ကျွန်တော် ပြောသော စင်္ကပူ - အပိုင်း ( ၂၇ ) ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ၂၀၁၇ ဤ အချိန်ဆိုလျင် ကျွန်တော် တို့ MSC member များ၏ အစည်ကားဆုံး အချိန် ၊ အတောက်ပ ဆုံးသော အချိန်တချိန်ဖြစ်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၈ နှစ်ကုန်ဆုံး ရန် ရက်ပိုင်းမျှသာ လိုသော အချိန်တွင် လက်ရှိ MSC အခြေအနေကတော့ အင်အား ၁၀ ယောက်ခန့်ဖြင့် ကုတ်ကပ်တွယ်တက် နေဆဲဖြစ်ပါသည်။

တနှစ်ဟူသော အချိန်ကာလသည် အလွန်ကြာမြင့်သော အချိန်ကာလ ၊ ၃၆၅ ရက် ရှိသောကာလတခု ဖြစ်သော်လည်း တကယ်တမ်း ကျော်ဖြတ်ပြီးသွား၍ ပြန်တွေးကြည့်လျင် မနေ့တနေ့က ဟူ၍ ခံစားမိသလို " ငါဘားမှလည်း ဖြစ်ဖြစ် မြောက်မြောက် မလုပ်လိုက်ရပါလား " ဟူသော အတွေးများအား ခံစားမိစေပါသည်။

ကျွန်တော့ အနေဖြင့်ကတော့ တနှစ်တာ ကုန်လွန်သွားလည်း "လွန်ခဲ့တဲ့ နှစ်တွေမှာ ငါ ဆောင်းပါး ဘယ်နှစ်ပုဒ် ရေးခဲ့ရတယ်" ဟူ၍ သာ စိတ်ဖြေစရာရှိပါတော့သည်။ ယခုလည်း ၂၀၁၈ ခုနှစ်အတွက် နောက်ထပ် ဆောင်းပါးတခု ထပ်တိုးစေရန် ကျွန်တော်၏ မပြီး ပြတ်သေးသော စင်္ကပူ အတွေ့အကြုံများအား ထပ်မံဖေါ်ပြပေးပါမည်။ သည်းခံ၍ သာ ဖတ်ကြပါကုန်။

အချိန်နှင့်ပါတ်သက်၍ ကျွန်တော် စင်္ကပူ တွင် အလုပ်လုပ်လာခဲ့သော သက်တမ်းမှာ ၁၄ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်၍ ပြန်တွေးလိုက်တိုင်း မနေ့တနေ့က ဖြတ်ကျော်လာခဲ့ သလိုသာခံစားရမိပါသည်။ ၁၄ နှစ်နီးပါး ကျွန်တော့ လူငယ်ဘဝတခုလုံး စင်္ကပူ နိုင်ငံအား ပေးဆပ်လိုက်ရ၍ ကျွန်တော် ပြန်ရခဲ့သော အရာများမှာ ငွေကြေးအချို့နှင့် ပညာရပ်များ ၊ ဗဟုသုတများ ၊ အတွေ့အကြုံများသာ ဖြစ်ပါသည်။

ထိုအရာများတွင် ကျွန်တော့ အနေဖြင့် စင်္ကပူ အတွေ့အကြုံ များအား ပိုမက်မောမိပါသည်။ အကြောင်းမှာ ထိုအတွေ့အကြုံများအား ငွေဖြင့် ဝယ်ယူ၍ မရသလို မိမိ အချိန် ၊ အသက် ၊ ဘဝဖြင့် ရင်း၍ ရခဲ့သော အတွေ့ကြုံများ ဖြစ်သောကြောင့် ဖြစ်ပါသည်။

11.jpg

ယခု ထိုအတွေ့အကြုံများထဲမှ ကောင်းနိုးရာရာ ဗဟုသုတရဖွယ် အကြောင်းအရာများအား ဖေါ်ပြပေးပါမည်။ ကျွန်တော်၏ ယခင် စင်္ကပူ အတွေ့အကြုံ ဆောင်းပါးများတွင် ဖေါ်ပြပေးပြီုးဖစ်သည့်အတိုင်း သင်္ဘောကျင်း တွင် လူပေါင်းစုံ စရိုက်ပေါင်း စုံ ဖြင့် တွေ့ကြုံ ခဲ့ရ၍ အတွေ့အကြုံလည်း ပေါင်းစုံပါသည်။

အန္ဒိယ လူမျိုးတို့၏ ဓလေ့ထုံးတမ်း စဉ်လာတခုအား ဗဟုသုတရစေရန် ဖေါ်ပြပေးပါမည်။ ကျွန်တော်တို့ မြန်မာ လူမျိုးများ တိုင်းရင်းသားများ အပါအဝင် နိုင်ငံအသီးသီးရှိ လက်ထပ်သော ဓလေ့ထုံစံများတွင် ယောကျားလေးက မိန်းခလေးအား တောင်းရမ်း လက်ထပ်ယူရသော ဓလေ့ထုံးစံသာ များပါသည်။

သို့သော် အန္ဒိယ လူမျိုးတို့မှာ မိန်းခလေးက ယောကျားလေးများအား တောင်းယူ လက်ထပ်ကြရခြင်း ဖြစ်ပါသည်။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးခွင့်ရသော အန္ဒိယ လူမျိုး များမှာ အများအား ဖြင့် စင်္ကပူ တွင် အလုပ်လုပ်၍ ပိုက်ဆံရှာကြရာတွင် မိမိ တို့ အစ်မ ၊ နှမလေး တို့အား ယောကျားတင်တောင်း နိုင်ရန် ဝင်ငွေရှာဖွေနေကြရသူများပါသည်။

ချမ်းသာသော မိဘများက မိမိတို့ သမီး အတွက် သတိုးသား အကောင်းစား တင်တောင်း ပေးနိုင်ကြသော်လည်း မချမ်းသာကြသူများ သာမန်လူတန်းစားများအဖို့ မိမိတို့ မောင်ဘွား များက ပိုက်ဆံရှာ ၍ သတိုးသား တင်တောင်းပေးကြရပါသည်။ သတိုးသား တင်တောင်းသည်ဟု ဆိုရာတွင်လည်း သာမန်လက်လုပ်လက်စား ယောက်ျား ဆိုလျင် ဘယ်လောက် ၊ ပညာတတ် အင်္ဂျင်နီယာ ဆိုလျင် ဘယ်လောက် ၊ ဆရာဝန်ဆိုလျင် ဘယ်ရွေ့ဘယ်မျှ ဟူ၍ ကြေးကြီးသွားသည်ဟု ဆိုပါသည်။

12.jpg

ကျွန်တော်လည်း အန္ဒိယ ကုလားတို့နှင့် လက်ထပ် ထိမ်းမြှားခြင်း အကြောင်း စကားစပ်မိတိုင်း ယောက်ျားလေးအား ထိုသို့ တင်တောင်း ရခြင်း မှာ ယောက်ျားဝယ်ယူ ရသည်နှင့် တူကြောင်း ရယ်ရင်းမောရင်းဖြင့် နှောက်ပြောင်ဘူးပါသည်။ သူတို့ကလည်း လက်ခံပါသည်။ မိမိနှမအား တသက်လုံး သစ္စာရှိရှိ လုပ်ကိုင်ကျွေးမွေး မည့်သူအား ဈေးကြီးပေး၍ ဝယ်ယူရလည်း တန်သည်ဟု ပြောပြကြပါသည်။

ကျွန်တော်တို့ ကချင်လူမျိုး ထုံးတမ်းစဉ်လာတွင် ယောက်ျားလေးက မိန်းခလေးအား တင်တောင်းရာ တွင် ( ကွမ်းဖိုး ) အတွက် မည်မျှ ၊ မိန်းခလေး အား ဤ အရွယ်ထိ ကျွေးမွေး စောင့်ရှောက်ခဲ့သည့် မိဘများအား မည်မျှ ၊ အခြားသော ရိုးရာ စည်ကမ်း များအတွက် မည်ရွေ့မည်မျှ ဟူ၍ ထုံးတမ်းစဉ်လာမပျက် ယောက်ျားလေး ဘက်က တာဝန်ယူကြရပါသည်။

ဤသို့ လိုက်နာပါမှလည်း မိန်းခလေး ရှင်အား တန်ဖိုးထားကြောင်း ပြသရာရောက်ပါသည်။ ထို့ အတူ မြန်မာ့ရိုးရာ ထုံးတမ်း စဉ်လာတွင်လည်း သတိုးသမီးအား တင်တောင်ရာတွင် အိမ်တဆောင် မီးတပြောင် ၊ လယ်ဧက ဘယ်လောက် နွားဘယ်နကောင် ဟူ၍ အမျိုးသမီးအား တန်ဖိုးထား၍ ပေးအပ်ကြရသော်လည်း ကျွန်တော့အနေဖြင့် အန္ဒိယ လူမျိုးတို့၏ လက်ထပ်ခြင်း ဓလေ့ထုံးစံများအား ကြားရသောအခါ အတော်ပင် အံ့သြမိပါသည်။

ဤသို့ဆိုလျင် မိမိတို့ချင် ချစ်ကြိုက်၍ မင်္ဂလာ မဆောင်နိုင်ကြတော့ပြီလော..? ကျွန်တော် မေးကြည့်ဘူးပါသည်။ အထူသဖြင့် ပညာတတ်ဘွဲ့ရ အန္ဒိယ လူမျိုးများအား မေးကြည့်ရာတွင် ဤသို့ ချစ်ကြိုက်၍ ယူကြသည်လည်း ရှိကြပါသည်။ သို့သော် ထုံးတမ်း စဉ်လာအရ မိန်းခလေးများက တင်တောင်း ကြရမြဲ ဖြစ်ပါသည်။

13.jpg

ကျွန်တော့ အနေဖြင့် စကားကြုံ၍ ထိုပညာတတ် အန္ဒိယ အမျိုးသားများအား ဤစနစ်မှာ မှားယွင်းကြောင်း နှင့် အထူးသဖြင့် အမျိုးသားများကသာ အားနွဲ့သော အမျိုးသမီးများအား တန်ဖိုးထားရမည် ဖြစ်ကြောင်း ၊ ဤစနစ်အား ပညာတတ်သူ အန္ဒိယ အမျိုးသားများက တွန်းလှန် သင့်ကြောင်း ပြောပြဘူးပါသည်။

သူတို့ အနေဖြင့်လည်း မွန်ဘိုင်း ၊ ဒေလီ အစရှိသော မြို့ကြီး ပြကြီး များတွင် ထိုစနစ်အား မလိုက်နာပဲ နှစ်ဦး သဘောတူ လက်ထပ်၍ နေနိုင်ကြသော်လည်း အထူးတဖြင့် မြို့ပြနှင့် ဝေးသော ကျေးလက် ဒေသများတွင် ထိုဓလေ့ထုံးတမ်း စဉ်လာအား မလိုက်နာပါက ဆွေမျိုးများဝိုင်း ကျဉ်သည် အဖြစ်သို့ ရောက်သွားနိုင်ကြောင်း ရှင်းပြကြပါသည်။

ထိုသို့ ထုံးတမ်း စဉ်လာ မလိုက်နာပဲ ( အမျိုးသမီးက တောင်းရမ်းယူခြင်း မရှိပဲ ) နှစ်ဦးသဘောတူ လက်ထပ်နေထိုင်လျင် ယောက်္ခမ က ချွေးမအား မလေးစားနိုင်သလို တဖက် ယောက်္ခမ ဖြစ်သူကလည်း သမီးယောက်ျား ဖြစ်သူ သမက်အား တန်ဖိုး မရှိသည့် ယောက်ျားအဖြစ် မှတ်ယူကြကြောင်း ရှင်းပြကြပါသည်။

ထို့ကြောင့် ဤ ရာစုနှင့် ချီ၍ လိုက်နာခဲ့ကြသော ထုံတမ်း စဉ်လာအား ဖျက်ပြစ်ရန် မလွယ်ကြောင်း ရှင်းပြကြပါသည်။ ထို့ကြောင့် ပြည်ပတွင် အလုပ်ကြိုးစား၍ ဝင်ငွေရှာ ဖွေနေကြသော အန္ဒိယ အမျိုးသားတို့မှာ အများအားဖြင့် မိမိတို့ သမီး ၊ နှမ များ အိမ်ထောင်ကျ နိုင်ရေး အတွက် ကြိုးစားနေကြသူ များဖြစ်ကြပါသည်။ အလုပ်ကြိုးစားသူ ယောက်ျား သားများ အတွက်တော့ ပူပင်ရန်မရှိပါ။ အချိန်တန်လျင် မိမိအား လာရောက်တောင်းရမ်းမည့် သတို့သမီးအား စောင့်နေရုံသာ ဖြစ်ပါသည်။

14.jpg

ဤစနစ်မှာ တခုတော့လည်း ကောင်းပါသည်။ မိမိသမီး ၊ နှမ များအား ယောက်ျား တင်တောင်းရန်အတွက် ဘယ်မိဘ မောင်ဘွားမှ ဘိန်းစား ၊ အရက်သမား များအား ရွေးချယ်တောင်းယူကြမည် မဟုတ်ပါ။ ထို့ကြောင့် လင်ကောင်းသားကောင်း ရနိုင်ရန် အခွင့်အရေး ရှိသည်ဟု ထင်ပါသည်။ ကျွန်တော့ အထင်သာ ဖြစ်ပါသည်။

ဤ တင်းကျပ်သော စနစ်ကလည်း လက်မထပ်ပဲ အတူနေခြင်းအား ထိန်းချုပ်ထားနိုင်သလို ငါယောက်ျားလေးပဲ တွေ့ကရာ မိန်းခလေးနှင့် ချစ်ကြိုက်နိုင်သည် အတူနေနိုင်သည်ဟူသော ယောက်ျား ဝါဒီ စနစ်အား ထိန်းချုပ်ထားနိုင်ပါသည်။ မည်သို့ပင် ဆိုစေ အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သော အန္ဒိယ လူမျိုးတို့၏ လက်ထပ်ထိမ်းမြှားမှု ဓလေ့ထုံးစံမှာ ကျွန်တော်တယောက်တည်းအနေဖြင့် သဘောမကျနိုင် ဖြစ်သော်လည်း အများလိုက်နာနေသော ဓလေ့ထုံးစံ ဖြစ်သဖြင့် မှားယွင်းနေသော စနစ်ဟု မဆိုလိုပါ။

စာဖတ်သူ လူအများ ဗဟုသုတ ရစေရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။ စင်္ကပူ နိုင်ငံကဲ့သို့ တိုးတက်ပြီး နိုင်ငံတွင် လက်ထပ်ခြင်း နှင့် ဆိုင်ရာ၌ နှစ်ဦးသဘောတူ စာချုပ်တစောင် ချုပ်နိုင်လျင် ကိစ္စပြီး ကြသော်လည်း လွယ်လွယ် လက်ထပ်နိုင်သကဲ့သို့ သဘောထား မတိုက်ဆိုင်လာလျင်လည်း လွယ်လွယ်ပင် ကွဲကွာ နိုင်ကြပါသည်။ လွယ်လွယ်လက်ထပ် လွယ်လွယ်ကွဲ ထက်စာလျင် ဓလေ့ထုံစံများ ဖြင့် ချုပ်နှောင်ထားသည်က သာ၍ကောင်းသည်ဟု ထင်ပါသည်။

15.jpg

အထက်ပါ အကြောင်း အရာတို့မှာ ကျွန်တော်သိထားသော ဗဟုသုတ များအား ဖေါ်ပြပေးရခြင်းသာ ဖြစ်၍ ကျွန်တော်ကြားသိထားသည်များ မှားယွင်း နေလျင် ထောက်ပြ ဝေဖန် အသိပေးနိုင်ပါသည်။ အကြောင်းမှာ ကျွန်တော့ အနေဖြင့် အကြမ်းဖျင်းသိထားခြင်းသာ ဖြစ်၍ လူမျိုး တခု တို့၏ ဓလေ့ထုံးတမ်းစဉ်လာ တခုအား ပျက်ရယ်ပြုရန် မရည်ရွယ်ပါ။

အလျင်သင့်လျင် စင်္ကပူ လူနေမှု စရိုက်များ အထူးသဖြင့် စင်္ကပူ လူနေမှုပုံစံများအား ကျွန်တော်သိသလောက် ဖေါ်ပြပေးမည် ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

မပြီးပြတ်သေးသော စင်ကာပူလို တိုးတတ်နေစေလိုပါတယ် MSC ခင်ဗျား

Posted using Partiko Android

မကြာမှီ လာမည်ပေါ့။

အဲ့က ကုလား မလေးတွေကို ပြောပေးပါ ။ ကျွှန်တော့ရဲ့ လူသိပ်မသိတဲ့ အိမ်နာမည်က " လင်ကောင်း " ပါလို့ ။ ဦးလင်ကောင်း ပေါ့နော် ။ လင်ကောင်းလိုချင် . . . .

ကုလားမလေးတွေကို ပြောလို့တော့ မရဘူး။ ကုလားထီး တွေကို ပြောမှ ရမှာလေ... သူတို့ နှမတွေအတွက်။ MSC မှာ ဦးလင်ကောင်း ရှိတယ်လို့။

စင်္ကာပူအတွေ့အကြုံဆောင်းပါးလေး ပြီးသွားမှာတောင်ကြောက်ရပါတယ်။ဘာလို့ဆိုကိုယ်တိုင်မရောက်ဖူးပေမယ့်broရေးသားထားတာရှင်းရှင်းလေးဆိုတော့ မြင်လွယ်တယ်။ဆက်ရေးပါဦးနော်။

Posted using Partiko Android

ဟုတ်ကဲ့။ လောလောဆယ်တော့ စင်္ကပူ အကြောင်း တွေပဲ ဆက်ရေး ရမှာပဲ။ တခြား အကြောင်း အရာတွေ ရေးဖို့ အာရုံမရဘူး ဖြစ်နေတယ်။

အိန္ဒိယလူမျိုးတွေရဲ့ ဓလေ့စရိုက်ကို ကိုဟင့်ပိုလ့်ကနေ သိရှိခွင့်ရခဲ့ပါတယ်

အခုလို တခုခု ရသွားလို့ ကျွန်တော်ကလည်း ဝမ်းသာပါတယ်။

တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ပေါ့ဗျာ။ ကျွန်တော်တို့အတွက်ကတော့ ထူးဆန်းပါပေ့ ကတွတ်ပီရယ် ပေါ့။

Posted using Partiko Android

ကျွန်တော်လည်း အတော် အံ့သြမိတာရယ်။

ဘောလိဝုမှာ မင်းသား သွားလုပ်မယ်ကွာ 😁

ကိုဒုန် ခုဆွင် ဘယ်လောက်လဲဟင် အဒေါ်ကြီး acc add ထားပေးရဦးမလား ? ပြီး ရှမ်းတွေကျ ကြိုက်တဲ့သူ က တင်တောင်းရတယ်ဆို အဲ့တာ ဟုတ်လားဟင် ။ ကောင်လေးဘက်က တင်တာလဲရှိသလို ကောင်မလေးဘက်က တင်တာလဲ ရှိတယ် အဲ့တာ ဟုတ်လား ဟင် ။

ညီလေးက ဘုန်းကြီးဝတ်မှာ မလား။ ဒါတွေ မေးပြီး ဘာလုပ် မလို့လဲ ဟင်

ဦးဇင်း က ဗဟုသုတ အနေနဲ့ သိထားချင်လို့ပါ လို့။

အခုလည်း ​ဟောလိဝုမှာ ​ဂျေဆန်​စတမ်​ဆိုတဲ့နာမည်​နဲ့​အောင်​မြင်​နာပဲမို့လား

နာမည်ကျော် ကသက်စ် ပါ

လူမျိုးစုံ ဓလေ့မျိုးစုံ အိန္ဒိယကားတွေကြည့်ပြီး
အဲ့ဓလေ့ကြောင်း အိန္ဒိယအမျိုးသမီးတွေအတွက်
စိတ်မသက်သာဘူး
စတီးဆိုတဲ့ ဓလေ့ကြီးပျောက်သွားလို့တော်သေးတယ်

စတီးဆိုတဲ့ ဓလေ့ အကြောင်း သိပါရစေလား။

ယောက်ျားသေသွားရင် မီးသင်္ဂြုဟ်တဲ့အခါ
အဆိုပါမီးပုံထဲသို့ မိန်းမဖြစ်သူက အရှင်လတ်လတ် မီးပုံထဲလိုက်ဆင်းသေရတာပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81