ရင်ခတ်ပန်းလေးတစ်ပွင့်၏ ပျော်စံရာ

in #story7 years ago

image

တင်မောင်၏ညီမသည်လည်း ကျောင်းပိတ်ရက်များ
တွင်မိခင်၏ဈေးများအားကူရောင်းပေးခြင်း တင်မောင်
ရရှိလာသော ငါးဖားများကိုကူညီလုပ်ကိုင်ပြီးရောင်း
ချပေးလေသည် ဤသို့နှင့်တစ်မောင်တစ်ယောက်မိခင်
နှင့်ညီမကိုပြန်လည်လုပ်ကိုင်ကျွေးသောသားလိမ္မာတစ်
ယောက်ဖြစ်တော့၏ ထို့အပြင်တင်မောင်ကျောင်းတက်
စဉ်အခါကလည်း ကျွန်ုပ်တို့နှင့်ငယ်ပေါင်းတစ်တွဲများ
ဖြစ်သည့်အတိုင်း လောက်လေးတစ်ချောင်းနှင့်ငှက်
ပစ်ထွက်သည့်အခါလည်းအတူတူဖြစ်လေတော့ တင်
မောင်အကြောင်းကောင်းကောင်းသိနှင့်သည် လက်
အရမ်းဖြောင့်သောတင်မောင်ပင်ဖြစ်ချေ၏ ထိုမျှမကျ
သေး ကျောင်းထဲတွင်လည်း ရန်ဖြစ်ပြီဆိုရင် တင်
မောင်ထိပ်ဆုံးကပင်ပါသည် သို့သော်သူကပင်လက်စ
သန်ခဲ့သောကြောင့် ခံရသူကားသူမဟုတ်ပေ ထိုမျှ
လောက် လက်သွက်သောသူပင်တည်း။မြင့်လွင်မှာ
တော့ အနေအေးသလောက်စိတ်ထက်သည် မဟုတ်
မခံချင်စိတ်ရှိ၏ ထို့ကြောင့်လည်းသူ့ကို ကျောင်းတက်
စဉ်အခါက စိတ်သိုးဟုစနောက်ခေါ်ဝေါ်ကြလေသည်
မြင့်လွင်မှာလည်း ကျွန်ုပ်တို့ကျောင်းတက်စဉ်အခါက
အတူတူပင်လက်တွဲဖော်သူငယ်ချင်းများဖြစ်သည်
အနေအေးသည့်အတွက် မြင့်လွင်မှာတော့သူချည်း
သာအစနောက်ခံရလေသည် ထို့သို့စနောက်ခံရလိုက်
တိုင်းလည်း မနေမပျက်အပြုံးလေးတစ်ချက်လောက်
တောင်ဖက်လိုက်သေး၏ မြင့်လွင်မှာတော့ မောင်နှမ
ငါးယောက်ရှိသည် သူကားအငယ်ဆုံးဖြစ်ပြီး သူ့အထက်
တွင် အကိုကြီး နှစ်ယောက် အမနှစ်ယောက်ရှိသေး၏
မြင့်လွင်တို့မှာ အတော်တန်ချမ်းသာသူများဖြစ်သည်
ကိုယ်ပိုင်လယ်နှင့်နွားများရှိ၏ ထူးခြားသည်မှာအမေနှင့်
အဖေပါ ရှိနေသေးခြင်းပင်ဖြစ်သည် ကျွနု်ပ်တို့ထဲတွင်
သူတစ်ယောက်သာကံအကောင်းဆုံးဟုပြောရပေမည်
မြင့်လွင် တင်မောင်နှင့် ကျွန်ုပ်တို့သူငယ်တစ်စုမှာ
ကျောင်းတက်စဉ်အတူတူဆိုသလို ကျောင်းထွက်သည့်
အခါမှာတော့ မြင့်လွင်တစ်ယောက်သာ ဆက်တက်ပါ
တော့သည် ယခုဆိုလျှင် မြင့်လွင်သည် တက္ကသိုလ်
ကျောင်းသားကြီးပင်ဖြစ်နေပေတာ့သည်။ကျွနု်ပ်နှင့်တင်
မောင်မှာ လေးတန်းလောက်သာတက်ခဲ့ကြသည်ထို့
နောက်ဆက်၍မတက်ကြတော့ပေ။

အပိုင်းဆက်

Own short story Writer @julybrave

Image Source: google

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59911.66
ETH 2306.14
USDT 1.00
SBD 2.49