ဗီယက်နမ်သွား တောလား - အပိုင်း ( ၂ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော ဗီယက်နမ်သွား တောလား အကြောင်းအား ဆက်ပါအုံးမည်။ ဆိုခဲ့သည့်အတိုင်း ကျွနုပ်တို့စီးလာသောလေယျဉ်သည် ညနေ၅ နာရီခွဲခန့်တွင် ဟနွိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ( နွိုင်ဗိုင် ) လေဆိပ်သို့ ဆိုက်ရောက်လေတော့၏။ လေယျဉ်ပြေးလမ်းမှာ အတော်ရှည်၏။

ပြေးလမ်းမှ လေဆိပ် အဆောက်အဦး ရောက်သည့်တိုင် နောက်ထပ် နာရီဝက်ခန့် မောင်းနေရသေး၏။ လေဆိပ် အဆောက်အဦးအတွင်းသို့ ဝင်ရောက်သောအခါ အတော်ရှည်သော လျှောက်လမ်းကို ဖြတ်ရ၏။ လျှောက်လှမ်းတလျှောက် ပန်းချီကားများ ထောင်ထားပေး၏။ အချို့ကလည်း ပန်းချီတပုံ ပြီး တပုံ ငေးမောကြည့်နေကြ၏။

ယခင်ဆောင်းပါးတွင် ဖေါ်ပြခဲ့သည့်အတိုင်း ဗီယက်နမ် လဝက အား ကျော်ဖြတ်ပြီးနောက် လေဆိပ် အတွင်းဘက်ခန်းမတွင် အိတ်များယူရန် စောင့်နေရ၏။ မဟေသီကတော့ selfie ရိုက်မဆုံး ရှိချေပြီ။ မြင်မြင်သမျှ အထူးအဆန်း ချည်း ဖြစ်နေပုံရ၏။ အလှဆင်ထားသော ပန်းများအားလည်း ရိုက်၏။ ပန်းချီကားများအားလည်း ရိုက်၏။ ဆိုင်ခန်းများအားလည်း ရိုက်၏။ မြင်မြင်သမျှ ဓါတ်ပုံဖြင့် မှတ်တမ်းတင်သောဟူ၏။

တခါတရံ ဓါတ်ပုံရိုက်ရသည်မှာ အားမရရော့ထင့် ၃၆၀ ပါတ်လည် ဗီဒီယို ရိုက်လိုက်သေး၏။ သူ့အတွက် ဖုန်းဝယ်ပေးစဉ်က မှာကြားခဲ့သော အမှာစကားအား ယခုမှ သဘောပေါက်မိ၏။ မဟေသီမှ I Phone ဝယ်ပေးပါ ၊ Samsung ဝယ်ပေးပါ မပူဆာခဲ့ပါ။ သူမှာလိုက်သည်မှကြိုက်သည့်ဖုန်းဝယ်ခဲ့ပါ သို့သော် (၁) ဖုန်းကင်မရာ ကောင်းရမည် ၊ effect များများပါရမည်။ (၂) ဖုန်း Memory များများပါရမည် အနည်းဆုံး 100 GB ခန့်ရှိရမည် ဟူလို။ ထို အမှာ စကားကြောင့် ကျွန်တော်ခေါင်း မီးတောက်အောင် စဉ်းစားခဲ့ရသည်တမုံ့။

03.jpg

02.jpg

05.jpg

04.jpg

ဤသို့ဖြင့် အိတ်များ ယူးသော် ပြီမိမိတို့အား ဟိုတယ်မှအကြိုလွှတ်မည်သူအား ရှာဖွေရန် လေဆိပ်အပြင်ဘက်သို့ ထွက်ခဲ့လေတော့၏။ လေဆိပ်အပြင်ဘက်တွင် ဗီယက်နမ်၏ ညအလှကာ မာကျူရီမီးများဖြင့် လှပနေတော့၏။ လေဆိပ်အပြင်ဘက်တွင် မိမိအိတ်အား လာဆွဲသူ မရှိသလို Taxi လိုသလား ဟု လာမေသူလည်း တယောက်မှ မရှိ။ Taxi လိုချင်လျင် သတ်မှတ်ထားသော နေရာတွင်သွားရောက်တန်းစီယုံသာ။

မိမိတို့လည်း ဟိုတယ်မှအကြိုလွတ်လိုက်သူအား စောင့်နေစဉ် Henry Aung ဟူသော ဆိုင်းဘုတ်အား လည်ပင်းတွင် ဆွဲ၍ ဖုန်း ပွတ်နေသူ တယောက်အား တွေ့ရလေတော့၏။သကောင့်သားကာ မိမိတို့အား ဆိုင်းဘုတ် လည်ပင်း ချိတ်၍ စောင့်နေခြင်း ဖြစ်၏။ လေဆိပ်မှ ဟို တယ်သို့ အသွား လမ်းတွင် အဝေးပြေးလမ်းမကြီးပေါ်မှ လေဆိပ် တခုလုံး မြင်လိုက်ရမှ အလွန်အံ့သြမိတော့၏။

လေဆိပ် အဆောက် အဦး ဒီဇိုင်းကာ အလွန်ခန့်ညားလှပ၏။ ဟနွိုင်း လေဆိပ်နှင့် လေဆိပ်သို့သွားသော အဝေးပြေးလမ်းမကြီးအား ဂျပန် တို့ဆောက်ထားပေးကြောင်း ကားဆရာပြောမှသိရ၏။ ဗီယက်နမ် နိုင်ငံ၏ ဒုတိယ မြို့တော်ဟု ခေါ်ဆိုအပ်သော ဟနွိုင်း လေဆိပ်အားကြည့်၍ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် နှိုင်းယျဉ်ကြည့်မိ၏။

မိမိတို့ လွတ်လပ်ရေး ရသောအချိန်တွင် သူတို့က အမေရိကန်နှင့် တိုက်ပွဲ ဖြစ်ကောင်းတုန်းရှိသေး၏။ မိမိတို့ ကွဲ ပြဲကြသောအခါ သူတို့ နိုင်ငံ စတင်ထူထောင်၏။ ယခု မိမိတို့ အချင်းချင်း သတ်နေသောအခါ သူတို့က မိမိတို့ နိုင်ငံတွင် သက္ကသိုလ် လာဖွင့်ယုံသာမက mytel ဟူသောနည်းပညာဖြင့် မိမိတို့ ပိုက်ဆံ များ သဲ့ယူနေနိုင်ပေပြီ။

01.jpg
Original Source

မိမိတို့ကာ အနီ တမျိုး အစိမ်းတမျိုး သူခိုးတမျိုး ပေါ်တင်လုသူကတမျိုး ဘာသာရေးက တမျိုး ကွဲကြပြဲကြ ဆဲကောင်းတုန်းရှိနေကြသေး၏။ ရှိစေတော့။ မိမိမှာ တွေးရင်းတွေးရင် ရင်မောလာ၏။ ကားဆရာ၏ စကားအားကြားတချက် မကြားတချက်။ ဘေးမှ မဟေသီအား လှမ်းကြည့်ရာ အဝေးပြေးလမ်းမတွင် ဆိုင်ကယ်စီးသူများအား ငေးကြည့်နေ၏။ မန္တလေးအား လွမ်းရော့ထင့်။

မိမိတို့ ဟိုတယ်ကာ ဟနွိုင်းမြို့တွင်းတွင် ရှိသဖြင့် လေဆိပ်မှ အတန်ကြာမောင်းရ၏။ ဟိုတယ်သို့ သွားသောလမ်းတွင် မီးရောင်စုံများဖြင့်အလှဆင်ထားသော လှပသော မြစ်ကူးတံတား ၂ စင်းဖြတ်ရ၏။ များမကြာမှီ ဟော်တယ်သို့ ရောက်လေတော့၏။ ဟိုတယ်၏ အမည်မှာ Flower Garden ဖြစ်၍ 4 Star အဆင့်ရှိသော ဟိုတယ်ဖြစ်၏။

ကောင်တာတွင် အမည်စာရင်းများ ရေးသွင်းပြီး မိမိတို့အခန်းတွင် အိတ်များ ထားကာ ထိုညအဖို့ ဟနွိုင်းမြို့ အား အလည်အပတ် လမ်းလျှောက် ထွက်ရန် ပြင်ဆင်ကြ၏။ ကောင်တာမှ စာရေးမလေးအား မိမိတို့ ညစာစားရန် မည်သည့်နေရာသည် အသင့်တော်ဆုံး ဖြစ်ကြောင်း မေးသောအခါ မြေပုံ ထုတ်ပြ၍ ဟိုတယ် တည်နေရာ မှ ညဈေးတန်းရှိသော နေရာအထိ သေချာ ရှင်းပြပေး၏။

မြေပုံလည်း ပေးလိုက်၏။ လမ်းပျောက်သွားလျင်လည်း ပူစရာမလို နီးစပ်ရာလူအား အကူအညီတောင်း၍ ဟိုတယ်သို့ ဖုန်းဆက် လိုက်လျင် ဟိုတယ်မှလာကြိုပေးမည်ဖြစ်ကြောင်းလည်း မှာလိုက်သေး၏။ ကျွန်တော်ပြောလိုသော ဝန်ဆောင်မှု ကောင်းခြင်း ဆိုသည်မှာ ထိုအရာများဖြစ်၏။ မိမိ၏ တာဝန်မှာ ဟိုတယ်အတွင်းရှိတာဝန်များသာ ဖြစ်သော်လည်း မိမိတာဝန်တွင် စေတနာတည်းဟူသော ဝန်ဆောင်မှု အပိုထည့်ပေးလိုက်သောအခါ လက်ခံရယူသူတို့သည် ကျေနပ်ပီတိဖြစ်ကြရ၏။ အသိအမှတ်ပြုကြရ၏။

ထိုသို့သော ဝန်ဆောင်မှုအား လိုချင်လျင် နောက်တခါ ထိုဟိုတယ်သို့သာ ပြန်လာကြမည်မှာ သေချာလှ၏။ ဝန်ဆောင်မှုပေးသော လုပ်ငန်းလုပ်သူတို့ အတုယူထိုက်လှ၏။ ကျွနုပ်တို့လည်း ညဈေးတန်း ရှိသောနေရာသို့ တလမ်းဝင်တလမ်းထွက် ဟိုချိုးဒီကွေ့ဖြင့် သွားကြ၏။ မိမိမသိသောနေရာဖြစ်သဖြင့် အတွေ့အကြုံ သစ်များ ရရန်အလို့ငှာ ဟိုငေးဒီမော ဖြင့်သွားကြ၏။ ဓါတိပုံရိုက်သည့်နေရာရိုက် ၊ ဗီဒီယို ရိုက်သည့်နေရာ ရိုက် ဖြင့် အဆုံးတွင် ညဈေးတန်းသို့ ရောက်ရသောဟူ၏။

07.jpg

08.jpg

09.jpg

13.jpg

12.jpg

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

001.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

သွားဦးမှပါလေ😁

ဒိုမီလေးကိုပါ ခေါ်သွား ...

ဗီယက်နမ်နိုင်ငံ ဟနွိုင်းလေဆိပ်ရဲ့လှပပုံတွေ...ဟိုတယ်ရဲ့ 'ဝန်ဆောင်မှုကောင်းပုံလေးတွေကို ဗဟုသုတအဖြစ် မှတ်သားရပါတယ်အစ်ကို။ပျော်ရွှင်စရာခရီးစဉ်လေးကို မျှဝေပေးတာ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတလည်းဖြစ်စေပါတယ်အစ်ကို။

Posted using Partiko Android

အခုလို အားပေးတဲ့ အတွက်ကျေးဇူးအများကြီး တင်ပါတယ်။

ဗီယက်နမ်တောင် အတော်လှပနေပါပကော

Posted using Partiko Android

စစ်ပြာပုံက လူးလဲ ထလာသူတွေတောင် ကိုယ့်ထက်အများကြီး သာသွားပြီ ဦးမင်းရေ..

ဗီယက်နမ်ဆိုရင် အမျိုးသမီး ဘောလုံးအသင်းက ကောင်မလေးတွေ အတော်ချောဗျ

Posted using Partiko Android

တကယ်ချောကြတာပါဆို။ ပိန်ပိန်ပါးပါး လှတပတ လေးတွေကြီးပဲ။

ဗီယက်နမ်သွား တောလား ဟန်းနီးမွန်းခရီးက နိုင်ငံရေးလည်း ပါပေသကိုး😁😁

သာသည့်မြေသို့ သွားချင်သော်လည်း
အမိမြေသာ တန်ဖိုးထားအပ်ရာမို့
အမိမြေအား သာသည့်မြေသာ ဖြစ်စေချင်မိပါ၏

Posted using Partiko Android

အမှန်တော့ အမိမြန်မာပြည်မှာ လည်ပါတ်စရာနေရာ အများကြီးပါလို့။

ဗဟုသုတအစုံရတာ မိန်းမကြောင့်ပဲဆာဟင် သွားချင်စိတ်တောင်ပေါက်လာတယ်

ဗီယက်နမ် ကခရီးသွားလို့ ကောင်းတယ် ကိုစိုး... သွားလည် သင့်တယ်။ ဈေးလည်း အရမ်း မကြီးဘူး။

 
     

ကိုထွေးရေ ... ဖတ်မရဘူး... အတုံးလေးတွေပဲ တွေ့နေရတယ်။

ဟုတ်မယ် ကျွန်တော် ကော်ပီကူးလိုက်လို့နေမှာ
ကိုဟင့်ပို့စ်က ဖတ်ကောင်းတာ ပြီးသွားမှန်းမသိလိုက်ဘူး
ကျွန်တော်တို့ဆီမှာတော့ ကွဲတုန်း ပြဲတုန်းလို့ရေးထားတာ ကိုဟင်

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64271.38
ETH 3157.43
USDT 1.00
SBD 4.25