ကံစေရာ ဘဝ
အမေမရှိတော့တဲ့ မနက်ဖြန် တိုင်းမှာ
အဖေမပါဘဲ ဆက်လျောက်နေတဲ့ သားတစ်ယောက်ကို
အားပေးဖေးမကူညီရင်း ဆုံးမညွှန်ပြတဲ့ ဆွေမျိုး ဆရာသမားအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာလို့
ကျမ်းမာချမ်းသာ လိုရာပြည့်ပါစေ ရယ် ဘုရာမှာ ဆုတောင်းလျက် အကောင်းအဆိုး လောကဓံဆိုတာ ကြုံရစမြဲ
ဓမ္မတာပါပဲ ခံယူရင်း ချစ်သူများရှိလို့ ပျော်ရွှင်တယ်
မုန်းသူများရှိလို့ ၀မ်းနည်းခံစားရတယ် ချီးမွှမ်းသူများရှိလို့
အားတက်တဲ့အခါ ကဲ့ရဲ့သူများကြောင့် စိတ်ဓာတ်ကျခဲ့ဖူးတယ် ကို့ဘ၀မှာ ပကာသန ဂုဏ်ဓနလဲ မပိုင်ဆိုင်လို့
အခြွေရံဆိုတာ ဘာကိုပြောသလဲ မသိခဲ့
အမြဲတမ်း ဆင်းရဲဒုက္ခခံစားခဲ့ရတိုင်း သုခဆိုတာ စာရေးဆရာကြီး ဦးသုခ လို့တောင် ထင်မှတ်မှားဖူးတယ် ဆင်းရဲရှာသူမို့
ဖေးမကူမဲ့သူနတ္ထိ ဒါပေမဲ့လေ စာအုပ်တွေ ဖတ်လို့ အသိတရားတွေရခဲ့တယ်
အားအင်သစ်တွေလဲ ဖြစ်ခဲ့တယ်
လောကကြီးမှာ အောင်မြင်ဖို့ကြိုးစားတဲ့ အခါမှာ ဘယ်တော့မှ လွယ်လွယ်ကူကူနဲ့ မရဘူးတဲ့ ကံကြမ္မာအခွင့်လမ်းကောင်းလို့လူတစ်ထောင်မှာ တစ်ယောက် လွယ်လွယ်ကူကူ အောင်မြင်တာကို သွားပီးအားမကျနဲလို့ ဖတ်ခဲ့ဘူးသလို ဘင်ဂျမင်ဖရန်ကလင်းကိုယ်တိုင်ကလဲ ကြီပွားချမ်းသာရေးဆိုတဲ့ လု့လ၀ီရိယနဲ့ ကြိုးစားရှာပီး ခြို့းခြံချွေတာဆိုတဲ့ စကားနဲ့
နည်းလမ်းပြခဲ့တယ် ဘာကိုပဲ လုပ်လုပ် ဖြစ်သင့်တာကို ဦးစားပေး ဖြစ်ချင်တာတွေချည်းလျောက်လုပ်မနေဖို့ရယ်
ဖြစ်သင့်တာကိုလုပ်ရင် ဖြစ်သင့်တာလည်းဖြစ်ရမယ်
ဖြစ်ချင်တာလည်းဖြစ်ရမယ်ဆိုတာရယ် ဖြစ်ချင်တာကိုချည်း ဦးစားပေးလုပ်လို့ရှိရင် ဖြစ်ချင်တာကော ဖြစ်သင့်တာပါ နှစ်ခုလုံးဆုံးရှုံးရလိမ့်မယ်လို့လည်း ဘ၀အသိတွေ ရခဲ့ပါပီ နေရခြင်းနဲ့ သေရခြင်းက ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ ပန်းလို ဖြစ်တာမို့ တစ်ရက်ဝင်ငွေထဲက ဆယ်ပုံတစ်ပုံစုပါ
သင်ငွေစုပီးမှ ကျန်တာကို သုံး သင်သုံးပီးမှ ကျန်တာကို မစုနဲ့ လို့ ကျနော့် စိတ်ထဲ အမြဲ အမှတ်ရ ရေရွတ်နေမိပါတော့သည်................
Post By JulyBrave
Aug,5,17.12.06 am
အထဲမှာ photo ထည့်တာတွေ နှစ်ခု မထပ်ပါစေနဲ့။ ပြီးတော့ ပုံsize မတူ တဲ့ ပုံများကို ရှောင်ပါ။
ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ
good article bro...go well
Thank brother I will try best.
Good idea!
You too