Kwee Phyo

in #esteem8 years ago

image
Credit:photo
ရင်းနှီးမြှုပ်နှံမှုလျော့နည်းကျဆင်းရတာ အလုပ်သမားဆန္ဒပြမှုတွေကြောင့်လို့ပြောတဲ့ ဖြိုးမင်းသိန်း
7-3-2018

ဒီနေ့ မတ်လ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ပုဂ္ဂလိကကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏(၁၅)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလုပ်သမား၊ အလုပ်ရှင်ကြားရှိ ပြဿနာတွေ၊ ဆန္ဒပြမှု တွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အလားအလာ ကောင်းမဟုတ်သလို စက်ရုံ၊ အလုပ်ရုံ များအတွက် နိုင်ငံခြားကို ပစ္စည်းတင်ပို့ရာတွင်လည်း အလားအလာကောင်း မဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဦးဖြိုးမင်းသိန်းပြောဆိုတဲ့ စကားကိုထောက်ရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နည်း နေတာဟာ အစိုးရကြောင့်မဟုတ်ဘဲ အလုပ်သမားတွေကြောင့်လို့ ပြောချင်တဲ့သဘော သက် ရောက် သွားတယ်။ အလုပ်သမားတွေဆိုတာက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့စားဝတ်နေရေး အဆင်ပြေရင် ဘယ်အလုပ်သမားကမှ ဆန္ဒပြတာမျိုးလုပ်မှာ မဟုတ်ဘူး။ အရင်အစိုးရတွေလက်ထက် နေ့တွက်စရိတ်ရလို့ ဆန္ဒပြတဲ့ အလုပ်သမားမျိုးတွေ ကတော့ ချွင်းချက်ပေါ့။ ပြောချင်တာက နိုင်ငံရဲ့အစိုးရကို အယုံအကြည်မရှိလို့၊ အစိုးရရဲ့လုပ်ပုံ ကိုင်ပုံတွေကို မယုံကြည်ရဲလို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတာကို အလုပ်သမားတွေ ကြောင့်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာသလိုနဲ့ ပြောတာကတော့ ကိုယ့်အဆင့်အတန်းနဲ့ မလျော်ညီ တဲ့ ပြောဆိုမှုပဲ ဖြစ်ပါတယ်။
အလုပ်ရှင် အလုပ်သမား ပြဿနာဖြစ်တယ်ဆိုတာ အစိုးရရဲ့ မျှတသင့်လျော်တဲ့ နေ့တွက်စရိတ် လုပ်ခလစာကို သတ်မှတ်ပေးနိုင်မှု၊ ကြပ်မတ်ပေးနိုင်မှုတွေ အားနည်းလို့သာ ဒီပြဿနာတွေ ဖြစ်တယ်လို့ ထင်ပါတယ်။ အစိုးရက အလုပ်ရှင် အလုပ်သမားဥပဒေကို ၂ ဦးနှစ်ဘက် ပြေလည် နိုင်တဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုမျိုးတွေသာ လုပ်ပေးခဲ့ရင် အလုပ်သမားတွေဘက်ကလည်း ဆန္ဒ ပြကြမှာမဟုတ်သလို အလုပ်ရှင်တွေဘက်ကလည်း ဥပဒေဘောင်အတွင်းကနေ နည်းလမ်းမှန်နဲ့ စေခိုင်းနိုင်ကြမှာဖြစ်ပါတယ်။ အလုပ်ရှင် အလုပ်သမားကြားက ပြဿနာဆိုတာ ဦးဖြိုးမင်းသိန်း တို့လို လက်တန်းလျှောက်လုပ်နေတဲ့ အစိုးရရဲ့ ထိန်းကျောင်းပေးနိုင်မှု အားနည်းလို့သာလျှင် ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ ကိုယ့်အစိုးရရဲ့ အားနည်းချက်ကို ဖုံးဖိချင်တာနဲ့ အလုပ်သမားတွေ အပေါ်ကို အပြစ်ပုံချတဲ့ ပုံစံမျိုးကတော့ မဖြစ်သင့်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောသလို အလုပ်သမား၊ အလုပ်ရှင်ကြားရှိ ပြဿနာများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများဝင်ရောက်လာမှု နည်းပါးတာမဟုတ်ဘဲ ဒီချုပ်အစိုးရရဲ့ ယုံကြည်လို့မရသေးတဲ့ အခြေ အနေတွေနဲ့ အလုပ်ရှင်အလုပ်သမား သတ်မှတ်နေ့တွက်စရိတ် တည်ငြိမ်မှုမရှိသေးတဲ့အပြင် မထင် ရင် မထင်သလိုကောက်ခံတတ်တဲ့ အခွန်နှုန်းထားကြီးမြင့်မှုတွေကြောင့်သာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာခြင်းမရှိတာဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။
#ထင်ပေါ်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.084
BTC 60911.74
ETH 1565.41
USDT 1.00
SBD 0.47