Cheetah bot, Steemcleaner နှင့် Flagging အကြောင်းသိကောင်းစရာများ ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

ပြီးခဲ့သော post တွင် cheetah bot ၏ လုပ်ဆောင်မှုအကြောင်း ဖေါ်ပြထားခဲ့သည်။ cheetah bot သည် မိမိ တင်ထားသော စာ, ဆောင်းပါး တို့နှင့် တထပ်တည်း တူ နေသော စာ , ဆောင်းပါးတို့ ၏ link များကို ဖေါ်ပြ ပေးခြင်းဖြင့် မိမိ တို့ ဘယ်နေရာကနေ copy ကူလာသည်ကို သိရှိစေပါသည်။ ဤတွင်သတိထားရမည့် အချက်မှာ cheetah bot က မည်သူကပိုင်ရှင်ဖြစ်သည်ကို မဖေါ်ပြပေးပါ။ copy ကူးလာသောသူဖြစ်ပါက မိမိမှာ သူများစာကို copy ကူးလာ၍ သတိပေးခြင်း ခံရသည်မှန်သော်လည်း, မူရင်းရေးသား သူဖြစ်ပါကမိမိစာ ဖြင့် မိမိ cheetah ထိခြင်းသည်အလွန်ပင် နစ်နာပါသည်။ ရှင်းပြပါမည်။ အထူးသဖြင့် blogger များဖြစ်ပါသည်။ blogger များသည် မိမိတို့ Steemit တွင် register လုပ်စဉ်တွင် blogger မည်သူမည်ဝါ ဖြစ်ကြောင်း link နှင့်တကွ မိမိ profile တွင်ကြေညာပြီးဖြစ်ကြပါသည်။ မိမိ blog ပေါ်ရှိ မိမိ ကိုယ်တိုင် ရေးထားသောစာများကို Steemit blog ပေါ်သို့ ပြောင်၍ SBD ရရန် အလို့ ငှာ ပြောင်းတင်ကြသည်။ မိမိသည် blogger မည်သူမည်ဝါ ဖြစစ်ကြောင်း ကြေညာထား၍ cheetah ကလည်း လွတ်ပေးပါသည်။ မူးရင်ပိုင်ရှင် အဖြစ် အသိအမှတ်ပြု၍ လွတ်ပေးခြင်းမဟုတ်ပါ။ ရှင်းပြပါမည်။ မိမိ blog ပေါ်တွင် ရေးသားထားသော အင်မတန်ကောင်းသော ဆောင်းပါး တခု အား အခြားသူ မှ မိမိ ကို အသိ မပေးပဲ Facebook ပေါ်တွင် လည်းကောင်း, အခြား social media ပေါ်တွင် လည်းကောင်း , copy ကူး၍ တင်ထားသည် ဖြစ်စေ, မိမိ ကို credit ပေး၍ တင်ထားသည်ဖြစ်စေ , ထို ဆောင်းပါးကို မိမိ က ကိုယ်ပိုင်အနေဖြင့် Steemit ပေါ်တင်လိုက်လျင် သေချာပေါက် cheetah comment ထိပါသည်။ ဆိုခဲသည့် အတိုင်း cheetah သည် မိသူမည်ဝါ ပိုင်ရှင်ပါဟု မဖေါ်ပြပါ။

bl.png

မိမိ တင်လိုက်သော ဆောင်းပါး နှင့် တထေရာတည်း တူညီနေသော အရေးအသားရှိသည့် ဆောင်းပါး အခြားတနေရာတွင်လည်း ရှိနေသေးသည်ဟု သာဖေါ်ပြသည်။ မိမိတို့ သိသည့် အတိုင်း cheetah ထိထားသော ဆောင်းပါးကို လူတိုင်းက vote ပေးဖို့ရန် လက်တွန့်သွားပါသည်။ ကျွှန်တော့်အဖို့ မှာ မိမိစာဖြင့် မိမိ cheetah ထိခြင်းသည် အလွန်ပင်နစ်နာသည်ဟု ထင်ပါသည်။ ဤတွင် မိမိသည် ရေးသားသူ အမှန်ဖြစ်ခြင်းကြောင့် cheetah အား ရှင်းပြလျင် မရဘူးလား ဟု မေးလျင် , ရ ပါသည်။ မိမိ post comment တွင် မိမိ သည် ဤpost ၏ ပိုင်ရှင် အမှန် ဖြစ်ကြောင်း သက်သေ ရက်စွဲများနှင့် ရှင်းပြနိုင်ပါသည်။ Steemit chat ပေါ်တွင် cheetah အားသော်လည်းကောင်း steemcleaner အားသော်လည်းကောင်းရှင်းပြနိုင်ပါသည်။ သို့ သော် cheetah သည် Steemit chat ပေါ်တွင် အချိန်ပြည့် ရှိနေသည်မဟုတ်ပါ။ မိမိ ဖြေရှင်းချက်အား cheetah မြင်ရန် သူလိုင်းပေါ်သို့ တက်လာသည် အထိ စောင့်ရပါမည်။ မိမိမှာ ထို post ကို အမှန်ရေးသားသူဖြစ်ကြောင်း , မိမိမသိပဲ မည်သူမည်ဝါ မည်သည့် နေ့ရက်တွင် ကူးယူထားကြောင်း, ရက်စွဲ သက်သေ များနှင့် တကွ တင်ပြနိုင်ရန်လိုပါသည်။ များစွာ အလုပ်ရှုပ်ရပါသည်။ အခြားသူများမှလည်း မိမိ ဖြေရှင်းချက်အား ယုံမည် မယုံ မည် အသာထား လောလော ဆယ် မိမိ မှာ cheetah ထိ၍ voting များ ဆုံးရှုံးရပါသည်။ ထို့ကြောင့် blogger များ မိမိစာများကို Steemit Platform ပေါ်တို့ မတင်ခင် , Facebook search တွင်လည်းကောင်း , google search တွင်လည်းကောင်း စာပိုဒ်ချင်း စစ်၍ ရှာသင့်ပါသည်။ အကယ်၍ တစုံတယောက်က မိမိ စာကို ကူးထားလျင် သော် လည်းကောင်း, credit ဖြင့် တင်ထားလျင်သော်လည်ကောင်း Steemit ပေါ်သို့ မတင်သင့်ဟု ထင်ပါသည်။ ဤသည်မှာ မိမိ အကြံပြုရုံသာဖြစ်ပါသည်။ မဖြစ်မနေ လိုက်နာရမည်ဟု မဆိုလိုပါ။

cheta.png

အဘယ်ကြောင့် ဤသို့ ရှင်းပြရသည်ဆိုသော်, original content ၏အား ထုတ်ထားရမှု , original content ၏ ဂုဏ်ယူ မှုမှာ original content ရေးသားသူတို့သာ သိနိုင်ပါသည်။ မိမိကိုယ်တိုင်ရေးသားထားသော စာဖြင့် မိမိ cheetah ထိခြင်းမှာ အလွန်ပင် ခံရခက်သောဝေဒနာပင်ဖြစ်ပါသည်။ original content ရေးသားနေသူတို့ တွေးကြည့်ပါလေ... များမကြာမှီကာလတွင်, Steemit Platform ပေါ်သို့ မြန်မာ blogger များ အများအပြား ဝင်ရောက်လာပါလိမ့်မည်။ နည်းပညာ blogger , အချက်အပြုတ်, ကလေးသူငယ်ပြုစုနည်း , ခရီးသွား စသည်ဖြင့် ဝင်ရောက်လာကြပါလိမ့်မည်။ ထို့ကြောင့် မိမိစာဖြင့် cheetah မထိစေရန် စေတနာဖြင့် ဖေါ်ပြရခြင်းဖြစ်ပါသည်။ တဆက်တည်း cheetah bot သည် copy post တခုအားတွေ့သည်နှင့် တပြိုင်နက် ထို post အတွင်းသို့ cheetah comment အဖြစ်ဝင်ရောက်လာသလို steemcleaner အဖွဲ့ကိုလည်း တခါတည်း အသိပေးလိုက်ပါသည်။ steemcleaner အဖွဲ့သည် ဆိုခဲ့ပြီးသော , plagiarism, spam နှင့် abuse တို့ကို ရှင်းထုတ်ရန်ဖွဲ့စည်းထားခြင်းဖြစ်သည်။ cheetah ၏ အသိပေးမှုနှင့်အတူ တခါတရံ cheetah comment ၏ နောက် တခါတည်း လိုက်လာတတ်ပါသည်။steem cleaner ဝင်ရောက်လာလျင် မိမိ post ကို တခါတည်း down vote လုပ်ခြင်းဖြင့် အရေးယူတတ်သလို တခါတရံ flagging အလံထောင်ခြင်းဖြင့် အရေးယူတတ်ပါသည်။

fl.png

မိမိတို့၏ post နှင့် comment တို့၏ ဘေးတွင် အလံလေးများရှိပါသည်။ plagiarism, spamming, abusing စသည်တို့အတွက် မနှစ်မြို့ သူများက flagging အလံထောင်၍ သတိပေးပါသည်။ ဆိုးဆိုးရွားရွား ဖြစ်နေ၍ သုံးလေး ဦမှ မိမိ post , comment တို့အား flagging ပြုလုပ်လိုက်လျင် ထို flagging ပြုလုပ်ခံရသော post , comment တို့သည် မှုန်ဝါးသွား၍ နောက်ဆုံး လူအများ ကြည့်ရန် မသင့် လျော် ဟူ၍ low rating ပေး၍ ပိတ်ထားလိုက်ကြပါသည်။ ဤတွင် တခု အထူးသတိပေးလိုသည်မှာ ထို flagging အလံမှာ steemcleaner ကဲ့သို့သော Steemit Platform ကို သန့်ရှင်းစေလိုသော သူများ , reputation မြင့်သူများက ဤသို့အရေးအသား, ဆောင်းပါးများ original content များပင်ဖြစ်သော်လည်း အခြားသူများဖတ်လျင် မသင့်လျော် , အတွေးအမြင်မှားနိုင်သောကြောင့် flagging , အလံထောင်၍ သတိပေးနိုင်ရန်ထားထားခြင်းဖြစ်သည်။ အလံထောင်ထားသော post သည် မှေးမှိန်သွားပါသည်။ အခြား reputation မြင့်သူတယောက်ကလည်း ဝင်ကြည်၍ အဘယ့်ကြောင့် အလံထောင်းထားရသနည်း ဝင်ကြည့် ၍ မသင့်လျော်ကြောင်း မှန်လျင် ထပ်မံ၍ အလံထောင်သွားပါသည်။ ထို့ကြောင့် အလံထားထား ခြင်မှာ Steemit Platform ပေါ်တွင် reputation မြင့်နေကြပြီဖြစ်သော သူများ အတွက် တနည်းအားဖြင့် Steemit Platform ကို ကာကွယ်နိုင်ကြစေရန်အတွက်ထားထားခြင်းဖြစ်သည်။ ဤကဲ့သို့ အလံထောင် flagging မိထားသော post များသည်လည်း cheetah နည်းတူ voting များရပ်သွားပါသည်။

pty.jpg

အထူးအထူး သတိပေးလိုသည်မှာ မိမိ၏ မရှိမဲ့ရှိမဲ့ reputation ဖြင့် ငါကြည့် မရတဲ့ post တွေအကုန် အလံထောင်ပြစ်ခဲ့မည် သွားလုပ်၍မရပါ။ reputation မြင့်သူတိုက flagging ပြုလုပ်လျင် မိမိဘာကြောင့် ဤpost ကို flagging ပြုလုပ်ရပါသည် ဆ်ုသည့် အကြောင်း comment ထားခဲ့ရပါသည်။ ဤကဲ့သို့ ခိုင်လုံသော အကြောင်းပြချက်comment မထားခဲ့ပဲ တွေကရာ post များအား အလံထောင်းခဲ့ပါက steemcleaner များက မိမိ အကောင့်ကို black list သွင်းလိုက်ပါမည်။ မိမိ အကောင့် black list ဖြစ်သွားလျင် ဘားမှ လုပ်စား၍မရတော့ပါ။ blacklist ပြန်မဖြစ်အောင်ပြန်လုပ်လို့ရပါသည်, သို့သော် အရင်ထက် နှစ်ဆ ပြန်ကြိုးစားရပါသည်။ထို့ကြောင့် အလံလေးက ဘာလေးမှန်းမသိဘူး, နှိပ်ကြည့် လိုက်အုံးမယ် မလုပ်ပါနှင့် ။ ကျွှန်တော့ မှာ ယခုအချိန်ထိ မည်သူ့ကိုမျှ အလံမထောင်ခဲ့ဘူးပါ။ Steemit ကချမှတ်ထားသော စည်းမျည်း စည်းကမ်းများကို လိုက်နာ၍ ဤreputation အထိရောက်ရှိခဲ့ပြီးဖြစ်သည်။ထို့ကြောင့် Steemit Platform ပေါ်သို့ ရောက်ရှိနေပြီးကြသော သူများမှလည်း အသစ်ဝင်ရောက်လာသူများအား ဆောင်ရန် ရှောင်ရန် များကို ပြောပြခြင်း , ဖတ်သင့်မှတ်သင့်သည်များကို ညွန်ကြားခြင်းဖြင့် လက်တွဲခေါ်ပါလေ။ အထူသဖြင့် ကျွှန်တော်တို့ မြန်မာနိုင်ငံသားတို့သည် အများအား ဖြင့် နည်းပညာ culture shock အတွင်းသို့ ရောက်ရှိနေကြ၍ အရာရာတိုင်းအား တဝက်တပြတ်မှ လိုက်ပါနေကြရသည်။ ( အချိန်ရလျင် မြန်မာနိုင်ငံသားများ အဘယ်သို့သော နည်းပညာ culture shock အတွင်းသို့ရောက် နေကြောင်းရေးပါအုံးမည်) အထူးသဖြင့် စွမ်းအင်ရင်းမြစ်ရှိသည် နည်းပညာနားမလည် , နည်းပညာ နားလည်လာပြီ ဆိုသော်လည်း စွမ်းအင်ရင်းမြစ်က မရှိ။ လက်ရှိ မြန်မာလူငယ်များကြုံတွေ့နေရသည်မှာ မျက်မြင်ပင်ဖြစ်သည်။ သူများနိုင်ငံသားတို့က 4G အင်တာနက်, fiber optic internet ကို ဖေါဖေါသီသီသုံး၍ Steemit ပေါ်သို့ post များလိုအပ်သလို တင်နိုင်ချိန်တွင် ကိုယ်တို့မှာ တယ်လီနော, MPT တို့အား လက်အုပ်ချီရှိခိုးနေရဆဲပင်, bill ဖြတ်ကြမ်းသော operator များနှင့်တွေ့လျင် post က SBD မည်မျှရမည်မသိ internet bill က ဖြတ်ပြီးနေပြီ။ ထို့ကြောင့် Steemit Platform ပေါ်သို့ တကယ်စိတ်ဝင်စား၍ ဝင်ရောက်ရေးသားနေသူအချင်းချင်း လက်တွဲခေါ်ယူ ၍ အတူတူ ချီတက်ကြလျင် အောင်မြင်သော ရင်းနှီးမြုပ်နှံမှုကို ပြုလုပ်နိုင်ကြပါလိမ့်မည်ဟု တွန်းအားပေးလိုက်ရပါသည်။ အဘယ့်ကြောင့် Steemit သည် ရေရှည် ရင်းနှီး မြုပ်နှံသင့်ကြောင်း ဆောင်းပါး ရေး၍ များမကြာခင် post တင်ပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image
Henry Aung ( Kachin )

Sort:  

ကိုkachinhenryကို အရမ်ကျေးဇူးတင်ပါတယ် ကျွန်တော့်တိုကို steemit အကြောင်းနာလည်အောငိရှင်ပြးလို့

ကျေးဇူးတင်ပါတယ်, တစုံတရာ ရရှိသွားရင်ကို ကျေနပ်လှပါပြီ။

Very good post for Myanmar steemit fellow. Thank you very much. My English writing skill is very bad but I am trying. Apologize me, please.

never say die, try your best to post the original content....

Thank,bro
Waiting for next post

alright , i am working on it...

အကိုရေ တကယ့်ကိုအားဆေးတခွက်ပါပဲဗျာ ဆောင်ရန် ရှောင်ရန်စည်းမျဉ်းတွေနဲ့ ကျနော်တို့ မြန်မာ အဖွဲ့ဝင်လေးတွေအပေါ်တက်နိုင်သမျှအားစိုက်ပီး steemit လမ်းကြောင်းလေးကို တခြားနိုင်ငံသားတွေက အထင်ကြီးစေချင်တဲ့ သူလေးတွေဖြစ်လာအောင် ထားတဲ့စေတနာလေးတွေက အရမ်းကိုတန်ဖိုးကြီးမားလှပါတယ်အကို ကျေးဇူးလည်းအရမ်းတင်မိပါတယ် အကိုရေ

ကျွှန်တော် ကြယ်ငါးကောက်သူပါ။

စင် ကာပူကနေ ဒီကအခြေအနေကို တောင် လှမ်း ကိုယ်ချင်း စာနိုင်တယ် ဟုတ်တယ်ဗျာ ဖုန်းထဲမှာနှိပ်ရမှာ အကြောက်ဆုံးခလုပ်က ဘေလ် စစ်ရမှာကို ပါ ဟိ ဟိ

ဒီလိုပဲပေါ့ ညီလေးရာ.... တရက်နည်းနည်း နဲ့ သွားကြတာပေါ့။

Nice post

Thanks brother.

you are welcome ..

thanks U

you are welcome

Thanks for your sharing.

you are welcome , bro.

ချီတာက copy post အတွက် သီးသန့်လား ဆာ။ ကျန်တဲ့ spamming တွေ flagging တွေက steamcleaner group က လုပ်ဆောင်တာလား ဆာ။

မှန်ပါတယ်, cheetah က copy အတွက်ပါ။ တခုသတိထားပါ.... credit ပေးထားတဲ့ post လည်း cheetah ဖမ်းပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58644.49
ETH 2625.45
USDT 1.00
SBD 2.38