ဗီယက်နမ်သွား တောလား - အပိုင်း ( ၄ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ဗီယက်နမ် ခရီးစဉ် အကြောင်းအား ဆက်ပါအုံးမည်။ နောက်တနေ့ နံနက် စောစော ၆ နာရီခန့်တွင် အိပ်ယာမှ နိုးထလာ၏။ ကိုယ်လက်သန့်စင်ပြီး အပေါ်ဆုံးထပ်ရှိ စားသောက်ခန်းသို့ သွားရန် ပြင်ဆင်ရ၏။ နံနက်စာအား အပေါ်ဆုံး ထပ်တွင် ဘူဖေးစနစ်ဖြင့် ကျွေးခြင်း ဖြစ်၏။ အဆင်သင့်ပြင်ဆင်ထားပေးသော စားစရာများတွင် မိမိစားချင်ရာအား ယူစားယုံသာ ဖြစ်၏။ အာရှ အစားအစာနှင့် ဥ ရောပ အစားအစာတို့အား သီးသန့်ခွဲ ထားပေး၏။

မိမိတို့အရှေ့တောင်အာရှမှ ခရီးသွားများအတွက် ကြာဇံ ကြော် ၊ ခေါက်ဆွဲ ကြော် ၊ ထမင်းကြော်နှင့် အသားငါး အသီးအရွက် အကြော်အလှော်များ ချထားပေး၏။ ဥရောပသားများ အတွက် ပေါင်မုန့်အမျိုးမျိုးနှင့် အသီးအနံများ ၊ ကြက်ဥ ကြော်နှင့် ဝက်ပေါင်ခြောက်များ ချထားပေး၏။

ထိုအဆင်သင့် ချထားပေးသော အစားအစာများ မစားချင်လျင် မိမိစားသောက်လိုသော ပုံစံအတိုင်း စာဖိုမှူးအားလည်း ချက်ပြုတ်ခိုင်း၍ ရ၏။ ချက်ပြုတ်ပေးရန် စားဖိုမှူးများကလည်း အသင့်ရှိနေကြ၏။ မဟေသီကတော့ အသားမစားသူဖြစ်ရကာ တို့ကနန်းဆိတ်ကနန်း ဖြင့် စားသောက်ခြင်း အမှုကို အဆုံး သတ်လိုက်၏။

မိမိမှာကာ အာရှနှင့် ဥ ရောပ အစားအစားအား ပေါင်းစား၏။ ဤ 4 Star အဆင့်ရှိသော Flower Garden ဟိုတယ်၏ ဝန်ဆောင်မှုမှာ အထူးကောင်းမွန်လှသော်လည်း အစားအသောက်နှင့်ပါတ်သက်လျင် မန္တလေး ရှိ Victoria Palace အား မမှီဟု ထင်၏။ အကြောင်းမှာ မြန်မာ စာဖိုမှူးတို့၏ လက်ရာ ပိုစားကောင်းသည်ဟု ထင်မိ၏။ မြန်မာ ပါးစပ် ဖြစ်၍လောမသိ။ရှိစေတော့။

01.jpg

03.jpg

02.jpg

စားသောက်ပြီးသော် မဟေသီက အခန်းသို့ ပြန်၍ အလှပြင်ခြင်း အမှု အား စိတ်ရှည် လက်ရှည် ပြု၏။ ကျွနုပ်လည်း ပါးစပ် အငြိမ်မနေနိုင်ရကာ အာချောင်မိ၏။ မိမိ လင်သားအား အလှပြင်သကဲ့သို့ စိတ်ရှည် လက်ရှည် ပြုစုလျင် နိဗ္မာန်ချမ်းသာ ရနိုင်ကြောင်းပြောမိ၏။ အကျိုးရလဒ်ကာ မျက်စောင်းထိုးခြင်း ခံရ၏။

ဤသို့ဖြင့် နံနက် ၈ နာရီထိုးသော် ဟော်တယ် ကောင်တာမှ မိမိတို့အား လာကြိုသော ကြိုပို့ယျဉ်ရောက်ပြီ ဖြစ်ကြောင်း ဖုန်းခေါ်လာ၏။ ကြိုပို့ယျဉ်မှာ aircon mini bus ဖြစ်၏။ ထိုနေ့ ခရီး စဉ် အဖို့ မိမိတို့မှာ ခရီသွားလုပ်ငန်း အေဂျင်စီ တခုနှင့် ချိတ်ဆက်ထားသဖြင့် ဟလောင်ဘေး ခရီး စဉ်အား အခြား ခရီးသွား များ ဖြင့် အတူ တကွ သွားရမည် ဖြစ်၏။

ကြိုပို့ ယျဉ်ပေါ်တွင် စကားပြန် အကိုကြီး လည်းပါလာ၏။ ကျွန်တော်တို့အား ကြိုပြီးနောက် နောက်ထပ်ဟို တယ်တခုတွင် စပိန် နိုင်ငံသား သားအမိသားအဖ ၃ ယောက်သွားကြို၏။ ထို့နောက် နောက်ထပ်ဟိုတယ်တခုတွင် အသက် ၇၀ ကျော်လင်မယား အား သွားကြို၏။

ထိုလင်မယားမှာ ဗီယက်နမ်နိုင်ငံသား ဖြစ်သော်လည်း စစ်ဖြစ်းပြီကတည်းက ရုရှားနိုင်ငံသို့ ပြောင်းရွှေ့သွား သောကြောင့် ယခု ဟနွိုင်း မြို့ အား လာလည် ကြကြောင်းသိရ၏။ ဗီယက်နမ် နိုင်ငံသား တို့ ဗီယက်နမ်သို့ လာလည်ကြသည်မှာ ထူဆန်းသလိုတော့ရှိ၏။ ထို့ နောက် ဟနွိုင်း မြို့ပေါ်ရှိအခြားသော ခရီးသွားများအား လည် လိုက်လံကြိုရ၏။

ဤသို့ မြို့ပါတ်၍ ခရီးသည်ကြိုစဉ် စကားပြန်မှ အဆောက်အဦးတို့အကြောင်း ဟနွိုင်း မြို့ဟောင်းနှင့် အသစ်ထပ်မံ တိုးချဲ့ထားသော ခေတ်မှီ မြို့သစ်တို့အကြောင်း ဟာသနှော၍ ရှင်းပြ၏။ စကားပြန် မှာ အတော် အာဝဇ္ဇာန်ကောင်းသူဖြစ်၏။ တနေရာရောက်သော် အဆောက်အဦး တခုအား ပြ၍ ဟနွိုင် မြို့၏ စစ်ရုံး ဖြစ်ကြောင်း ရှင်းပြ၏။

စစ်ရုံး ၏ တဖက်တချက်တွင် စစ်သမိုင်းပြတိုက်ရှိ၏။ ကားပေါ်မှ လှမ်းကြည့်ရာ ဂျက် တိုက်လေယျဉ်များ ၊ တင့်ကားများ တန်းစီပြထားသည်ကိုတွေ့ရ၏။ ကျွန်တော်လည်း ဟိုချီမင်း စစ်သမိုင်း ပြတိုက်နှင့် ဟနွိုင်း စစ်သမိုင်းပြတိုက်တွင် မည်သည့် ပြတိုက်က ပိုစုံလင် ကြောင်း မေးကြည့်ရာ ဟိုချီမင်း မြို့ စစ်သမိုင်း ပြတိုက်က ပိုစုံလင်ကြောင်းသိရ၏။

04.jpg
Original Source

05.jpg
Original Source

ဤစစ်သမိုင်း ပြတိုက်ကို မြင်မိ၍ ကျွန်တော်ဖတ်ရှုခဲ့ရသော ( စာရေးဆရာ မမှတ်မိ) ဆိုင်ဂုံ နောက်ဆုံးနေ့ရက်များ ဟူသော စာအုပ်အား သတိရမိ၏။ ထိုအချိန်က တောင်ဗီယက်နမ် ၊ မြောက်ဗီယက်နမ် ဟူ၍ ကွဲပြားနေရာ ယခု ဟနွိုင်းမြို့ မှာ မြောက်ဗီယက်နမ် ကွန်မြူနစ်တို့ လက်တွင်ရှိ၏။

တောင်ပိုင်ရှိ ဆိုင်ဂုံ မြို့မှာ အမေရိကန် ကျောထောက်နောက်ခံပေးထားသော ဒီမိုကရေစီ အစိုးရ အုပ်ချုပ်၏။ ၁၉၇၀ နောက်ပိုင်း ဟိုချီမင်း ဦးဆောင်သော မြောက်ဗီယက်နမ် တို့အား တရုတ် နှင့် ရှားရုတို့က စစ်လက်နက်အးကြီအကျယ် ထောက်ပံ့ သဖြင့် ဗီယက်ကောင်းဟု ခေါ်သော မြောက်ဗီယက်နမ်တပ်သားတို့ ဆိုင်ဂုံ အား အမေရိကန်တို့၏ လက်မှ ပြန်ယူရန် တိုက်ပွဲများ ဆင်နွဲခဲ့ကြခြင်းဖြင့် ဗီယက်နမ်စစ်ပွဲအား စတင်ခဲ့၏။

ထိုတိုက်ပွဲ တွင် မြောက် ဗီယက် နမ် ဗိုလ် ချုပ်ချုပ်ကြီး များ ဖြစ် သော ငုယင်ဘန်ဒိုင် ၊ ငုယင် သီယန် အစရှိသူတို့က ဗီယက်ကောင်း တပ်မကြီးများအား ဦးဆောင်၍ တောင်ဗီယက်နမ်ရှိ ကွန်မြူနစ်လိုလားသော ပြောက်ကျား တပ်များဖြင့် အမေရိကန်တို့အား တိုက်ကြခြင်း ဖြစ်၏။

ဤမီးကုန်ယမ်းကုန် ဆင်နွဲခဲ့ကြသော ဆိုင်ဂုံမြို့သိမ်း တိုက်ပွဲ မှာ ဗီယက်ကောင်းတို့၏ ရရှုားလုပ် T54 တိုက်ပွဲဝင်တင့်ကား ၏ နောက်ဆုံး ကျဉ်ဆံဖြင့် ဆိုင်ဂုံ သမ္မတ အိမ်တော်ဝင်းတံခါးအား ပစ်ခွင်း လိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့၏။ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ကာ အမေရိကန်တို့အား ဗီယက်နမ်မြေပေါ်အပြီးအပိုင် မောင်းထုတ်လိုက်သော ထိုတိုက်ပွဲအပြီး တွင် ဆိုင်ဂုံ မြို့အား မြို့တော် ဟိုချီမင်း အဖြစ်ပြောင်းလည်းခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်၏။

ဤသည်မှာ စစ်သမိုင်းပြတိုက်ဖြင့် စပ်လျဉ်း၍ ချောတောငေါ့သွားခြင်း ဖြစ်ရကာ ဗီယက်နမ် စစ်ပွဲများ အကြောင်းရေးရလျင် စာလေးမည် စိုးသောကြောင့် ဟာလောင်ဘေး ခရီးစဉ်အား ပြန်ဆက်ကြပါစို့။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့၏ ကြိုပို့ယျဉ် သည် ဟနွိုင်းမြို့တွင်းပါတ်ကာ ခရီးသည် ကြိုပြီး နောက်ဆုံးတွင် အဝေးပြေးလမ်းမပေါ်သို့ ရောက်ရလေတော့၏။

07.jpg

11.jpg

ထို့ အခါမှ မိမိတို့ ခရီသည် တယောက်ချင်းအား စကားပြန်မှ မိတ်ဆက်စကားဆိုကာ မည်သည့် နိုင်ငံမှ လာရောက်ကြောင်း မေးမြန်း ခြင်းပြု၏။ မိမိတို့လည်း အချင်းချင်း မိတ်ဆက်ကာ အသိအကျွမ်းဖွဲ့စေ၏။ မြို့စွန်တနေရာရောက်သောအခါ မပြီးပြတ်သေးသော မိုးပျံရထားလမ်း တပိုင်းတစ အား တွေ့ရ၍ စကားပြန်အား မေးကြည့်ရာ ဟနွိုင်မြို့၏ နာမည် အပျက်ဆုံးသော မီးရထားလမ်း ပရောဂျက်ဖြစ်၍ လာဘ်စားမှု ၊ နှင့် နိုင်ငံ့ အခွန်ဝင်ငွေများ အား အလဟသ ဖြုန်းတီး နေသော ပရောဂျက်ဖြစ်ကြောင်းရှင်းပြ၏။

တရုတ် တို့၏ ချေးငွေ စီမံကိန်းဖြင့် ဆောက်လုပ်ခြင်း ဖြစ်၍ ၁၁ နှစ်နီးပါးကြာလာ ပြီဖြစ်သော်လည်း မြင်သည့်အတိုင်း ယခုတိုင် မးပြီစီးနိုင်သေးကြောင်း ခပ်ငေါ့ငေါ့ ရှင်းပြ၏။ ကိုရွှေတရုတ်တို့ကာ ရောက်လေရာအရပ် ပြသနာရှာ မီးမွှေးသူများ ဖြစ်ကြ၏။ ရှိစေတော့။ ထို့နောက် လမ်းတဖက် တချက်တွင် လယ်ကွင်း စိမ်းစိမ်း များ ပြန့်ပြူးစွာ ရှိ၍ သာယာလှပသော အဝေးပြေးလမ်းပေါ်သို့ ရောက်လေတော့၏။

တခါတရံ တောင်တန်းများအာတွေ့ရ၏။ တခါတရံ ကျေးလက်မြို့ပြများအား ဖြတ်သန်းခဲ့ကြ၏။ မြစ်ကူးတံတား တစ်စင်း အပေါ်သို့ ရောက်သောအခါ စက်ရုံကြီး တရုံ တွေ့ရသဖြင့် စကားပြန်အား မေးကြည့်သောအခါ ကျောက်မီးသွေးသုံး လျပ်စစ်ဓါတ်အားပေးစက်ရုံ ဖြစ်ကြောင်း သိရ၏။ ကျောက်မီးသွေး သယ်ယူမှု လွယ်ကူ စေရန် မြစ်ကမ်း ဘေးတွင် ဆောက်ထားကြောင်း သိရ၏။

06.jpg

08.jpg

09.jpg

ဟာလောင်ဘေး တို့သွားရာ လမ်းတလျှောက်တွင် ဤကဲ့သို့ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ၂ ခုတွေ့ခဲ့၏။ ကျွနုပ်လည်း စကာပြန်အား ဟနွိုင်းတွင် လျပ်စစ်မီး ပျက်မပျက် မေးကြည့်ရာ လေပြင်းမုန်တိုင်း တိုက်သော အချိန်မှ လွဲ၍ တော်ရုံ မီးမပျက်ကြောင်း သိရ၏။ ကောင်းလေစွ။ တိုင်းပြည် တပြည် တိုးတက်ရန် လျပ်စစ်မီးသည် အလွန်အရေးပါ၏။

ကျေးလက်များအထိ လျပ်စစ်မီးပေးနိုင်သောအခါ ထင်းမီးသွေး သုံးစရာ မလိုတော့သဖြင့် သစ်တောပြုန်းတီးမှုမှ ကာကွယ်ပေးနိုင်၏။ ဤနေရာတွင် လက်ရှိ မိမိတို့ မြန်မာ နိုင်ငံတွင် ဖြစ်ပျက်နေသော အနေအထားများအား ထည့် ရေးမည်ဟု စိတ်ကူးမိသော်လည်း အားလုံးသိပြီးသာမို့ အထူးတင်ပြရန် မရှိတော့ပြီ။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အိမ်နီးခြင်းနိုင်ငံများမှာ အမိမြေ ထက် သာနေတာတွေကို မြင်ရသိရလေ... မခံချိမခံသာ စိတ်မကောင်း ဖြစ်မိပေ...
ဘယ်သူမပြု မိမိပြုခဲ့တဲ့ ကံကြောင့်သာမို့ မိမိက သ ပြောင်းလဲကြပါစို့

Posted using Partiko Android

မိမိကိုယ်တိုင်သာ ပြောင်းလဲနိုင်အောင် ကြိုးစားနေရပါတယ်လို့...

ကျနော်တို့မြန်မာနိုင်ငံလည်း ကျောက်မီးသွေး သုံးပြီး စနစ်တကျ ဓာတ်အားထုတ်လုပ်ဖို့ လိုအပ်နေပါပြီဗျာ။ လျှပ်စစ်ကောင်းမှ စက်ရုံ အလုပ်ရုံတွေ ဝင်လာမှာဆိုတော့... ။

Posted using Partiko Android

ကြားမိပါတယ် အစ်ကိုရေ... ကျောက်မီးသွေးသုံး လျပ်စစ် ဓါတ်အား ပေးစက်ရုံ ဆောက်မဲ့ နေရာ ဒေသခံတွေနဲ့ ပြသနာ ရှိနေကြတယ်ဆိုတာ။ အမှန်က လျပ်စစ်မီးက တကယ်ကို အရေးကြီးတာပါ။

ကျွန်တော်တို့ဆီမှာလည်း မီတာခ တစ်ယူနစ်ကို 110ကျပ်အထက် ပေးဆောင်မယ်ဆိုရင် မီးမပြတ်အောင်လုပ်ပေးမယ်လို့ ပြောထားပါတယ်အစ်ကို။
ခရီးသွားရတာ ပျော်စရာကောင်းပြီး ဗဟုဟုသုတတိုးစေပါတယ်အစ်ကို။အစ်ကိုက နိုင်ငံရပ်ခြားခရီးစဉ်ဆိုတော့ ပြောစရာတွေ ဗဟုသုတတွေ အများကြီးဖြစ်နေမှာပေါ့...
ပြန်လည်မျှဝေပေးတဲ့အတွက်လည်း ကျေးဇူးတင်လျက်ပါ,.

Posted using Partiko Android

မြန်မာနိုင်ငံ မှလျပ်စစ်ာ မီးကို ၂၄ နာရီ ၃၆၅ ရက်ပါတ်လုံး ပေးနိုင်ရင်တော့ တိုးတက်လာပြီလို့ ပြောလို့ရမယ်။ ခရီးသွားရတာက တကယ်ကို ဗဟုသုတရပါတယ်။

ငယ်စဉ်ကတော့ ဗီယက်နမ်စစ်ကားတွေကြည့်ခဲ့ရတာ အမောပ
သူတို့နိုင်ငံက ကိုယ့်နိုင်ငံထက်နောက်ကျပြီးမှ လွတ်လပ်လာတာတောင်
မြင်ရတာ စိတ်ချမ်းသာစရာပါလားဗျာ

ခရီးသွားလုပ်ငန်းမှာ ထိုင်းပြီးရင် ဗီယက်နမ် နိုင်ငံက တကယ်ကို တိုးတက်လာတာပါ။

နှစ်ပေါင်းများစွာ အမေရိကန်နဲ့တိုက်ပွဲတွေဖြစ်နေရာကနေ ခုဆိုရင် အရမ်းတိုးတက်နေတာ မြင်ရ ကြားရ တွေ့ရတော့ ကိုယ့်နိုင်ငံအတွက် စိတ်တောင်မကောင်းဖြစ်မိပါတယ်ဗျာ

စိတ်မကောင်းလည်း ကိုယ်တွေတတ် နိုင်တဲ့ အလုပ် မဟုတ်တော့... ဒီအတိုင်းပဲ ကြည့်နေရတာပေါ့ ကိုစိုးရေ...

တတ်နိုင်အောင် ပါတီထောင်ကြစို့လညူဆညစက်😜 😜 😜

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61098.42
ETH 2470.86
USDT 1.00
SBD 2.64