။

မှန်ပါတယ် ဆရာ သိပ်မကြာခင် organization chart တခုထွက်လာအောင်ကြိုးစားနေပါတယ်

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 57642.15
ETH 2578.06
USDT 1.00
SBD 2.49