ကျွန်တော်နှင့် ဧရာဝတီအတွေးများ - အပိုင်း(၄) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ ဧရာဝတီ အတွေးများကို ဆက်ပါအုံးမည်။ ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့်အတိုင်း ဧရာဝတီ မြစ်ရေကျချိန်တွင်လည်း ငါးဖမ်းခဲ့ကြသလို မြစ်ရေတက်ချိန်တွင်လည်း ငါးဖမ်းကြပါသည်။ မြစ်ရေတက်ချိန်တွင် အများဆုံးသုံးသော ငါးဖမ်း နည်းမှာ လက်ထွန် ပြစ်ခြင်းနှင့် ငါးမျှား ခြင်း ဖြစ်ပါသည်။

ငါးမျှား ခြင်းကို အတော်များများ သိကြမည် ဖြစ်သော်လည်း လက်ထွန် ပြစ်သည်ကိုတော့ သိကြမည်မဟုတ်ပါ။ လက်ထွန်ဆိုသည်မှာ ငါးများချိပ်များတပ်ထားသော နိုင်လွန်ကြိုးခပ်သေးသေးလေး တွင် ခဲသီးတပ်၍ အဝေးသို့ ရောက်အောင် ပြစ်၍ ငါးမျှားရခြင်း ဖြစ်ပါသည်။ ရေနက်ထိ အတော်ဝေးဝေးရောက်အောင် ပြစ်ရခြင်း ဖြစ်၍ ရေနက်ငါးများ ဖြစ်သော ငါးစင်ရိုင်း အကောင်ကြီးများ အခြားငါးစင်ရိုင်း မျိုးနွယ်ဝင် ငါးများလည်း ရတတ်ပါသည်။

ကျွန်တော်သတိထားမိသည်မှာ ရေကြီးချိန် ရတတ်သော ငါးများမှာ အများအားဖြင့် ကြေးခွံမပါ၍ ဆူးတောင်များပါသော ငါးများ ရတတ်ခြင်း ဖြစ်ပါသည်။ အချို့ငါးများအား ကျွန်တော် အမည် မခေါ်တတ်ပါ။ ငါးမျှားတံဖြင့် ငါးများ ခြင်းကတော့ ငါးအသေးလေးများ အတွက် ဖြစ်ပါသည်။ ဧရာဝတီ မြစ်ရေကြီး၍ ဝါးရုံတောများ ရေမြုပ်ပြီဆိုလျင်လှေတစီးနှင့် ဝါးရုံတောများတွင် ငါးလိုက်များကြပါသည်။

အများဆုံးရသော ငါးများမှာ ( ပစီးတူး ) ဟု ခေါ်သာ ငါးများ ဖြစ်ပါသည်။ တခါတရံ ငမြွေထိုးကြီးများ ရတတ်၍ ဧရာဝတီ မြစ်အတွင်းရှိ ငမြွေထိုးမှာ အင်းများ ချောင်း များတွင် ရှိသော လက်တဝါးခန့်သာ ရှည်သော ငါးမြွေထိုးများ ကဲ့သို့ မဟုတ်ပါ။ လက်၂ လုံးခန့် ရှိ၍ အရှည် မှာ ၁ ပေ ကျော်ခန့် ရှိပါသည်။ ကျောရိုးတလျှောက် ဆူးတောင်များ ရှိပါသည်။

111.png
ပစီးတူး ငါးအမျိုးအစား Original Source

မြစ်ရေကြီးချိန်ငါးမျှားလျင် အများ အပြားရတတ်သော နောက်ထပ်ငါးတမျိုးရှိပါသေးသည်။ ထိုငါးအမည်ကို ကျွန်တော် မခေါ်တတ်ပါ။ ထိုငါးမှာ အသေးဆုံး လက်၂ လုံး ခန့် မှ အကြီးဆုံး လက် တဝါး ခန့်သာ ရှိသော ငါးပြားပြားလေး ဖြစ်ပါသည်။ တခုထူးခြားသည်မှာ ထိုငါးမှာ မှန်သားကဲ့သို့ ကြည်လင်၍ အတွင်းမှ ကလီစာများ မြင်နေရပါသည်။ သို့သော် သေသွားလျင် မှန်ကဲ့သို့ ကြည်လင်နေသော အသား မှာ ဆန်ဆေးရေကဲ့သို့ အဖြူရောင်ပြောင်းသွားပါသည်။

ထိုငါးအား မည်သူက နာမည်ပြောင် ပေးလိုက်သည် မသိပါ ၊ ငါးဖာသယ်မ ဟူ၍ လူသိများပါသည်။ ကျွန်တော်ပို ပြောခြင်းမဟုတ်ပါ။ ကျွန်တော်နှင့် ငယ်ပေါင်း ကြီးဖေါ် စီတာပူ ရပ်ကွက်မှ ခလေးများအား မေးကြည့်လျင် သိနိုင်ပါလိမ့်မည်။အမှန်အတိုင်း ရေးပြရ၍ အရေးအသားအားခွင့်လွတ်စေလိုပါသည်။ ထိုမှန်သားကဲ့သို့ ကြည်လင်၍ ထွင်းဖေါက်မြင်နိုင်သော ငါးဖာသယ်မ အမည်ရ ငါးမှာ ချက်စား၍ မကောင်းပါ။ အရိုးဆူးလှပါသည်။ သို့သော် ကြွတ်ကြွတ်ကြော်စား လျင် အလွန်စားလို့ ကောင်းပါသည်။

ဤသို့ ရေကြီးချိန် လှေဖြင့် ဝါရုံတောများတွင် ငါးများကောင်းနေချိန် ငါးစာ တီကောင်ကုန်သွားလျင် မည်သူမျှ အိမ်ပြန်၍ တီတူးရန် စိတ်ကူးမရှိပါ။ သူငယ်ချင်းများထံမှလည်း တီကောင် ချေးငှား၍ မရပါ။ မုန့်သာ ဝေစားပါမည် ။ တီကောင်မည်သူမျှ မချေးပါ။ ဤသို့ တီကောင်ကုန်သွားလျင် မည်သည့် နေရာတွင် ရွှံ့ ပျော့ ရှိသည်ကို သိကြ၍ ရွှံ့သွားငုပ်ကြပါသည်။

ရေကျချိန်တွင် ရွှံ့မြေဖြစ်၍ တူးယူရနိုင်သော်လည်း ရေကြီးချိန်တွင် ရေငုပ်၍ ရွှံ့များအား ကော်ယူ ပြီးလျင် ရေပေါ်ရောက်လျင် ကော်ယူလာသော ရွှံ့တွင် ရေတီကောင် ပါမပါ ရှာယူရပါသည်။ ပါလျင် ခွက်ထဲထည့်ထား နောက်တခါ ပြန်ငုပ်။ ဤနည်း ဖြင့် ရေတီကောင်ရှာ၍ ငါးဆက်မျှာကြပါသည်။

222.jpg

နာမည်ပျက်ငါး ( ငါးအမည်သိသူများပြောပြစေလိုပါသည်) Original Source

ရေကြီးချိန်ငါးမျှားကြလျင် ပြသနာ မရှိသော်လည်း လက်ထွန်ပြစ်၍ ရေနက်ငါး မျှားရာတွင်တော့ အန္တရာယ်တခု ရှိပါသည်။ကချင်စကားဖြင့် ဆင်ငိုငါးဟု အဓိပ္ပါယ်ရသော လက်သန်းခန့် သာရှိသော ငါးစင်ရိုင်း မိလျင် သတိထား၍ ကိုင်တွယ်ရပါသည်။ ထိုငါးစင်ရိုင်း တွတ်ခံရလျင် မီးစဖြင့် ထိုးသကဲ့သို့ ခံစားရကာ လက်တချောင်းလုံး ကိုက်ခဲလာကာ လက်မောင်းရင်း ချိုင်းခြားတွင် အောင့်လာပါတော့သည်။

ဘာအလုပ်မှ ဆက်လုပ်၍ မရ ။ ဒီအတိုင်း နာရီဝက်ခန့် ငုတ်တုတ် ထိုင်၍ အနာခံနေရပါသည်။ နာရီဝက် လေးဆယ့်ငါးမိနစ်ခန့် ကြာလျင် သူ့အလို လို အနာသက်သာသွားပါသည်။ ထိုငါးစင်ရိုင်း သေးသေးလေးမှာ စား၍ လည်း မဖြစ် ရလာလျင်လည်း သတိထားကိုင်တွယ်ရပါသည်။

ဤ ရေကြီးချိန်တွင်ရလာသော ငါးစင်ရိုင်းငါးများမှာ အမျိုးစုံလင်လှသလို အရောင်အသွေးနှင့် အရွယ်အစားလည်း ကွဲပြားကြပါသည်။ အချို့က အဝါရောင် ၊ အချို့က ငွေရောင်နှင့် အပြာစင်း ၊ အချို့က အမဲရောင် အကွက် အကွက် စသည်ဖြင့် မျိုးစုံလှပါသည်။ ကျွန်တော်ကတော့ လက်ထွန်ပြစ်သည်ထက် ငါးမျှားရသည်ကို ပိုသဘောကျပါသည်။ လှေတစီးနှင့် ဝါးရုံတောများကြားတွင် တိတ်တိတ်လေး ငါးထိုင်မျှားရသော အရသာမှာ ဘာနှင့်မှ မတူပါ။

ငါးမျှားဝါသနာပါ၍သာ အရသာဟု ထင်ပါသည်။ အခြားသူများကတော့ ခံနိုင်မည်မထင်ပါ။ ညနေခင်း ၅ နာရီ ၆ နာရီ နေဝင်ချိန် မှောင်ရိပ်သန်းလာချိန်တွင် ငါးပိုမိပါသည်။ ငါးစာတပ်ရ ၊ ငါးဖြုတ်ရ ၊ ခြင်ရိုက်ရ ၊ မက်ကလည်း ကိုက်သေး ။ တော်ရုံတန်ရုံ မည်သူမျှ မခံနိုင်ပါ။

333.jpg

ဆင်ငိုငါးဟု အတပ်မပြောနိုင်ပါ ၊ အရောင်အသွေးနှင့် ပုံစံတူသာ ဖြစ်ပါသည်။ Original Source

ဧရာဝတီ မြစ်အတွင်းရှိ ငါးများအကြောင်းရေရလျင် ကုန်နိုင်ဖွယ်မရှိပါ။ ငါးဖမ်းခဲ့ကြသော အဖျစ်အပျက်များ ငါးမိုင်းခွဲ အခန့်မသင့်၍ လက်အတွင်း၌ မိုင်းကွဲ၍ လက်ပြတ်သွားကြသူများ ၊ ငါးအုပ်နှင့်မိ၍ လှေ တစီးတိုက်ငါးရကြသူများ စသည်ဖြင့် ရေးစရာစုံလှပါသည်။နောက်ဆောင်းပါးတွင် ဧရာဝတီ မြစ်အတွင်းရှိ စား၍ ရသော အင်းဆက်ပိုးမွှားများအကြောင်းဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အကြည်ရောင်လေးနဲ့ ငါး ကို စားပဲ စားဖူးပါသည်😁
ဆင်တောင် ငိုတယ် ဆိုမှတော့ လူဆိုရင် မတွေးရဲစရာပဲ
ခုမှ ကြားဖူးတဲ့ ငါးနာမည်တွေ အတွက် ကျေးဇူးပါ

Posted using Partiko Android

အကြည်ရောင်လေးနဲ့ငါးအား စားဖူးသည်ဆိုလျင် အမည်ပြောပြပါ။

အမည်မသိ ငါးလေးအိုးကပ် ချက်စားတဲ့ ထဲ ပါလာတော့ စားလိုက်တာပဲ

ငါးနာမည်ကလည်း ဗျာ
ဘယ်လိုတွေတောင်လား 😁

နာမည်သိရင် ပြောပြလေ....

ဝါးရုံကြားငါးဖမ်းတာ ခြင်နဲ့ မှတ်ကိုက်တာ အတော်ခံရမှာ ငါးဖာသယ်မ ဆိုတော့ စားမကောင်းရှာဘူးပေါ့နော် 😁

ကြော်စားရင်တော့ လွတ်ကောင်းဗျာ

Congratulations @kachinhenry! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 250 posts. Your next target is to reach 300 posts.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness and get one more award and increased upvotes!

ဒါ​ကြောင့်​ ငါးမျှားဝါသနာက အ​တော်​ပါတာကိုး ​ရေမြင်​တိုင်း ငါးမျှားလိုက်​ရ​ပြောရတာအ​မော

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63099.80
ETH 2455.59
USDT 1.00
SBD 2.58