မြန်မာပြည် ၌ လိုင်းကားစီးခြင်း
(ဤ ပို့သည်မည်သူ့ကိုမျှ အပြစ်ပြောတိုက်ခိုက်ခြင်းမဟုတ်ပါ ကားစီရာ၌ ကြုံတွေ့ရသော တစ်စိတ်တစ်ဒေသကို ဖော်ပြခြင်းဖြစ်ပါသည်)
"ဟဲ့ နင်တို့ကားက မထွက်သေးဘူးလား ဒီမယ် ငါနောက်ကားပြောင်းစီးရမှာနောက်ကျနေပီ နင်တို့ပြောတုန်းကတော့ ခနနေထွက်မယ်ပြောပီးတော့ "
ဒါကတော့ လိုင်းကားစီးပီဆိုရင် ကြားနေကျ နိစ္စဓူဝ
စကားဖြစ်နေပီ မဟုတ်ပါလား။ ခရီးသည်တွေရဲ့ ငြီးငြူ
သံတွေ ကားသမားတွေရဲ့ ပြန်လှန်ချေပ ပြစ်တင်သံတွေဟာ တစ်နေ့တစ်မျိုး မရိုးအောင် ကားစီးတဲ့အခါတိုင်း
ကြားရတဲ့အခါ ကျနော့်စိတ်မှာ စိတ်မကောင်းဖြစ်မိပါတယ် ဒါဟာ စနစ်မရှိလို့ ပဲ ကျနော်တွေးမိပါတယ် အရင်တုန်းက ရန်ကုန် မ.ထ.သ လိုင်းတွေဆိုရင် ခရီးသည်တွေ
နဲ့ ကြားပဋိပက္ခတွေလဲ ဖြစ်ခဲ့ပါသည်။လူပြောအများဆုံး
အကဲ့ရဲ့ခံရဆုံးလဲ စံချိန်ဝင်ခဲ့ပါတယ်။ကျနော်ကိုယ်တိုင်စီး
ခဲ့ပေမဲ့ ဘာမှ မပြောခဲ့တဲ့အတွက် ပြဿ နာ ဖြစ်တာ
တော့ မရှိခဲ့ပါဘူး သူတို့ဘက်ကနေ ပြန်အမ်းငွေ
မေ့တာတို့ စကားကတောက်ကဆ ဖြစ်ရမဲ့ အရေးတို့က
နေ နှုတ်ဆိတ်စွာနဲ့ စွန်ကြဲလာခဲ့ရပေါင်းလည်း များခဲ့ပါတယ်။
ခုတော့ ရန်ကုန် ၀ိုင်ဘီအက်စ် ထဲမှာ ယဉ်လိုက်တွေ မပါတော့ပဲ ကားစီးခကို ပုံးထဲတစ်ခါထည်းထည့်
ရတာဖြစ်တော့ တော်တော်လေး သဘောကျမိတာရှိပါ
တယ် ဒီလိုမျိုး လိုင်းကားရှိတဲ့နေရာမှာ ဖြစ်စေချင်မိပါသည်။ သိုသော်လည်း ကျနော်နေထိုင်တဲ့ မန်းတလေးမြို့ကြီးကတော့ လိုင်းကားစီးရာမှာ အခက်ခဲ့ ပြဿ နာ
ပေါင်းများစွာ ရှိနေဆဲဖြစ်ပါတယ်။ ဒီနေ့ပဲ ကားစီးရင်း
အပြန်လှန်ပြောနေတာကြားခဲ့ရပါတယ် အဒေါ်တစ်ယောက်က ကားစပယ်ယာကို " နင်တို့ အစထဲက ဘာလို့
၃၀၀ လို့ပြောပီး တင်လာတာလဲ ခုမှ ဘာလို့ ၅၀၀
တောင်းလဲ" အေးပေါ့ " တတောင်းစားတောင် လာတောင်းရင်ပေးရသေးတာပဲ နင်တို့လဲ ပေးလိုက်မယ်"
" ကြီးတော်နော် ကြီးတော် ခင်ဗျားလွန်လာပီ ခင်ဗျားက
ကျနော့်အိမ်လာတဲ့ အမျိုးလဲမဟုတ်ဘူး ခင်ဗျားတော်တော့ " ခုလိုပြောဆိုပေမဲ့လဲ ကြီးတော်ဆိုသူကတော့
မကျေနပ်နိုင်ပဲ ဆက်ပြောနေပါတယ် ကားစပါယ်ယာ
လေးကတော့ ပွဲတော်ရက်မို့ ပိုယူတယ်ပြောပေမဲ့
ကြီးတော်ကတော့ ငါကပွဲ သွားမဲ့ အထုပ်တွေပါလို့လား
ဟဲ့ ဆိုပီး အပြန်လှန် ငြင်းခုံပါသေးတယ်
ကားစီးတဲ့
ကျနော့်မှာလဲ အော်မတော်လို့ ထများသတ်ကြရင် ကိုလဲ
သက်သေပါရအုံးမယ်ဆိုပီး စိတ်ပူမိပါသေးတယ်
ဒီမန်းတလေး ကားတွေက ရန်ကုန်နဲ့ မတူပါဘူး
ရန်ကုန်မှာက ဘယ်သွားသွား ၂၀၀ ပါ ရေလယ်ကျောက်
တန်းတို့ အလွန်ဆုံးဝေးတာမှ ၃၀၀-၅၀၀ တောင်းကြတာပါ။ ဒီမှာက အဲဒီလိုမဟုတ်ပါဘူး ၄-၅ တိုင်လောက်ဆို ၂၀၀ တက်သွားပါပီ တစ်ခါတစ်လေမှာ မှတ်တိုင်
အရောက်ဆင်းမပေးတာ လွန်သွားတာတွေကလဲ
မြင်ရတဲ့ နိစ္စဓူဝပါပဲ အထူးသဖြင့်လိုင်းကားတွေတင်တဲ့အခါမှာလဲ ပြည့်ကျပ်ပီး နောက်ကနေတွယ်စီးရတဲ့အခါ အရမ်းအန္တရာယ်များလှပါတယ် သူတို့အချင်းချင်းကလဲ ပြိုင်မောင်းသေးတာ ခရီးသည်တွေက အသက်ကို ဖက်နဲ့ ထုပ်ထားပီး ဘုရားတစီးရတဲ့ ဘ၀တွေပေါ့
နောက်တစ်ခုကတော့ အချိန်ကြာတဲ့ ပြဿနာပါ
အဲတာကြီးက ကျနော်ကို အတော်စိတ် အသိကအောက်
ဖြစ်စေတဲ့ အရာပါ
ဟုတ်ပါတယ် အဲတာကတော့
ခရီးသည်စောင့်ပီးတင်နေတဲ့ အချိန်ပေါ့ သူတို့ကတော့ သူတို့ဝမ်းရေးအတွက် ကျနော်တို့ အချိန်တွေကို ဖြုန်းရဲ ကြပါတယ်
ကျနော်ကြားဖူးတာက ဂျပန်မှာဆိုရင် ရထားနောက်ကျချိန်တောင် မိနစ်ပိုင်း ရှိပါသတဲ့ ဒီမှာကတော့ ကြာသလားမမေးနဲ့ နောက်ဘုရားတောင် ပွင့်ပီမှတ်တာပဲ အဲလို ကြာတဲ့အခါ သွား
ပီးတော့ အပြစ်မပြောလေနဲ့ သူတို့က ဘာပြန်ပြောလဲ
ဆိုရင် မြန်ချင်သပဆိုရင် စီးလုံးသာငှါးသွားပါတဲ့ ဗျာ
စီးလုံးမငှါးနိုင်လို့မှ လိုင်းကားတိုးစီးရတဲ့ ဘ၀တွေပါဆိုမှ
ခရီးအမြန်ရောက်ဖို့ ရှိတာ ရောင်းပီးစီးရမလို ဖြစ်နေပီ
အဲသလိုနဲ့ တစ်ရက်ကနေ တစ်လ တစ်လကနေ တစ်နှစ်
ပြောင်းလဲလာပေမဲ့ စနစ်တွေမပြောင်းသေးတော့ ခရီး
သည်တွေကလဲ ကားစီးရတဲ့ ဒုက္ခထဲမှာ အပြစ်မဆိုသာ
ကားသမားတွေအဖို့ကလဲ ပိုက်ဆံများများရမှ အုံနာ
ဘာညာ ဆိုတာကိုး ခုချိန်မှာ တော့ သူများနိုင်ငံအားမကျနိုင်သေးပေါင်ဗျာ ဒီလိုဒုက္ခလေးတွေက တစ်ချိန်မှာ
ရီစရာ အဖြစ်တွေ အဖြစ် ကျန်ရှိသွားမှာမဟုတ်လား
ဒါပေမဲ့ စနစ်ကောင်းကောင်းလေးတော့ မြင်မိချင်သေးသပ အမြန်ဆုံးအကောင်ထည်ဖော်ပေးမယ်ဆိုရင်လဲ
အစွမ်းကုန်ဝမ်းသာမှာပါ မြန်မာနိုင်ငံမှာ ခရီးသွား
မြို့လိုင်း နယ်လိုင်းတွေက အဓိက မပါမဖြစ် အရေးကြီး
တဲ့ အစိတ်အပိုင်း တစ်ရပ် အဖြစ် လူတွေအနှစ်သက်ဆုံး
အရာအနေနဲ့ ပိုမိုကောင်းမွန်တည်ရှိပါစေလို့
ဆန္ဒပြုရင်း စာကို အဆုံးသတ်ပါရစေခင်ဗျာ
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Original Writer By July Brave
Write Ending 5:23 PM
Post By Aug-20-17
Photo By Google-Image and with my photo
အရမ်းကောင်းတယ်လို့ ပြောပါရစေ..ဒီလို အကြောင်းကို ရေးသင့်ပါတယ်။ ဒါပေမယ့် အချိန်ကြာတာကိုတော့ ဘုရားနဲ့တော့ မနှိုင်းအပ်ဘူး ထင်ပါတယ်။
Thanks bro. ခုလိုအကြံပေးတာ
အရေးအသားတော်တောာ်ကောင်းပါတယ်
Thank for review Fri, i will try best for every post
တဖြည်းဖြည်းနဲ့ ရေးတဲ့အတွေ့အကြုံများလာရင် စကားပြောထက် စကားပြေရေးသားမှု ဖက်ကိုေဲပြာင်းပါ။ အတွေ့အကြုံများလာရင် စာချောလာလိမ့်မယ်။ ကိုယ်သဘောကျစံထားတဲ့ စာရေးသားပုံကိုအတုခိုးပါ။
Thank for support bado
V done
Thanks
nice post!
Thanks
ဖတ်လို့ကောင်းတယ်good
thank a lot
great post..bro
thanks
ရန်ကုန်မြို့ နေသူတို့ ရဲ့ bus ဒုက္ခ
Haha
very good post. thanks for sharing.
Thanks