ခေတ်စမ်း cryptocurrency ( Henry Aung )
ကျွှနုပ်သည်ကာ စင်္ကပူတည်းဟူသောကျွှန်းငယ်တွင် ဒေါ်လာစားရမည်ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက် လုပ်ကိုင် နေသော သူဖြစ်၏။ ရောက်သည်ကာ ၁၀ နှစ်ကျော်လာပြီ ဖြစ်သော်လည်း ဤကျွှန်းငယ်လေးတွင် ဝဲလည် ဝဲလည် ဖြင့် ပြန်လမ်းမတွေရကာ ဖိုးသူတော် မျက်စိလည်သကဲ့သို့ သာရှိချေ၏။ အလုပ်တခုမှ တခုသို့ ပြောင်း၏။ သို့သော် ဆန်ကာ ပိုရမလာ။ တာဝန်ကာ ပိုပိုကြီးလာ၏။ အလုပ်တွင်ကာ ကိုယ်ရွှေကိုယ်မျိုးတို့မှာ နာမည်ရလှပါ၏။ အလုပ်ကြိုးစားသည်, နာခံတတ်သည် , ဘာခိုင်းခိုင်း ရသောဟူ၏။ ဤသို့ ကျိုးနွံ တတ်အောင် နှစ်ပေါင်း ၆၀ မျှ လေ့ကျင့်ပေးခဲ့ကြသော ခေါင်ဆောင်းများအားလည်း အိပ်ရာဝင်တိုင် ရှိခိုး အိပ်သင့်သည်မဟုတ်ပါလော။ ကိုယ့်ထမင်းကိုယ်ရှာစား, ဘာမှပြန်မပြောနဲ့ ထားသလိုနေကြ ဟူသောလေ့ကျင့် မှုအောက်တွင် ကျင့်သားရနေခဲ့ကြသော မြန်မာလူမျိုးတို့မှာ ဤကျွှန်းငယ်လေးတွင် ခိုင်းကောင်းသော အမိန့်နာခံ တတ်သော သူများအဖြင့် နာမည်ရသည်မှာ ကြံဖန် ဂုဏ်ယူ ၍ရသည်မဟုတ်လော။
သြ ရှေးလူတို့ကျေးဇူးကာကြီးမားပေစွ။ ကျွှနုပ်လည်း အများနည်တူစွာ နေ့အလုပ်လုပ် , ညပြန်အိပ် , တပတ်တခါ အပြင်ထွက် ဓါတ်ပုံရိုက်၍ Facebook တည်းဟူသော စာအုပ်ထဲတွင် ပျော်အောင်နေပြရ၏။ အပြင်လောကတွင် စိတ်ဆင်းရဲရသောလည်း Facebook ထဲတွင်ကာ နတ်ပြည်ရောက်နေသည်ဟူလို။ ဤသို့ နေ့ခံ ညအိပ် တပတ်တခါစံရသော ပြိသာများကဲ့သို့ ၁၀ နှစ်ကျော်ကျင်လည် ပြီသော် အနည်းငယ် ပြိသာပါးဝ လာသလိုရှိ၏။ ဤကဲ့သို့ ပါးဝလာခြင်းမှာ အပေါင်းအသင်းစုံသောကြောင့်ဖြစ်၏။ အပေါင်းအသင်းစုံရာမှ ဆေးလိပ်, အရက်, မူးယစ်ဆေးများ သုံးစွဲခြင်း မရှိပဲ ထူးဆန်းသော ရောဂါ ဆန်းတမျိုးကာ စွဲကပ်လာသောဟူ၏။ AIDS ထက်ဆိုးသော ရောဂါလော။ မဟုတ်ပါ ။ ထိုထက်ပိုဆိုးဝါးသော ရောဂါဖြစ်၏။
cryptocurrency ဟုခေါ်၏, မြန်မာပြန်သော် အင်တာနက်ငွေကြေးကို အရူးမမူးလိုချင်သော ရောဂါဖြစ်၏။ အဘယ့်ကြောင့် ဤရောဂါဖြစ်ကြသနည်း။ ဆန်းစစ်သော် တရာခံမှာ bitcoin ဖြစ်၏။ bitcoin မှာ အဘယ်နည်းဆိုသော် , အနှီး ဂျပန်ကြီးမှ တီထွင်လိုက်သော ပိုးဖြစ်၏။ အတော်ဆိုးသော ဂျပန်ကြီးပါပေ။ ထိုဂျပန်ကြီးတွီထွင်လိုက်သော ပိုးကာ တလောကလုံးတို့ ကူးစက်၍ အနောက်နိုင်ငံသားတို့မှာ အနှီး bitcoin ကြောင့် ခိုးဆိုးလုယက်ကြကုန်သောဟူ၏။ ကျွှန်ုလည်း bitcoin ပိုးကူးဆက်ခံရကာ မရိုးမယွ ဖြစ်လာ၏။ စိတ်ကူးယဉ်တတ်လာ၏။ bitcoin 10000 လောက်သာရှိလျင် စင်္ကပူ စီးပွားရေးကို ချယ်လှယ်ပလိုက်မည် ကြံစည်လာ၏။ bitcoin နှင့် အပေါင်းအပါများ ဖြစ်ကြသော Ethereum နှင့် နောက်လိုက် နောက်ပါ များအား ဆက်၍ တွေ့လိုက်သောအခါ, ကျွှနုပ်ကိုယ်ကာ နေထိုင်၍မရတော့ပြီ။ နေ့စဉ် bitcoin နို့ချိုမှ မသောက်စို့ရလျင် အသက်ငင်တော့မလောက် ဖြစ်လာ၏။ ကြံရာမရဖြစ်ချေပြီ။
bitcoin နို့ချို ရအံ့ငှာ အပြေးအလွားရှာသော်.. Steemit ကိုတွေ့၏။ steem coin ဖြင့် bitcoin ဝယ်၍ရနိုင်ဟု ကြားသော် , ကျွှနုပ်အတွက်ပဒေသာပင် ပေါက်ချေပြီဟု ယူဆမိ၏။ သို့သော် အနှီးပဒေသာပင်မှာ စာရေးတင်မှ steem coin ရမည်ဟု ဆိုသော် ခက်ချေပြီ။ ကျွှနုပ်ကာ စာဟူ၍ စာမျက်နှာ တမျက်နှာ ပြည့်အောင် မရေးဘူးရကာ မည်သို့ မည်ပုံ ရေးရမည်ကို တွေးမတတ်အောင်ရှိချေ၏။ အဆုံးတွင် bitcoin နို့ချိုအား လိုချင်တက်မက်မှု စိတ်အားကြီးလွန်းရကာ... ဟယ် ဖြစ်ကာမှဖြစ်စေတော့ဟူ၍ ဆောင်းပါမကျ, စကားပြေမကျ, ပုံပြင်လည်း မမည်သော စာမျိုးကို ရေးတင်မိလေပြီ။ အတော်ဆိုးသော bitcoin ပါပေ။ ကံကောင်းထောက်မှစွာ steemit မှ ကျွှနုပ်၏ ရောဂါကို သနားသဖြင့် bitcoin ဝယ်ရန် steem အနည်းငယ်စွန့်ကျဲလေ၏။ ကျွှနုပ်ကာ ပျော်မဆုံးရှိလေပြီ။ steem coin ငွေယားလေး ရလာသောအခါ bitcoin ဝယ်ရန်ကြံစီလေပြီ။ ဘယ်ကိုပြေးမလဲ bitcoin ။ ဤတွင် အဘယ်သို့ ဝယ်မည်နည်းစုံစမ်းသော် ရောဂါရင့်နေပြီဖြစ်သော ဂုရုကြီးများအားတွေ့လေ၏။ ထိုဂုရုကြီးများအား bitcoin ဝယ်နည်း သင်ပေးပါမည့်အကြောင်း beer နှင့် ဘဲကင် တည်းဟူသောပန်းဆီမီးဖြင့် ပူဇော်ရ၏။ မကြာမကြာ ဖွာတော်လည်း ဆက်ရ၏။ ဝီစကီတည်း ဟူသော ရေချမ်းဖြင့်လည်း မကြာမကြာ ပက်ဖြန်းရသောဟူ၏။ အတော်နတ်ကြီးသော bitcoin ပါပေ။ ဤသို့ပူဇော်ရှိခိုးပြီးသော်, အနှီးဂုရုကြီးမှ ငါတို့သည် bitcoin တည်းဟူသော အရာအား poloniex နှင့် bittrex ဟူသော ဆိုင်များတွင် ဝယ်ကြလတံ့။ ဤသို့ ဝယ်ရာတွင် bitcoin ကို မဝယ်သေးပဲ အစွယ်အပွား coin တို့အား ဈေးနည်း ခိုက်တွင် ဝယ်စုကြလတံ့။ ဤသို့ ဝယ်စုပြီးသော် ဈေးအတက်တင်ပြန်ရောင်းလျင် အမြတ်များစွာရရှိလတံ့။ ထို့ကြောင့် အစွယ်အပွား coin များကိုဝယ်စုပါလေဟု သြဝါဒ ပေးကြာလေ၏။ သြ, ဆရာကောင်းတို့မည်သည်ကာ အတော် ပညာရှိပါပေသည်။
ကျွှနုပ်ကာ တလအတွင်း bitcoin 100 ခန့် ပိုင်ဆိုင်တော် တနှစ်တွင် မည်မျရှိမည်နည်းဟူသော သင်္ချာတွက်လေပြီ။သူဌေးဖြစ်တော့မည် ဟု ပျော်မဆုံး ရှိချေပြီ။ အလွန် လှည့်စားတတ်သော bitcoin ပါပေ။ အစွယ်ပွာ coin တို့အား ဝယ်လေပြီ။ bitshare ကာတက်ဈေးပြ၏။ ဝယ်လိုက်ပြီမကြာခင် ဈေးထိုကျ၏။ မဖြစ်သေး အရှုံးနှင့်ရောင်း၍ GNT ဝယ်၏။ ဈေးတက်လာပြီ။ အရိပ်တကြည်ကြည်ကြည့်၏။ မိမိချစ်သူ ကောင်မလေးအား ဤသို့ ဂရုတစိုက်ကြည့်လျင် မိမိအား မထားသွားတန်ရာ။ ရှိစေတော့။ GNT ကာ ဈေးတန့်နေလေပြီ။ မဖြစ်သေး ထပ်ရောင်း၍ Scoin ဝယ်၏။ Scoin ကာ ငရဲမင်းအား ဆင်းတွေရအံ့ငှာ ဈေးထိုးကျ၏။ bitcoin ကာမရသေး စိတ်ဆင်းရဲခြင်းကာ ရလေပြီ။ သို့သော် bitcoin တည်းဟူသော တဏာအား ဖြတ်ရန် ခက်လွန်းလှကာ , steemit တွင် စာများဆက်ရေးတင်၏။ coin များလည်း ကြိုးစာကာ ဝယ်ပါ၏ သို့သော် သောက်လေသောက်လေ ငတ်မပြေသော အနှီး bitcoin အား ရရှိရန်ကြိုးစားရင် steemit ပေါ်တွင် တဝဲလည်လည် ရှိလျက်နေ၏။
ဈးကွက်ပေါ်တွင်ရှိသော coin များ၏ဈေး အတက်အကျအားကြည့်၍ ဪ မည်သည့် coin မျှမမြဲပါလားဟု ဝိပ္ပသနာရှုသော် ဤအချိန်တွင် အရဟတဖိုလ် ဆိုက်နိုင်ခြေရှိသော်လည်း ချီးတွင်း တွင်ပျော်သောလောက်ကဲ့သို့ တပျော်တပါးကူးခတ်လျက်ရှိနေခြေပြီ။ ဤတွင် မိမိကိုယ်က ရောဂါဝင်နေသည်ကို အားမရသေးပဲဆွေမျိုးသားချင်းများအားလည်း steemit တွင်စာရေး၍ bitcoin ရအံ့ငှာ အကြံလိုက် ပေးလေတော့၏။ အကျိုးဆက်ကာ... အရည်မရအဖတ်မရ အလုပ်တွေလုပ်နေတယ်, အားနေရင် အချိန်ပိုင်း အလုပ်ဆင်း၍ပိုက်ဆံရှာ ဟု အစ်မက ထောပနာပြု၏။ ဆရာဝန်လေး ဘာလေး ပြကြည့်ပါလားဟု ညီမလေးမှ အကြံပြု၏။ ဒင်းတို့ကာ ဆင်းရဲတွင်းမှ မထွက်ချင်သူများ ဖြစ်ကြပါလိမ့်မည်။ ကျွှနုပ်မူကာ အိပ်ရင်းပင် အိမ်မက်ထဲတွင် bitcoin အများကြီးပိုင်ဆိုင်သောသူဌေးကြီးဖြစ်နေလေပြီ။
အဟောသုခံ , bitcoin စိတ်ကူးကာ ချမ်းသာလေစွ။ ကောင်းလေစွ။
Photos credit; Google Image
Henry Aung ( Kachin )






follow me
thanks for support
follow done and follow me too 😁
အဟုတ်ပါပဲလား bitcoin တစေ ညတိုင်း ခြောက်တယ်
phobia လို့ သတ်မှတ်ရင် ရမယ်ထင်တယ် ဆာ
I think it's like a phobia,sir.
သရော်စာ ကို ခေတ်စမ်းအရေးသားနဲ့ ရေးထားတာပါ။ ခေတ်စမ်းစာပေကို သဘောကျလို့ ကြိုးစားကြည့်တာ
Bitcon ရေ bitcon ရေလို့သာအော်လိုက်ချင်တယ်ဘရို
what an interesting story, your writing is super fun to read.. :)
Thanks for support ....
😜😜😜😜😜😜😜😜😜
ဟာသလဲရတာပဲအစ်ကို
မြောက်တုန်းကမြှောက်ပေးပြီး😜😜😜😜
အေးလေ... တခါတလေတော့လည်း ဟာသအမြင်နဲ့ ကြည့်လိုက်တော့ ... နည်းနည်းများ ပေါ့သွားမလားလို့ ....
ဒုန်း ဆား ပ လိ ဖော လိုး မီ
အလို အသင့်အား btc နတ်သမီး ဖမ်းစားထားပါရော လား 😃😃😃
ကောင်းလိုက်တဲ့ပို့စ်၊ ကျွန်တော်တို့အတွက်ကတော့ Bitcoin အဆင့်ထိ မရောက်သေးပါဘူး။ Steemit မှာ vote များများရဖို့တောင် တ၀ဲလည်လည်ပါပဲဗျာ. :)
ဝါသနာတူတွေဆိုတော့ ဒီလိုပဲ ရှိမယ်ထင်ပါတယ်😀😀😀
Congratulations @kachinhenry! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPNice post bro